Pages - Menu
ဆန်လုံးညို(Brown Rice)
ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။
သံလွင်ဆီ(Olive Oil)
သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။
ပြောင်းဖူး(Corn)
ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....
ထောပတ်သီး(Avacado)
အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်
လိမ္မော်သီး(Orange)
လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်
မာလကာသီး(Guava)
မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။
***
***
***
***
***
***
***
***
***
***
Showing posts with label အပြုတ်(Soup). Show all posts
Showing posts with label အပြုတ်(Soup). Show all posts
19 Mar 2015
ကွမ်တုံးလူမျိုးတွေရဲ့ဆန် ပြုတ် အ ချို ချက် နည်း
သွေးအားကောင်းစေတဲ့ ကွမ်တုံးလူမျိုးတွေရဲ့ဆန် ပြုတ် အ ချို ချက် နည်း
 ပထမဦးဆုံးကိုယ်စားချင်တဲ့ပဲမျိုးစုံကိုသန့်ပြီးရေစိမ်ပါ။
ဇီးသီးအခြောက်တွေကိုရေဆေးပြီးရေစိမ်ပါ။
 ပြီးရင်ကောက်ညှင်းအခြောက်ကိုလည်းရေစိမ်ပါ။
 ထမင်းအခြောက်ကိုလည်းရေစိမ်ပါ။
 နေ့တစ်ပိုင်းလောက်ရေစိမ်ရပါမယ်။
 ရေနွေးပွက်ပွက်ဆူလာရင်ထန်းလျက်ကိုရေဆေးမယ်။
 ပြီးရင်ရေနွေးအိုးထဲထည့်မယ် ရေစိမ်ထားတာတွေအကုန်လုံးထည့်မယ်။
တစ်နာရီခွဲလောက်ကြာရင်လိမ္မော်ခွံအခြောက်ကိုရေဆေးပြီးဆန်ပြုတ်အိုးထဲထည့်မယ်။
 ဆားအနည်းငယ်လေးထည့်ပါမယ် အစအဆုံး ၃ နာရီလောက်မီးမပြင်းတပြင်းလေးနဲ့တည်ရပါတယ်။
 ထန်းလျက်နဲ့စားရင်ဆေးဖက်ပိုဝင်ပါတယ် သကြားနဲ့လည်းစားလို့ရပါတယ်။
 ပူပူလေးမသောက်ဘဲအအေးခံပြီးသောက်ရင်ပိုအရသာရှိပါတယ် ရေခဲနဲ့စားရင်ဆေးဖက်မဝင်ပါ။ စားလို့တော့ရပါတယ်။
ကျောက်ကပ်ကောင်းအောင် ဘာစားသင့်သလဲ?
 ကျောက်ကပ်ကောင်းဖို့အတွက် အမည်းရောင်အစာတွေ များများစားသင့်တယ်လို့ ဆိုတယ်။ ဥပမာ- နှမ်းမည်း၊ မှိုနားရွက်၊ ပဲမည်း၊ ငချိတ်တွေဖြစ်တယ်။ သူတို့ကတော့ အဲဒါတွေကို ဆန်ပြုတ်လုပ်လုပ်ပြီး သောက်ကြတာတွေ့တယ်။ နှမ်းမည်း၊ ပဲမည်း၊ ငချိတ်ကို အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ဖျော်သောက်ရတဲ့ ရယ်ဒီမိတ်ထုတ်တွေလည်း ရောင်းတာတွေ့တယ်။
ညအိပ်ရာဝင်ခါနီးတိုင်း ခြေထောက်ကို ရေနွေးစိမ်ပေးရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။
 ရေနွေးထဲ ဆားအနည်းငယ်ထည့်ပြီး စိမ်ပေးရင် မောပန်းနွမ်းလျတာကို သက်သာစေတယ်။
 ရေနွေးထဲ ရှာလကာရှည် တစ်စွန်းထည့်ပြီး စိမ်ပေးရင် ခြေထောက်နံတာတွေ ပျောက်ကင်းစေတယ်။
ခန္ဓာကိုယ်ကသွေးကြောတွေက ခြေဖဝါးမှစုနေတော့ ခြေထောက်ကို ရေနွေးစိမ်ပေးရင်
 သွေးလည်ပတ်အားကောင်းစေတယ်လို့ ဆိုတယ်။
မိန်းကလေးဆိုရင် ဆီးသီးခြောက်ပြုတ်ရည်၊ ဆီးသီးခြောက်ကို ပဲနီအချိုချက်ထဲ ထည့်ချက်စားတာမျိုးလုပ်သင့်တယ်။
 မိန်းကလေးက တစ်လတစ်ခါ ဓမ္မတာလာတာမို့ ဆီးသီးက သွေးအားကောင်းစေပါတယ်။ ပြီးတော့ ကြာစေ့တွေ၊ မှိုတွေနဲ့ ထည့်ချက်စားတာမျိုးကလည်း မိန်းမတွေအတွက် ကောင်းစေပါတယ်။
 ကန်စွန်းဥ၊ oatmeal က အမျှင်ဓာတ်များတော့ အူတွေကိုသန့်ရှင်းပေးပါတယ်။ မကြာမကြာ စားပေးသင့်ပါတယ်။
  ခန္ဓာကိုယ်တွင်းသန့်ရှင်းမှ ပြင်ပသန့်ရှင်းပြီး ကျန်းမာ .... မှာတဲ့။
 လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ကျန်းမာရေးပါ။ ကျန်းမာမှ လုပ်ချင်တာလုပ်နိုင်မှာဖြစ်တယ်။
ကျန်းမာကြပါစေ
10 Dec 2014
အမဲသားနူးနူးအိအိကို ပူပူစပ်စပ်နဲ့ အဝသောက်နိုင်မယ့် အမဲသား ဖားဟူးစွပ်ပြုတ်အကြောင်း မိတ်ဆက်ပေးပါရစေ။ တရုတ်ဘာသာနဲ့ ဖားဟူးလို့ခေါ်ပြီး အဓိပ္ပယ်အားဖြင့် နူးညံ့အောင်ပြုတ်ထားတဲ့ အမဲသားစွပ်ပြုတ်ကို ဘယ်လိုလုပ်သလဲ။
အမဲသားအစိမ်းတွေကို မီးအေးအေးနဲ့ တစ်ရက်လောက် နူးညံ့အောင် ပြုတ်ထားပြီး အမဲရိုးတွေကိုလည်း တစ်ညလောက် ရေနဲ့ပြုတ်ထားရပါမယ်။ 
စွပ်ပြုတ်သောက်တော့မယ်ဆိုမှ ပြုတ်ထားတဲ့အသားနဲ့ အမဲရိုးဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ရပါမယ်။ စွပ်ပြုတ်သောက်ဖို့အတွက် တရုတ်ခွားကျောင်းမှုန့်၊ ကြက်သွန်မြိတ်၊ ချင်း၊ ငရုတ်သီးစိမ်း၊ သံပုရာရည်နဲ့ တွဲဖက်သုံးဆောင်နိုင်မယ့်အကြောင်း ဒေါ်ရင်ရင်က ရှင်းပြပေးပါမယ်။
တရုတ်လူမျိုးတွေ အများဆုံးစားကြတဲ့ ဖားဟူးစွပ်ပြုတ်ဟာ ဆောင်းရာသီနဲ့ပိုလိုက်ဖက်သလို သွေးအားနည်းသူတွေ၊ လူမမာတွေနဲ့လည်း သင့်တော်ပါတယ်။
