Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အကြော်. Show all posts
Showing posts with label အကြော်. Show all posts

7 Nov 2014

KFC Style ကြက်ကြော်ကြော်နည်း။

၁။ကြက်ပေါင်၊တောင်ပံ၊မိမိကြိုက်ရာကိုသန့်ရှင်ပြီးရေဆစ်ထားပါ။
 ၂။ကြက်သားကိုဆား၊ငရုပ်ကောင်းမှုန့်၁ဇွန်းထည့်ပြီးနှယ်ထားပါ။
ကြက်သွန်ဖြူ ၁လုံး၊ကြက်သွန်နီ၁လုံး၊ငြုပ်သီးပုမှုန့်၁ဇွန်းတို့ကိုထောင်းပြီးကြက်သားနဲ့ရောနှယ်ထားပါ။

၃။ကြက်ဥ၂လုံးကိုပုဂံ၁လုံးထဲဖောက်ထည့်ပြီးနွားနို့လက်ဖက်ရည်ပုဂံလုံးတခွက်နဲ့ရောမွှေထားပါ။

၎။ဂျုံမှုန့်(သို့)ပြောင်းဖူးမှုန့်ကိုဆန်ချိန်ခွက်၂ခွက်စာထဲ၊ဆား၊ငရုပ်ကောင်း၊

အချိုမှုန့်၊ငြုပ်သီးရောင်တင်မှုန်၊နနွင်းမှုန့်အနည့်ငယ်စီထည့်၍မွှေထားပါ။

ကြက်သားကြော်ရန်။
ကြက်သားကြော်ရန်ဒယ်အိုးကိုမီးmedian hight နဲ့ဆီကိုကျက်အောင်အရင်လုပ်ပါ။ဆီကျက်လျှင်ကြက်သားကိုကြက်ဥနဲ့နွားနို့ရည်ထဲစိမ်ပြီး
အသင့်စပ်ထာသောဂျုံမှုန့်(သို့)ပြောင်းဖူးမှုန့်နဲ့လူးပြီးဆီပူပူထဲကြော်ထည့်ပါ။ကြက်သားကိုနီပြီး
ကြွပ်ရွနေအောင်ကြော်ပေးပါ။













အကြော်ကျက်ပါကငြုပ်ဆီချဉ်ရည်ဖျော်ရန်။
ပုဂံလုံးထဲကိုသံပုရာသီး၁ခြမ်းညှစ်ထည့်ပါ။
ကြက်သွန်ဖြူ ၅တက်၊ငြုပ်သီးစိမ်း၅တောက်လောက်ကိုထောင်ထည့်ပါ။
ဆား၊အချိုမှုန့်တို့ရောဖျော်ပါ။
အပေါ့အငံမြည်းပြီးKFC Style ကြက်ကြော်သုံးဆောင်လို့ရပါပြီး။
ငံပြာရည်ကြိုက်ပါကဆားလျှော့ထည့်ပြီးငံပြာရည်ထည့်နိုင်သည်။

20 May 2014

ပဲပုတ်ငရုတ်သီးအကြွပ်ကြော်

ပဲပုတ်အပါး......................၁၀ ချပ်
ကြက်သွန်နီ......................၄ လုံး
ကြက်သွန်ဖြူ.....................၁၀တက်
ငရုတ်ကြန်းမှုန်. ................၁ ဇွန်း( ထမင်းစားဇွန်း)
ဆား၊ အချိုမှုန်. ................သင့်ရုံ

ပဲပုတ်တွေကို အလျားလက်မ၀က် အနံ၁စင်တီမီတာအပိုင်းများဖြစ်အောင်ကပ်ကြေးနဲ.ညှပ်ပါ။

ကြက်သွန်နီ၊ အဖြူ တွေကိုအရွယ်ညီပါးပါးလေးတွေလှီးပါ...။

ဒယ်အိုးတစ်လုံးမှာဆီများများဖြင့် ကြက်သွန်နီ ၊ ဖြူတွေကို ကြွပ်နေအောင်
သီးသန်.စီကြော်ပြီး.ဆီစစ်အအေးခံထားပါ။

ပိုလျှံနေသောဆီများကို စစ်ထုတ်ယူထားပြီး..လက်ကျန်ဆီအနည်းငယ်မှာ
ပဲပုတ်တွေကိုလည်း..ကြွပ်အောင်ကြော်ပါ။ (သတိပြုရမှာက ပဲပုတ်ကြော်ချိန်
မှာမီးကိုလျှော့ချထားရမှာဖြစ်ပြီး..မတူး ၊မခါးအောင်သတိပြုကြော်ပါ။

နောက်ဆုံး..ဆီအနည်းငယ်လေးမှာ..နနွင်းမှုန်.အနည်းငယ်ကိုဆီသတ်ပြီး
ငရုတ်ကြမ်းမှုန်.များထည့်ပြီးအိုးကင်းပူတိုက်တဲ့ပုံစံပြုလုပ်ပါ(မီးမပြင်းစေရ)
ဆား၊ အချိုမှုန်.လည်းပေါင်းထည့်ပါ။

ပဲပုတ်၊ ၊ ကြက်သွန်နီ၊ ဖြူ ကြော်များထည့်ပြီး...သမအောင်မွှေပေးလိုက်ရင်..ပုံမှာပြထားသလို အဆင်ပြေပြေ.. ပဲပုတ်ငရုတ်သီးအကြွပ်ကြော်လေးရပါပြီ..။
ပာင်းချက်နည်းများ

28 Apr 2014

အာလူးကဗျာလွတ်အစိုကြော်

ဒီအာလူးကြော်က..ဘာမှကိုထည့်ဖို.မလိုအပ်တာပါ...။

အာလူး.................၅ လုံး
ဆား + ဟင်းခတ်မှုန်. + နနွင်း....အနည်းငယ်စီ

အာလူးကို အခွံခွာ ၊ မထူမပါးလေးလှီးပြီး..ရေဆေးစစ်ထားပါ။

နနွင်းမှုန်.အနည်းငယ်နဲ.အတူ ရောနယ်ပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး..(သာမန်မီးအပူချိန်မှာ)ထည့်
ကြော်လိုက်ပါ ။ ခေတ္တ အဖုံးဖုံထားပေးပါ။

၂ မိနစ်လောက်ကြာမှ..အာလူးတွေကို ဟိုဖက်..ဒီဖက်လှည့်ပေးပါ။

ထိုအချိန်မှ..ဆားနဲ.ဟင်းခတ်မှုန်.ကိုအရသာသွင်းပါ (ပထမကတည်းကရောနယ်ရင်..အိုကပ်နေတတ်ပါတယ် )

နှစ်သက်ပါက..ငရုတ်ကောင်းမှုန်.လေးဖြူး ပြီးသုံးဆောင်နိုင်ပါတယ်။

ပုစွန်ကျားအစပ်ကြော်

ွှTiger Prawn လို.ခေါ်တဲ့ပုစွန်ကျားရဲ.အသားကအရမ်းကျစ်လစ်ပါတယ်..။
ဒီလိုအစပ်ကြော်စားတဲ့အခါ..တထုတ်ထုတ်နဲ.စားရတာ..အရသာရှိလှပါတယ်

ခေါင်းချိုး ပုစွန်ကျား..........၂၀ ကျပ်သားခန်.
ငရုတ်ကြမ်းမှုန်. ...............၂ ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ...................၆- ၇ တက်ခန်.
ပုစွန်ငံပြာရည်..................၂ ဇွန်းခန်.
ဟင်းခတ်မှုန်. ..................အနည်းငယ်

ခေါင်းချိုးပုစွန်ကျားတွေကိုအခွံခွာပြီး.ပုစွန်ငံပြာရည် ၊ ဟင်းခတ်မှုန်.တို.နဲ့
အရသာနယ်ပြီး..၅ မိနစ်ခန်.နှပ်ထားပါ။

ဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်ဖြူ ၂ တက်လောက်ကိုနုပ်နုပ်စဉ်းထည့်
ဆီသတ်ပါ ။ ပုစွန်က စစ်ထွက်လာတဲ့အရည်ကုန်ခမ်းသည်အထိ အိုးကင်းတိုက်ပုံစံလေးပြုလုပ်ပြီး..အအေးခံထားပါ။

လက်ကျန်ကြက်သွန်ဖြူ ကိုနုပ်နုပ်စဉ်း (သို.) ညှက်အောင်ထောင်းပြီးဆီသတ်
ပါ။ အနည်းငယ်မွှေးလာလျှင် ငရုတ်ကြမ်းဖတ်တွေထည့်မွှေပေးပါ။
(မီးအေးဖို.အထူးလိုအပ်ပါတယ်..)

