Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဖျော်ရည်မျိုးမျိုး. Show all posts
Showing posts with label ဖျော်ရည်မျိုးမျိုး. Show all posts

7 Nov 2014

Detox Water

သင့်ကိုယ်ခန္ဓာအတွင်းမှာအညစ်အကြေးတွေဘယ်လောက်တောင်စုပုံနေပြီလည်း။
-------------------------
သွေးအတွင်းမှအညစ်အကြေးတွေကိုလည်း သန့်စင်ပေးဖို့ မိမိကိုယ်တိုင်စွမ်းဆောင်နိုင်ပါတယ်။ ဒါကတော့ Detox Water ပြုလုပ်ပြီးသောက်လိုက်ရုံပါပဲ။ ရနိုင်တဲ့အကျိုးတွေကလည်းအများကြီးပါ။ 

Detox Water လုပ်ဖို့ဘာတွေလိုအပ်သနည်း။

 - ရေသန့် ၂လီတာ လိုပါတယ်။
 - သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း ( မိမိ လိုအပ်သလောက်အနည်းအများချိန်နိုင်သည်။ အရမ်းချဉ်အောင်တော့မထည့်သင့်ပါဘူး။
 - ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက် - သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ် - လိမ္မော်သီး အနည်းငယ် - ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး အထက်ပါ လိုအပ်တာအားလုံးတို့အား ဖန်ခွက်အတွင်းပေါင်းထည့်ပါ။ ကြိတ်ဖို့မလိုပါဘူး။ 

ထို့နောက် ရေခဲသေတ္တာထဲတွင်ထည့်ပြီးနောက်နေ့မနက်မှစတင်ကာ ၁ရက်လုံးသောက်သုံးနိုင်ပါပြီ။ ၂၄နာရီထက်ကျော်ပြီးတော့မသောက်သုံးသင့်ပါ။

 ထိုသို့နေ့စဉ်ဆက်တိုက်သောက်သုံးနိုင်သလို ၁ပါတ်အတွင်း၂ရက်၃ရက်အဆင်ပြေသလိုသောက်သုံးနိုင်ပါတယ်။ ၁လလောက်သောက်သုံးပြီးသွားရင်တော့ အနည်းငယ်ထူးခြားလာပါလိမ့်မယ်။ ရလာဒ်တွေအနေနဲ့ကတော့ 

-သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ -ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။ - မလိုတဲ့အဆီတွေကိုလည်း ကျစေပါတယ်။

 -  ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်းတက်လာပါမယ်။ - အသားအရေ ဟာလည်း ၀င်းပလှပလာပါလိမ့်မယ်။ 

- နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။ သင်လည်းစမ်းသောက်ကြည့်လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေကိုလည်း လျှော့ထည့်ဖို့မမေ့နဲ့အုံး။

ကျန်းမာရေးလေ့ကျင့်ခန်းများ

22 Jul 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်

ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်ဖျော်ရည်ဖြစ်ပါတယ်။
ဒီဖျော်ရည်ကို အာလူးတစ်လုံး ( တစ်ချိုတွေကတော့ Beetroot
လို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်းအာလူးနေရာမှာအစားထိုးသုံးပါတယ် )၊ မုန်လာဥနီ
တစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်
ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး
၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။

( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။

ရောဂါတော်တော်များကို သက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။

သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလို
ဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။

၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။

source : ideadigezt.com

27 Feb 2014

စတော်ဘယ်ရီသီး & ဒိန်ချဉ်

နွေဦးရာသီမှာ...(၁) ပတ် (၁)ခါစားဖြစ်တဲ့အချိုပွဲလေးပါ..ဒီအချိန်မှမစားရင်လည်း...
စတော်ဘယ်ရီတွေသုန်းကုန်ရင်မစားရတော့ပါဘူး...။

စတော်ဘယ်ရီသီး.............၂၀၀ ဂရမ်
သကြား..........................၃ ဇွန်း (ထမင်းစားဇွန်း)
ဒိန်ချဉ်...........................၅ ဇွန်း (.........။.........)
ဆား.............................ပါသည်ဆိုရုံ

လတ်ဆတ်တဲ့စတော်ဘယ်ရီသီးတွေကို (၂) စိတ်(သို.) (၄) စိတ်ခွဲပြီး....ဆား
လေးဖြူးကာ နှပ်ထားပါတယ်..။

သကြား(၃) ဇွန်းပေါ်ကိုရေနွေးဆူဆူလောင်းချပြီး..အရည်ပျော်အောင်ဖျော်
ပါတယ်..။

ဆားနဲ.နှပ်ထားတဲ့ စတော်ဘယ်ရီသီးပေါ်မှာသကြားရည်၊ ဒိန်ချဉ်တို.ရောထည့်ပြီးနှံးအောင်မွှေကာ...ပလပ်စတစ်ပါးလေးအုပ်ကာ သာမန်ရေခဲသေတ္တာအခန်းမှာ နာရီဝက်ခန်.ထားပြီးသုံးဆောင်ပါတယ်..။