ဖားဟူးအမဲစွပ်ပြုတ်နဲ့အတူ တွဲဖက်စားနိုင်တဲ့ အမဲသားကို ကြွပ်ကြွပ်ကြော်ထားတဲ့ အမဲသားပေါင်းပြန်ကြော်ကိုတော့ ရှင်းပြပေးပါရစေ။ 
အမဲသား အစိတ်သားတုံးတွေကို ၂ရက်လောက်ကြာအောင် ဆားသိပ်ထားပြီး ရေပြန်ဆေးရပါမယ်။
 ပြီးရင်တော့ မဆလာထည့်ပြီး အဆင့်ဆင့်ပေါင်းထားရပါမယ်။
 ပေါင်းထားတဲ့ အမဲသားတုံးတွေကို ပါးပါးလှီးပြီး ဆီနဲ့ကြော်ရပါတယ်။
ဖားဟူးအမဲစွပ်ပြုတ်နဲ့ အမဲပေါင်းပြန်ကြော်ကိုတော့ တစ်ပွဲ ကျပ် ၄၅ဝဝနှုန်းနဲ့ ရိုးရာစားသောက်ဆိုင်မှာ ရောင်းချပေးနေပါတယ်။
 ဆောင်းတွင်းမှာ ချွေးလေးစို့ပြီး လန်းဆန်းသွားမယ့်အရသာတွေမို့ ပရိသတ်တွေ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့ နည်းလမ်းလေး ပေးလိုက်တာပါ။
 ကိုယ်တိုင်ချက်ပြုတ်ဖို့ အဆင်မပြေဘူးဆိုရင် ဒေါ်သိန်းတင်လမ်းထဲက ရိုးရာစားသောက်ဆိုင်မှာ ဖားဟူးစွပ်ပြုတ်ကို မှာယူသုံးဆောင်နိုင်ပါတယ်။
http://kamayutmedia.com/food/chinese/2219
26 May 2014
ကြက်သား ကော်ရည်
ကော်ရည်လေးကျိုကြမယ်နော်
လေးယောက်စာအတွက်ပါ
  • ပွပြီးအမြုပ်များထအောင်ခလောက်ထားသောကြက်ဥ - နှစ်လုံး
  • အခွံခွာပြီးခြစ်ထားသောချင်း - တစ်လက်မခွဲ
  • ခပ်သေးသေးလှီးထားသောကြက်သွန်မိတ် - နှစ်ပင်
  • ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုး -  နှစ်ဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ -      500 ml နှင့်ပြုပ်ပေးပါ
အသားအတွက်
  • ကြက်ရိုးနှင့်ရောပြုပ်ထားသောကြက်ရင်ပုံသား - တစ်ခု 
ကော်ရည်ဖျော်ရန်
  • Cornflour - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ - ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးနှင့်ဖျော်ပါ ကော်ရည်ကျိုရန်လိုအပ်သောပစ္စည်းများ   
    နာရီဝက်လောက်အချိုရည်များထွက်အောင်ပြုပ်ထားသောကြက်ရိုးများကိုဖယ်လိုက်ပါ
    •  ပြုပ်ထားသောကြက်သားကိုထွင်ပြီးဟင်းရည်အိုးထဲသို့ရေ 1500 ml ဆား ချင်းထောင်း ဟင်းချိုမှုန့်တို့နှင့်အတူထဲ့ပြီး ပွက်ပွက်ဆူအောင် ဆက်တည်ပေးပါ ရေဆူလာပါကကော်ရည်ကို ဖြေးဖြေးချင်းထဲ့ကာ ပျစ်လာတဲ့ထိမွှေပေးပါ    ကော်ရည်ပျစ်လာပြီးဟင်းရည်ပွက်ပွက်ဆူလာပါက ခလောက်ထားသောကြက်ဥကိုထဲ့ကာ ကြက်ဥအဖတ်လေးများရရန် အားသန်ရာဘက်သို့တစ်ဖက်ထဲ ဝိုင်းပါတ်ပြီးမွှေပေးပါ သုံးမိနစ်လောက်နေရင် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်နှင့်ကြက်သွန်မိတ်ထဲ့ကာ မီးနွေးနွေးနှင့်ထားပြီး သုံးဆောင်နိုင်ပါပြီ။ 
  •  ခေါက်ဆွဲလေးနှင့်နှစ်သက်ပါကခေါက်ဆွဲလေးနှင့်သုံးဆောင်နိုင်သလို ကော်ရည်သက်သက်လဲသုံးဆောင်နိုင်ပါ
    တယ်  
8 May 2014
ထိုင်းတုမ်ယမ်းပင်လယ်စာချဉ်စပ်ဟင်းရည်( Tom Yam Talay)
ပါဝင်ပစ္စည်းများ.... ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၂ လီတာ
တုမ်ယမ်းဟင်းအနှစ်........၂ဇွန်း(ထမင်းစားဇွန်း)
အုန်းနို. .......................၁ဗူး ( ၄၂၀ ဂရမ် )
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။
အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားပါမယ်။
ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ 
(ကြည်လင်စေရန်..အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)
မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။
 ပါဝင်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ...။
အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။
ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.တုမ်ယမ်းဟင်းအနှစ်၊ကြက်သွန်နီလေးစိတ်နှင့်..
စပါးလင်.ပဒဲကော၊ချင်း၊တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။
အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။
ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။ မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)
ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။
အုန်းနို.ကိုလည်းထပ်ပေါင်းပြီးတစ်ပွက်ဆူအောင်တည်ပါ။
(အချို.ကအုန်းနို.အစားနွားနို.ကိုအသုံးပြုပေမယ့်အုန်းနို.နဲ.မှသာအရသာအစစ်
ကိုရရှိနိုင်ပါတယ်)
ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..
သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။
ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.
