Pages - Menu

23 Mar 2013

ကယားအရွက်စုံကြော်

ပါဝင်ပစ္စည်းများ
----------------
၁။ ဂေါ်ဖီ- ၁ စိတ် (လက်တစ်ဆစ် မညီမညာလှီးပါ)
၂။ ငရုတ်ပွ စိမ်း၊ နီ၊ ၀ါ- တစ်ခြမ်းစီ (အရှည်လိုက်လှီးပါ)
၃။ ပြောင်းဖူး၊ ပဲစိမ်း၊ မုန်လာဥနီ၊ပဲသီးရှည် များရောထားသော (Mix Vegetable) -၇ ကျပ်သား
၎။ ကြက်အသည်းနှလုံး-၁၅ ကျပ်သား
၅။ ဆား- နည်းနည်း
၆။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း၁ဇွန်း
၇။ ငံပြာရည်- လက်ဖက်ရည်ဇွန်းတစ်ဝက်
၈။ ကယားငရုတ်ကောင်း (မက်ခါသီးမှုန့်)- စားပွဲဇွန်း၁ဇွန်း
၉။ ငရုတ်ကောင်းမှုန့်အဖြူ- နည်းနည်း
၁၀။ ငရုတ်သီးစိမ်း- ၁၀ တောင့် (သေးသေးလှီးပါ)
၁၁။ ကြက်သွန်ဖြူ- ၅ မြွှာ (ဓားပြားရိုက်ပါ)
၁၂။ ချင်း- လက်တစ်ဆစ် (ပါးပါးလှီးပါ)
၁၃။ စပါးလင်- ၁ ချောင်း (ထုပြီး ထုံးထားပါ)
၁၄။ သံလွင်ဆီ- စားပွဲဇွန်း၂ဇွန်း
၁၅။ ပဲငံပြာရည်အချို-လက်ဖက်ရည်ဇွန်း၁ဇွန်း

ချက်ပြုတ်နည်း
---------------
၁။ ကြက်အသည်းနှလုံး ကို ရေစင်အောင်ဆေးပြီး
ချင်း၊ ကြက်သွန်ဖြူ ၂ မြွှာ၊ စပါးလင်၊
ငံပြာရည်တို့ဖြင့်နူးအောင် ပြုတ်ပေးပါ။
အအေးခံထားပါ။ ပြီးလျှင် မထူမပါးလေး လှီးပေးပါ။

၂။ မကပ်သော အကြော်အိုး
(Non-stick frying pan)ထဲသို့ သံလွင်ဆီထည့်ပါ။
ဆီဆူလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့
ကြက်အသည်းနှလုံးထည့်ပြီးကြော်ပါ။
မွှေးလာသည် အထိပါ။ Mix – Vegetable ကို ထည့်ကြော်ပါ ။ အနည်းငယ်နူးလာလျှင် ဂေါ်ဖီနဲ့ငရုတ်ပွများကိုထည့်ပါ။

၃။ ဆား၊ ကြက်သားမှုန့်၊ မက်ခါသီးမှုန့်၊
ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အချိုနှင့်
ငံပြာရည်ထည့်ပြီး မြည်းကြည့်ပါ။
ကိုယ်ကြိုက်နှစ်သက်သော အရသာရလျှင် စားသုံးနိုင်ပါပြီ။

** ဗီတာမင်ဓာတ်များ ပျောက်ပြယ်တတ်သောကြောင့် အသီးအရွက်များကို နူးအောင်မကြော်ပါနှင့်။

Twitter Delicious Facebook Digg Stumbleupon Favorites More