Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပင်စိမ်းပင်/ရွက်. Show all posts
Showing posts with label ပင်စိမ်းပင်/ရွက်. Show all posts

15 Apr 2014

ပင်စိမ်း ( Basil Leaves)

 အခုရက်ပိုင်း..အလုပ်နည်းနည်းအားနေတာနဲ. ပာင်းချက်နည်းတွေတော်တော်ရေးဖြစ်သလို....ဒီပာင်းချက်နည်းနဲ.ဆိုင်တဲ့

ဗပာုသုတလေးတွေကို ရှာဖွေလေ့လာဖြစ်ပါတယ်..။ဖတ်မိ ၊ မှတ်မိတာလေး
တွေကိုပြန်လည်ဝေမျှလိုက်ပါတယ်...။အပျင်းပြေ..ဗပာုသုတပေါ့။

ပင်စိမ်း ( Basil Leaves)
****************

ပင်စိမ်းကို..ပိာုးလွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀)ကျော်လောက်ကတည်းကစတင်
တွေ.ရှိခဲ့ကြပေမယ့်...လွန်ခဲ့တဲ့နှစ်(၁၀၀)ကျော်လောက်ကမ
အင်္ဂလိပ်လူမျိုးတစ်ယောက်က..မှတ်တမ်းတင်ပြုစုခဲ့တယ်လို.ဆိုပါတယ်...
ပင်စိမ်းကို..အိန္ဒိယနွယ်ဝင်ပိာန္ဒူလူမျိုးတွေကတဆင့်စတင်တွေ.
ရှိခဲ့ပြီး..သူတို.ဘုရားလောင်းအနှစ်သက်ဆုံးအပင်လို.ယူဆကြကာအမြတ်တနိုးကိုးကွယ်ရာကစပြီး...ခုချိန်မှာတော့..တစ်ကမ္ဘာလုံးမှာ...ပာင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုနေကြပါပြီ....။

ဒါ့အပြင်..ငယ်ရွယ်သူချစ်သူတွေအကြားနှိုက်ရှိုင်းစွာသက်ဝင်ယုံကြည်ခြင်းဆိုတဲ့ချစ်သင်္ကေတအဖြစ်လည်း...အဆိုရှိကြပါတယ်...။

ကမ္ဘာပေါ်မှာ..ပင်စိမ်းအမျိုးအစားများစွာရှိပေမယ့်...အဓိကအားဖြင့်တော့.
အုပ်စု(၃)ခုပဲခွဲခြားထားပါတယ်....။

(၁) Asian Basil
အာရှနွယ်ဝင်ပင်စိမ်း...

(၂) Lemon Basil
သံပုရာပင်စိမ်း

(၃) Holy Basil
ဘုရားသခင်နှင့်ဆိုင်ပြီးမြင်မြတ်သောပင်စိမ်း.....။  ဆိုပြီးခွဲခြားထားပါတယ်.....

Asian basil မှာ...အဖြူ ၊ အညို (၂) မျိုးရှိပြီး...အဖြူရောင်ကို...အနောက်ဥရောပမှာအများဆုံးအသုံးပြုကြပြီး...အညိုရောင်ကိုတော့Cinnamon Basil လို.လည်းခေါ်ကြပြီး...ထိုင်း၊ဗီယက်နမ်.နဲ.အာရှနိုင်ငံအတော်များများမှာတွေ.ရတတ်သလိုအနံ.လည်းစူးရှပြင်းပြပါတယ်....။ 
 
Lemon Basil ကတော့...မြန်မာပင်စိမ်းလို.ဆိုရလောက်အောင်..
မြန်မာနိုင်ငံမှာအသုံးပြုအများဆုံးဖြစ်ပြီး...အာရှနိုင်ငံတွေမှာတွေ.ရတတ်ပါတယ်....