ဥပမာ..ချဉ်တာလေးကိုပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။
မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။
ပာင်းချက်နည်းများ
16 Apr 2014
ပင်လယ်စာမာလာပာင်း
ကကတစ်ငါး(အလတ်အရွယ်)....................၂ ကောင်
ပြည်ကြီးငါး...........................................၃၀ ကျပ်သား
ပုစွန်အလတ်အရွယ်.................................၃၀ ကျပ်သား
မာလာပာင်းအနှစ်...................................၁ ထုပ်
မာလာခေါက်ဆွဲ.....................................၁၀ ကျပ်သား
မာလာကော်ကြည်ချောင်း.........................၁၀ကျပ်သာ
ကြွက်နားရွက်မှိုခြာက်..............................၅ ကျပ်သား
ပဲပြားလိပ်ခြောက်....................................၅ ကျပ်သား
စပါးလင်...............................................၂ချောင်း
ဝှါးကြောင်းစေ့........................................၁ ဇွန်း(ထမင်းစား)
ချင်း+ ကြက်သွန်ဖြူ.................................အနည်းငယ်
ငရုတ်သီးစိမ်း.........................................(၅) တောင့်
ငါးငံပြာရည်...........................................၅ ဇွန်း( ထမင်းစား )
ပာင်းခတ်မှုန်. ........................................၁ ဇွန်း(.......။.......)
ရှလကာရည်..........................................၃ ဇွန်း(........။.......)
ရှမ်းနံနံ.................................................၁စည်း
ကန်စွန်းရွက်..........................................၁စည်း
ကောက်ရိုးမှို(သို.) ငွေနှင်းမှို.......................အနည်းငယ်
မာလာပာင်းချက်ဖို.စတင်ပြီဆိုတာနဲ. ..မာလာခေါက်ဆွဲချောင်း၊ မာလာကော်
ချောင်း ၊ ကြက်နားရွက်မှို၊ ပဲပြားလိပ်ခြောက် စတာတွေကို သီးသန်.စီရေဝ
အောင်စိမ်ထားပေးရပါမယ်....။
ကကတစ်ငါးကို....သန်.စင်ဆေးကြောပြီး(၃) ပိုင်းပိုင်းကာအရသာအနည်းငယ်နဲနယ်ထားပေးပါ။
ပြည်ကြီးငါး၊ ပုစွန်တို.ကိုလည်းသန်.စင်ဆေးကြောထားပါ။
ဝှါးကြောင်းစေ့ကို.မီးအေးအေးလေးနဲ.အနည်းငယ်လှော်ပြီးမညှက်တညှက်
လေးထောင်းပါ။ ချင်း+ ကြက်သွန်ဖြူကိုလည်းထောင်းပါ
စပါးလင်အဖြူရောင်အပိုင်းကိုဓါးပြားရိုက်ပြီးထုံးချည်ထားပါ။ရှမ်းနံနံကို၁လက္မ
လောက်ဖြတ်ပြီး..ကန်စွန်းရွက်တွေကိုလည်း..သန်.စင်ထားပါ။
ကောက်ရိုးမှို (သို.) ငွေနှင်းမှိုတွေကိုလည်းသန်.စင်လှီးဖြတ်ထားပါ။
ပူနေတဲ့ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ်ကိုအပူပေးပြီး..ထောင်းထားတဲ့
ချင်း+ကြက်သွန်ဖြူအရောကို..ဆီသတ်ပေးပါ။
အနည်းငယ်မွှေးလာလျှင်...မာလာပာင်းအနှစ်ကိုပေါင်းထည့်ဆီသတ်ကာ..
ထောင်းထားသောဝှါးကြောင့်စေ့၊ စပါးလင်ဓါးပြားရိုက်တို.ထည့်ကာဆီသတ်ပေးပါ။
ငရုတ်သီးစိမ်းတောင့်တွေကိုလည်းဓါးပြားရိုက်ပြီးထည့်ပါ။
ထို.နောက်..အရသာနယ်ထားသောကကတစ်ငါးကိုထည့်ပေါင်းဆီသတ်ပြီး
ဖြည်းညှင်းစွာပေးပါ။
ဒန်အိုးကြီးကြီးတစ်လုံးထဲသို.ဆီသတ်ထားသောအရောကို..ပြာင်းရွှေ.ပြီး
ရေတစ်ဝက်ခန်.ထည့်ပါ. ငါးငံပြာရည်၊ ပာင်းခတ်မှုန်.၊ ရှလကာရည်တို.ဖြင့်
အရသာသွင်းကာတစ်ပွက်ဆူအောင်တည်ပါ။
ထို.နောက်မှိုခြောက်နှင့် ပဲပြားလိပ်ခြောက်တို.ကိုလည်းထည့်ပြီး..ငါးအသားတွေအနည်းငယ်တင်းလာအောင်..တည်ထားပါ။
ပြည်ကြီးငါး၊ ပုစွန်တို.ကိုထပ်ပေါင်းထည့်ပြီးနောက်..မာလာခေါက်ဆွဲချောင်း
နှင့် မာလာကော်ချောင်းတို.ကိုထည့်ပါ။
လိုအပ်ပါကရေအနည်းငယ်ဖြည့်စွက်ပြီး..ပာင်းရည်ကျနေအောင်မီးအေးအေးမှာအပူပေးထားပါ.။
နောက်ဆုံး..အရသာမြည်းစမ်းပြီးမှ..မှို၊ ကန်စွန်းရွက်၊ ရှမ်းနံနံတို.ပေါင်းထည့်
ပြီးချက်ချင်းသုံးဆောင်ပါ။
ဖက်ထုပ်ပြုတ် ( Wonton Soup )
ဖက်ထုပ်ရွက်.................. (၂၅) ရွက်
အရိုးထုတ်ကြက်သား........၀.၂၅ ကီလို
ကြက်သွန်ဖြူ................... ၃ တက်
ကြက်သွန်မြိတ်................၅ပင် ( ပါးပါးလှီးထားပါ )
မုန်ညှင်းစိမ်း.................... ၁စည်း ( သန်.စင်ထားရန်)
ကြက်ရိုး......................... ၀.၅ ကီလို..။
ကြက်ဥ......................... ၁လုံး
နံနံပင်...........................အနည်းငယ်( နုပ်နုပ်စဉ်း)
ပြောင်းမှုန်.....................၁ ဇွန်း ( ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်..........၂ဇွန်း...( ......။...........)
ခရုဆီ........................... ၁ဇွန်း..(.......။..........)
