Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပိန်းဥ. Show all posts
Showing posts with label ပိန်းဥ. Show all posts

22 Sept 2013

ပိန်းဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန်းဥကိုပြုတ်ပြီး သုပ်စားလေ့ ရှိသလို ဟင်းအဖြစ်လည်း ချက်ပြုတ်စားသောက် တတ်ကြပါတယ်။  ပိန်းဥရဲ့ အရသာကို ကလေးလူကြီး အများစုက ကြိုက်နှစ်သက်ကြတာကြောင့် သရေစာ အဖြစ်လည်း စားတတ်ကြပါတယ်။ ဒါကြောင့် ပိန်းဥရဲ့ ကျန်းမာရေး အာနိသင်တွေကို သိရှိနားလည်စေဖို့ ရေးသားလိုက်ရပါတယ်။
- ပိန်းဥမှာ အာလူးထက် ကယ်လိုရီ ပိုမိုပါဝင်ပါတယ်။ ပိန်းဥ ၁၀၀ ဂရမ်မှာ ၁၁၂ ကယ်လိုရီ ပါဝင်ပါတယ်။ ဒီကယ်လိုရီတွေက amylose နဲ့ amylopectin လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကနေ အဓိကလာပါတယ်။ ဒါပေမဲ့ အဆီနဲ့ ပရိုတင်းပါဝင်မှု လျော့နည်းပါတယ်။ ပရိုတင်းပါဝင်မှု ပမာဏဟာ အာလူး၊ ငှက်ပျောသီး စတာတွေနဲ့ တူညီပါတယ်။

- ပိန်းဥမှာ အမျှင်ဓာတ် အများဆုံး ပါဝင်ပါတယ်။ ပိန်းဥ ၁၀၀ ဂရမ်မှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၁ ရာခိုင်နှုန်း (၄ ဒသမ ၁ ဂရမ်) ပါဝင်ပါတယ်။ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်အပြင် အမျှင်ဓာတ် အသင့်အတင့် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ် ပမာဏကို တဖြည်းဖြည်း မြင့်တက်စေပါတယ်။

- ပိန်းဥမှာ ဗီတာမင် B6၊ ဖောလိတ်၊ ရိုင်ဘိုဖလေဘင်၊ ပန်တိုသီးနစ်အက်စစ်နဲ့ သိုင်ယာမင်တို့လို ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။

- ပိန်းဥမှာ ဇင့် (သွပ်)၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ သံဓာတ်၊ မဂ္ဂနိစ်စတဲ့ အရေးကြီးတဲ့ သတ္တုဓာတ် ပါဝင်ပြီး အဲဒီသတ္တုဓာတ်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏ ပါဝင်ပါတယ်။ ပိန်းဥမှာ ပိုတက်စီယမ်ပါဝင်ပြီး ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးပါတယ်။

- ပိန်းဥမှာ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သဘာဝအဆီ၊ အိုမီဂါ 3 ဖက်တီးအက်စစ်၊ အိုမီဂါ 6 ဖက်တီးအက်စစ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် B1၊ B2၊ B3၊ B5၊ B6၊ B9၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။

ပိန်းဥကိုစားရင် ယေဘုယျအားဖြင့် ရရှိတတ်တဲ့ အကျိုးကျေးဇူးတွေကတော့
- အမြင်အာရုံကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

- မျက်စိကို စိုစွတ်စေပါတယ်။

- ညဘက် မျက်စိမမြင်တာကို လျော့ကျစေပါတယ်။

- မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို တင်းအား ကောင်းမွန်စေပါတယ်။

- ဗိုင်းရပ်စ်ပိုး ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

- ဗိုင်းရပ်စ်ပိုးဝင်လာရင် တွန်းလှန်ပေးပါတယ်။

- အသားအရေကို စိုပြည်စေပါတယ်။ အိုမင်းမှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။

- ဆဲလ်တွေကို အောက်ဆီဂျင်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

- နှာခေါင်းတစ်ဝိုက် အရေပြားကွာကျမှု ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

- ပါးစပ်တစ်ဝိုက် ဖြစ်တတ်တဲ့ အနာတွေကို သက်သာစေပါတယ်။

- အရိုးတွေကို ကျန်းမာသန်စွမ်း စေပါတယ်။

- ဆဲလ်ထုတ်လုပ်မှုကို ပံ့ပိုးပေးပါတယ်။

- သိုင်းရွိုက်ဂလင်း ကျန်းမာအောင် ပံ့ပိုးပေးပါတယ်။

- သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။

- ပျို့ချင်အန်ချင်တာ မဖြစ်အောင် ကာကွယ်ပေးပြီး ပျို့အန်မှုကို လျှော့ချပေးပါတယ်။

- အကြားအာရုံ ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာ၊ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

- မျိုးဆက်ပွားစနစ်ကို ကျန်းမာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးသလို အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