Holy Basil ကတော့..အိန္ဒိယနွယ်ဝင်..ပိာန္ဒူလူမျိုးများနှင့်သက်ဆိုင်သော..
မြင့်မြတ်သောပင်စိမ်းလို.အယူရှိကြပြီး..ပိာန္ဒူဘာသာဝင်
တွေရဲ.အိမ်မှာအမြတ်တနိုးထားကိုးကွယ်တတ်တာကိုတွေ.ရှိရမှာပါ..
.Holy Basil မှာလည်း..အဖြူ..အညို(၂) မျိုးရှိတတ်ပြီး...
ထိုင်းနာမည်ကြီးပာင်းပွဲတစ်ခုဖြစ်တဲ့..ပတ်ကဖောင်မှာ..မရှိမဖြစ်အနေနဲ.သုံးစွဲပါတယ်..။

ပင်စိမ်းပာာပာင်းခတ်အမွှေးအကြိုင်အပြင်..ကျန်းမာရေးကိုလည်းအထောက်အကူပြုနေပါတယ်...
င်စိမ်းပာာ..လေ၊သလိပ်၊ဆီးကိ
နိုင်စေပြီး..သွေးကိုတိုးစေပါတယ်...။နေ.စဉ်ပင်စိမ်းရွက်(၅) ရွက်ခန်.ကိုပုံမှန်စားသုံးပေးခြင်းဖြင့်...အစာမကြေ၊လေအောင့်၊ပန်းနာ
ရင်ကြပ်၊ချွဲသလိပ်ကပ်နာ..စတဲ့ရောဂါတွေကို....ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်...။

ပင်စိမ်းရွက်(၅)ရွက်ပာာ..ပန်းသီးတစ်လုံးမှာရှိတဲ့..ဂုဏ်သတ္တိနဲ.ဆတူဖြစ်ပါ
တယ်...ဒါကြောင့်နေ.စဉ်ပင်စိမ်းရွက်(၅) ရွက်စားသုံး
ပေးခြင်းပာာ..ဆရာဝန်ပြသစရာမလိုပဲ..ရောဂါကိုကာကွယ်ထားပြီးသားဖြစ်တယ်လို.ကျန်းမာရေးဆိုင်ရာအဖွဲ.အစည်းတွေက..မှတ်ချက်ပြုထားပါတယ်.။

ချစ်ခြင်းများစွာဖြင့်..........။

Admin.

29 Oct 2013

ပင်စိမ်းပင်

မြန်မာ့ဆေးဖက်ဝင် ပင်စိမ်းပင် 

 Item Name --------- Basil (ပင်စိမ်းပင်)
Category ------------ Raw Material
Botany Term ------- Ocimum canum Sims
Species Family ----- Labiatae

မြန်မာ နိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ အထူး သဖြင့် အပူပိုင်း ဒေသတွင် ပိုမို ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သော် လည်း ဟင်းစား နှင့် ဆေးအတွက် စိုက်ပျိုး ကြသည်။ အမြင့်ပေ ၃၀၀၀ အထိ စိုက်ပျိုး နိုင်သည်။ဟင်းသီး ဟင်းရွက် ခင်းများ ပြုပြင် သကဲ့သို့ပင် ဖြစ်သည်။တစ်တန်းနှင့် တစ်တန်း ၂ ပေမှ ၃ ပေ အထိ ခွာ၍ အလျား ၁ ပေလျှင် မျိုးစေ့ ပေါင်း ၁၂ မှ ၁၅ စေ့ အထိ ချရသည်။ မျိုးစေ့များ စိပ်မနေ စေရန် ဂရုပြု ရမည်။  ပေါင်းနှိမ်ခြင်း ၊ မြေဆွခြင်းကို လိုအပ်သလို ပြုလုပ်ရမည်။ မြေသြဇာ အထူးမလို သော်လည်း ထည့်နိုင်မည် ဆိုက ပိုမို ကောင်းမွန်သည်။စတင် ပွင့်ချိန် လောက်၌ ရိတ်သိမ်း ဖြတ်ယူပြီး အငုတ် မှ ထွက်လာသော အတက် များ သည် နောက်တစ်ကြိမ် ပွင့်လာပါက ထပ်မံ ဖြတ်ယူနိုင်သည်။ တစ်ရာသီ လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ ရယူနိုင်သည်။ အညွန့် နှင့် အရွက် များကို အရိပ်ထဲ၌ အခြောက် လှန်းရသည်။