ငရုတ်သီးစိမ်း.................. အနည်းငယ်( နုပ်နုပ်စဉ်း)
သံပုရာသီး...................... ၂လုံး (နှစ်သက်သလိုလှီး)
ပထမဆုံးကြက်ရိုးများကိုသန်.စင်ပြီးချင်းသေးသေးတစ်တက်ရိုက်ပြားပြီးအိုးတစ်လုံး
တွင်ထည့်ပြုတ်ပါ..။ဆား၊ ပာင်းခတ်မှုန်.အနည်းငယ်ဖြင့်အရသာသွင်းပါ..။စတင်ပြုတ်
ကတည်းက အမြှုပ်များကိုဇကာတစ်ခုနှင့်စစ်ထုတ်ပါ.ပွက်ပွက်ဆူလျှင်မီးလျှော့ချပြီး
မီးအေးအေးနှင့်တစ်ပွက်ဆူပြုတ်ပါ။ ( ဖက်ထုပ်ပြုတ်မှာပာင်းရည်ကကြည်လင်သန်.စင်
နေရန်အရေးကြီးပါသည် )
ကြက်သားကိုကြက်သွန်ဖြူနှင့်ညှက်နေအောင်ရာကြိတ်ပြီး ၊ ငရုတ်ကောင်းမှုန်.၊ပဲငံပြာရည်
ခရုဆီ၊ နံနံပင်နုပ်နုပ်စဉ်း၊ ကြက်ဥ၊ ပြောင်းမှုန်.တို.ဖြင့်ရောနှယ်ပါ..။
ဖက်ထုတ်ရွက်အလည်တည့်တည့်မှာကြက်သားကို လက်ဖက်ရည်ဇွန်းပြည့်ပြည့်ထည့်ပြီး
ဖက်ထုပ်ရွက်ထိပ်ဖက်၂ခုကိုကြက်ဥနှင့်သုတ်လိမ်းပြီထာင့်ချိုးခေါက်ချပါ...။
အောက်ခြေထောင့်စွန်း၂ ခုကို ကြက်ဥသုတ်လိမ်းပြီးတစ်ဖက်လိမ်ခေါက်ချလိုက်ရင်....
တရုတ်ရွှေတုံးပုံ (သို.) လှေပုံစံ ထုပ်ထားတဲ့သေသပ်လှပတဲ့ဖက်ထုပ်ပုံစံမျိုးကိုရရှိပါတယ်
ထို.နောက်ရေနွေးဆူဆူမှာပြန်ပေါ်လာတဲ့အထိမုန်ညှင်းစိမ်းလေးနဲ့ရောပြုတ်ပြီး..အသင့်
ရှိတဲ့ ကြက်ပြုတ်ရည်ကိုလောင်းချ ၊ ငရုတ်ကောင်းလေးဖြူး .ကြက်သွန်မြတ်လေးထည့်
ကာကြိုက်တတ်ရင်..ငရုတ်သီးစိမ်းနုပ်နုပ်စဉ်းထည့်၊ သံပုရာသီးလည်းညှစ်ထည့်သုံးပြီး
သုံးဆောင်နိုင်ပါတယ်..။
ပြောင်းဖူးနှင့်ဂဏန်းသားကော်ရည်ပာင်းချို
ဒီပာင်းရည်က..စားလေ့မရှိရင်တော့...မကြိုက်ဘူးလို.ပြောကြတယ်....ချွဲပျစ်
ပျစ်နိုင်သလို..ပူနေတဲ့အချိန်မျိုးဆို..ပါးစပ်လည်းအပူလောင်တတ်သေးတယ်.တစ်ခါစားပြီးပြီဆိုရင်တော့....စွဲသွားအောင်ကြိုက်တဲ့သူတွေ..တော်တော်များပါတယ်...။စမ်းကြည့်ကြရအောင်ပါ...။
ပါဝင်ပစ္စည်းများ......။
ပြောင်းဖူးသံဗူး.........(၂) ဗူး ( ပြောင်းဖူးကိုခြစ်ပြီးအနှစ်လုပ်ထားတဲ့ပုံစံပါ...တံဆိပ်
မှာ sweet corn syrup ) လို.ရေးထားပါတယ်...။
ပြောင်းဖူးလတ်လတ်ဆတ်ဆတ်ကိုခြစ်ပြီးလဲသုံးလို.ရပါတယ်..။ 
အနုအရင့်တော့သေချာလေးရွေးဝယ်ဖို.လိုပါမယ်....။
ဂဏန်းသား.............တစ်ထုပ် (၂၅၀) ဂရမ်
ချင်း.......................(၁) ဇွန်း (ထမင်းစား) အမျှင်လှီး
ကြက်သွန်ဖြူ............(၁) ဇွန်း (နုပ်နုပ်စဉ်း)
ကြက်သွန်နီ..............(၁) လုံး (နုပ်နုပ်စဉ်း)
နှမ်းဆီ.....................(၁) ဇွန်း (လက်ဖက်ရည်ဇွန်း)
ပြောင်းမှုန်.................(၂) ဇွန်း (ထမင်းစား)
ကြက်ဥ.....................(၂) လုံး
ပဲငံပြာရည်အကြည်......(၂) ဇွန်း
ဆား၊ ပာင်းခတ်မှုန်...... အနည်းငယ်
သကြား ၊ငရုတ်ကောင်း....အနည်းငယ်.
ကြက်ပြုတ်ရည်............... ၁ လီတာ
ကြက်သွန်မြိတ်၊ တရုတ်နံနံ.....အနည်းငယ်( ပေါင်းပြီးပါးပါးလှီး )
ပထမဆုံးဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ်နှင့်ကြက်သွန်နီ၊ ဖြူ ၊ ချင်းတို.ကိုမွှေးနေအောင်ဆီသတ်ပါ။ နှမ်းဆီအနည်းငယ်လည်းပေါင်းထည့်ပါ။ထို.နောက်ဂဏန်းသားများထည့်ပြီးဆီသတ်ပါ...။ထိုအရောကို ကြက်ပြုတ်ရည်အိုးထဲသို.လောင်းချပြီး..ပြောင်းဖူး
များကိုလည်းထည့်ပေါင်းပြီးဆူပွက်သည်အထိအပူပေးပါ။ ဆား၊ ပဲငံပြာရည်၊ သကြားငရုတ်ကောင်းများ
တို.နှင့်အရသာဖြည့်ပါ...။
ထို.နောက်ခေါက်ထားသောကြက်ဥများကိုဖြည်းညှင်းစွာလောင်းထည့်ပြီးအဆက်မပြတ်မွှေပေးပါ..ပြောင်းမှုန်.ကို ရေအနည်းငယ်ဖြင့်ဖျော်ပြီးအနည်းငယ်ပျစ်သွားအောင်ဆွဲပေးပါ.....။
တည်ခင်းဧည့်ခံပြီဆိုရင်အပေါ်မှ..ကြက်သွန်မြိတ်၊တရုတ်နံနံလေးဖြူးပြီးဧည့်ခံနိုင်ပါတယ်....။
ငါးခေါင်းမျှစ်ချဉ်ပာင်းရည်
 ငါးခေါင်းပာင်းရည်ဘယ်လိုချက်ရမလဲလို.မိတ်ဆွေတစ်ဦးကမေးလာပါတယ်..