ကြယ်စင် Ref: Good Health



ပိန်းဥ (Yam)၏ ကောင်းကျိုးများ

၎င်းတွင် ကြွယ်ဝစွာပါဝင်သော vit B6 သည် သွေးကြောနံရံကို damage ဖြစ်စေသော homocysteine ကို ချေဖျက်ပေးသည်။ homocysteine များခြင်းသည် Heart Attack နှင့် Stroke လေဖြတ်ခြင်းကို ဖြစ်စေသဖြင့် Vit B6 ကြွယ်ဝစွာ ပါဝင်သော ပိန်းဥ သည် နှလုံးရောဂါကို ကာကွယ် ပေးသည်။
Potassium မြောက်မြားစွာ ပါဝင်သောကြောင့် သွေးပေါင်ကို ကျစေသည်။ ၄င်းတွင်ပါဝင်သော dioscorin သည်လည်း ကျောက်ကပ် သို့ သွေးစီးအားကောင်းစေသဖြင့် သွေးပေါင်ကို ကျစေသည်။
ခန္ဓာကိုယ်၏ကြွက်သားနှင့်အာရုံကြောများအတွက်လည်း Potassium လို အပ်ပါသည်။

Vit C ပါဝင်သဖြင့် ဓာတ်တိုး ပစ္စည်း များကို တိုက်ဖျက်သောကြောင့် ကင်ဆာကို ကာကွယ်ပေးသည်။ vit E ထုတ်လုပ်ရန်အတွက်လည်း vit C  လိုအပ်သည်။
fibre ကြွယ်ဝစွာပါဝင်သဖြင့် ဗိုက်နှင့် ခါးတွင် အဆီမစုစေပါ။
၎င်း၌ပါဝင်သော ကာဗိုဟိုက် ဒြိတ်မှ သကြားဓာတ်သို့ ဖြည်းဖြည်း ချင်းသာ ပြောင်းလဲသဖြင့် သွေးချို တက်လွန်းခြင်း၊ ကျလွန်းခြင်းမဖြစ် စေပါ။
ကြွယ်ဝစွာပါဝင်သောမဂ္ဂနီး(စ)က ကာဗိုဟိုက်ဒြိတ်ချေဖျက်မှုကို ကူညီပေးသည်။ ခန္ဓာကိုယ်မှ စွမ်း အင် ထုတ်လုပ်သောအခါ၌လည်း အင်ဇိုင်းအပြင် မဂ္ဂနီး(စ)ကိုပါ တွဲ ဖက်လိုအပ်သည်။

ကံ့ကော်
Source: healthdiaries
Health Updates Journal
Vol.2, No.24

20 Sept 2013

ပိန်းဥ နှင့် ပိန်းရိုး အကြောင်းသိကောင်းစရာ။

ပိန်းရိုးထဲတွင် ဗိုက်တာမင် A၊ ဗိုက်တာမင် C ၊ အမျှင်ဓာတ်နှင့် ပရိုတင်းပမာဏတို့  မြင့်မားစွာပါရှိကြသလို၊ ပိန်းဥထဲတွင် ပိုတက် စီယမ်၊ ကယ်လ်စီယမ်၊ ဗိုက်တာမင် C ၊ ဗိုက်တာမင် E ၊ ဗိုက်တာမင် B၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ဗိုက်တာမင် A နှင့် ပရိုတင်း ဓာတ်တို့ ပါရှိပါသည်။ ပိန်းဥတွင်ပါရှိသော အမျှင်ဓာတ်သည် အားလူးထက် ၃-ဆ ပို သဖြင့်ဗိုက်ပြည့်စေပါသည်။ ကယ်လိုရီနဲ သော အမျှင်ဓာတ်များပေါကြွယ်ဝခြင်းကြောင့်လဲ၊ ခန္ဓာကိုယ် အလေးချိန်ထိန်း လိုသူများသည် ပိန်းဥကို မှန်မှန်စား ပေးသင့်ပါ သည်။ ပိန်းဥ ၏ ထူးခြားချက်မှာ ၄င်းကိုအပူပေးချက်ပြုတ်ပြီး သောအခါ၊ ပါရှိသော Vitamin E သည် တခြားအသီးအနှံ များနှင့် မတူ တမူထူးခြားစွာ မြင့်မားစွာကျန်ရှိနေပါသည်။



ပိန်းဥ နှင့် ပိန်းရိုး တို့ ၏ ကျန်းမာရေးအတွက်အရေးပါပုံ။

v အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါသည်။ ကြက်မျက်သင့် ဝေးနာရှင်များကိုအကျိုးပြုေ ပးပါသည်။ မျက်စေ့အစို ဓာတ်ကို ထိန်းသိမ်းပေးပါသည်။ မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကိုတင်းရင်းစေပါသည်။

v ခန္ဓာကိုယ်အတွင်း၌ အောက်စီဂျင် ပြတ်လပ်မှုကြောင့်၊ သေသွားသောဆဲလ်များ ပြန်လည် တည်ဆောက် ထုတ်လုပ်မှု ကို အထောက်အကူပြုပေးပါသည်။