ပုစွန်ငံပြာရည်ကို ဖြန်းထည့်တဲ့ပုံစံမျိုးထည့်ပြီး..ခမ်းအောင်ကြော်ပါ။ ဟင်းခတ်မှုန်.နဲ.အရသာသွင်းပါ။

အိုးကင်းတိုက်ထားတဲ့ပုစွန်ကျားတွေထည့်မွှေလိုက်ရင်..ပုစွန်ကျားအစပ်ကြော်ရပါပြီ...။

ပထမတင်ပေးထားတဲ့သရက်သီးသုပ် ၊ ပဲဟင်းရည်လေးနဲ.တွဲဖက်..ကောင်းမှ
ကောင်းတဲ့အတွဲအစပ်ပါ။
 

27 Feb 2014

ရွှေဖရုံသီးအကြွပ်ကြော်

အာလူးကြော်လိုပဲ..သိပ်မခက်ခဲပါဘူး...အာလူးကအစိမ့်စားရတာမို.ဆား၊
ငရုတ်ကောင်းဖြူးရပေမယ့်..ရွှေဖရုံသီးက အချိုဓါတ်ပါတာမို..အချိုဖက်ကို
ဦးစားပေးပြီးကြော်ပါတယ်..။

ရွှေဖရုံသီး(အခွံစိမ်း) .........၁ ခြမ်း
ဆား.............................၁ဇွန်း( လက်ဖက်ရည်ဇွန်း)
သကြား........................၃ ဇွန်း( ထမင်းစားဇွန်း)
နှမ်းလှော်......................၂ ဇွန်း(........။........)

အခွံစိမ်းရွှေဖရုံသီးကိုရွေးချယ်တာက...အရောင်(၂) မျိုးရချင်လို.ပါ။လုံးဝမှည့်နေတဲ့ (လိမ္မော်ရောင်သန်းနေတဲ့ ) ရွှေဖရုံသီးမျိုး
လည်းအဆင်ပြေပါတယ်...။

အခွံခွါ ဓါးလေးကိုအသုံးပြုပြီး..ရွှေဖရုံသီးကို ချောမွတ်နေအောင်ခွါပါ။

အပါးခြစ်တဲ့ကိရိယာလေးကိုသုံးပြီး..အရွယ်ညီ ပါးပါးလေးတွေရအောင်ခြစ်ပါ။

ခြစ်ထားတဲ့ရွှေဖရုံသီးပါးပါးလေးတွေကို..သကြား ၊ ဆားနဲ.နယ်ပြီး..(၃) နာရီ
ခန်.နေပူပူမှာဖြန်.လှန်းပါ။

ပျော်ဝင်လာတဲ့ဆား၊သကြားအရာသာတွေကို စုပ်ယူပြီး..အနည်းငယ်ခြောက်
သွေ.လာချိန်မှာ..သန်.တဲ့ဆီပူပူမှာကြွပ်အောင်ကြော်ကာ..စစ်ထုတ်ပြီး..
ပူနေတဲ့အချိန်မှာပဲ..နှမ်းလှော်စေ့လေးတွေအလှဆင်..ပြီးသုံးဆောင်နိုင်ပါ
တယ်...။
ပာင်းချက်နည်းများ

17 Feb 2014

ငွေနှင်းမှို အကြွပ်ကြော်(သို.) မှိုခြောက်စပ်

ငွေနှင်းမှို................၁ ပိဿာ
ငရုတ်ခြောက်တောင့်..၁၀ တောင့်
ကြက်သွန်မြိတ်.........၁၀ ပင်
ကြက်သွန်ဖြူ............၅ တက်
ငရုတ်ကြမ်းမှုန်. ....... ၂ဇွန်း( ထမင်းစားဇွန်း)
ငရုတ်ကောင်း...........၁ ဇွန်း(...........။......)
ဆား+ဟင်းခတ်မှုန်. ...သင့်တော်သလို

ငွေနှင်းမှိုရဲ.အောက်ခြေအမြစ်တွေကိုလှီးထုတ်ပြီး..ရေဆေး ၊စစ်ထားပါ။

အ၀တ်သန်.တစ်ခုနှင့် ရေတွေကိုတတ်နိုင်သမျှ ခြောက်အောင်လုပ်ပေးပါ။

အမျှင်ခပ်သေးသေးများရအောင်...မွှာပေးပါ။ဇကာတစ်ခုထဲမှာဖြန်.ထည့်ပြီး
နေပူပူမှာ...၅ နာရီလောက်လှမ်းထားပါ။

မှိုတွေအနည်းငယ်ခြောက်ပြီဆိုရင်..ဆား၊ ဟင်းခတ်မှုန်. ၊ ငရုတ်ကောင်းမှုန်.
တို.ထည့်ကာရောနယ်ပေးပါ။

ဆီပူပူမှာအနည်းငယ်ချင်းစီထည့်ပြီး..ကြွပ်လာအောင်ကြော်ယူပြီးဆီစစ်ထားပါ
( အကြွပ်ကြော်ဆိုပေမယ့်..အားလူးကြော်တို.လောက်မကြွပ်ပါဘူး )

ငရုတ်ခြောက်တောင့်တွေကိုလည်း..ကြော်ယူစစ်ထားပါ။

နောက်ဆုံးဒယ်အိုးထဲမှာဆီအနည်းငယ်နှင့်အတူ..နုပ်နုပ်စဉ်းထားသောကြက်
သွန်ဖြူကို နနွင်းအနည်းငယ်နှင့်ဆီသတ်ပါ။

ငရုတ်ကြမ်းမှုန်.တွေထည့်ပြီးဆား+ ဟင်းခတ်မှုန်.( ငရုတ်သီးအတွက်) ထည့်
ကာ ၁ လက်မခန်.လှီးထားတဲ့ကြက်သွန်မြိတ်တွေပေါင်းထည့်ပါ။

အကြွပ်ကြော်ပြီးစစ်ထားတဲ့မှိုကြော်တွေပေါင်းထည့်ကာသမအောင်မွှေပေး
လိုက်ရင်..မှိုအကြွပ်ကြော်( သို.) မှိုခြောက်စပ်စားလို.ရပါပြီ။

15 Feb 2014

အာလူးအကြွပ်ကြော်( Potato Chips )

အာလူးအလတ်အရွယ်......၅ လုံး
ကြော်ရန်ဆီ
ဆား...အနည်းငယ်

အာလူးကို အခွံခွါသည်ဖြစ်စေ..မခွာသည်ဖြစ်စေ..အရေးမကြီးပါဘူး..။
အနောက်တိုင်းသားတော်တော်များများက..အိမ်မှာစားရင်အခွံခွါလေ့မရှိကြပါ
ဘူး..။ အာလူးရဲ.အဟာရဓါတ်က ..အခွံနဲ.အသားကြားမှာရှိတဲ့အစေးမှာပေါ
များစွာပါတယ်လို. ကျန်းမာရေးစာစောင်တစ်ခုမှာမှတ်သားဖူးပါတယ်..။

အာလူးကို..အပါးခြစ်တဲ့ကိရိယာလေးသုံးပြီး..အပါးညီနေအောင်ခြစ်ပြီးရေစိမ်
ထားပါ။

တစ်ခါတရံ..အစေးဓါတ်ကကောင်းမွန်ပေမယ့်...ကြော်တဲ့အချိန်လှပြီးညီညာ
ဖို.တော့ရေစိမ်တာအကောင်းဆုံးပါ။

ရေတွေစစ်ခြပြီး..အ၀တ်သန်.တစ်ခုခုမှာရေတွေခြောက်သွားအောင်ဖြန်.ပေး
ထားပါ..။

ဆီများများကို ..အပူပေးပြီး..ပါးပါးခြစ်ထားတဲ့အာလူးတွေကို ထည့်ပြီး..ခပ်ဖွဖွ
မွှေပေးပါ ( ဒီအချိန်မှာ ..အားပြင်းပြင်းနဲ.မွှေရင်..အာလူးကဆီနဲ.စတွေ.ချိန်မှာ
နှူးသွားတာမို. ကြေသွားတတ်ပါတယ်..)