ကျွန်တော်က..ရေခဲ(တတ်နိုင်သလောက်ရှောင်တတ်သူမို.) ရေခဲသေတ္တာထဲ
ခေတ္တသိမ်းပြီးစားတာပါ။ ချက်ချင်းစားလိုသူများ..ရေခဲနဲ.ဖြည့်စွက်စားသုံးနိုင်
ပါတယ်..။
ပာင်းချက်နည်းများ

15 Feb 2014

စတော်ဘယ်ရီနဲ.ဒိန်ချဉ်

စတော်ဘယ်ရီသီးမှည့်မှည့်.....................၁ ခွက်
ဒိန်ချဉ်..............................................၁ ခွက်
သကြားရည်.......................................၁ ခွက်
နို.ဆီ................................................၂ ဇွန်း
ဆား................................................ပါသည်ဆိုရုံ...

အားလုံးရောကြိတ်ရင်..စတော်ဘယ်ရီမစ်ရှိတ်လို အားလုံးကြေသွားပြီးအရသာကောင်းပေမယ့်....မလှဘူးပေါ့...အိမ်မှာစားရင်
ကြိုက်သလိုလုပ်နိုင်ပေမယ့်..ဧည့်ခံမယ်ဆိုရင်တော့...

စတော်ဘယ်ရီသီးနဲ. ဆားကို ရောပြီး..မညှက်တညှက်( လက်ချေပုံစံမျိုး)
ချေထားပါ။

သစ်သီးကြိတ်စက်မှာ...ဒိန်ချဉ် ၊ သကြားရည်၊ နို.ဆီတို.ကို ရောကြိတ်ပါ။

ပြင်ဆင်မယ့်ဖန်ခွက်ထဲမှာ ရေခဲထည့်..ကြိတ်ချေထားတဲ့..စတော်ဘယ်ရီကို
ထည့်ပြီး...နောက်ဆုံး..ဒိန်ချဉ်အရောကို ထည့်ပေးလိုက်ရုံပါပဲ...။

အလှဆင်ချင်ရင်တော့..အပေါ်ဆုံးက စတော်ဘယ်ရီသီး (၅) ခြမ်းလောက်
ဖြစ်စေထည့် ( သို.) စတော်ဘယ်ရီသီးကို ထက်ခြမ်းဟပေးပြီးဖန်ခွက်နှုတ်
ခမ်းသားမှာချိတ်ပေးလိုက်ရုံပါပဲ...။

ပာင်းချက်နည်းများ

12 Jan 2014

ကျန်းမာရေး အတွက် သောက်သုံးသင့်သော ဖျော်ရည်များ

 ကျန်းမာရေး အတွက် အသင့်ပြုပြင် ထားတဲ့ ဖျော်ရည်တွေအစား သစ်သီးကို ပြုလုပ်ထားတဲ့ ဖျော်ရည်မျိုးက ပိုမိုသင့် တော်တယ်ဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ 
ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 ၁။ သလဲသီးဖျော်ရည် သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ် ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်းဖြည့်စွက်ပေးပါ။ 

၂။ ဘလူးဘယ်ရီသီးဖျော်ရည် ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီး တစ်မျိုးလို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင်တာကြောင့် နေ့စဉ် ဘလူးဘယ်ရီ သီးတစ်ခွက် ဖျော်သောက်ပေးရင်လည်း ခန္ဓကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး ရောဂါတချို့ကို လည်း တားဆီးနိုင်ကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။

 ၃။ ခရင်မ်ဘယ်ရီဖျော်ရည် ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ် တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာ ကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှ လုံးကျန်းမာရေးကိုကောင်းစေတဲ့ Flavonoid တွေပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့အာနိသင်ရှိကာ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့အသီးကို ဝယ်ပြီး ဖျော်ရည်ပြု လုပ်သင့်ပြီး အသင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေက သကြားပါဝင်မှု များတတ်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ်ဘယ်ရီသီး ဖျော်ရည်ဖြစ်ဖို့ လတ်ဆတ်တဲ့ ခရင်မ်ဘယ်ရီးသီးကိုသာ ဖျော်သောက်ပါ။ 

 ၄။ လိမ္မော်သီးဖျော်ရည် လတ်ဆတ်တဲ့ လိမ္မော်သီးဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝပြီး အင်တီအောက် စီးဒင့်တွေကြွယ်ဝပါတယ်။ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့ အပြင် ဆဲလ်ပျက်စီးမှုတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင် သည်တွေသောက် သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါ တယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လ ဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

 ၅။ ပန်းသီးဖျော်ရည် ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ တခြားကျန်းမာရေးကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်း မွန်စေတာ၊ အစာခြေစနစ်ကို ကောင်း မွန်စေတာ၊ စွမ်းအင်တိုးစေတာ၊ ရောဂါ တိုက်ထုတ်ပေးတာ၊ အမြင်အာရုံကောင်း စေတာစတဲ့ အချက်တွေများစွာပါဝင်တာ ကြောင့် တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ ဆိုပါတယ်။

 ၆။ စပျစ်သီးဖျော်ရည် စပျစ်သီးဖျော်ရည်က သွေးဖိအား ကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကို လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

 ၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည် အမည်းရောင် ချယ်ရီသီးဖျော်ရည် ကတော့ ကြွက်သားတွေပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါ တယ်။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အ များအပြားပါဝင်ပါတယ်။

 ၈။ အနီရောင် စပျစ်သီးဖျော်ရည် အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးအ ထောက်အကူပြုတယ်လို့ဆိုပါတယ်။

 သဲသဲ photo copy from google search by Good Health source >>>http://natureenergycares.blogspot.com/2014/01/blog-post_4874.html

10 Dec 2013

ကိုကာကိုလာ သောက်များရင် အလွယ်တကူရနိင်သောရောဂါများ

ဆီးချို ရောဂါ ....
Coke ပိုပြီး သောက်တတ်သူ က ဆီးချိုအမျိုးအစား၂
ဖြစ်နိင်ဖို့က ၈၀% တိုးမြှင့် လာပါတယ် ။

အလွန်ဝလာခြင်း...

Cokeထဲတွင် တရားလွန်များပြားသောသကြားဓာတ်ကြောင့် အလွန်ဝ လာပြီး ၊နှလုံးရောဂါ ၊ ရင်သား ကင်ဆာ ၊ အုမကင်ဆာ
တို့ကိုဖြစ်ပေါ်စေပါတယ် ။

ကျောက်ကပ် ရောဂါ....
Cokeထဲတွင်လွန်စွာများပြားသော ဖော့စဖိတ် ကြောင့် ကျောက်ကပ် ကျောက်တည် နိင်ပါတယ် ။

အထုးသဖြင့်အလွန်ဝသော အမျိုးသားကကျောက်တည်ဖို့ ရာခိုင်နှုန်းပိုများ။
သကြားဓာတ် လွန်ကဲ ခြင်း....Coke သောက်ပြီး ၂၀မိနစ် နောက် အင်ဆုလင်း ကနိုးဆော်ပေးတာမို့ သွေးချို တိုးလာပါတယ် ။ မိနစ် ၄၀ ကြာပြီးနောက်caffeine((လဖက်ခြောက်၊ ကော်ဖီများတွင်ပါသောကိုယ်ခန္ဓာကိုနိုးကြွစေတဲ့ဆေးဓာတ်)အားလုံးကိုစုပ်ယုသွားတာမို့ သွေးပေါင်ချိန်
တိုးခြင်း ။ လူကို အိပ်ချင်စေပါတယ် ။

သွားများကို ယိုယွင်းပျက်စီးစေခြင်း...
Cokeတွင်ပါသောသကြားAနှင့်အက်စစ်ကသွားအပေါ်ယံကြွေရည်သုတ်ကိုအလွယ်တကူပျော်စေတာမို့ သွားပိုးစား ရခြင်းဖြစ်ပါတယ် ။
လိင် (အင်္ဂါ ) အခက်အခဲများ ....Coke ရဲ့ ပလတ်စတစ်ဗူး မှာ bisphenol a ပါနိင်တာမို့ bisphenol a ကအင်္ဂါ အစိတ်အပိုင်း တစ်ခုခု မှအရည်ထုတ်ပေးတဲ့ ဖွဲ့စည်းမှုကို ပျက်စီးစေတယ် ။
ဒါကြောင့်မို့ လုလားမြောက်တဲ့အချိန်မှာ အရွယ်နဲ့ မလိုက်အောင် ထက်မြက်ခြင်းနှင့်လိင် (အင်္ဂါ ) ပုံမှန်မပာုတ် တာကိုဖြစ်စေတယ် ။

အရိုးပွ ရောဂါ...
Coke ထဲတွင် များပြားသော ဖော့စဖိတ် အက်စစ် က ခန္ဓာကိုယ်ထဲက ကယ်လဆီယမ်ကို ဖယ်ထုတ်နိင်တာမို့ အရိုးပွ ရောဂါ ကိုဖြစ်စေတယ် ။
ရင်ကြပ် ရောဂါCoke ထဲတွင်ပါ သော တာရှည်ခံဆေး sodium benzoate (ဆိုဒီယမ်ဗင်ဗိုဒိတ် )က တချို့သူတွေမှာ မိတ် ၊ အင်ပျဉ် ၊ ရင်ကြပ် တာမျိုးကိုဖြစ်စေတယ် ။

ကလေးငယ်ကအစ လုငယ်ပိုင်း မကျန် လုတော်တော်များများက ကိုကာကိုလာကို ကြိုက်နှစ်သက်ကြပါတယ်။သူငယ်ချင်းတို့လည်းသိမှာပါ ။ ကိုကာကိုလာ က ဓာတုဆေးတွေပါနေတယ်ဆိုတာ ... ။

နည်းနည်းသောက်လို့ဘာမှမဖြစ်နိင်ဘုးဆိုပေမယ့် အဲဒီ နည်းနည်းလေးက ကိုယ်ခန္ဓာ အတွက်များများဝန်ပိုစေတယ် ။ အနောက်နိင်ငံတွေ မှာလည်းကိုကာကိုလာ ရဲ့ဆိုးကျိုးတွေကို ဖေါ်ပြထားပေမယ့်
ကိုကာကိုလာရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိင်ပါဘူး ။