♥ အပင်


အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၂ ပေ မှ ၃ ပေ အထိ ရှိ၏ ။ ပင်စည် ဖြောင့်မတ်ပြီး လေးထောင့် ပုံရှိသည်။ အခက်အလက် များ နူးညံ့၍ အမွေးများ ရှိပြီး အနံ့မွှေး သည်။ ပင်စည် နှင့် အကိုင်းအခက် အစိမ်းရောင် ဖြစ်သော် လည်း တစ်ခါ တစ်ရံ သပြေ ရောင်သမ်းသည်။ မြန်မာ နိုင်ငံ၌ ပင်စိမ်းဖြူ သို့မဟုတ် ဟင်းစား ပင်စိမ်း ၊ ပင်စိမ်းနက် ၊ ပင်စိမ်းညို ၊ ပင်စိမ်းကြီး ဗလရှင် စသည်ဖြင့် ပင်စိမ်း အမျိုးမျိုး ပေါက်ရောက်ပြီး ယင်းတို့၏ အာနိသင် မှာ အနည်းငယ် စီသာ ကွာခြား၏ ။
 


♥ အရွက်


ရွက်ဆိုင် အလှည့်ကျ ထွက် ၏ ။ ရွက်ထိပ်ချွန် ပြီး ရွက်ရင်း သွယ်သည်။ အလျား ၁-၃ လက်မထိ ရှည်သည်။ ရွက်နား လွှသွား ပုံရှိသည်။ ရွက်ညှာ ၁ လက်မထိ ရှည်၏ ။
 

♥ အပွင့်


သေးငယ်ပြီး အဖြူရောင် ရှိသည်။ အလွန် မွှေးသည်။ အခိုင်လိုက် ပွင့်သည်။ ပွင့်ချပ်ပေါ် တွင် အမွေးလေး များရှိသည်။ တပေါင်း ၊ တန်ခူးတွင် ပွင့်သည်။


♥ အစေ့


လုံးဝိုင်း ပြီး တစ်ဖက်တွင် အနည်းငယ် မောက်၍ တစ်ဖက် တွင် ပြား၏ ။ အရောင် မည်း၏ ။ အနံ့ မရှိ ၊ အရသာ ပူစပ်၏ ။


► အသုံးဝင်ပုံ


အရွက်။


♥ အာနိသင်


မြန်မာ ဆေးကျမ်း များ အလိုအရ ပင်စိမ်းသည် ပူ စပ် အရသာ ရှိ၏ ။ အနည်းငယ် ခါး၏ ။ လေနှင့် သလိပ် ကို နိုင်၏ ။ ရင်ကျပ် ချွဲကျပ် ၊ အစာမကြေသော အနာမျိုးကို နိုင်၏ ။ သည်းခြေကို ပျက်စေတတ်၏။

 ►  အရွက်အသုံးပြုပုံ

၁ ။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။

၂ ။ ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး သောက်ပေးရင် ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပြီး  အနာကင်းစေတဲ့အစွမ်း ရှိပါတယ်။
၃ ။ ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါကနားကိုက်သက်သာစေသည်။
၎ ။
ကလေးများ ကျောပူ ခေါင်းပူ ဖြစ်ပါက ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးလျှင်ပျောက်ကင်းစေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ

photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

http://myanmarherbal.blogspot.com/2013/10/blog-post_26.html#more


 

13 Oct 2013

ပင်စိမ်းပင်

  ဆေးဖက်ဝင် ပင်စိမ်းပင်
ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်းတနားတွေ့ရမှာဖြစ်ပါတယ်။ 
ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ  နီလပုမ္ဖိ သေတပါရီ၊ 
ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ   ဠိဝေါဟာရဟာ
ပင်စိမ်းပင်ကို ညွန်းပါတယ်။

ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကိုပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်ဝတာ၊ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့  ကြုံရဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။
ဒီလို့ ပူဇော်တဲ့ အတွက် အိမ်ထောင်ရေး သာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ် 
သစ္စာ ရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့ သားသမီးတွေ ရစေတယ်လို့ စွဲမှတ်ယုံကြည်ကြပါတယ်။ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။
ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိခိုးကျောင်းကို သွားကြပါတယ်။

ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ်ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေး အတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။  အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့  ကျမ်းကြီးမှာ မိမိတို့  အိမ်၊ ခြံဝင်းအတွင်းပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထား ပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့ အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကို သန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။
၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။ 
ဒီအခါ ဟိန္ဒူအလုပ်သမား တစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာပိုင်တွေကို အကြံပြုပါတယ်။ အာဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ  ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။  ထူးထူးခြားခြားပဲ  ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။

 ၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့  Imperial Malaria Conference မှာ ပင်စိမ်းပင်ကိုငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင် အဖြစ် ကြေညာခဲ့ပါတယ်။ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။
မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေးကျမ်းမှာ   မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊အသံသာလျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ၊ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့   … လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါတယ်။
ပင်စိမ်းပင်ကို ကမ္ဘာနဲ့ တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းကြေစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာအကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။

ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။
ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်ကညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာကြောင်းတွေရပါသည်။
နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေ အဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော

၊အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ် တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။သိပ္ပံဝေါဟာရ အနေနဲ့  Statistically significant  ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေးခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါပျောက်ကင်းစေတာ တွေ့ရပါတယ်။

ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည်အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာ အသားအရေ နူးညံ့ချော မွတ်တယ်။
 အိန္ဒိယ၊နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲစွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးတာလည်းတွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊ ဝမ်းရောဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကိုပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသားဖြစ်ပါတယ်။
နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကိုအရည်ညှစ်ထည့်ပေးရင်ပျောက်ကင်း စေပါတယ်။ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ်။ ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့  သန်ကောင်၊ တုတ်ကောင်တွေကို လည်း သေစေပါတယ်။

ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည်၊ ချင်းစိမ်းသတ္တုရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ်။ သတ္တုရည်ဆိုတာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊

ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ ရတဲ့ အရည်၊ ကြက်သွန်နီကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုးကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ်။ 

လည်ချောင်းနာတာ၊ လည်ချောင်းယားတာလည်း ပျောက်စေပါတယ်။

တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က  အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့
ဆေးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ရပါတယ်။  ဖော်စပ်နည်းကလည်း လွယ်ပါတယ်။ ကြေးနီဖလား
ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး  ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်းရွက်
သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေပျစ်လာပြီဆိုတဲ့
အခါ ဖန်ပုလင်း သန့်သန့်ထဲ  ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ ၊ ခြေ…လက်  စတဲ့နေရာတွေ
မှာ လိုအပ်သလို  လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ၊ ကြွက်နို့တွေတင်မကဘဲ
ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။

ဒေါက်တာအောင်နိုင် (ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောက်နုတ်ထားပါသည်။
မင်းမင်းဇော်…………..ကျန်းမာကြပါစေ။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။

ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှ တဆင့် အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့် အထိ ရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူ ကလေးများ ပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွား စေသည်။

ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။

(၂)သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄)ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက် သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေး လာပြီးသည့်နောက် သုံးရက် ဆက်တိုက် သောက်ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျား ကျသွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀)အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက် ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများ အပေါ် ဖန်ရည် ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက် မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြား အနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေး အကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄)ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်း ရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်း အတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက် တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျား ကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ် ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။

(၂၄)အစာအိမ် အချဉ်ပေါက် လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်း သောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်း စေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင် ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သားကို ကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်း ပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက် ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်း စေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ= ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့် =ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်း စေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်

ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

ကသစ်ဦး(ကျိုင်းတုံ)
မြ၀တီ

30 Sept 2013

ပင်စိမ်းရွက်၏ ဆေးဖက်ဝင်အစွမ်း

ပင်စိမ်းရွက်မှာ ရောဂါကာကွယ်နိုင်စွမ်းနဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစွမ်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသိအမှတ်ပြုထားကြတာပါ။

ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်

ပင်စိမ်းရွက်မှာ eugenol, citronellol, linalool, citral, limonene နဲ့ terpineol ဆိုတဲ့ ကျန်းမာရေးအကျိုးပြု မရှိမဖြစ်ဆီတွေ ပါဝင်ပါတယ်။ ဒီဓာတ်ပေါင်းတွေက ရောင်ရမ်းမှုကျစေတဲ့ အစွမ်းနဲ့ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ပင်စိမ်းမှာပါတဲ့ ယူဂျီနော (Eugenol) ဟာ အရိုးအဆစ်ရောင်နာ၊ ရူမတွိုက် အဆစ်ရောင်နာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတို့ကို လျော့ကျစေပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပင်စိမ်းရွက်မှာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး သွေးတွင်း ကိုလက်စထရော မပါပါဘူး။ ဒါ့အပြင် မရှိမဖြစ် အာဟာရဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ အလွန်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်ပေးပါတယ်