ပေါလောပေါ်ပြီဆိုမှ...အကျက်ညီစေရန်..အဆက်မပြတ်မွှေပေးပါ..။

ရွှေအိုရောင်လေးစသန်းပြီဆိုတာနဲ.ချက်ချင်းဆယ်ထုတ်ဖို.ပြင်ဆင်ထားရပါ
မယ်..အနည်းငယ်လေးနောက်ကျတယ်ဆိုတာနဲ.အားလူးကြော်တွေချက်ချင်း
တူးသွားတတ်ပါတယ်..။

ဇကာနဲ.စစ်စစ်ပြီးချင်း..စားပွဲတင်ဆားမှုန်.တွေကိုဖြူးပေးရင်..ဆားခဲလေးတွေ
ကကျက်ပြီး..အာလူးမှာကပ်နေပါမယ်..။

နောက်ကျမှဖြူးပေးရင်တော့..ဆားတွေပျော်ပြီး..အာလူးကြော်ပျော့သွားတတ်
ဆိုတာကိုသတိထားရပါမယ်..။
ပာင်းချက်နည်းများ

အာလူးအချောင်းကြော် ( French Fries )

အာလူးအချောင်းကြော်ကို..၁ ဆင့်တည်းနဲ.အပြီးကြော်ရင်..အပြင်မှာကြွပ်ပေ
မယ့်..အတွင်းမကြွပ်တော့..စားရတဲ့အချိန်အရသာမတွေ.လှပါဘူး...။

စူပါမားကတ်ကြီးတွေမှာတင်ရောင်းတဲ့..အာလူးအချောင်းကြော်တွေဟာ ပထမအဆင့်ကြော်ပြီး..အအေးခဲထားပါတယ်..။

တကယ့် French Fries အစစ်တွေကတော့..လက်ညှိုးအရွယ်လောက်ရှိတတ်
ပြီး..အခွံခွါအထူ ၊အပါး ၊အရှည် ညီနေအောင်လှီးထားတတ်ပါတယ်..။

ဈေးလည်းပိုကြီးတတ်ပါတယ်..ဘေးနားအစတွေကိုတော့..အားလူးခြေ လို.ခေါ်တဲ့ mash potato မှာအသုံးပြုတာကတော့..ဟိုလ်တယ်တွေနဲ.အဆင့်မြှင့်အနောက်တိုင်းဆိုင်
တွေမှာပြုလုပ်လေ့ရှိပါတယ်...။

အာလူးတွေကို..မိမိလိုအပ်သလောက်..အတို၊ အရှည် ၊ အထူ အပါး လှီးပြီးရေ
စိမ်..ရေစစ်ကာ ရေခြောက်အောင်အ၀တ်သန်.တစ်ခုနဲ.သုတ်ပါ။

ဆီပူပူမှာ...ကြော်ပြီး..ရွှေအိုရောင်..မရခင်စစ်ထုတ်..အအေးခံထားပါ။

ပြီးရင် ဗူး( သို.) ပလပ်စတစ်အိတ်တွေနဲ.ထုပ်သိမ်းပြီးခဲသောအအေးခန်းမှာ
ထားပါ..။

စားချင်ပြီဆိုမှ..ဆီပူပူမှာပြန်ထည့်ကြော်ကာ ရွှေအိုရောင်လေးရအောင်ကြော်
ယူပါ...။

ဇလုံတစ်ခု ထဲမှာ စားပွဲတင်ဆားမှုန်. ၊ငရုတ်ကောင်းတို.နှင့်ခေါက်ပြီး..ချက်
ချင်းတည်ခင်းဧည့်ခံ ၊ သုံးဆောင်ပါ။

ခရမ်းချဉ်သီးဆော့စ်( သို.) ငရုတ်ဆော့စ်လေးနဲ.တွဲဖက်သုံးဆောင်ပါ။
ပာင်းချက်နည်းများ

မှိုနှင့်သီးရွက်စုံကြော်

ကောက်ရိုးမှို (သို.) ငွေနှင်းမှို

ကြွက်နားရွက်မှို
ပြောင်းဖူးအသေး
ဥနီ
ရွှေပဲသီး
မုန်ညှင်းဖြူ
ပန်းဂေါ်ဖီ (သို.) ပန်းဂေါ်ဖီစိမ်း

ဒီလာက်ဟင်းသီးပာင်းရွက်သုံးရင်အရောင်စုံပါပြီ။သိပ်များလွန်းရင်လည်းမမကောင်းပါဘူး..။

အသီးအရွက်တွေကို..အရွယ်ညီလှီးဖြတ်ထားပါ( ဥနီကို တော့မိမိကျွမ်းကျင်
သလို ပုံဖော်လှီးနိုင်ရင်အကောင်းဆုံးပေါ့ )

ဆားအနည်းငယ်ခပ်ထားတဲ့ ရေနွေးဆူဆူမှာ ဖျောပြီးရေအေးလောင်းအအေးခံထားပါ။ မှိုတွေကိုလည်းထိုနည်းအတူပြုလုပ်ပြီး..သီးသန်.စီထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်( နှမ်းဆီ၎-၅ စက်လောက်ပါရင်ပိုမွှေး)ကို
အပူပေးပြီး..ကြက်သွန်ဖြူဓါးပြားရိုက်နှင့် ကြက်သွန်နီလေးစိတ်ခွဲကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်...အသီးအရွက်တွေအရင်ထည့်ပါ။ ပဲငံပြာရည်အကြည်၊ ခရုဆီ ၊ သကြား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

ဟင်းရွက်ပြုတ်ရည်( သို.) ရေလေးအနည်းငယ်ထည့်ပါ။ မှိုတွေကိုလည်းထည့်ပေါင်းပါ။

ကော်မှုန်.ကို အရည်ဖျော်ပြီး..နည်းနည်းချင်းထည့်ကာမိမိအကြိုက်အနေအထားရအောင်
ဆွဲပေးပါ..( ကော်ရည်ဆွဲချိန်မှာ မီးလျှော့ချထားပါ )

နောက်ဆုံးငရုတ်ကောင်းမှုန်.လေးဖြူးပေးရင်သုံးဆောင်ဖို.အသင့်ပါ။

ပာင်းချက်နည်းများ

2 Feb 2014

အသီးအရွက်ကြော်

အသီးအရွက်တွေ..ကြော်တဲ့အခါ...နှူးအိဖို.လိုသလိုအရောင်မပြောင်း( ၀ါမ
သွားပဲ) သဘာဝအတိုင်းလေးရချင်တယ်ဆိုရင်...နည်းလမ်း(၂ ) သွယ်ရှိပါ
တယ်..။ မီးအရှိန် ၊ ၀င်ဆန်.တဲ့အိုးပမာဏအရွယ်ကိုရွေးချယ်တတ်ရင်..
တိုက်ရိုက်ကြော်ပေးနိုင်ပါတယ်...။

နောက်တစ်နည်းကတော့..သေချာစေဖို. ဆားအနည်းငယ်ခပ်ထားတဲ့ရေနွေး
ဆူဆူမှာထည့်ပြီးဖျော( ပြုတ် ) ကာ ရေအေးအမြန်လောင်း(လိုအပ်သလောက်) ပေးဖို.ပါပဲ..။ဒါကတော့..
အသီးအရွက်ကကျက်နေပြီဖြစ်တဲ့အတွက်..ကြော်တဲ့အချိန်..စိုးရိမ်စရာမလိုပဲ
အလွယ်တကူကြော်နိုင်ပါတယ်..။

ကန်စွန်း၊ ကိုက်လန် စတာတွေကိုတော့..ပထမနည်းအတိုင်းကျွမ်းကျင်စွာ
ကြော်နိုင်ရင်အကောင်းဆုံးပေါ့...။

ကျွန်တော်က..အောက်ပါဟင်းပွဲကို ပထမနည်းနဲ.တိုက်ရိုက်အမြန်ကြော်ပါ
တယ်။

ပန်းဂေါ်ဖီစိမ်း ၊ ရွှေပဲ နှင့် မုန်လာဥနီအစိမ်းကြော်
******************************၊