ဆီးချို အမျိုးအစား ၂ ရတဲ့သူတွေပာာ အချိုဖျော်ရည်သောက်လို့
ဖြစ်တာများပါတယ်။ဆီးချို ဖြစ်ပြီးတာနဲ့နှလုံးကတပါတည်းလိုက်လာတတ်တာကို တွေ့ရ ပါတယ် ။ ဆီးချိုဖြစ်တာနဲ့အစားအသောက်ကအစ ရှောင်ဖို့ ။ဆေးအမြဲသောက်ဖို့။
 သွေးချိုကိုမထိန်းနိင်ရင်အင်ဆုလင်း ဆေးကိုနေ့တိုင်းထိုးရပါတယ်။
 ဒီထက်မကပိုဆိုးလာရင်မျက်စိမှုန်မမြင်နိင်ခြင်း ကျောက်ကပ်ဆေးရခြင်းများ......အစရှိသောနောက်ဆက်တွဲရောဂါများ ကပို၍ ကုသဖို့နှင့်လုပင်ပန်းငွေကုန်တာထက်မိသားစုအားလုံးရဲ့ နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက်ထိခိုက်စိတ်ကိုပိုပင်ပန်းစေတယ် ။

ငွေဖြင့်ရောဂါကုတာပဲရှိတယ် ။ငွေဖြင့် ရောဂါဝယ်ယုတာမျိုးမဖြစ်စေချင်ဘုး ။လူဆိုတာမွေးကတည်းကသေရမယ်ဆိုပေမယ့်ကျန်းမာရေးချို့တဲ့ရင်တော့ ဘာအရာနဲ့လဲလှယ်
မရတော့ပါ ။


post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note ref: JinLi chao(copy fr minwai)
note&photo credit to original uploader
photo from google

2 Oct 2013

ကျန်းမာရေးအတွက် သောက်သုံးသင့်သော ဖျော်ရည်ရှစ်မျိုး

ကျန်းမာရေးအတွက် အသင့်ပြုပြင် ထားတဲ့ ဖျော်ရည်တွေအစား သစ်သီးကို ပြုလုပ်ထားတဲ့
ဖျော်ရည်မျိုးက ပိုမိုသင့် တော်တယ်ဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သလဲသီးဖျော်ရည်

သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများ
စွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ် ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်းဖြည့်စွက်ပေးပါ။

၂။ ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီး တစ်မျိုးလို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင်တာကြောင့် နေ့စဉ် ဘလူးဘယ်ရီ သီးတစ်ခွက် ဖျော်သောက်ပေးရင်လည်း ခန္ဓကိုယ်အလေးချိန်မတက်စေနိုင်ပါ
ဘူး။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး ရောဂါတချို့ကို လည်း တားဆီးနိုင်ကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ် တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာ ကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှ လုံးကျန်းမာရေးကိုကောင်းစေတဲ့ Flavonoid တွေပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့အာနိသင်ရှိကာ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအ
နေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့အသီးကို ဝယ်ပြီး ဖျော်ရည်ပြု လုပ်သင့်ပြီး အသင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေက သကြားပါဝင်မှု များတတ်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ်ဘယ်ရီသီး ဖျော်ရည်ဖြစ်ဖို့ လတ်ဆတ်တဲ့ ခရင်မ်ဘယ်ရီးသီးကိုသာ ဖျော်သောက်ပါ။

၎။ လိမ္မော်သီးဖျော်ရည်

လတ်ဆတ်တဲ့ လိမ္မော်သီးဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝပြီး အင်တီအောက် စီးဒင့်တွေကြွယ်ဝပါတယ်။ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့ အပြင် ဆဲလ်ပျက်စီးမှုတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင် သည်တွေသောက် သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါ တယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လ ဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိ
ပါတယ်။ တခြားကျန်းမာရေးကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်း မွန်စေတာ၊ အစာခြေစနစ်ကို ကောင်း မွန်စေတာ၊ စွမ်းအင်တိုးစေတာ၊ ရောဂါ တိုက်ထုတ်ပေးတာ၊ အမြင်အာရုံကောင်း စေတာစတဲ့ အချက်တွေများစွာပါဝင်တာ ကြောင့် တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအား ကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပ
ါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကို လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်းရောင် ချယ်ရီသီးဖျော်ရည် ကတော့ ကြွက်သားတွေပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါ တယ်။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အ များအပြားပါဝင်ပါတယ်။

၈။ အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးအ ထောက်အကူပြုတယ်လို့ဆိုပါတယ်။

သဲသဲ
By Good Health
Posted by ပိုပိုဇော် at 07:53
source >>>http://natureenergycares.blogspot.com/2013/10/blog-post_2450.html#more
shared by >>>
https://www.facebook.com/photo.php?fbid=518716828211890&set=a.379261395490768.91653.379250652158509&type=1

