Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label လိုင်ချီးသီး. Show all posts
Showing posts with label လိုင်ချီးသီး. Show all posts

23 Sept 2013

လိုင်ချီးသီး ၏ ကျန်းမာရေးအကျိုးကျေးဇူး

လိုင်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်အမြောက်အများပါရှိ ပါသည်။
 ၁၉၀ ဂရမ် ရှိသော လိုင်ချီးသီးတစ်ခွက်ထဲတွင်
 Methionine ၀.၀၁၇ ဂရမ်၊ လိုင်ဇင်း ၀.၀၇၈ ဂရမ်၊
 Tryptophan ၀.၀၁၃ ဂရမ်၊
 polyunsaturated Fatty acids ၀.၂၅၁ ဂရမ်၊
 monounsaturated Fatty acids ၀.၂၂၈ ဂရမ်၊
 ဗိုက်တာမင်ကေ ၀.၈ မိုက်ခရိုဂရမ်၊
 ဗိုက်တာမင်အီး ၀.၁၃ မီလီဂရမ်၊
 Choline ၁၃.၅ မီလီဂရမ်၊ 
 ဖောလိတ် ၂၇.၀ မိုက်ခရိုဂရမ်၊
 ဗိုက်တာမင်ဘီ ၆၀.၁၉ မီလီဂရမ်၊
 နီအာဆင်း၁.၁၄၆ မီလီဂရမ်၊ 
Energy ၁၂၅ ကယ်လိုရီ၊
 ရေဓာတ် ၁၅၅.၃၄ ဂရမ်၊
 ပရိုတင်း ၁.၅၈ဂရမ်၊ Ash ၀.၈၄ ဂရမ်၊
 lipid ၀.၈၄ ဂရမ်၊
 ကဆီဓာတ် ၃၁.၄၁ ဂရမ်၊
 သကြားဓာတ် ၂၈.၉၄ ဂရမ်၊
 ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၅ ဂရမ်၊ 
ကယ်လ်စီယမ် ၁၀.၀ မီလီဂရမ်၊
 မဂနီစီယမ် ၁၉ မီလီဂရမ်၊
 သံဓာတ် ၀.၅၉ မီလီဂရမ်၊ 
Riboflavin ၀.၁၂၄ မီလီဂရမ်၊
 သီအာမင် ၀.၀၂၁ မီလီဂရမ်၊ 
ဗိုက်တာမင် စီ ၁၃၅.၉ မီလီဂရမ်၊
 Selenium ၁.၁ မိုက်ခရိုဂရမ်၊
 Manganese ၀.၁၀၅ မီလီဂရမ်
၊ ကော့ပါး ၀.၂၈၁မီလီဂရမ်၊ 
ဇင့် ၀.၁၃ မီလီဂရမ်၊ 
ဆိုဒီယမ် ၂.၀ မီလီဂရမ်၊
 ပိုတက်စီယမ် ၃၂၅မီလီဂရမ်၊
 ဖော့စဖရက်စ် ၅၉.၀ မီလီဂရမ် နှင့် မဂနီစီယမ် ၁၉.၀ မီလီဂရမ် တို့ ပါရှိပါသည်။


(၁) ခွန်အားများ တိုးပွားစေနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါသည်။

(၂) ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါသည်။

(၃) လိုင်ချီးထဲတွင် citrus ဆက်ဆစ်ကဲ့သို့ သော ဗီတာမင်စီ ၄၀% ပါရှိရာ၊ လိမ္မော်သီးထဲတွင် ပါဝင်မှုပမာဏထက် ပိုများ၏။ ထို့ ကြောင့်ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော free radicals များကိုတိုက်ထုတ်ပေးကြောင်း ၊ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့် တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ Natural Cancer Treatment မှ ဆေးသုတေသီများက ဆိုပါသည်။

(၄) လိုင်ချီးထဲတွင်ပါသော beta carotene ပမာဏသည် မုန်လာဥနီထက် ပိုများပြားသည်။

(၅) အစာကျေစေပြီး၊ ဆီးလဲရွှင်စေပါသည်။

(၆) လိုင်ချီးသီးတစ်ခွက်စာပမာဏ ထဲတွင် ပါရှိသောပိုတက်စီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပို၏။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနှင့်နှလုံးခုန်နှု န်း တို့ ကို ဟန်ချက် ညီညီထိန်းချုပ်ပေးကာ။ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှလည်း  ကြိုတင်ကာကွယ်ပေးနိုင်ပါသည် ။ ထို့ ပြင် နှလုံးကိုပုံမှန်ခုန်စေပြီး ၊ နှလုံးကြွက်သားများ ကျုံ့ ခြင်း/ ချဲ့ ခြင်းနှင့် နှလုံးသွေးကြောစီးဆင်းလည် ပတ်မှုတို့ ကို ကောင်းစွာ အထောက်အပံ့ပေးပါသည်။ နှလုံးရောဂါဝေဒနာအမျိုးမျိုး တို့ ကို သက်သာစေရုံသာမက၊ နှလုံးရောဂါနှင့် ဆက်စပ်သော လေဖြတ်ခြင်း မှ ၅၀%သက်သာလျော့နည်းစေနိုင်ပါ သည်။