ပန်းဂေါ်ဖီစိမ်း ၊ ရွှေပဲ ၊ ဥနီ တို.ကိုအရွယ်ညီလေးတွေသင်/ လှီးဖြတ်ထားပါတယ်..။

ကြက်သွန်ဖြူ ၃ တက်လောက်ကို ဓါးပြားရိုက်ထားပါတယ်..။

ဟင်းသီးဟင်းရွက်တွေပေါ်မှာ..ခရုဆီ ၊ ပဲငံပြာရည်အကြည် ၊သကြား၊ ငရုတ်
ကောင်းမှုန်.တို.ကို အရံသင့်ထည့်ထားပါတယ်။

ဒယ်အိုးကိုဆီအနည်းငယ်နဲ.အပူပေးပြီး..ကြက်သွန်ဖြူထည့်..ချက်ချင်းဟင်းသီးဟင်းရွက်တွေထည့်ပြီး..
မီးပြင်းပြင်းမှာ ၃ မိနစ်ခန်. တိုက်ရိုက်ကြော်ပါ
တယ်...အရောင်လဲမပြောင်း နှူးအိတဲ့အစိမ်းကြော်လေးပေါ့..။

ပို.စ်ရဲ.အထက်ပိုင်းမှာရေးထားတာက..ကျွန်တော့်ဆီ..အရောင်မပြောင်း
အောင်..အစိမ်းကြော်ကို..ဘယ်လိုကြော်ရသလဲလို.မေးလာသူများအတွက်
ရည်ရွယ်ပါတယ်..။
ပာင်းချက်နည်းများ

30 Jan 2014

ငါးသေးသေးလေးများအကြွပ်ကြော်

ဒီငါးကြော်မှာ...ဘာငါးကိုကြော်ပါမယ်ဆိုတာပြောရခက်ခဲပါတယ်..။

မြန်မာပြည်မှာတော့..ငါးသလဲထိုး..ငါးသစ်တုံး..အပြင် ငွေမှင်ရောင်ငါးအသေး
စားမျိုးလေးတွေ...ပေါပါတယ်...ကျွန်တော်က..ထိုင်းမှာ white bith လို.ခေါ်
တဲ့ ငွေရောင်ငါးသေးသေးလေးတွေကြော်ပါတယ်...။

အချိန်အဆမရှိပဲ...ငါးတွေကိုရေဆေး..သန်.စင်လိုက်ပါတယ်...။

ပြီးတော့..ဆား ၊ ဟင်းခတ်မှုန်. ၊ သံပုရာသီး တစ်စိတ် ၊ ငရုတ်ကောင်းမှုန်.အနည်းငယ်ဖြူးပြီး..၁၀ မိနစ်ခန်. နှပ်ထားလိုက်ပါတယ်။

ကြော်ခါနီးပြီဆိုရင်....နှပ်ထားတဲ့အရည်တွေ..အားလုံးစစ်ထုတ်လိုက်ပါတယ်။

ရွှေလိပ်ပြာအကြော်မှုန်.( သို.) ဂျုံ မှုန်. များများ မှာ ငါးတွေကို လူးပြီး..
ဆီများများမှာရွှေအိုရောင်လေးရအောင်ကြော်ပါတယ်...။

ဒီလိုအရသာနှပ်ထားပြီး..အကြော်မှုန်.လူးကပ်ကြော်တာဟာ အရသာလည်း
မပျက်ပြယ်စေပဲ..ဆီပေါက်ခြင်းအန္တရာယ်မှလည်းကင်းဝေးပါတယ်..။

4 Dec 2013

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော်

ပဲပုတ် ၊ ဂျူးမြစ် ၊ မြေပဲထောင်းကြော်
***********************

ပဲပုတ်အပါး......................၁၀ ချပ်
ဂျူးမြစ်............................၂၀ ကျပ်သား
မြေပဲလှော်........................၁၀ကျပ်သား
ကြက်သွန်နီ......................၄ လုံး
ကြက်သွန်ဖြူ.....................၁၀တက်
ငရုတ်ကြန်းမှုန်. ................၁ ဇွန်း( ထမင်းစားဇွန်း)
ဆား၊ အချိုမှုန်. ................သင့်ရုံ

ပဲပုတ်တွေကို အလျားလက်မ၀က် အနံ၁စင်တီမီတာအပိုင်းများဖြစ်အောင်ကပ်ကြေးနဲ.ညှပ်ပါ။

ဂျူးမြစ်တွေကို လက်မ၀လောက်လှီးဖြတ်ပြီးရေဆေး..စစ်ထားပါ။(ဖြစ်နိုင်ပါက
နေပူမှာ ၁နာရီလောက်လှန်းထားပါ)

မြေပဲလှော်တွေကို လုံးခြမ်းကွဲလောက်သာထောင်းပါ။

ကြက်သွန်နီ၊ အဖြူတွေကိုအရွယ်ညီပါးပါးလေးတွေလှီးပါ...။

ဒယ်အိုးတစ်လုံးမှာဆီများများဖြင့် ကြက်သွန်နီ ၊ ဖြူတွေကို ကြွပ်နေအောင်
သီးသန်.စီကြော်ပြီး.ဆီစစ်အအေးခံထားပါ။

နေလှန်းထားသောဂျူးမြစ်တွေကိုလည်း..ဆီပူပူမှာ..ကြွပ်အောင်ကြော်ပြီးဆီ
စစ်ထားပါ...။

ပိုလျှံနေသောဆီများကို စစ်ထုတ်ယူထားပြီး..လက်ကျန်ဆီအနည်းငယ်မှာ
ပဲပုတ်တွေကိုလည်း..ကြွပ်အောင်ကြော်ပါ။ (သတိပြုရမှာက ပဲပုတ်ကြော်ချိန်
မှာမီးကိုလျှော့ချထားရမှာဖြစ်ပြီး..မတူး ၊မခါးအောင်သတိပြုကြော်ပါ။

နောက်ဆုံး..ဆီအနည်းငယ်လေးမှာ..နနွင်းမှုန်.အနည်းငယ်ကိုဆီသတ်ပြီး
ငရုတ်ကြမ်းမှုန်.များထည့်ပြီးအိုးကင်းပူတိုက်တဲ့ပုံစံပြုလုပ်ပါ(မီးမပြင်းစေရ)
ဆား၊ အချိုမှုန်.လည်းပေါင်းထည့်ပါ။

မြေပဲထောင်းကိုဦးစွာထည့်ပြီး..ပဲပုတ်၊ ဂျုးမြစ်ကြော်၊ ကြက်သွန်နီ၊ ဖြူကြော်များထည့်ပြီး...သမအောင်မွှေပေးလိုက်ရင်..ပုံမှာပြထားသလို အဆင်ပြေပြေ..ဂျူးမြစ်၊ ပဲပုတ်၊ မြေပဲထောင်းကြော်လေးရပါပြီ..။

ပာင်းချက်နည်းများ fb

13 Nov 2013

အမဲသားအမွအစပ်ကြော်

အမဲသားအမွအစပ်ကြော်
(Spicy Shredded Beef Fried)
.............................................
အမဲသားအမွအစပ်ကြော်လေးက လေလုံအောင်ထားလျှင်
ကြာကြာခံတာကြောင့် အဝေးရောက်မိသားစုဆွေမျိုးများ
သူငယ်ချင်းများအတွက် ကြော်ပြီးထည့်ပေးရန်ကောင်းမွန်သော
ဟင်းပွဲလေးပါ။ ဟင်းချက်ဖို့ အချိန်သိပ်မရသူများအတွက်လည်း
လနဲ့ချီစားလို့ရအောင် ကြော်ထားလို့ရပါတယ်။ ဟင်းချိုဟင်းလေးနဲ့
တွဲစားလျှင်လည်း လိုက်ဖက်ပါတယ်။ အမဲသားမစားသူများ ကြက်သား၊
ငါးတို့ဖြင့်လည်း ဒီချက်နည်းလေး အတိုင်း ချက်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ
.......................
• အမဲသား - ၃၀ ကျပ်သား (အတုံးလိုက်ရေစင်အောင်ဆေးထားပါ)
• ကြက်သွန်နီကြော် - ၁ ထုပ်
(အဆင်သင့်စားရန်ကြော်ထားသော ကြက်သွန်ကြော်)
• ပင်စိမ်းရွက် - အနုရွက် (ဟင်းပွဲအလှဆင်ရန်)
• ဆား - အနည်းငယ်
• အသားမှုန့် - စားပွဲဇွန်း ၂ ဇွန်း