မေးလာတဲ့မိတ်ဆွေရော...သူငယ်ချင်းများအားလုံးအတွက်ပါ...ဝေမျှ
ပေးလိုက်ပါတယ်
ဒီချက်နည်းကတော့..ကျွန်တော်ကိုယ်ပိုင်ထွင်ထားတဲ့နည်းလမ်းပါ...
တိုက်ဆိုင်တာရောကွဲပြားတာရောရှိနေနိုင်ပါတယ်...။
ငါးခေါင်းမျှစ်ချဉ်ပာင်းရည်
****************
ငါးတန်ခေါင်း.............၁ ခု( ပါးပာပ်များထုတ်၊ ရေဆေးသန်.စင်ပြီးရင် ခပ်ကြီးကြီး
အတုံးများရအောင်ပိုင်းပါ။ ငါးခေါင်းပာင်းရည်မှာငါးတန်ခေါင်းကအကောင်းဆုံးဖြစ်ပါတယ် )
မျှစ်ချဉ်.................... ၃၀ ကျပ်သား
ကြက်သွန်နီ..............၂လုံး ( ၈ စိတ်ခွဲပါ)
ခရမ်းချဉ်သီး............. ၃ လုံး( ..... ။.....)
ပဲပြား.......................၂ တုံး ( ၁လက္မအရွယ်ပိုင်းဖြတ်ပါ)
စပါးလင်...................၂ ချောင်း( အဖြူရောင်အပိုင်းသာ. ရိုက်ပြားပြီးထုံးချည်ထားပါ)
ချင်း..........................၁ တက် ( ရိုက်ပြား )
ကြက်သွန်ဖြူ...............၅ တက် ( ....။......)
ပဒဲကော...................အသေး၁တက်( အခွံခွာပြီးပါးပါးလှီးပါ)
ရှမ်းနံနံ..................... ၃ပင် (ပါးပါးလှီး)
နံနံပင်.......................အနည်းငယ်..(အလှဆင်ရန်)
ကောက်ရိုးမှို (သို.)ငွေနှင်းမှို......အနည်းငယ် (သင့်တော်သလောက်ပိုင်းဖြတ်ပါ)
ငုံးဥ............................၂၀ လုံး( ပြုတ်ပြီးအခွံခွာထားပါ )
တုံယမ်းချဉ်စပ်တုံး..........၂ တုံး
ကြက်ပြုတ်ရည်.............၄ လီတာခန်.
ငရုတ်သီးစိမ်း...............နှစ်သက်သလောက်
တောရှောက်ခါး၇ွက်.......၄ ၇ွက်ခန်. (မရှိလည်းရ )
ပထမဆုံးဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့် ချင်း၊ ကြက်သွန်ဖြူ၊ ပဒဲကော ၊စပါးလင် တို.ကို တုံယမ်းချဉ်စပ်တုံး(၂) ခုနဲ.အတူဆီသတ်လိုက်ပါ...။နနွင်းမှုန်.
အနည်းငယ်နှင့်အရောင်တင်မှုန်.အနည်းငယ်ကိုလည်းထည့်ပေါင်းပါ...။
ပာင်းခတ်အမွှေးအကြိုင်တွေ..မွှေးလာပြီဆိုရင်..ငါးခေါင်းတွေကိုထည့်ပေါင်း
ပြီးဆီဆီသတ်ပေးပါ..တောရှောက်ခါးရွက်၅ရွက်လောက်ကိုလည်း...ဖဲ့ခြွေ
ထည့်ပေးပါ..။
ထို.နောက်မျှစ်ချဉ်တွေကိုရောထည့်ပြီး(၅)မိနစ်ခန်.လောက်လုံးချက်လိုက်ပါ.။
ပာင်းရည်တည်မည့်အိုးထဲသို.ပြောင်းရွှေ.ထည့်လိုက်ပြီး...ပဲပြားတုံး ၊ ငုံးဥ ၊မှို ကြက်ပြုတ်ရည်တို.ပေါင်းထည့်ပြီး.ငါးငံပြာရည်၊ ပာင်းခတ်မှုန်.၊ သကြား ၊ ရှောက်ရည်(သို.) သံပုရာရည်တို.ဖြင့်အရသာသွင်းပါ....။
မိမိနှစ်သက်သလောက်ငရုတ်သီးစိမ်းကိုလည်းဓါးပြားရိုက်ပြီးထည့်ပါ...။
တစ်ပွက်ဆူအောင်မီးပြင်းပြင်းဖြင့်အပူပေးပါ..ထွက်လာသောအညစ်အကြေးများ၊
အမြှုပ်များကိုစစ်ထုတ်ပေးပါ..။
တစ်ပွက်ဆူလာလျှင်မီးကိုလျှော့ချပြီး..ကြက်သွန်နီ ၊ခရမ်းချဉ်သီး ၊
 ရှမ်းနံနံတို.ကိုဖြည့်စွက်ပါ..။ နောက်ဆုံးငါးခေါင်းတွေနှုးအိပြီး ချိုချဉ်စပ်အရသာလေး
ရပြီဆိုရင်နံနံပင်လေးအလှဆင်ပြီးသုံးဆောင်နိုင်ပါ
သည်...။
ကြက်သားလုံးပာင်းရည်..( Chicken Balls Soup) စူကြည်း soup
ဒီပာင်းပွဲက..ဖက်ထုပ်ပြုတ်နဲ.ခပ်ဆင်ဆင်ပါ...ဒါပေမယ့်ဖက်ထုပ်ကကြက်သားကိုကြိတ် ၊ဖက်ထုပ်ရွက်ဖြစ်တဲ့ဂျုံရွက်နဲ.ထုပ်တာဖြစ်ပြီး..ဒီပာင်
ပွဲအတွက်ကတော့မုန်.နှစ်ရည်ကိုကိုယ်တိုင်စပ်ရတာဖြစ်ပါတယ်...။
ယူနန်ပာင်းပွဲတစ်မျိုးဖြစ်ပြီး..ပာင်းပွဲအမည်တော့မပေးထားပါဘူး..။တရုတ်လို. ဆူကျီခေါ်တယ်ထင်ပါတယ်။
ပာင်းရည်လို.ပြောပေမယ့်အရည်ကိုဦးစားပေးစားရတဲ့ပာင်းပွဲမျိုးတော့မပာုတ်ပါဘူး...။
ီချက်နည်းကိုမြန်မာအမည်ပေးရတော်တော်ခက်ပါတယ်..ကြော်
လည်းကြော်ထား.ပြန်လဲပြုတ်ထားတယ်ဆိုတော့....
ကြက်သားလုံးပာင်းရည်..( Chicken Balls Soup)
*******************************
ပါဝင်ပစ္စည်းများ...
