Monday, November 12, 2012
Taunzalat
နဂါးမောက်သီးကိုယခုစိုက်ပျိုးနေသောနိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော
ဖိလစ်ပိုင် ၊ ယိုးဒယား နှင့် ဗီယက်နမ်
နိုင်ငံတို့ဖြစ်ကြသည်။ (မြန်မာနိုင်ငံရဲ့အပူပိုင်းဒေသတော်တော်များများမှာလဲပေါက်ပါတယ်)
နဂါးမောက်သီးတွင်အမျိုးအစားသုံးမျိုးရှိသည်။
၁။ အနီရောင်အခွံနှင့်အဖြူရောင်အသား
၂။ အနီရောင်အခွံနှင့်အနီရောင်အသား
၃။ အဝါရောင်အခွံနှင့်အဖြူရောင်အသား
နဂါးမောက်သီး၏အရသာသည်ချိုသောအရသာရှိသည်။
နဂါးမောက်သီး၏အရည်သည် သစ်တော်သီး ၊ကီဝီသီး ၊သခွါးမွှေးတို့နှင့်ဆင်တူပါသည်။
နဂါးမောက်သီး၏အခွံကိုခွါလိုက်ပါကအဖြူရောင်အသား(သို့)အနီရောင်
အသားနှင့်အတူစားလို့ရသော အမဲရောင်အစေ့ငယ်လေးများ ကိုတွေ့ရမှာဖြစ်ပါသည်။
နဂါးမောက်သီးသည်
သွေးတွင်းရှိသကြားဓာတ်ကိုလျှော့ချပေးသည်။ ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်ပေးသည်။
မကောင်းသော
ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကိုချောမွတ်စေသည်။ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့်အပြင်အစာချေဖျက်မှုအားကောင်းသည်။ မျက်လုံးကျန်းမာရေးကိုကောင်းစေသည်။အရိုးနှင့်သွားများကိုခိုင်မာစေသည်။
ဓားရှမိသောဒဏ်ရာများကို
လျင်မြန်စွာအနာကျက်စေသည်။ မှတ်ညဏ်အားကောင်းစေသည်။