အုပ်စု (၁)
...............
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် ဇွန်း
• ကြက်သွန်ဖြူ - ၃ ကျပ်သား (ထောင်းထားပါ)
• ကြက်သွန်နီ - ၁၀ ကျပ်သား (ထောင်းထားပါ)
• ငရုတ်သီးထက်ခြမ်းကွဲ - ၃ ကျပ်သား
(အစပ်ကြိုက်လျှင် ထပ်ထည့်ပါ)
• ဆီ - ၁၀ သား (လိုရင် ထပ်ထည့်ပါ)

အုပ်စု (၂)
................
• ချင်း - လက် ၂ ဆစ်လောက်
(ရေစင်အောင်ဆေးပြီး ၃ ပိုင်းလောက်ပိုင်းပါ)
• ကြက်သွန်ဖြူ - ၃ မြွှာလောက် (အခွံနဲ့ ဓားပြားရိုက်ထားပါ)
• လေးညှင်းပွင့် - ၃ ပွင့်
• နာနတ်ပွင့် - ၂ ပွင့်
• ကရဝေးရွက် - ၁ ရွက်
• ငရုတ်ကောင်းစေ့ - အနည်းငယ်
(အဖြူနဲ့အမည်းရော ငရုတ်ကောင်း)
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း (လိုရင် ထပ်ထည့်ပါ)

ပြုလုပ်နည်း
................
၁။ အမဲသားတုံးမြုပ်တဲ့အထိ ရေထည့်ပြီး အုပ်စု (၂)ပစ္စည်းများ
ထည့်ပြီးပြုတ်ပါ။ အမဲသားနူးအိတဲ့အထိပြုတ်ပါ။ နူးအိလာလျှင် အအေးခံပြီး
အမဲသားများကို အမျှင်လိုက်လေးတွေ နွှင်ပေးပါ။

၂။ အကြော်အိုးထဲသို့ ဆီပူလာလျှင် အုပ်စု (၁)ထည့်ဆီသတ်ပါ။
အရောင်လှပြီး အနံ့မွှေးလာလျှင် နွှင်ထားသော အမဲသားမျှင်များထည့်ကြော်ပါ။
ဆား နဲ့ အသားမှုန့် ထည့်ပါ။

၃။ မီးအနေတော်နဲ့ ကြော်ပါ။ အမဲသားမျှင်လေးများ အနည်းငယ်ကြွပ်လာလျှင် မီးဖိုပေါ်က ချပါ။ ဆားမြည်းပါ။
လိုတာထပ်ဖြည့်ပါ။ ဒယ်အိုးထဲမှာပဲပြန်ပြီးအအေးခံထားပါ။
အေးသွားတဲ့အခါ ကြက်သွန်ကြော်နဲ့ ရောမွှေပြီး စားသုံးလို့ရပါပြီ။

မှတ်ချက် - အမဲပြုတ်ရည်ကို ရှောက်ရွက်လေးလှီးထည့်
သံပရာ အချဉ်လေးဖျန်းပြီး ဟင်းချိုအဖြစ် သောက်သုံးလို့ရပါတယ်။
ကိုယ့်စိတ်တိုင်းကြ ပါဝင်ပစ္စည်းများကို အတိုးအလျော့လုပ်ပြီးချက်လည်း
အရသာအများကြီးမပြောင်းလဲသွားပါ။

copy from  food magazine faecbook

6 Jun 2013

ပဲပုတ်အခြောက်ပြားနဲ့ ခရမ်းသီးကြော်

ပဲပုတ်ကြိုက်သူများအတွက် အကြောလည်းမတက်၊
သွေးလည်း မတက်စေတဲ့ နည်းလမ်းလေးများမရှိတော့ဘူးလားဆိုတဲ့ အမေးများများလာတော့အချိန်ယူပြီး စမ်းသပ် ခဲ့တဲ့
ဒီဟင်းလေးကို မူရင်းအရသာမပျက်ဘဲ
အားလုံးအဆင်ပြေစွာစားသုံးနိုင်အောင်
မစည်ရဲ့နည်းလမ်းအသစ်လေးနဲ့ တစ်မျိုးလေးဖန်တီးထားတဲ့
ပဲပုတ်အခြောက်ကြော်ကို စမ်းကြည့်လိုက်ဦးနော် . . . ။

ပါဝင်ပစ္စည်း
......................
၁။ ပဲပုတ်အခြောက်ပြား-အချပ် ၃၀
(ကတ်ကြေး နဲ့ခပ်သေးသေး လေးတွေဖြတ်ထားပါ)
၂။ ခရမ်းချဉ်သီး အမှည့် - ၁၅ ကျပ်သား (အစေ့ထုတ်ပြီး သေးသေးလေးတွေ လှီးထားပါ)
၃။ စပါးလင်ရွက်အခြောက်မှုန့်-စားပွဲဇွန်း ၁ ဇွန်း
၎။ စပါးလင် အစို-၂ ပင် (ထောင်း ပြီး အရည် ညှစ်ယူထားပါ)
၅။ ငရုတ်သီးစိမ်း - ၁၀ တောင့် (ခပ် သေးသေးလေး တွေ ဖြတ်ထားပါ)
၆။ ပူစီနံ (သို့) နံနံပင်-၅ ပင်လောက် (ခပ် ကြမ်းကြမ်း လေးဖြတ်ထားပါ)
(လုံးလုံး မထည့်လည်းရပါတယ်)
၇။ ကြက်သွန်ဖြူ - ၈ မြွှာ အကြီး ( ထောင်းထားပါ)
(အရွယ်အစား ပေါ်မူတည်ပြီး ထည့်ပါ)
၈။ ကြက်သွန်နီ - ၁၀ လုံး (ထောင်းထားပါ)
(အရွယ်အစား ပေါ်မူတည်ပြီး ထည့်ပါ)
၉။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၀။ အရောင်တင်မှုန့် - စားပွဲဇွန်း ၂ ဇွန်းခွဲ
၁၁။ အသီးအရွက်ဟင်းခတ်မှုန့် - စားပွဲဇွန်း ၁ ဇွန်းခွဲ
၁၂။ ဟင်းရွက်ဆီ- ၁၀ ကျပ်သား

ချက်ပြုတ်နည်း
.........................
၁။ အကြော်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလျှင် နနွင်း၊
ကြက်သွန်ဖြူ။နီ၊ ငရုတ်သီးစိမ်း၊ စပါးလင်မှုန့်နှင့်
အရောင်တင်မှုန့် တို့ထည့်ပြီး ဆီသတ်ပါ။
အရောင်ပြောင်းပြီး မွှေးတက်လာလျှင် စပါးလင်အရည် နဲ့ ခရမ်းချဉ်သီးထည့်ပြီး ခြောက်လာတဲ့အထိ ကြော်ပေးပါ။
ဟင်းခတ်မှုန့်ထည့်ပါ။

၂။ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်လာလျှင် ပဲပုတ်အခြောက်ပြားလေးတွေထည့်မွှေပါ။
မီးအပြင်းကြီးနဲ့မဟုတ်ပါ။ (ပဲပုတ်ပြားလေးတွေကို
မညှပ်ခင် အချိန်ရမယ်ဆိုရင် မီးနဲ့
အရင်ဖုတ်ရင်ပို ကောင်းပါတယ်။
ဖုတ်ပြီးသား ဆိုတော့မွှေးလည်းမွှေး အကျက်လည်းမြန်တာပေါ့)

၃။ ပူစီိနံ (သို့) နံနံပင် (နံနံပင်ကို အကြောတက်နဲ့သွေးတက် တတ်သောသူများအတွက်ဆို မထည့်ပါနဲ့)ကို အပေါ်မှဖြူးပါ။
မြည်းပြီး လိုတာထပ်ဖြည့်ပါ။