ကြက်သားရင်ပုံသား( အရိုးမပါ၊အရေခွံမပါ)........၂ ခု( ၂စင်တီမီတာတုံးလေးများတုံး)
ချင်း.........................................................အနည်းငယ် (မျှင်မျှင်လှီး)
ကြက်စွပ်ပြုတ်ရည်......................................၃ လီတာ( သန်.စင်အောင်စစ်ထား)
ကြက်သွန်မြတ်+ တရုတ်နံနံ............................အနည်းငယ်( ပါးပါးလှီး)
ငရုတ်ကောင်းမှုန်........................................အနည်းငယ်
မုန်.နှစ်ရည်အတွက်
*************
ဂျုံနုမှုန်................. ၁၀၀ ဂရမ်
ဆား.....................အနည်းငယ်
ဆိုဒါမှုန်.................အနည်းငယ်
ကြက်ဥ.................. ၃လုံး
ရေ........................လိုအပ်ရုံ
ကြက်ရိုး (သို.) ခေါင်းခြေထောက်များကို ရေ(၄) လီတာလောက်နဲ.ကြက်ပြုတ်ရည်တစ်ဦးပြုလုပ်ထားပါ။ ပာင်းရည်ကြည်လင်နေစေဖို.ဂရုပြုပါ..။
ပထမဆုံးကြက်သားများကို ၂ စင်တီမီတာလောက်တုံးပြီးပြီဆိုရင်မုန်.နှစ်ရည်အတွက်
ပါဝင်ပစ္စည်းအားလုံးကိုနှံ.အောင်ရောခေါက်ပါ။
စေးပျစ်ပျစ်( ညောင်စေးကဲ့သို)မုန်.နှစ်ရည်ရပြီဆိုပါက..ဇွန်းခွက်လုံးသေး
သေး(ငံပြာရည်ခပ်တဲ့ဇွန်းမျိုး)မှာ၂စင်တီမီတာကြက်သားတုံးလေးတစ်တုံးစီကိုထည့်ပြီးမုန်.နှစ်ဖုံးအုံးလိုက်ပါ။
ထို.နောက်ဆီပူအိုးထဲတွင်နှစ်လိုက်ပါ။ထိုကြက်သားလုံးလေးကဇွန်းခွက်မှ
ကျွတ်ထွက်သွားမှဇွန်းလုံးလေးကို ဆီပူမှပြန်ဖယ်ရှားပေးပါ။
အရောင်အရမ်းမရင့်စေပဲ..ရွှေအိုရောင်သန်းလာသည်ဆိုရုံနှင့်ဇကာဖြင့်စစ်
ထုတ်ပြီး..ဆီစစ်ထားပါ..။
ကြက်သားကြော်တဲ့အချိန်ကတော့လက်ဝင်လှသလို..စိတ်လည်းရှည်ရပါ
တယ်....ဒီကြော်တဲ့အဆင့်ပြီးရင်တော့..ပာင်းပွဲကပြီးဆုံးသလောက်ပါပဲ...။
ကြက်စွပ်ပြုတ်ရည်ကို ချင်းနဲ.အတူအပူပေးပြီး..ဆား၊ ပာင်းခတ်မှုန်.တို.နှင့် အရသာသွင်းပါ..။
ဆူလာပြီဆိုရင်တော့ ကြက်သားလုံးကြော်လေးများကိုပေါင်းထည့်..မီးလျှော.
ချပြီး..၁၅ မိန်စ်လောက်မီးအေးအေးနှင့်အဖုံးပိတ်ချက်ပါ..။
ကြော်ထားတဲ့မုန်.နှစ်သားလေးများကပာင်းရည်ပြည့်ဝစွာစုပ်ယူပြီးချိန်
လောက်မှာ...ငရုတ်ကောင်းခတ်ပြီး..ကြက်သွန်မြိတ်၊တရုတ်နံနံလေး..ဖြူးပေးလိုက်ရင်သုံးဆောင်လို.ရပါပြီ...
  စူကြည်း လို့‌ခေါ်ပါတယ်‌ တိုက်‌ရိုက်‌ဘာသာပြန်‌ရင်‌‌တော့ စူ ဆိုတာကျက်‌သွားတာကို‌ပြောပါတယ်‌ ကြည်းက‌တော့ ကြက်‌ကို‌ခေါ်ပါတယ်‌....ကြက်‌သွန်‌ဖြူ‌အ‌နေ‌တော်‌‌လေးကို အလုံးလိုက်‌ထဲ့ရပါတယ်‌အဲ့ကြက်‌သန်ဖြူကအဲ့ဟင်းအနွံ‌‌တွက်အဓိကကျပွါ‌‌တယ်ဗျ.....
15 Apr 2014
ကြက်သားနှင့်အုန်းနို.ချဉ်စပ်ပာင်းရည်( Tom Kha Gai )
 ပါဝင်ပစ္စည်းများ.
***********
ကြက်ရင်ပုံသား.....................၂၀၀ ဂရမ်
ကောက်ရိုးမှို.........................၁၀၀ ဂရမ်( သန်.စင်ပြီး၂ စိတ်(သို.) ၄စိတ်
ကြက်ပြုတ်ရည်......................၂ ခွက် (လက်ဖက်ရည်ပန်းကန်)
ပဒဲကောပါးပါးလှီး....................၄- ၅ ချပ်
စပါးလင်.............................. ၃ ချောင်း (အဖြူရောင်အပိုင်းသာ)
၁လက်မအရွယ်ခပ်စောင်းစောင်းလှီးပါ )
တောရှောက်ခါးရွက်..................၄ ၇ွက် ( အကြောများမပါအောင်စုတ်ဖြဲပါ)
သံပုရာရည်.............................၁ ဇွန်း
ငါးငံပြာရည်.............................၁ ဇွန်း
သကြား...................................၁ ဇွန်း
ကြက်သွန်နီသေးသေး.................၂ လုံး(၄စိတ်ခွဲ )
နံနံပင်.....................................အလှဆင်ရန
ကြက်ပြုတ်ရည်ကိုဆူအောင်အပူပေးပါ..ထို.နောက်အုန်းနို.ပေါင်းထည့်ပြီး
စပါးလင်၊ ပဒဲကော၊ တောရှောက်ခါးရွက် ၊ ကြက်သားတို.ပေါင်းထည့်ပါ။
ချို၊ချဉ်၊ငံရအောင်အရသာသွင်းပါ..။
ဆူပွက်လာလျှင် ကြက်သွန်နီ ၊မှို တို.ပါင်းထည့်ပြီး..ငရုတ်သီးတောင့်နီ၊ နံနံပင်တို.ဖြင့်အလှဆက်ကာ..ချက်ချင်းသုံးဆောင်ပါ။
ပါဝင်ပစ္စည်းစုံလျှင်အချိန်(၇) မိနစ်ထက်ပိုပြီးမလိုအပ်ပါဘူး..။
ထိုင်းချဉ်စပ်ပာင်းရည်.။(Hot and Sour Soup)
 ပါဝင်ပစ္စည်းများ....