30 Sept 2013

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့

သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်စေပါတယ်

ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။


ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။


စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။


 ရေဓာတ် ပြည့်ဝစေပါတယ်
ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကြံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆော်ဒါလိုအချိုရည်တွေအစားကြံရည်ကို သောက် သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်

ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။


ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျောက်ကပ်တွေကိုလုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကြံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_3116.html#more

22 Mar 2013

Fruit Salad

Fruit Saladဆိုတာကတော့ လူတိုင်းစားသုံးသင့်တဲ့ အစားအစာတစ်ခုပါ။
လတ်ဆတ်တဲ့သစ်သီးတွေ ပါဝင်လို့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
အများအားဖြင့်တော့Fruit Salad ကို စားဖိုမှူးတွေ
ပြုလုပ်ကြပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်ပြုလုပ်ပါတယ်။
ကျွန်တော်လုပ်တဲ့ Fruit Saladကတော့ အများနဲ့မတူ
တစ်မူကွဲပြားခြားနားလိမ့်မယ်လို့ ထင်ပါတယ် . . .။

ပါဝင်ပစ္စည်းတွေကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။
ကျွန်တော်ကတော့ ပန်းသီး(အနီနှင့်အစိမ်း)၊
စတော်ဘယ်ရီ၊ သစ်တော်သီး၊ စပျစ်သီး၊
နဂါးမောက်သီး၊ ဆန်းကစ်သီး စသည်ဖြင့်ထည့်သွင်းထားပါတယ်။
အရင်ဦးစွာ အသီးများကို အတုံးငယ်လေးများအဖြစ် စိတ်ထားပါ။
Fruit Salad အတွက်Dressing ကိုတော့ Vanilla Mix Fruit Smoothie နဲ့ တွဲဖက်ပေးထားပါတယ်။

• Dressing အတွက် ပါဝင်ပစ္စည်းနဲ့ပြုလုပ်ပုံတွေကတော့
1. MONIN Strawberry Puree' - 20 ml
မိုနင်းတံဆိပ်စတော်ဘယ်ရီအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
2. MONIN Peach Puree' - 20 ml
မိုနင်းတံဆိပ် မက်မွန်သီးအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
3. MONIN Banana Puree' - 20 ml
မိုနင်းတံဆိပ်ငှက်ပျောသီးအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
4. MONIN Vanilla Syrup - 10 ml
မိုနင်းတံဆိပ်ဗီနီလာအဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
 
5. Yoghurt - 90 ml
ဒိန်ချဉ်(အရည်) - ၃ ပတ်

• ဖျော်စပ်နည်း

ပါဝင်ပစ္စည်းများအားလုံးကိုBlender (မွှေစက်)ထဲသို့ ထည့်သွင်းပါ။ 
ထို့နောက် Crushed Ice (ထုခွဲပြီးရေခဲ) များထည့်ပါ။
ထို့နောက်အေးခဲလာသည်အထိ Blender ထဲတွင် ထည့်သွင်းပြီးမွှေပါ။

ရေခဲမုန့်လိုညက်ပြီး ရေခဲများကြေသွားပြီဆိုရင်တော့ ဖန်ခွက်ထဲသို့တစ်ဝက်အရင်ခွဲထည့်လိုက်ပါ။
ထို့နောက် အတုံးငယ်လေးများဖြစ်အောင် စိတ်ထားသော သစ်သီးများကို အလယ်မှာ ဌာပနာ၍ထည့်ပါ။
ကျန်ရှိနေသေးတဲ့Dressing ကို အပေါ်မှထပ်မံ၍ဖြည့်ပါ။
ထို့နောက် ချယ်ရီသီးနှင့် ပူစီနံအရွက်ပေါင်းပြီး အလှဆင်ပြီးပါက အလွန်ကောင်းမွန်တဲ့
Fruit Saladကို ရရှိပြီဖြစ်ပါတယ်။

• Leo ဖြိုး (Phyo Nyi Nyi Aung)

Red Berries Mojito smoothie


အဆီအဆိမ့်မကြိုက်သူတွေ၊ ကိုယ်ခန္ဓာကိုထိန်းချင်သူတွေအတွက်လည်း
အရသာရှိရှိနဲ့ သုံးဆောင်နိုင်အောင်
Non Dairy Smoothie လေးတစ်ခုကို
ဖော်ပြပေးချင်ပါတယ်။ အချိုပါဝင်မှုနည်းပါးပြီး
ချဉ်ဖြုံးဖြုံးလေးနဲ့ ရှိမ်းတိန်းတိန်းအရသာလေးက
သောက်သုံးသူတိုင်းကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမှာပါ။
ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ပုံလေးတွေကို ကြည့်လိုက်ပါဦးနော် . . .။

ပါဝင်ပစ္စည်းများ
-----------------
1. MONIN Redberry Puree' - 45 ml
မိုနင်းတံဆိပ်ဘယ်ရီစုံအနှစ် - ၁ ပတ်ခွဲ
2. MONIN Mojito Syrup - 15 ml
မိုနင်းတံဆိပ်မိုဟိတိုအဆီ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
3. Lime Juice - 15 ml
သံပရာရည် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
4. Mint Leaves - 6-8 leaves
ပူစီနံရွက် - ၆-၈ ရွက်

