Pages - Menu

22 Mar 2013

Nutella ရေခဲချောင်း

ကလေးတွေနှစ်သက်မယ့် အစားအသောက်တစ်မျိုးဖြစ်တဲ့

ရေခဲချောင်းလုပ်နည်းလေးကို နွေဦးကာလဖြစ်တဲ့ March လအတွက် စီစဉ်တင်ဆက်လိုက်ရပါတယ်။
 ပါဝင်ပစ္စည်းမများတဲ့ ဒီရေခဲချောင်းလုပ်နည်းကို အိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
-----------------
၁။Nutella ချောကလက်ယို - စားပွဲဇွန်း ၂ ဇွန်းမောက်မောက်
၂။ နွားနို့ - ၁၂၀ ဂရမ် (ပန်းကန်ခွက်တစ်ဝက်)
၃။ နို့စိမ်း - ၁၂၀ ဂရမ် (ပန်းကန်ခွက်တစ်ဝက်)

ပြုလုပ်နည်း
------------
ပါဝင်ပစ္စည်းအားလုံးကို Blender နဲ့ရောမွှေပါ။
တကယ်လိုBlenderအဆင်မပြေရင် အလုံပိတ်ဘူးတစ်ခုမှာထည့်ပြီး
အားပြင်းပြင်းနဲ့ လှုပ်ပေးရင်လည်းရပါတယ်။
ရလာတဲ့ ချောကလက် Milkshake လိုမျိုးကို
ရေခဲချောင်းထည့်တဲ့ ခွက်လေးထဲထည့်။
ရေခဲသေတ္တာအပေါ်ထပ်မှာ တစ်ညသိပ်လိုက်ရင်ရပါပြီ။
ရေခဲချောင်းကို ခွက်ထဲကထုတ်တော့မယ်ဆိုရင်တော့
ရေနွေးနွေးလေးကို နည်းနည်းလောင်းပေးပြီးမှ
ထုတ်ရင်ပိုလွယ်ပါတယ်။ စမ်းကြည့်ကြပါဦး။

Evy Foodlover

Twitter Delicious Facebook Digg Stumbleupon Favorites More