၁။ ကြက်သား(သို.)ပုစွန်(သို.)ပင်လယ်စာ
၂။ စွတ်ပြုပ်ပာင်းရည်။
၃။ ကြက်သွန်နီ၊ခရမ်းချဉ်သီး.(လေးစိတ်ခွဲ)
၎။ စပါးလင်၊ပဒဲကော၊ချင်း(ပါးပါးလှီး)
၅။ ကောက်ရိုးမှို(သို.)ငွေနှင်းမှို။
၆။ ရှမ်းနံနံ ၊တောရှောက်ခါးရွက်..။
၇။ ငရုတ်သီးစိမ်းတောင့်..။
အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။
ပထမဆုံးမိမိအသုံးပြုလိုသောအသားကို.ဆေးကြောသန်.စင်ပြီးမိမိလိုအပ်သလိုအတုံးလေးများသုံးပါ.။
ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်..အမြှုပ်များ
ကိုခပ်ထုပ်ပစ်ပါ.)
မိမိဆေးကြောသန်.စင်ထားသောအသားများကို.ရေနွေးဆူဆူတွင်ခေတ္တရေနွေးဖျော
ပေးပါ..။(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးရွေ.ရေစစ်ပါ။
ပါဝင်ပစ္စည်းများကိုလိုအာပ်သလိုလှီးဖြတ်သန်.စင်ထားပါ...
အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။
ပထမဆုံးကြည်လင်သောကြက်ရိုးပြုတ်
ရည်ထဲသို.ရေနွေးဖျောစစ်ထားသော..အသားများကိုထည့်ပါ။
ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။
အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်.(သုံးတတ်ပါက)၊ငါးငံပြာရည်တို.ဖြည့်စွက်ပါ။
ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။
 မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်းပြင်းနှင့်ထားလျှင်..မိမိချက်
သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)
ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..သံပုရာရည်(သို.)ရှောက်ရည်
(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။
ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.ဥပမာ..ချဉ်တာလေးကို
ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပေါ့ဗျာ...။
မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး(ကြိုက်နှစ်
သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။
ချစ်သူငယ်ချင်းများ...။ချစ်မိတ်ဆွေများ...ဒီနေ.ပဲ..စမ်းကြည့်လိုက်ကြပါလား...။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...။။။။
အော်..တောရှောက်ခါးရွက်ဆိုတာ..ရှောက်ဘီလူးသီးအရွက်ကိုပြောတာပါ..။
ပဒဲကောလဲသိမယ်ထင်ပါတယ်...ချင်းလိုပုံစံ..အနံ.ခပ်ပြင်းပြင်းပေါ့...။
ပင်လယ်စာချ ဉ်ငံစပ် ဟင်းရည်ကြည်( Hot & Spicy Seafood Clear Soup)
ပါဝင်ပစ္စည်းများ
အသားပြုတ်ဟင်းရည်ကြည်................၃ ခွက်(လက်ဖက်ရည်ပန်းကန်)
ပုစွန်
ပြည်ကြီးငါး
ငါးအသားလွှာ
ငါးဖယ်လုံး
ပဲပြား
ကောက်ရိုးမှို
အရွက်စိမ်းတစ်မျိုး
ငရုတ်ကောင်း
တရုတ်နံနံ+ ကြက်သွန်မြိတ်
အသားပြုတ်ဟင်းရည်ကြည်ကို ကြည်လင်နေအောင်ပြုတ်ထားပါတယ်..။
ပုစွန်နဲ ပါဝင်ပင်လယ်စာတွေကို အရံသင့်ပြင်ဆင်ထားပါတယ်..။
အိုးတစ်လုံးမှာဟင်းရည်ကြည်ကိုအပူပေးပြီး..ငါးငံပြာရည် ၊ ကြက်သားမှုန်.
၊ဟင်းခတ်မှု န်. ၊ငရုတ်ကောင်း( ၁ဇွန်း ထမင်းစားဇွန်း) တို.နဲ.အရသာသွင်းပါတယ်။
ကြက်သွန်ဖြူ ၂ တက်နဲ ငရုတ်သီးစိမ်း(၅) တောင့်ခန်.ကိုဓါးပြားရိုက်ထည့်ပါတယ်။
ဆူလာပြီဆိုတာနဲ. ပင်လယ်စာတွေကိုထည့်ပြီး..သံပုရာရည်ညှစ်ပါတယ်။
ထို.နောက် ပဲပြားတုံးလေးတွေနဲ.ကောက်ရိုးမှို၊ ၊အရွက်စိမ်းတစ်မျိုး ကိုထည့်ပြီး တရုတ်နံနံ+ကြက်သွန်မြိတ်တွေနဲ.အလှဆင်သလို ငရုတ်တောင့်နီ၃ တောင့်လောက်နဲ.အလှဆင်
လိုက်ပါတယ်..။
မှတ်ချက် ။ ချက်ပြုတ်ပြတဲ့ပုံစံကိုတိုက်ရိုက်ရေးတင်ဆက်ပေးခြင်းသာဖြစ်ပါတယ်..။
 ပာင်းချက်နည်းများ
ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)
ပါဝင်ပစ္စည်းများ....
ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။
အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။
ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်..
အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)
မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။
ပါဝင်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ...။
အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။
ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊
တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။
အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။
ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။
 မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)
ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။
ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.ဥပမာ..ချဉ်တာလေးကို
ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။
မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။
ချစ်သူငယ်ချင်းများ...။ချစ်မိတ်ဆွေများ...ဒီနေ.ပဲ..စမ်းကြည့်လိုက်ကြပါလား..
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...။။။။
ထိုင်းရိုးရာပုစွန်ချဉ်စပ်ပာင်းရည် ( Tom Yam Goong)
ကျွန်တော်ဒီပာင်းပွဲလေးကို...ပြောပြောပြီး..မရေးဖြစ်ခဲ့ပါဘူး..။
ဒီပာင်းပွဲကို..ကျွန်တော်လွန်ခဲ့တဲ့(၁၅)နှစ်ကတည်းကသိဖူးသလို
ကျွန်တော်လုပ်တဲ့ပိာုတယ်လ်မှာနေ.စဉ်ချက်ပေးရတဲ့ပာင်းပွဲပါ..။
အရာအားလုံးအဆင်သင့်ရှိရင်လွယ်ကူလှပေမယ့်...ဒီပာင်းပွဲရဲ.
အဓိကဖြစ်တဲ့...တုန်ယမ်းပာင်းအနှစ်ကတော့..လူကိုပင်ပန်းေ
ပါတယ်....။ခုချိန်မှာ..အသင့်သုံး( Ready to use ) တွေကို...ကြိုက်ရာတံဆိပ်
ရွေးချယ်ဝယ်ယူနိုင်ပါတယ်...
