Pages - Menu

22 Mar 2013

Strawberry & Banana Smoothie

Smoothie နောက်တစ်မျိုးပါပဲ။ ဒါပေမယ့် ချိုချိုမွှေးမွှေးနဲ့ ခပ်ဆိမ့်ဆိမ့်လေးရှိပါတယ်။ အထဲမှာတော့ Cream နဲ့Milk လည်း ပါဝင်တဲ့အတွက် အချိုအဆိမ့်ကြိုက်သူတွေ

အသည်းခိုက်စေမယ့်Smoothie ဆိုတာတော့ ရဲရဲကြီး အာမခံပါတယ် . . .။

ပါဝင်ပစ္စည်းများကတော့
------------------------
1. MONIN Strawberry Puree' - 45 ml
မိုနင်းတံဆိပ်စတော်ဘယ်ရီအနှစ် - ၁ ပတ်ခွဲ
2. MONIN Banana Puree' - 15 ml
မိုနင်းတံဆိပ်ငှက်ပျောသီးအနှစ် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
3. MONIN Vanilla Syrup - 10 ml
မိုနင်းတံဆိပ်ဗီနီလာအဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. Whipping Cream - 45 ml
ကရင်မ်(အရည်) - ၁ ပတ်ခွဲ
5. Fresh Milk - 45 ml
နွားနို့ - ၁ ပတ်ခွဲ

ဖျော်စပ်နည်း
-------------
ပြုလုပ်ပုံလေးကတော့ လွယ်ပါတယ်။ ပါဝင်ပစ္စည်းများအားလုံးကို
Blender ထဲသို့ထည့်ပါ။ ထို့နောက် Crushed Ice (ရေခဲခြစ်)ကို ဖန်ခွက်
နှင့် ၁ ခွက်ခွဲထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံး ကြေညက်ပြီဆိုပါက
ဖန်ခွက်ထဲသို့ထည့်၍ စိတ်တိုင်းကျ အလှဆင်လိုက်ပါ။ ကျွန်တော်က
တော့ ပူစီနံနှင့် ချယ်ရီသီးအနီရောင်လေးကိုရောစပ်ပြီး အလှဆင်ပေး
ထားပါတယ်။ ပြုလုပ်ရတာလည်းလွယ်ကူပြီး အချိန်လည်းမကုန်တဲ့
Smoothie လေးကတော့ လူတိုင်းရင်ထဲ ခိုက်စေမှာပါ။

•Leo ဖြိုး (Phyo Nyi Nyi Aung)

Twitter Delicious Facebook Digg Stumbleupon Favorites More