**မှတ်ချက်- သွေးတိုးရှိသူတွေအတွက်တော့
ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားပါ။ စပါးလင်ဟာ
တကယ်ဆေးဖက်ဝင်သော အပင်ဖြစ်ပါတယ်။
ရောဂါတော်တော်များများကို ပျောက်ကင်းစေသလို
အအေးဓာတ်ကိုပေးသော စွမ်းအားရှိတာကြောင့်
စပါးလင် များများထည့်ပြီးချက်လို့ရပါကြောင်းအကြံပြုပါရစေ။
အငန်များများ စားပြီးလျှင် သံပရာနှင့်စပါးလင်အရည်ကို
သကြားနည်းနည်း နှင့်ဖျော်သောက်ခြင်းဖြင့်
အကြောတက်ခြင်း၊ သွေးတက်ခြင်း
ကိုကာကွယ်ပေးနိုင်ပါသည်။

Syi Foodsgarden

24 Mar 2013

ပုစွန်ခွက်ကြော်

ပါဝင်ပစ္စည်းများ
-----------------
၁။ ပုစွန်စပ်ထုပ် - ၆-၇ကောင်
၂။ ပဲပင်ပေါက် - ၁၅၀ ဂရမ် (၁၀ ကျပ်သား)
၃။ ကြက်သွန်နီ - ၁လုံး
၎။ အကြော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၅။ ပဲမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ နနွင်းမှုန့် - ဇွန်းဖျားစာ
၇။ ရေနွေးနွေး - စားပွဲဇွန်း ၅ဇွန်း
၈။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ ဆီ

ကြော်နည်း
-------------
၁။ ပုစွန်ကို ခေါင်းချွတ်၊ ကျောက ချေးချောင်းများထုတ်ကာ သန့်စင်လိုက်ပါ။

၂။ အကြော်မှုန့်နဲ့ ပဲမှုန့်ကို ရေနွေးနွေးနဲ့ရောပြီးဖျော်လိုက်ပါ။
နနွင်းထည့်မွှေပြီး ပဲပင်ပေါက်၊ ကြက်သွန်လှီးပြီးသားပါးပါးတို့ကို ရောလိုက်ပါ။

၃။ ဆီကို မီးအနေတော်ဖြင့်ထားပြီး ပန်းကန်တစ်ချပ်ထဲတွင် ပဲပင်ပေါက်အရောအနည်းငယ်၊ ပုစွန်၁ကောင်(သို့) ၂ကောင်ရောပြီး ဆီအိုးထဲဖြေးဖြေး လျှောချပြီး
တစ်ဖက်စီ ရွှေဝါရောင်သမ်းပြီး ကြွပ်လာသည်အထိထားပြီး ကြော်ပေးပါ။


 မန်ကျည်းသီးချဉ်ဖြင့်တွဲစားလို့အလွန်ကောင်းပါတယ်။

23 Mar 2013

ကယားအရွက်စုံကြော်

ပါဝင်ပစ္စည်းများ
----------------
၁။ ဂေါ်ဖီ- ၁ စိတ် (လက်တစ်ဆစ် မညီမညာလှီးပါ)
၂။ ငရုတ်ပွ စိမ်း၊ နီ၊ ၀ါ- တစ်ခြမ်းစီ (အရှည်လိုက်လှီးပါ)
၃။ ပြောင်းဖူး၊ ပဲစိမ်း၊ မုန်လာဥနီ၊ပဲသီးရှည် များရောထားသော (Mix Vegetable) -၇ ကျပ်သား
၎။ ကြက်အသည်းနှလုံး-၁၅ ကျပ်သား
၅။ ဆား- နည်းနည်း
၆။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း၁ဇွန်း
၇။ ငံပြာရည်- လက်ဖက်ရည်ဇွန်းတစ်ဝက်
၈။ ကယားငရုတ်ကောင်း (မက်ခါသီးမှုန့်)- စားပွဲဇွန်း၁ဇွန်း
၉။ ငရုတ်ကောင်းမှုန့်အဖြူ- နည်းနည်း
၁၀။ ငရုတ်သီးစိမ်း- ၁၀ တောင့် (သေးသေးလှီးပါ)
၁၁။ ကြက်သွန်ဖြူ- ၅ မြွှာ (ဓားပြားရိုက်ပါ)
၁၂။ ချင်း- လက်တစ်ဆစ် (ပါးပါးလှီးပါ)
၁၃။ စပါးလင်- ၁ ချောင်း (ထုပြီး ထုံးထားပါ)
၁၄။ သံလွင်ဆီ- စားပွဲဇွန်း၂ဇွန်း
၁၅။ ပဲငံပြာရည်အချို-လက်ဖက်ရည်ဇွန်း၁ဇွန်း

ချက်ပြုတ်နည်း
---------------
၁။ ကြက်အသည်းနှလုံး ကို ရေစင်အောင်ဆေးပြီး
ချင်း၊ ကြက်သွန်ဖြူ ၂ မြွှာ၊ စပါးလင်၊
ငံပြာရည်တို့ဖြင့်နူးအောင် ပြုတ်ပေးပါ။
အအေးခံထားပါ။ ပြီးလျှင် မထူမပါးလေး လှီးပေးပါ။

၂။ မကပ်သော အကြော်အိုး
(Non-stick frying pan)ထဲသို့ သံလွင်ဆီထည့်ပါ။
ဆီဆူလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့
ကြက်အသည်းနှလုံးထည့်ပြီးကြော်ပါ။
မွှေးလာသည် အထိပါ။ Mix – Vegetable ကို ထည့်ကြော်ပါ ။ အနည်းငယ်နူးလာလျှင် ဂေါ်ဖီနဲ့ငရုတ်ပွများကိုထည့်ပါ။

၃။ ဆား၊ ကြက်သားမှုန့်၊ မက်ခါသီးမှုန့်၊
ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အချိုနှင့်
ငံပြာရည်ထည့်ပြီး မြည်းကြည့်ပါ။
ကိုယ်ကြိုက်နှစ်သက်သော အရသာရလျှင် စားသုံးနိုင်ပါပြီ။

** ဗီတာမင်ဓာတ်များ ပျောက်ပြယ်တတ်သောကြောင့် အသီးအရွက်များကို နူးအောင်မကြော်ပါနှင့်။

15 Mar 2013

ကြက်တောင်ပံအစပ်ကြော်

ရိုးရိုးကြက်တောင်ပံကြော်မဟုတ်တဲ့ ပူပူစပ်စပ်ကြက်တောင်ပံကြော်ပါ။ ငရုတ်သီး၊ စီချွမ်ငရုတ်ကောင်းနိုင်းချင်း သုံးထားတဲ့ ဒီကြက်ကြော်ဟာ ထမင်းနဲ့စားရင်ပဲဖြစ်ဖြစ်၊ Appetizer သဘောမျိုးနဲ့ပဲစားစား စားလို့ကောင်းလှပါတယ်။ ငရုတ်ကောင်းနံ့လေးလည်းမွှေးပြီး အရသာရှိလှတဲ့ ကြက်ကြော်လုပ်နည်းလေးကလည်း ရိုးရှင်းတာကြောင့် အခုမှ ဟင်းစမ်းချက်မယ့်သူတွေလည်း အကြိုက်တွေ့နိုင်မှာပါ။

ပါဝင်ပစ္စည်းများ
-----------------
၁။ ကြက်တောင်ပံ ၆ ခု
၂။ ဆီ

ကြက်သားနှပ်ရန်အတွက် Seasoning ပါဝင်ပစ္စည်း
---------------------------------------------------
၁။ ချင်း -လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ခြစ်ပြီးသား )
၂။ ကြက်သွန်နီအသေး - စားပွဲဇွန်း ၁ ဇွန်း (ထောင်းပြီးသား)
၃။ ကြက်သွန်ဖြူ - လက်ဖက်ရည်ဇွန်းတစ်ဝက် (ထောင်းပြီးသား)
၎။ ကြက်သွန်မြိတ် - ၁ပင်(ပါးပါးလှီးထား)
၅။ စီချွမ် ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ထောင်းပြီးသား)
၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ
၈။ ကြက်ဥနှစ် - တစ်ခု
၉။ ဂျုံ -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ရေ- စားပွဲဇွန်း ၃ ဇွန်း