(၇) လိုင်ချီးသီးမှာ ကြေးနီ(Copper)များ အလုံအလောက်ပါရှိခြင်းကြောင့်  သွေးနီဥများကိုထုတ်လုပ်ပေးနိုင်သဖြင့် သွေးအား ကောင်းစေပြီး၊ ခွန်အားလဲတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့်သက်ြ ကီးရွယ်အိုများစားသုံးသင့်ပါသည်။

(၈) ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ ကြွယ်ဝစွာပါရှိပါသည်။

(၉) လိုင်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖရက်နှင့် မဂနီစီယမ်စသည့်သတ္တုဓာတ်များ  ပါရှိသောကြောင့်အရိုးနှင့်သွားများ ကြီးထွားမှုအတွက်အလွန်အရေးပါ သဖြင့်ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်းလိုင်ချီးသီး
ကျွေးမွေးသင့်ပါသည်။

(၁၀)` ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် အပရိက ရောဂါများအတွက် လိုင်ချီးသီးက အစွမ်းထက်မြက်လှပါသည်။ ဖျားနာနေသောသူများလည်း လိုင်ချီးသီး စားပေးခြင်းဖြင့် သက်သာ စေနိုင်ပါသည်။

(၁၁) လိုင်ချီးသီး စားသုံးခြင်ဖြင့် နာကျင်မှုကိုလျော့ကျစေပြီး အကျိတ်ဂလင်းများရောင်ရမ်းမှု ကို သက်သာစေနိုင်ပါသည်။

(၁၂) လိုင်ချီးသည်အရသာအလွန်ချိုေ သ်ာလဲ၊ ၄င်းထဲတွင်ပါရှိသောသကြားဓာတ်သည် သဘာဝသစ်သီးသကြားဓာတ်ဖြစ် ပါသည်။ ကယ်လိုရီပါဝင်မှုနဲပြီး၊ မပြည့်ဝဆီနှင့်ကိုလက်စထရောလုံးဝမပါရှိသည့်ပြင်၊ ကျေညက်လွယ်သော အမျှင်ဓာတ် ကြွယ်ဝစွာပါရှိသဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သောအ သီးဖြစ်ပါသည်။ ကိုယ် အလေးချိန်ကိုပါ လျော့ကျစေပါသည်။

(၁၃) လိုင်ချီးစားသုံးခြင်းကြော င့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး ၊ မျက်နှာပေါ်ရှိအစက်အပြောက်များကို သက်သာလာစေနိုင်ပါသည်။

(၁၄) ဖက်ခွက်နာ၊ ပြည်တည်နာ..စသော ကိုယ်တွင်းကိုယ်ပ အနာများကို ကာကွယ်ပေးနိုင်ပါသည်။

(၁၅) ကာမအားကို တိုးပွားစေပါသည်။

(၁၆) အစာအိမ်ရောင်ရမ်းနာ ဝေဒနာအတွက် လိုင်ချီးက အလွန်ကောင်းကျိုးပြုပါသည်။

(၁၇) လိုင်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့့်ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့်အတွက် တုပ်ကွေးဗိုင်း ရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်ပါသည်။

(၁၈) အရေပြားပေါ်ရှိ ခရမ်းလွန်ရောင်ခြည်သက်ရောက် မှုကို လိုင်ချီးသီးက ကာကွယ် ပေးနိုင်ကြောင်း ဂျပန်နိုင်ငံရှိ Kyorin University မှ အတည်ပြုခောက်ခံထားပါသည်။

(၁၉) လိုင်ချီးသီးသည် thiamin, niacin နှင့် folates စသည့် B-complex ဗီတာမင်တို့ စုဝေးရာ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေပါသည်။

(၂၀) အရွယ်တင်နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုင်ချီးသီးကို တရုပ်ရိုးရာ တိုင်းရင်းဆေးဝါးကုထုံးများ တွင် အသုံး ပြုလေ့ ရှိပါသည်။

လိုင်ချီးသီးမှာ လူသားတို့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့ သော် အမှည့်လွန်သော အသီးများထုံးစံ အတိုင်း အချဉ်ဓါတ်ပေါက်စေတတ်၍ လတ်လတ်ဆတ်ဆတ် ရွေးချယ်စားသုံးသင့်ပါသည်။

ဆေးသိပ္ပံပညာရှင်းများက ရှုထောင့် အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ၊ လိုင်ချီးသီး၏ သူမတူအောင်ဆေးဘက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ ကြောင့် အရသာလဲ ရှိကာ ကောင်းမွန်လတ်ဆတ်သော ရာသီစာလိုင်ချီးသီးလေးများကို အဆာပြေသွားရည်စာအဖြစ် သာမက၊ “ အစာလဲဆေး၊ ဆေး လဲအစာ” အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း  တိုက်တွန်းအပ်ပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (Wikipedia:Health Benefits of Lychee)
Ref;ပေါက်ပေါက်၏နှလုံးရောဂါဝေဒနာသည်များ လိုင်ချီးသီးများများစားဆောင်းပါးမှ

Twitter Delicious Facebook Digg Stumbleupon Favorites More