Pages - Menu
10 Dec 2014
အမဲသားနူးနူးအိအိကို ပူပူစပ်စပ်နဲ့ အဝသောက်နိုင်မယ့် အမဲသား ဖားဟူးစွပ်ပြုတ်အကြောင်း မိတ်ဆက်ပေးပါရစေ။ တရုတ်ဘာသာနဲ့ ဖားဟူးလို့ခေါ်ပြီး အဓိပ္ပယ်အားဖြင့် နူးညံ့အောင်ပြုတ်ထားတဲ့ အမဲသားစွပ်ပြုတ်ကို ဘယ်လိုလုပ်သလဲ။
အမဲသားအစိမ်းတွေကို မီးအေးအေးနဲ့ တစ်ရက်လောက် နူးညံ့အောင် ပြုတ်ထားပြီး အမဲရိုးတွေကိုလည်း တစ်ညလောက် ရေနဲ့ပြုတ်ထားရပါမယ်။ 
စွပ်ပြုတ်သောက်တော့မယ်ဆိုမှ ပြုတ်ထားတဲ့အသားနဲ့ အမဲရိုးဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ရပါမယ်။ စွပ်ပြုတ်သောက်ဖို့အတွက် တရုတ်ခွားကျောင်းမှုန့်၊ ကြက်သွန်မြိတ်၊ ချင်း၊ ငရုတ်သီးစိမ်း၊ သံပုရာရည်နဲ့ တွဲဖက်သုံးဆောင်နိုင်မယ့်အကြောင်း ဒေါ်ရင်ရင်က ရှင်းပြပေးပါမယ်။
တရုတ်လူမျိုးတွေ အများဆုံးစားကြတဲ့ ဖားဟူးစွပ်ပြုတ်ဟာ ဆောင်းရာသီနဲ့ပိုလိုက်ဖက်သလို သွေးအားနည်းသူတွေ၊ လူမမာတွေနဲ့လည်း သင့်တော်ပါတယ်။
ဖားဟူးအမဲစွပ်ပြုတ်နဲ့အတူ တွဲဖက်စားနိုင်တဲ့ အမဲသားကို ကြွပ်ကြွပ်ကြော်ထားတဲ့ အမဲသားပေါင်းပြန်ကြော်ကိုတော့ ရှင်းပြပေးပါရစေ။ 
အမဲသား အစိတ်သားတုံးတွေကို ၂ရက်လောက်ကြာအောင် ဆားသိပ်ထားပြီး ရေပြန်ဆေးရပါမယ်။
 ပြီးရင်တော့ မဆလာထည့်ပြီး အဆင့်ဆင့်ပေါင်းထားရပါမယ်။
 ပေါင်းထားတဲ့ အမဲသားတုံးတွေကို ပါးပါးလှီးပြီး ဆီနဲ့ကြော်ရပါတယ်။
ဖားဟူးအမဲစွပ်ပြုတ်နဲ့ အမဲပေါင်းပြန်ကြော်ကိုတော့ တစ်ပွဲ ကျပ် ၄၅ဝဝနှုန်းနဲ့ ရိုးရာစားသောက်ဆိုင်မှာ ရောင်းချပေးနေပါတယ်။
 ဆောင်းတွင်းမှာ ချွေးလေးစို့ပြီး လန်းဆန်းသွားမယ့်အရသာတွေမို့ ပရိသတ်တွေ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့ နည်းလမ်းလေး ပေးလိုက်တာပါ။
 ကိုယ်တိုင်ချက်ပြုတ်ဖို့ အဆင်မပြေဘူးဆိုရင် ဒေါ်သိန်းတင်လမ်းထဲက ရိုးရာစားသောက်ဆိုင်မှာ ဖားဟူးစွပ်ပြုတ်ကို မှာယူသုံးဆောင်နိုင်ပါတယ်။
http://kamayutmedia.com/food/chinese/2219
Twitter Delicious Facebook Digg Stumbleupon Favorites More