Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label စတော်ဘယ်ရီသီး. Show all posts
Showing posts with label စတော်ဘယ်ရီသီး. Show all posts

21 Nov 2012

စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး

စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေဟာ စားချင်စရာဆွဲဆောင်နေပြီး အရသာလည်း ရှိလှသလို အာဟာရလည်း ပြည့်ဝပါတယ်။ ဒါကြောင့် အခုလို စတော်ဘယ်ရီသီးတွေ ပေါများတဲ့ ရာသီမှာ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ စတော်ဘယ်ရီသီးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင်စနစ်တကျ သိမ်းဆည်းနည်းတွေကို ဖော်ပြလိုက်ပါ။
- စတော်ဘယ်ရီသီးမှာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်ကို အကျိုးပြုမယ့် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။
- ဒါ့အပြင် ဓာတ်တိုးပစ္စည်း (Free radicals) တွေကို ဆန့်ကျင်တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ Phytonutrient တွေလည်း ပါဝင်ပါတယ်။ Free radicals တွေဟာ ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး ကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
- စတော်ဘယ်ရီသီးမှာ ဗီတာမင်ကေ၊ မန်းဂနိစ်၊ ဖောလစ်အက်စစ်၊ ပိုတက်စီယမ်၊ ဗီတာမင် B2၊ B6၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်တွေလည်း ပါဝင်ပါတယ်။
- စတော်ဘယ်ရီသီးတွေဟာ အလွန်ပျက်စီးလွယ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ကြာကြာထားလို့ မရဘဲ ရက်အနည်းငယ်အတွင်း စားဖို့လိုပါတယ်။
- စတော်ဘယ်ရီသီးတွေကို တစ်နှစ်ပတ်လုံး မရတဲ့အတွက် ပေါ်တဲ့ရာသီချိန်မှာသာ လတ်လတ်ဆတ်ဆတ်စားလို့ ရပါတယ်။ တခြားအချိန်မှာတော့ စတော်ဘယ်ရီသီးတွေကို တာရှည်ခံအောင် ပြုပြင်အေးခဲထားတာကိုသာ စားနိုင်ပြီးအာဟာရဓာတ် အားလုံး မဆုံးရှုံးရင်တောင် အများအပြား ဆုံးရှုံးသွားရပါတယ်။
- စတော်ဘယ်ရီသီး ဝယ်တဲ့အခါ ပြည့်တင်းခိုင်မာပြီး မှိုကင်းစင်တာ အရောင်နီရဲနေတာကို ရွေးဝယ်ပါ။ တခြားအသီးတွေနဲ့ မတူတာက စတော်ဘယ်ရီသီးတွေ ခူးဆွတ်ပြီးတဲ့အခါ ဆက်ပြီးမှည့်သွားတာမျိုး မရှိပါဘူး။ ဒါကြောင့် အမှည့်လွန်တာ မဟုတ်ဘဲ အမှည့်ဆုံးနဲ့ အရောင်အနီဆုံးကို ရွေးဝယ်ရင် အရသာလည်းကောင်းပြီး အာဟာရပါဝင်မှုလည်း အများဆုံး ဖြစ်ပါမယ်။
- ယေဘုယျအားဖြင့် အလယ်အလတ် အရွယ်အစားရှိတဲ့ စတော်ဘယ်ရီသီးတွေဟာ အရွယ်ကြီးတာတွေထက် ပိုချိုပြီး အရသာပိုကောင်းတတ်ပါတယ်။
-ထုပ်ပိုးထားတဲ့ စတော်ဘယ်ရီသီးတွေကို ဝယ်တဲ့အခါ အလွန်တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို မဝယ်ပါနဲ့။ ကျပ်ကျပ်သိပ်သိပ် ထည့်ထားရင် စတော်ဘယ်ရီသီးတွေ ထိခိုက်ပျက်စီးနေတတ်တာကြောင့်ပါ။
- စတော်ဘယ်ရီသီးတွေကို ဝယ်ပြီးရင် ဂရုစိုက်ကိုင်တွယ်ပြီး သေချာသိမ်းဆည်းပါ။ တခြားသစ်သီးတွေလိုပဲ စတော်ဘယ်ရီသီးတွေကို မစားခင် ဒါမှမဟုတ် မသိမ်းခင် သေသေချာချာ ရေဆေးသင့်ပါတယ်။ နာနေတဲ့ ဒါမှမဟုတ် မှိုတက်နေတဲ့ လက္ခဏာရှိတဲ့ စတော်ဘယ်ရီသီးတွေကို ချက်ချင်းလွှင့်ပစ်ပါ။ ချက်ချင်းမဖယ်မိရင် ဘေးနားက တခြားစတော်ဘယ်ရီသီးတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။
- စတော်ဘယ်ရီသီးတွေကို ခွက်တစ်ခုထဲမှာ ထည့်ပြီး ပလတ်စတစ်နဲ့ အုပ်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာအောင် သိမ်းဆည်းထား နိုင်ပါတယ်။
Ref: Good Health
source >>> http://myanmarnewszone.com/health/5635-strawberries-and-health.html

Twitter Delicious Facebook Digg Stumbleupon Favorites More