ပင်စိမ်းရွက်မှာ ဘီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ခရစ်ပတိုဇန်သင်း၊ လူတင်နဲ့ ဇီဇန်သင်းတို့ များစွာပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်း ဖရီးရယ်ဒီကယ်တွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိတာကြောင့် အိုမင်းမှုနဲ့ တခြားရောဂါဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

သက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်

ပင်စိမ်းရွက်မှာ အဝါရောင် ဖလေဗိုးနွိုက်ဒြပ်ပေါင်း ဇီဇန်သင်း ပါဝင်တာကြောင့် မျက်စိအာရုံခံလွှာဆီကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် ရောက်ရှိမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပင်စိမ်းအပါအဝင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဇီဇန်သင်းဒြပ်ပေါင်းဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

ပင်စိမ်းမှာ ဗီတာမင်အေပါဝင်ပြီး ဗီတာမင်အေဟာ အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် အရေပြားနဲ့ အမြှေးပါးတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးသန်စွမ်းစေပါတယ်

ပင်စိမ်းမှာ ဗီတာမင်ကေ ပါဝင်ပြီး သွေးခဲစေတဲ့ဖြစ်စဉ်မှာ အရေးပါသလို အရိုးရှိသတ္တုဓာတ် ဖြစ်ပေါ်ရေးကို အားပေးကူညီတာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။

နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ကောင်းမွန်စေပါတယ်

ပင်စိမ်းရွက်မှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီနဲ့ မဂ္ဂနီစီယမ်စတဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်က ဆဲလ်တွေနဲ့ ခန္ဓာကိုယ်တွင်း အရည်တွေထဲမှာ ပါဝင်တဲ့ အရေးကြီးဓာတ်တစ်မျိုး ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီစီယမ်က အင်တီအောက်ဆီးဒင့် အင်ဇိုင်းအတွက် တွဲဖက်ပစ္စည်းအနေနဲ့ ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ပါတယ်။

သွေးအားကောင်းစေပါတယ်

ပင်စိမ်းရွက်မှာ သံဓာတ်ပါဝင်မှု အကောင်းဆုံး ဖြစ်ပါတယ်။ ပင်စိမ်းရွက် ၁၀၀ ဂရမ်မှာ သံဓာတ် ၃ ဒသမ ၁၇ မီလီဂရမ် ပါဝင်ပါတယ်။ (ဒါက တစ်နေ့တာ မှီဝဲသင့်တဲ့ သံဓာတ်ပမာဏရဲ့ ၂၆ ရာခိုင်နှုန်း ရှိပါတယ်။) သံဓာတ်ဟာ သွေးနီဥထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သွေးရဲ့ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ကူးစက်ပိုးတွေကို တားဆီးနိုင်ပါတယ်။

ရောဂါပိုးတွေကို တွန်းလှန်နိုင်ပါတယ်

ပင်စိမ်းအဆီမှာ ရောဂါပိုးတွေဖြစ်တဲ့ Staphylococcus, Enterococci, shigella နဲ့ Pseudomonas တို့လို ပိုးတွေကို တွန်းလှန်ပေးတာကြောင့် ရောဂါပိုးကင်းစင်စေပါတယ်။ ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး သောက်ပေးရင် ပျို့ချင်အန်ချင်စိတ်ကို သက်သာစေပြီး  အနာကင်းစေတဲ့အစွမ်း ရှိပါတယ်။      

ကြယ်စင်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59193
source>>> http://www.facebook.com/notes/health-articles/

16 Nov 2012

ဝက်ခြံထွက်သူများ အတွက် ပင်စိမ်းရွက်

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။


ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊
ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။
( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
Mg Mandalay

Twitter Delicious Facebook Digg Stumbleupon Favorites More