ကြက်သားကြော်ပေါ်မှဖြူးရန်ပါဝင်ပစ္စည်း
-----------------------------------------
၁။ ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၂။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၃။ စီချွမ် ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
၎။ ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ကြော်နည်း
------------
၁။ ပထမဆုံး ကြက်သားများကို ရေစင်စင်ဆေးကာ Kitchen Tower နှင့်ခြောက်အောင်သုတ်ပြီး ကြက်သားနှပ်ရန်အတွက် ပြင်ဆင်ထားတဲ့Seasoning (ဂျုံမှလွဲပြီး)နဲ့ တစ်နာရီကြာအောင် နှပ်ထားပါ။

၂။ တစ်နာရီခန့်ကြာရင် အရသာဝင်နေပြီ ဖြစ်တဲ့ ကြက်သားများကို ဆယ်ထုတ်ပြီး ဂျုံလူးကာ ဆီပူပူမှာ ရွေညိုရောင်သမ်းအောင်ကြော်ပါ။

၃။ ကြက်သားများပူနေတုန်းမှာ ကြက်ကြော်ပေါ်ဖြူးတဲ့ အမှုန့်များကိုဖြူးပေးပြီးရင် အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။

Evy Foodlover

8 Dec 2012

ငါးသလဲထိုးအိုးကပ်

ငါးသလဲထိုး အိုးကပ်လေး ချက်ကျွေးပါဦးမယ်နော်။
ငါးသလဲထိုး အိုးကပ်ဆိုပေမယ့် ဒီတစ်ခါမှာ မိုက်ကရိုဝေ့ဖ်နဲ့ ချက်နည်းလေးကို မျှဝေမှာဖြစ်ပါတယ်။
ကျွန်မ ပြီးခဲ့တဲ့နှစ်တုန်းက ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်မှာ အညှော်လုပ်လို့မရပါဘူး။
 
အဲ့ဒီတော့ ကျွန်မက ဟင်းတွေတော်တော်များများကို မိုက်ကရိုဝေ့ဖ်နဲ့ စမ်းပြီးချက်ပြုတ်ရင်းနဲ့ပဲ ရလာတဲ့ အတွေ့အကြုံအသစ်လေးတွေပါ။
 
မိုက်ကရိုဝေ့ဖ်နဲ့ ချက်ရတာက အညှော်မိသက်သာတယ်၊ ပြီးတော့ လူပင်ပန်းလည်း သက်သာသလို မီးဖိုဆောင်မှာလည်း သိပ်ပြီး ညစ်ပတ်တာမျိုး မဖြစ်စေဘူး။
 
 ချက်ပြုတ်ပြီးရင်တော့ မိုက်ကရိုဝေ့ဖ်ကို သန့်ရှင်းရေး ပြန်လုပ်ရတာပေါ့လေ။ 
 
ငါးသလဲထိုးအိုးကပ်အတွက်ကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူနီချင်းစပါးလင် ညက်အောင်ထောင်းပြီး ငါးကို ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်နည်းနည်းရယ်၊ နနွင်းမှုန့်ရယ်၊ ထောင်းထားတဲ့ အဆာ ပလာရယ်နဲ့ ရောနယ်ပေးပါနော်။
 
 ပြီးရင် ဇောက်သိပ်မနက်တဲ့ အ၀ကျယ် ဖန်ဇလုံကြီးကြီးတစ်ခုကိုယူ၊ ဆီလေးထည့်ပြီး နယ်ထားတဲ့ ငါးတွေကို အသာအယာ ညီညီညာညာလေး ဖြန့်ပြီး ထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် အဲ့ဒီဖန်ဇလုံကို မိုက်ကရိုဝေ့ဖ်ထဲထည့်ပါ။ 
 
 (ကျွန်မသုံးတဲ့ မိုက်ကရိုဝေ့ဖ်ရဲ့အားက 1100 W ပါရှင်။ ) ပြီးရင် ၁၀ မိနစ် အရင် အပူပေးလိုက်ပါ။ 
 
၁ဝ မိနစ်ပြီးခဲ့အခါမှာ ငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပြီး နောက်ထပ် ၅ မိနစ်ထပ်ပြီး အပူပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ အကြွပ်အနေအထားရအောင် အပူချိန်ထပ်ပေးပါ။ 
 
ခပ်ပျော့ပျော့ကြိုက်ရင် အချိန်နည်းနည်းလျော့ပေးပါ။ ငါးနဲ့ ပါဝင်တဲ့အဆာပလာ အနည်းအများရယ်၊ ကိုယ်ပေးတဲ့အချိန်ရယ်မူတည်ပြီးတော့ ငါးကို ကြွပ်ကြွပ်လေး ဖြစ်ဖို့ ချိန်ညှိရုံပါပဲနော်။ အရမ်းလွယ်ကူလွန်းလို့ ခဏခဏ ငါးအိုးကပ် ချက်စားဖြစ်တယ်။
 
ငါးအိုးကပ်ထဲမှာ ကိုယ့်စိတ်ကြိုက်ဖြစ်စေမယ့် ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ နံနံပင် စတာတွေကိုလည်း ထည့်နိုင်ပါတယ်နော်။ 
 
နောက်ပိုင်းမှာ မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်တာတွေ၊ အမဲသားမွကြော်တွေ ကြော်တာလေးတွေပါ မျှဝေပေးပါဦးမယ်နော်။
 
 မောင်နှမများလည်း အဆင်ပြေမယ်ဆိုရင် မိုက်ကရိုဝေ့ဖ်နဲ့ ငါးအိုးကပ်လေး ချက်စားကြည့်ကြပါဦးလားနော်။

ကြက်ကြော်မွှေးမွှေးလေး

အင်ဒိုနီးရှားစတိုင်လ် ကြက်ကြော်လေး ချက်ကျွေးပါရစေနော်။
 ဒီမှာတော့ ကြက်ကြော်ကို AYAM GORENG လို့ ခေါ်ပါတယ်နော်။
 ကျွန်မဒီမှာ နေခွင့်ရတဲ့ အိမ်မှာတော့ ကျွန်မ အမေက ထမင်းဟင်းချက်ကျွေးတော့ ကြက်ကြော်လေးက အရမ်းကို မွှေးပြီး စားကောင်းနေတာမို့ ဘယ်လိုကြော်ရတယ်ဆိုတာကို မေးပြီး ကြော်ထားတဲ့ ကြက်ကြော်
လေးကို မျှဝေပါရစေနော်။
ကြက်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ 
 ကြက်သား ရင်ပုံသား သို့မဟုတ် ပေါင်သား ၁ ကီလို၊ စပါးလင် ၅ ပင်၊ ချင်း လက်သုံးဆစ်၊ ပဒဲကော လက်သုံးဆစ်၊ နံနံစေ့ အနည်းငယ်၊ နနွင်းတက် (အင်ဒိုနီးရှားမှာတော့ နနွင်းမှုန့်အစား နနွင်းတက်အစိမ်းကိုသုံးပါတယ်နော်) လက်သုံးဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ရှောက်ရွက်၊ ဆားအနည်းငယ်နဲ့ ဆီတို့ပါနော်။
ကြက်သားကို သန့်စင်အောင် ရေနဲ့ ဆေးကြောပေးထားပါနော်။ 
 
အခြားသော အဆာပလာများဖြစ်တဲ့ စပါးလင်၊ ချင်း၊ ပဒဲကော၊ နံနံစေ့၊ နနွင်းတက်၊ ကြက်သွန်ဖြူတို့ကို သန့်စင်အောင် ဆေးကြော၊ အခွံနွှာပေးထားပါ။
  ပြီးရင် အဆာပလာအားလုံးနဲ့အတူ ရေ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခန့်ရယ် ဆားရယ်ကိုထည့်ပြီး ဘလင်ဒါ ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပါတယ်နော်။ 
 
အားလုံးညက်ပြီဆိုရင်တော့ ကြက်သားထဲ အဲ့ဒီအရည်တွေ အကုန်လုံးကိုထည့်ပြီး အနည်းဆုံး နာရီဝက်ကနေ တစ်နာရီလောက် နှပ်ပေးထားပါနော်။ 
 