ခုဖော်ပြထားတာကတော့..လူ(၄) ယောက်စာချက်နည်းပါ။
အသေးစိတ်တွေကို...မပြောတော့ပါဘူး...ဥပမာ..ကြက်ပြုတ်ရည်...တုမ်ယမ်း
ပာင်းအနှစ်စသည်ဖြင့်ပေါ့....။
ပါဝင်ပစ္စည်းများ....
************
ကြက်ပြုတ်ရည်...............(၂) လီတာ
စပါးလင်........................( ၃) ပင် ။ ခပ်ထူထူ / စောင်း လှီးထားပေးရန်
တောရှောက်ခါးရွက်..........(၄)ရွက်
ပဒဲကော........................(၁) တက် .ပါးပါးလှီးထားရန်
ငရုတ်စိမ်းတောင့်နီ............(၂) တောင့် ၊ပါးပါးလှီးထားရန်
ငါးငံပြာရည်.................... (၂) ဇွန်း ( ထမင်းစားဇွန်း)
သကြား..........................( ၁) ဇွန်းခွဲ.။။။။။။။။။။။။။။။
ကောက်ရိုးမှို....................(၅) ခု ။ခပ်ကြီးကြီးလှီးပြီးသန်.စင်ထားရန်
ပုစွန်...............................၀.၅ ကီလို အခွံခွါ..သန်.စင်ထားရန်
သံပုရာရည်......................(၂) ဇွန်း.( ထမင်းစားဇွန်း)
ရှမ်းနံနံ/ နံနံပင်.................အနည်းငယ်
ငရုတ်ခြောက်တောင့်ကြော်....( ၄) တောင့်၊ အလှဆင်ရန်..။
အုန်းနို..............................၀.၄ လီတာ..ကျိုပြီးစစ်ထားရန်တ
တုမ်ယမ်းပာင်းအနှစ်.............(၁) ဇွန်း..
ကြက်သွန်နီ........................(၁) လုံး..(၈စိတ်ခွဲ)
ခရမ်းချဉ်သီး.......................(၁) လုံး..(၈စိတ်ခွဲ)
ချက်ပြုတ်ပုံ
********
ပထမဆုံး..ကြက်သားပြုတ်ရည်ထဲကိုစပါးလင် ၊ပဒဲကော၊ တုမ်ယမ်းပာင်း
အနှစ်၊ ငရုတ်သီးစိမ်းတောင့်နီ ၊ တောရှောက်ခါးရွက် ၊ ကြက်သွန်နီလေးစိတ်
ခွဲတို.နှင့်ဆူပွက်အောင်အပူပေးပါ။ ပြီးရင်..ငါးငံပြာည်၊ သံပုရာရည်၊ ပာင်းခတ်မှုန်.
သကြားတို.နှင့်ချဉ်စပ်အရသာရအောင်ဖြည့်စွက်ပါ....။
ပြီးမှ..ပုစွန် ၊ကောက်ရိုးမှိုတို.ကိုထပ်ပေါင်းထည့်ပါ...။
မိမိနှစ်သက်သောအရသာရလျှင်...အုန်းနို.ထည့်ပေါင်းပြီး...စားသုံးခါနီးအချိန်မှ
ခရမ်းချဉ်သီး..၊ရှမ်းနံနံ၊ နံနံဖြည့်စွက်ကာ...ငရုတ်သီးခြောက်တောင့်ကြော်လေးနဲ့
အလှဆင်ပေးပါ..။
အရသာအနေနဲ.ကတော့..ချို၊ ချဉ်၊ ငံ၊ စပ် ၊ အီ၊ မွှေးနေတဲ့အရသာပါ...။
မိမိနှစ်သက်သလို..လိုတိုး၊ပိုလျှော့...သုံးဆောင်နိုင်ပါတယ်......။
ဒီပာင်းချက်နည်းကို...သေချာသင်ပေးသောထိုင်းအမျိုးသမီး...ဖီးနိုလာတ်(ဘ်)
ကို...ဂုဏ်ပြုပါတယ်...။
ကြက်ခြေထောက်ချဉ်စပ်ပာင်းရည်
ချက်နည်းက..လွယ်ကူလွန်းလို. ပင်ပန်းမှာစိုးရိမ်ရတယ်...
ကြက်ခြေထောက်......၁/၂ ကီလို
စပါးလင်..................၂ ပင်
ချင်း........................၁ တက်
ပဒဲကော..................၁ တက်
ခရမ်းချဉ်သီး............. ၂လုံး (၈စိတ်)
ကြက်သွန်နီ..............၁ လုံး (၈စိတ်)
ရှမ်းနံနံ.................... ၅ပင်
နံနံပင်.....................အနည်းငယ်
သံပုရာသီး...............၁ လုံး
ငရုတ်သီးစိမ်း...........၅ တောင့် (ဓါးပြားရိုက်)
ကြက်ခြေထောက်တွေကိုရေဆေးသန်.စင်ပြီး..အိုးတစ်လုံးမှာချင်းတစ်တက်ကိုရိုက်ပြားပြီးဆား၊ ပာင်းခတ်မှုန်.အနည်းငယ်တို.နှင့်ပြုတ်ပါ.....။
ထွက်လာသောအမြှုပ်များနှင့်အညစ်အကြေးတို.ကိုစစ်ထုတ်ပါ...။
မီးအရှိန်ကိုလျှော့ချပြီး..တစ်ပွက်ဆူဖြင့် နာရီဝက်ခန်.ပြုတ်ပါ...
ကြက်ခြေထောက်များအတော်သင့်နှူးလာလျှင်..ပါဝင်ပစ္စည်းများပေါင်းထည့်
ပြီးသံပုရာရည်၊ ငါးငံပြာရည်၊ပာင်းခတ်မှုန်.တို.နှင့်အရသာသွင်းပြီးတစ်ပွက်ပြန်ဆူ
အောင်တည်ပြီးရင်တော့..နံနံပင်လေးခတ်သုံးဆောင်ပါ...။
ပာင်းချက်နည်းများ
15 Feb 2014
ပင်လယ်စာချဉ်စပ်ဟင်းရည်
ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)
****************************************
ပါဝင်ပစ္စည်းများ....
ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။
အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။
ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်..
အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)
မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။
ပါဝင်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ...။
အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။
ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊
တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။
အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။
ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။ မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)
ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။
ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..
သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..
ပိုမိုကောင်းမွန်)။ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.
ဥပမာ..ချဉ်တာလေးကို ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။
မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။
ချစ်သူငယ်ချင်းများ...။ချစ်မိတ်ဆွေများ...ဒီနေ.ပဲ..စမ်းကြည့်လိုက်ကြပါလား..
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...။။။။
ပာင်းချက်နည်းများ
Twitter Delicious Facebook Digg Stumbleupon Favorites More