ဖျော်စပ်နည်း
-------------
ပါဝင်ပစ္စည်းများအားလုံးကိုBlender(မွှေစက်)ထဲသို့ ထည့်သွင်းပါ။ ထို့နောက်
 Crushed Ice (ရေခဲခြစ်ပြီးသား)ကို ဖန်ခွက်နှင့် တစ်ခွက်ခွဲထည့်ပြီး ရေခဲများ
ကြေညက်သည်အထိမွှေပါ။
 ပါဝင်ပစ္စည်းများအားလုံးကြေညက်သွားပြီဆိုပါက ဖန်ခွက်ထဲသို့ ထည့်သွင်းပြီး
ချယ်ရီသီးအနီ၊ ပူစီနံအညွန့်လေးများဖြင့် အလှဆင်လိုက်ပါ။
 အခုဆိုရင်တော့ အဆီလည်းမတက်၊ အမူးအမောပြေပြီး စိတ်ရောကိုယ်ပါ
လန်းဆန်းအားဖြည့်ပေးမယ့် Red Berry Mojito, Non Dairy Smoothie လေးရရှိပြီဖြစ်ပါတယ်။

• Leo ဖြိုး (Phyo Nyi Nyi Aung)
 Monin တံဆိပ် ဘယ်က ထုတ်တာလဲ။ဘယ်ဆိုင်မှာ ဝယ်ရနိုင်သလဲ?
 Quarto Product မှာဝယ်လို.ရပါတယ်

Strawberry & Banana Smoothie

Smoothie နောက်တစ်မျိုးပါပဲ။ ဒါပေမယ့် ချိုချိုမွှေးမွှေးနဲ့ ခပ်ဆိမ့်ဆိမ့်လေးရှိပါတယ်။ အထဲမှာတော့ Cream နဲ့Milk လည်း ပါဝင်တဲ့အတွက် အချိုအဆိမ့်ကြိုက်သူတွေ
အသည်းခိုက်စေမယ့်Smoothie ဆိုတာတော့ ရဲရဲကြီး အာမခံပါတယ် . . .။

ပါဝင်ပစ္စည်းများကတော့
------------------------
1. MONIN Strawberry Puree' - 45 ml
မိုနင်းတံဆိပ်စတော်ဘယ်ရီအနှစ် - ၁ ပတ်ခွဲ
2. MONIN Banana Puree' - 15 ml
မိုနင်းတံဆိပ်ငှက်ပျောသီးအနှစ် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
3. MONIN Vanilla Syrup - 10 ml
မိုနင်းတံဆိပ်ဗီနီလာအဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. Whipping Cream - 45 ml
ကရင်မ်(အရည်) - ၁ ပတ်ခွဲ
5. Fresh Milk - 45 ml
နွားနို့ - ၁ ပတ်ခွဲ

ဖျော်စပ်နည်း
-------------
ပြုလုပ်ပုံလေးကတော့ လွယ်ပါတယ်။ ပါဝင်ပစ္စည်းများအားလုံးကို
Blender ထဲသို့ထည့်ပါ။ ထို့နောက် Crushed Ice (ရေခဲခြစ်)ကို ဖန်ခွက်
နှင့် ၁ ခွက်ခွဲထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံး ကြေညက်ပြီဆိုပါက
ဖန်ခွက်ထဲသို့ထည့်၍ စိတ်တိုင်းကျ အလှဆင်လိုက်ပါ။ ကျွန်တော်က
တော့ ပူစီနံနှင့် ချယ်ရီသီးအနီရောင်လေးကိုရောစပ်ပြီး အလှဆင်ပေး
ထားပါတယ်။ ပြုလုပ်ရတာလည်းလွယ်ကူပြီး အချိန်လည်းမကုန်တဲ့
Smoothie လေးကတော့ လူတိုင်းရင်ထဲ ခိုက်စေမှာပါ။

•Leo ဖြိုး (Phyo Nyi Nyi Aung)

Nutella ရေခဲချောင်း

ကလေးတွေနှစ်သက်မယ့် အစားအသောက်တစ်မျိုးဖြစ်တဲ့
ရေခဲချောင်းလုပ်နည်းလေးကို နွေဦးကာလဖြစ်တဲ့ March လအတွက် စီစဉ်တင်ဆက်လိုက်ရပါတယ်။
 ပါဝင်ပစ္စည်းမများတဲ့ ဒီရေခဲချောင်းလုပ်နည်းကို အိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
-----------------
၁။Nutella ချောကလက်ယို - စားပွဲဇွန်း ၂ ဇွန်းမောက်မောက်
၂။ နွားနို့ - ၁၂၀ ဂရမ် (ပန်းကန်ခွက်တစ်ဝက်)
၃။ နို့စိမ်း - ၁၂၀ ဂရမ် (ပန်းကန်ခွက်တစ်ဝက်)

