Pages - Menu

23 Mar 2013

မုန်ညင်းသုပ်


ရှမ်းပဲပုပ် 
ရှမ်းပဲပုပ်ကို ခရမ်း
ချဉ်သီးနဲ့ ထောင်းစားလိုက်၊ တရုတ်ပဲပုပ်
ကို ဆီနဲ့ကြော်ပြီး ကိုက်စားလိုက်ပေါ့။

လုပ်နည်းကလည်း လွယ်ပါတယ်။
ပထမဆုံးမုန်ညင်း(အစိမ်းရောင်)ကို ရေဆူဆူနဲ့ပြုတ်လိုက်တယ်။
မနူးခင်မုန်ညင်းတွေကိုဆယ်ပြီး ရေအေးအေးထဲ စိမ်လိုက်တယ်။ ရေခဲရေဆိုရင် ပိုကောင်းပါတယ်။
 ဒါမှ သုပ်တဲ့အချိန် မုန်ညင်းတွေ ၀ါမသွားဘဲ စိမ်းနေမှာပါ။
 သုပ်ဖို့က အရင်ဆုံး 
ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းထောင်းထားတာကို နနွင်းထည့်ပြီး ဆီသတ်လိုက်တယ်။ ဆီသတ်တာမွှေးလာရင် ခရမ်းချဉ်သီးထည့်တယ်။
 ခရမ်းချဉ်သီးနွမ်းလာရင် ပဲပုပ်မီးကင်ထောင်းထားတာလေး ထည့်လိုက်တယ်။
 ပြီးရင် အိုးချ ပြီး ခဏအအေးထားလိုက်တယ်။
 အေး သွားရင် ရေစစ်ထားတဲ့မုန်ညင်းကို အိုးထဲ ထည့်မွှေတယ်။ ဆားထည့်တယ်။
 ပဲပုပ်နံ့မွှေးမွှေးနဲ့ မုန်ညင်းသုပ်တစ်ပွဲကိုရတယ်။
တခြားအဆီအအိမ့်ဟင်းတွေနဲ့ ငြီးငွေ့လာရင် သက်သတ်လွတ် မုန်ညင်းသုပ်လေး လုပ်စားကြည့်နိုင်ပါတယ်။ ပဲပုပ်အစား မြေပဲဆံနဲ့လည်း သုပ်နိုင်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More