နှပ်ထားတဲ့ ကြက်သားတွေရယ်၊ ရှောက်ရွက်ရယ်ကို အိုးတစ်လုံးထဲထည့်ပြီး ရေခမ်းအောင် မီးအသင့်တင့်နဲ့ တည်ပါတယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားကို အအေးခံပေးပါနော်။ 
 
တကယ်လို့ ရေရှည်အတွက် ထားချင်တယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ ကြက်သား ငါးကီလိုလောက် ၀ယ်ပြီးတော့ အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း လုပ်ပြီး အအေးခံ၊ ပြီးတော့မှ ပလတ်စတစ်အိတ်၊ ဒါမှမဟုတ် ဗူးလေးထဲ ထည့်ပြီး freezer ထဲထည့်ထားနိုင်ပါတယ်။
 
 အဲ့ဒါဆိုရင်တော့ လိုအပ်တဲ့အချိန်မှာ အချိန်မေ ရွးကြော်စားလို့ ရပါတယ်နော်။
  ကြော်ဖို့ကတော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ ဆီပူလာရင်တော့ ကြက်သားတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ မှန်မှန်လေး ကြော်ပေးလိုက်ရုံပါပဲနော်။ 
 
အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပြီး ကြော်ပေးပါနော်။ 
 
အဆာပလာအဖတ်လေးတွေကလည်း အညိုရောင်လေးဖြစ်ပြီး အနံ့လေးကတော့ မွှေးကြိုင်နေတာပဲနော်။ 
 
 အကျက်ညီသွားပြီဆိုရင်တော့ ကြက်သားလေးတွေကိုဆယ်၊ အဆာပလာ အကျွတ်ကြော်လေးတွေလည်း ဆယ်ယူပြီး ထမင်းဖြူပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။ 
 
ကြွတ်ရွမွှေးကြိုင်နေတဲ့ကြက်ကြော်လေးရယ်၊ sembel လို့ သူတို့ခေါ်ကြတဲ့ ငရုတ်သီးထောင်းရယ်၊ အသီးအရွက်မျိုးစုံတို့စရာရယ်၊ ထမင်းဖြူပူပူလေးရယ်နဲ့တွဲဖက်စားသုံး ကြပါတယ်နော်။

ငပိကြော်

ဘာလချောင်ကြော်လို့လည်းခေါ်တဲ့ ငပိကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
 ငါးနီတူ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ အနီရောင်ငရုတ်သီး (အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ)၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်၊ သကြား၊ ဆား၊ နနွင်းမှုန့်နဲ့ ဆီ တို့ပါနော်။

 ဒီမှာလည်း http://lulucooking.blogspot.com/2007/08/blog-post_8843.html တစ်ခါ ရေးဖူးပါတယ်နော်။ ဒါပေမယ့် အခုတစ်ခေါက် အစားခံရအောင် ငါးနီတူလေးပါ ထည့်လိုက်ကြရအောင်နော်။

ငါးနီတူနဲ့ ပုဇွန်ခြောက်လေးကို မထောင်းခင်မှာ ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး စကာနဲ့ စစ်ပြီး နေပူထဲ ခဏထား လိုက်ပါတယ်နော်။ အဲ့ဒီအချိန်မှာ ကြက်သွန်အဖြူအနီတို့ကို အခွံနွှာထားနော်။

ဒီမှာကတော့ ငရုတ်သီးအခြောက်တောင့် ၀ယ်လို့မရတာနဲ့ ငရုတ်သီးအနီအပွတောင့်တွေကို ၀ယ်ပါတယ်နော်။

အဲ့ဒါကို အညှာခြွေ၊ ရေဆေး ပြီးတော့မှ ကပ်ကြေး လေးနဲ့ တစ်လက်မအရွယ်လောက်လေးတွေ ဖြတ်ပြီး လေသလပ်ခံ ထားပါတယ်။

 ပြီးရင် မန်ကျည်းသီးမှည့်ကို ရေနွေး ပူပူလေးနဲ့ စိမ်ထားလိုက်ပါနော်။

ပြီးရင် ကြက်သွန်ဖြူနီကို chopper နဲ့ ကြိတ်လိုက်ပါတယ်။

 ပြီးတော့ ငရုတ်သီးကိုလည်း ကြိတ်ပါတယ်။ နောက်ဆုံး ပုစွန်ခြောက်ကို ကြိတ်ပါတယ်။

 အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီကို ၅ ကျပ်သားလောက်ထည့်ပြီး ငါးနီတူတွေကို အရင်ကြော်ပါတယ်။

 ကြော်တဲ့အခါမှာ အရမ်းကြွပ်ရွသွားအောင် ကြော်တာမျိုးမဟုတ်ဘဲ မကြွပ်တကြွပ် အချိန်မှာ ဆီအိုးထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ထားပါတယ်။ ပြီးရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီတွေကို ကြော်ပေးပါ။

 စစချင်းမှာ မီးအားအများဆုံးနဲ့ ကြော်ပေးပြီး နောက်ပိုင်းကျ ကြက်သွန်တွေထဲက အရည်စစ်သွားလို့ မွှေလို့ သွက်လာတဲ့အခါ မီးအားလျော့ပြီး မီးနွေးနွေးလေးနဲ့ ရွှေညိုရောင်လေးဖြစ်လာအောင်ထိ ကြော်ပေးပါနော်။

 ရွှေအိုရောင် ပြောင်းလို့ အနံ့လေးကလည်း သင်းလာပြီဆိုရင်တော့ ဆီစစ်စကာပါတဲ့ ယောက်မလေးနဲ့ ဆယ်ယူပြီး စကာထဲထည့်ပြီး ဆီစစ်ထားပေးပါနော်။

 ပြီးရင် ကြိတ်ထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီးကြော်ပေးပါ။ ငရုတ်သီးက အစိုမို့လို့ အချိန်ယူပြီး နည်းနည်းခြောက်အောင် ကြော်ရပါတယ်။

 ငရုတ်သီးထည့်ပြီး ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ကိုပါ ထည့်ပြီး ကြော်ပေးပြီး နောက်ပိုင်းမှာ ကြိတ်ထားတဲ့ ပုစွန်ခြောက်ကို ဆက်တိုက်ထည့်ပေးပါနော်။

 မီးအသင့်အတင့်လောက်နဲ့ထားပြီး ကြော်ပေးရင်းနဲ့ ပုစွန်ခြောက်လေးရော ငရုတ်သီးလေးရော အညိုရောင်ဘက်လုလာပြီဆိုရင် မီးကို တတ်နိုင်သလောက် လျှော့ပြီး မန်ကျည်းသီးအနှစ်တွေကို ထည့်လိုက်ပြီး မွှေပေးပါ။

 မီးအေးအေးနဲ့ ခုနက ငံပြာရည်ရယ်၊ မန်ကျည်းနှစ်ရယ်ကို ခမ်းအောင် ထားပါ။

အိုးမကပ်အောင်လဲ သတိထားပြီး မွှေပေးနော်။ ပြီးရင် ငါးနီတူခြောက်ကြော်နဲ့ ကြက်သွန်ဖြူနီကြော် တွေ ရောထည့်ပေးပါ။

တဖြည်းဖြည်းနဲ့ အရည်တွေခမ်းလာတဲ့အခါမှာ အနီရောင် ဆီလေးတွေက အပေါ်ကို ဝေ့တက်လာ ပါလာလိမ့်မယ်နော်။ အပေါ့အငံကို မြည်းနော်။

 အရသာကို ဘယ်ဟာကိုမှ မကဲစေနဲ့။

 မြည်းလိုက်တဲ့အခါမှ မန်ကျည်းသီးမှည့် အချဉ်လေးလျှာထဲ စိမ့်သွားသလို ငရုတ်သီးရဲ့အစပ်ကလဲ သွားရည်ယိုစေပါတယ်၊ ရေခမ်း လောက်ပြီဆိုရင် မီးဖိုပေါ်ကနေ ချပြီး အအေးခံထားလိုက်နော်။

 အေးသွားပြီဆိုရင် ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူနီကြော်တစ်ဝက်ထည့်ပြီးတော့ ရောမွှေလိုက်ပါနော်။

 အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဘာလချောင်ကြော်ရပါပြီနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More