ပြုလုပ်နည်း
------------
ပါဝင်ပစ္စည်းအားလုံးကို Blender နဲ့ရောမွှေပါ။
တကယ်လိုBlenderအဆင်မပြေရင် အလုံပိတ်ဘူးတစ်ခုမှာထည့်ပြီး
အားပြင်းပြင်းနဲ့ လှုပ်ပေးရင်လည်းရပါတယ်။
ရလာတဲ့ ချောကလက် Milkshake လိုမျိုးကို
ရေခဲချောင်းထည့်တဲ့ ခွက်လေးထဲထည့်။
ရေခဲသေတ္တာအပေါ်ထပ်မှာ တစ်ညသိပ်လိုက်ရင်ရပါပြီ။
ရေခဲချောင်းကို ခွက်ထဲကထုတ်တော့မယ်ဆိုရင်တော့
ရေနွေးနွေးလေးကို နည်းနည်းလောင်းပေးပြီးမှ
ထုတ်ရင်ပိုလွယ်ပါတယ်။ စမ်းကြည့်ကြပါဦး။

Evy Foodlover

20 Dec 2012

မုန်လာဥနီ သံပရာဖျော်ရည်



ဒီတစ်ပတ်တော့ ဗီတာမင်အေ၊ ဘီနဲ့ စီ ဓာတ်တွေ အပြည့်အ၀ပါရှိပြီး အရသာလည်းကောင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မုန်လာဥနီ ဖျော်ရည်လုပ် သောက်ကြမယ်။
ပြုလုပ်နည်း
 အခွံနွှာပြီး ပါးပါးလှီးထားတဲ့ မုန်လာဥနီကို ဖျော်ရည်စက်ထဲ ထည့်ပြီး ရေခဲ၊ ရေ အနည်းငယ်၊ သကြားရည်တို့နဲ့ ရောကြိတ်ပါ။
ဥနီဖတ်တွေ အကုန်ကြေသွားပြီဆိုရင် သောက်မယ့်ဖန်ခွက်ထဲကို ထည့်လို့ရပါပြီ။
ပြီးရင် သံပရာရည် အနည်းငယ်ထည့်ပြီး ရောမွှေလိုက်ပါ။
ဒါဆိုရင်တော့ ကျန်းမာရေးအတွက် အထူးသင့်လျော်ကောင်းမွန်တဲ့ မုန်လာ ဥနီ ဖျော်ရည်ရပါပြီ။
နာနတ်တောလမ်းနဲ့ ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ASAGIRI Sausage & Restaurant က ပံ့ပိုးပေးထားပါ တယ်။

29 Nov 2012

ကိုလာသောက်ခြင်းဖြင့် မကောင်းသောအဆီ တိုးစေနိုင်

နေ့စဉ် ကိုလာ တစ်လီတာခန့် သောက်တာကြောင့် ဝမ်းဗိုက်ထဲက အင်္ဂါအစိတ်အပိုင်း တစ်ဝိုက်ရှိ အသည်းနဲ့ ကြွက်သားတွေမှာ အဆီတိုးစေနိုင်တယ်လို့ နယူးဒန်းနစ်ရှ် လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ဒီအဆီစုပုံတာဟာ Metaboli
c Syndrome ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ တခြား လေ့လာမှုတွေက ဆိုထားပါတယ်။ 
Metabolic Syndrome ဆိုတာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတို့ ဖြစ်နှုန်းကို တိုးစေတဲ့ ရောဂါစုပါ။
 လေ့လာမှုမှာ ပါဝင်တဲ့ ပုံမှန်ထက် ကိုယ်အလေးချိန် များသူနဲ့ အဝလွန်သူ ၄၇ ဦးကို ရေ၊ နွားနို့၊ Diet လုပ်ထားတဲ့ ကိုလာနဲ့ ပုံမှန် ကိုလာတို့ကို သောက်သုံးစေခဲ့ပါတယ်။
 လေ့လာမှု အပြီးမှာ ပုံမှန် ကိုလာသောက်သူတွေက သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းတစ်ဝိုက်မှာ အဆီ ၂၅ ရာခိုင်နှုန်း စုနေတာကို တွေ့ရပြီး ဒါဟာ အသည်းနဲ့ ကြွက်သားတွေမှာရှိတဲ့ အဆီပမာဏကို နှစ်ဆ တိုးစေတာ ဖြစ်ကြောင်း တွေ့ရခဲ့ရပါတယ်။ 
“ဒီအဆီတွေက အရေပြားအောက်မှာ ရှိနေတဲ့ အဆီတွေထက် ပိုအန္တရာယ်များပါတယ်” လို့ ဒေါက်တာရစ်ချယ်လ်ဆန်က ရှင်းပြပါတယ်။

By Good Health

15 Nov 2012

ကျန်းမာ လှပနုပျိုစေတဲ့ သဘာဝ ဖျော်ရည်များ

အောက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။

၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး

ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။ 

၂။ ခရမ်းချဉ်သီး+သခွားသီး+ပန်းသီး

 ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှုရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးစေသည်။