v နှုတ်ခမ်းနာခြင်း၊ ကွဲအက်ခြင်းတို့ ကို သက်သာကောင်းမွန်စေပါသည်။

v အရိုးများကို ကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပါသည်။

v သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေပါသည်။

v လည်ပင်းအကျိတ်၊ သိုင်းရွိုက်ဂလင်းပြဿနာများ  ကို သက်သာကောင်းမွန်စေပါသည်။

v အာရုံကြောများကို တိုးတက်ကောင်းမွန်စေပါသည်။

v မအီမသာပျို့ အန်ခြင်းနှင့် မူးဝေထိုင်းမှိုင်းခြင်းတို့ ကို ကာကွယ်ပေးပါသည်။

v မိတ်၊ အင်ပျဉ်ကဲ့သို့ သောအရေပြားပေါ်တွင် အဖုအပိန့် အနီကွက်ထခြင်းတို့ ကိုသက်သာစေပါသည်။

v ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးသည့်အပြင်၊ ဆံပင်ကိုနက်စေပါသည်။

v ကိုလက်စထရောပမာဏ ကို ပုံမှန်ဖြစ်စေပါသည်။

v ကြွက်သားများ တည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေပါသည်။

v သွေးတိုးကိုကျစေပါသည်။

v မျိုးပွားခြင်းကိုလဲ ကောင်းစွာ အထောက်အကူပြုပါသည်။

v သွားနှင့်သွားဖုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။

v အဆုပ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်။

v ပင်ပန်းနွမ်းလျမှုကိုပြေလျော့ စေပါသည်။

v ကိုယ်အလေးချိန် ကျစေပါသည်။

v အကြားအာရုံချို့ ယွင်းမှု ကိုတိုးတက်ကောင်းမွန်စေပါသည်။

v ထိခိုက်ဒဏ်ရာများကို အမြန်ကျက်စေပါသည်။

v အူသိမ်၊ အူမ လုပ်ဆောင်ချက်များကို ထောက်အကူပြုပေးပါသည်။

v ခန္ဓာကိုယ်တွင်းကျန်းမာရေးကို အထောက်အကူပြုရုံသာမက၊ အရေပြားကျန်းမာရေးကိုလဲ များစွာအကျိုးပြုကာ၊ အရွယ် တင်နုပျိုစေပါသည်။

v နာတာရှည်ဝမ်းလျောခြင်းမှ ကာကွယ်ပေးပါသည်။

v မကြာခဏအအေးမိခြင်းနှင့် ပြင်ပရောဂါများအလွယ်တကူဝင်ေ ရာက်ခြင်းတို့ ကိုဟန့် တားပေး ပါသည်။ ကိုယ်ခံအားကိုလဲ ကောင်းမွန်စေပါသည်။

v အစာလဲဆေး၊ဆေးလဲအစာ" ဆိုသော်လဲဘဲ၊ " တန်လျှင်ဆေး၊လွန်လျှင်ဘေး" ဖြစ် တတ်ပေရာ၊ လွန်ကျူးစွာ စားသောက်ခြင်းမျိုး မဖြစ်သင့်ပါ။

၁။ ပိန်းဥ နှင့် ပိန်းရိုးတို့ တွင် Oxalates ဓာတ် ပါရှိသဖြင့် အစိမ်းစာမိပါက၊ ပါဝင်သော ထို Oxalates ဓာတ်များ သည် လူကိုအဆိပ်ဖြစ်စေပါသည်။ ထို့ ကြောင့် ထိုဓာတ်များ ပြယ်စေရန်အတွက် ပိန်းဥကို မချက်ပြုတ်မှီ တစ်ညကြိုတင်၍ ရေစိမ် ထား သင့်ပါသည်။

၂။ ပိန်းဥအစိမ်းထဲတွင်ပါဝင်သော  Oxalate ဓာတ်က ဂေါက်ရောဂါနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်း ရောဂါတို့ ကို အားပေးစေနိုင်သဖြင့်၊ ပိန်းဥ နှင့် ပိန်းရိုး တို့ ကို သေသေချာချာ အပူပေးချက်ပြုတ်ပြီးမှသာ စားသောက်သင့်ပါသည်။

ပိန်းဥ ကို အလွန်ကြိုက်နှစ်သက်ကြသော အဆိုပါရောဂါရှိသူများသည် Oxalate ဓာတ်ပြယ် စေရန်အတွက် ပိန်းဥ ကို နွားနို့ (သို့ မဟုတ်) ကယ်လ်စီယမ် ကြွယ်ဝစွာပါရှိသော အစားအစာတစ်ခုခုဖြင့် တွဲဖက်၍သာ စားသုံးပေးသင့်ပါသည်။

(သို့ သော်မလိုလားအပ်သော ပြဿနာများ မဖြစ်လာစေရေးအတွက် ထိုရောဂါရှိသူများသည် ပိန်းဥ နှင့် ပိန်းရိုးတို့ ကို ရှောင်နိုင်လျှင် ပိုကောင်းမည် ထင်ပါ ကြောင်း အကြံပြုအပ်ပါသည်)

ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကားချက် (Nutritional Value of Taro Root & Taro Stem, Taro's Health Benefits )

Twitter Delicious Facebook Digg Stumbleupon Favorites More