 ၃။ ခရမ်းချဉ်သီး+မုန်လာဥနီ+ပန်းသီး

အသားအရေကို စိုပြည် ၀င်းလက်စေသည်။ ခံတွင်း အနံ့ ဆိုး ထွက်ခြင်းကို တားဆီးပေးသည်။

၎။ ကြက်ဟင်းခါးသီး+ပန်းသီး+နွားနို့ 

ခံတွင်း အနံ့ အသက်ကို တားဆီးပေးသည်။ ကိုယ်တွင်းအပူကို လျှော့ချပေးသည်။

၅။ လိမ္မော်သီး+ဂျင်း+သခွားသီး

အသားအရေ တင်းရင်းမှုကို အားပေးသည်။ စိုပြည်မှုကို ဖြစ်စေသည်။ ကိုယ်အပူချိန်အား လျှော့ကျစေသည်။

၆။ နာနတ်သီး+ပန်းသီး+ဖရဲသီး

ကျောက်ကပ် သည်းခြေတို့ ကို အားဖြစ်စေသည်။ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးသည်။




၇။ သစ်တော်သီး+ငှက်ပျောသီး

သွေးတွင်း သကြား ပါဝင်နှုန်းကို ပုံမှန် လည်ပတ်စေသည်။

၈။ မုန်လာဥနီ+ပန်းသီး+သစ်တော်သီး+
သရက်သီး

ကိုယ်တွင်းအဆိပ်အတောက်များအား
ဖယ်ရှား သုတ်သင်ပေးသည်။ သွေးတိုး လျှော့နည်းစေသည်။

၉။ သဘောင်္သီး+နာနတ်သီး+နွားနို့ 

ဗီတာမင်စီ၊ အီးနဲ့  သံဓာတ် ကြွယ်ဝစွာ ပါဝင်သည့်အတွက် အသားအရေနှင့် ဇီဝ ကမ္မ ဖြစ်စဉ်တို့ အား ကောင်းစွာ အထောက် အကူ ဖြစ်စေသည်။

၁၀။ ငှက်ပျောသီး+နာနတ်သီး+နွားနို့ 

ဝမ်းချုပ်ခြင်းကို တားဆီးပေးပြီး ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် အာဟာရနှင့် အလှအပ အတွက် ကောင်းစွာ ပံ့ပိုးပေးသည်။

Re: မွေးနေ့ဆုမွန်

12 Nov 2012

ကျန်းမာ လှပခြင်း အရပ်ဆီ အရောက်ပို့ မည့် ဖျော်ရည်များ

 အောက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။

၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး
ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။

၂။ ခရမ်းချဉ်သီး+သခွားသီး+ပန်းသီး
ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှု ရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးစေသည်။

၃။ ခရမ်းချဉ်သီး+မုန်လာဥနီ+ပန်းသီး

အသားအရေကို စိုပြည် ၀င်းလက်စေသည်။ ခံတွင်း အနံ့ ဆိုး ထွက်ခြင်းကို တားဆီးပေးသည်။

၎။ ကြက်ဟင်းခါးသီး+ပန်းသီး+နွားနို့ 

ခံတွင်း အနံ့ အသက်ကို တားဆီးပေးသည်။ ကိုယ်တွင်းအပူကို လျှော့ချပေးသည်။

၅။ လိမ္မော်သီး+ဂျင်း+သခွားသီး

အသားအရေ တင်းရင်းမှုကို အားပေးသည်။ စိုပြည်မှုကို ဖြစ်စေသည်။ ကိုယ်အပူချိန်အား  လျှော့ကျစေသည်။

၆။ နာနတ်သီး+ပန်းသီး+ဖရဲသီး
ကျောက်ကပ် သည်းခြေတို့ ကို အားဖြစ်စေသည်။ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးသည်။

၇။ သစ်တော်သီး+ငှက်ပျောသီး
သွေးတွင်း သကြား ပါဝင်နှုန်းကို ပုံမှန် လည်ပတ်စေသည်။

၈။ မုန်လာဥနီ+ပန်းသီး+သစ်တော်သီး+သရက်သီး
ကိုယ်တွင်း အဆိပ်အတောက်များအား ဖယ်ရှား သုတ်သင်ပေးသည်။ သွေးတိုး လျှော့နည်းစေသည်။

၉။ သဘောင်္သီး+နာနတ်သီး+နွားနို့ 
ဗီတာမင်စီ၊ အီးနဲ့  သံဓာတ် ကြွယ်ဝစွာ ပါဝင်သည့်အတွက် အသားအရေနှင့် ဇီဝ ကမ္မ ဖြစ်စဉ်တို့ အား ကောင်းစွာ အထောက် အကူ ဖြစ်စေသည်။

၁၀။ ငှက်ပျောသီး+နာနတ်သီး+နွားနို့ 

ဝမ်းချုပ်ခြင်းကို တားဆီးပေးပြီး ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် အာဟာရနှင့် အလှအပ အတွက် ကောင်းစွာ ပံ့ပိုးပေးသည်။

8 Days Journal

Twitter Delicious Facebook Digg Stumbleupon Favorites More