ဆန်လုံးညို(Brown Rice)
ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။
သံလွင်ဆီ(Olive Oil)
သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။
ပြောင်းဖူး(Corn)
ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....
ထောပတ်သီး(Avacado)
အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်
လိမ္မော်သီး(Orange)
လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်
မာလကာသီး(Guava)
မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။
11 Mar 2015
သံပရာခွံအသုံးဝင်ပုံ
လိမ္မော်ခွံလေး အသုံးဝင်ပုံ
သူ့ ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။
< လိမ္မော်ခွံ နဲ့  ကျန်းမာရေး >
(၁) အခွံအောက်လိမ္မော်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်မှာ bioflavonoids
နှင့် Pectin ဓာတ်တို့ ပါရှိနေကြပါတယ်။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ်
ကင်ဆာရောဂါ တို့ ကို တိုက်ဖျက်ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊
အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး
ကင်ဆာတို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။
(၂) လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီစားသုံးပေးခြင်းဖြင့်
သွေးထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏကို
၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏
အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။
(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍
အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။
(၄) လိမ္မော်သီးအခွံခြောက် ၂ ဂရမ်ခန့် ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍
သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ ကို သက်သာစေပါတယ်။
(၅) ဝမ်းလျှော ဝမ်းပျက်သူများဟာ လိမ္မော်ခွံအမှုန့်နှင့်
စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း
သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၆) လိမ္မော်သီး၏ အခွံရနံ့ ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊
အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ့ ကုထုံးတို့  တွင်ထဲ့သွင်းအသုံးပြုကြပါတယ်။
(၇) လိမ္မော်ခွံကို ပါးပါးလှီးပြီး၊ နေရာင်ခြည်တိုက်ရိုက်မကျဘဲ
အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်)
နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင်လိမ္မော်ဆီအဖြစ်
ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။
(၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီကို
နားကျပ်သောဂွမ်းစနှင့်တို့ ၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီးကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ)
ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။
(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့်
အပူလောင်ခြင်းမျိုးမျိုးတို့ အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊
ယူပစ်သလိုပျောက်ကင်းစေပါတယ်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ
မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီသုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏)
(၁၁) ၀ဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို
့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)
(၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုရည်၊ ပရုပ်ဆီ(သို
့မဟုတ်)လင်ဇီးအနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်
လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။
(ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏)
(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို
့အတွက် လိမ္မော်ဆီကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။
(၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို
လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍
အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို့ ရပါတယ်။
(၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့  အလှအပ >
(၁) နေလောင်၍ အသားအရည်မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို့ အတွက်
လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။
(သို့ မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မ်ာသီးခွံတွေကို
ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။
(လိမ္မော်ဆီကပိုးမွှားများကိုသေစေကာ၊ သန့် ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့်
လိမ္မော်ဆီဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)
(၂) မကြာခဏ ၀က်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ
ညအိပ်ယာဝင်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍
ထွက်လာသောချွေးရည်ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ
့လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။
(၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို့ အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။
(၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ
အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော
နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို
နေရိပ်၌ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။
တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။
(၆)ဆံရင်းအစပ်ဦးရေပြားအနှံ့ ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။
(၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို
အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့ အထွေထွေ >
(၁) လိမ္မော်ခွံကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ၀င်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မ်ာခွံတွေကို ချထားပေးပါ။
(၂) အနံ့ အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ့ ရှုးဖိနပ်တွေထဲကို
လိမ္မော်သ်ီခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ့ ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။
(၃) လိမ္မ်ာသီးခွံကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက်
အဝတ်အိတ်ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊
အဝတ်ထားခန်း၊ သန့် စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ
ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ့ အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။
(မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊
ဈေးမှဝယ်လာသော လိမ္မော်သီးတို့ ကို မစားသုံးမီဦးစွာ ပထမ
ရေစင်စင်ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို့ ကိုသာ
ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီးများဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ
အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊
ဦးစွာ အသီးကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို့ ကို
အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ)
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
23 Sept 2014
အရေပြား ကင်ဆာအတွက် ရှောက်သီးအခွံ
တကယ်တော့ ရှောက်ခွံမှာလည်း ဆေးဘက်ဝင် အာနိသင်တွေ ရှိပါတယ်။
ရှောက်ခွံကို ရှောက်ယို အဖြစ် ပြုလုပ်ပြီး စားနိုင် ယုံသာ မကဘဲ လက်ဖက်ရည်ထဲ
မှာ ထည့်ပြီးသောက်သုံးမယ် ဆိုရင် အရေပြားကင်ဆာ အတွက် ကောင်းမွန်
ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာ အတွက် ရှောက်ခွံကို မှီဝဲ သင့်ပါတယ်။
နောင်တစ်ချိန် ရှောက်သီးဝယ်ရင် ရှောက်ခွံကို လွှတ်မပစ်ဘဲ လက်ဖက်ရည်ထဲမှာ
ထည့်ပြီး သောက်ပါလို့ အကြံပေးပါရစေနာ်။
Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။
Credit: ကျန်းမာရေးနှင့် အလှအပ သတင်းများ
15 Sept 2014
စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ
ကြက်သွန်နီအခွံ
သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ ဓာတ်မတည့်သောအစားအသောက်နှင့်တွေ့ပါက ဒုက္ခပေးတတ်သည့် ခန္ဓာကိုယ်ထဲရှိ ဒြပ်ပေါင်းတစ်မျိုးထုတ်လုပ်မှုနှင့် ထုတ်လွှတ်မှုနှစ်မျိုးစလုံးကို ထိန်းချုပ်တားဆီးပေးသည်။ ယင်းဆေးဖက်ဝင်ဒြပ်ပေါင်းမှာ အခြားသော ဓာတ်မတည့်မှုများနှင့် ရောင်ရမ်းမှုကို ကာကွယ်နိုင်သဖြင့် ပန်းဝတ်မှုန်ကြောင့်အဖျားရောဂါခံစားနေရသူများအတွက် အသုံးဝင်သည်။ အသားကင်များကဲ့သို့ အသားများကို အပူရှိန်ပြင်းပြင်းသုံး၍ ချက်ပြုတ်စဉ် ဖြစ်ပေါ်သည့် ကင်ဆာဖြစ်စေနိုင်သောအရာများ (carcinogen) ပမာဏကို အသားချက်ရာတွင် ကြက်သွန်နီထည့်ချက်ခြင်းဖြင့် လျော့ကျနိုင်ကြောင်း အထောက်အထားအချို့တွေ့ရှိထားသည်။ ကြက်သွန်နီ အခွံထည့်ချက်ထားသောအစားအသောက်ကိုမစားမီ ကြမ်းတမ်းသော ကြက်သွန်နီခွံများကို ဖယ်ပစ်ပါ။
ကြက်သွန်နီအခွံကို ငါး၊ အသားအရိုးပြုတ်၊ စွပ်ပြုတ်၊ ပြုတ်ချက်ချက်ရာတွင် ထည့်ချက်နိုင်ပြီး မစားမီအခွံကို ဖယ်ရှားပစ်ပါ။
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံ
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံများတွင် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေးလည်ပတ်မှုကိုအားကောင်းစေသည့် အမိုင်နို အက်စစ်ကြွယ်ဝစွာပါဝင်သည်။ ဖရဲသီးအခွံ (သို့မဟုတ်)သခွားမသီးအခွံများကို လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု မမှန်ခြင်းနှင့် သွေးအားနည်း ရောဂါတို့ကဲ့သို့ ရောဂါများအတွက် အမျိုးမျိုးအသုံးပြုနိုင်သည်။
ဖရဲသီးအခွံ (သို့မဟုတ်) သခွားမသီးအခွံမှ အသားများကို ထုတ်ယူကာ မွှေစက်နှင့် ရောမွှေပြီး စားကောင်းအောင်ပြင်ဆင်၍ စားသုံးနိုင်သည်။
ပန်းဂေါ်ဖီစိမ်းအရွက်
ပန်းဂေါ်ဖီစိမ်းအရွက်များတွင် ဗီတာမင်အေ ၃၂၀ ရာခိုင်နှုန်းနှင့် ဗီတာမင်စီ ၁၅၅ ရာခိုင်နှုန်းပါဝင်သည်။
ပန်းဂေါ်ဖီစိမ်းအရွက်များကို ဂေါ်ဖီချက်ပြုတ်ကြော်လှော်သကဲ့သို့ ချက်ပြုတ်စားသောက်နိုင်သည်။
မုန်ညင်းရွက်ကဲ့သို့ ဟင်းရွက်စိမ်းအရိုးများတွင် ပရိုတိန်းတွင်ပါဝင်သော အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အဆိပ်ပြေစေသော ဒြပ်ပေါင်းတို့ပါဝင်သဖြင့် အရွက်များကို စားသကဲ့သို့ချက်ပြုတ်စား သုံးသင့်သည်။ ယင်းအရိုးများကို မလွင့်ပစ်ဘဲ ထည့်ချက်၍စားသုံးနိုင်သည်။
လိမ္မော်သီးခွံ
လိမ္မော်သီးခွံတွင် ဖိုက်ဘာဓာတ်ကြွယ်ဝပြီး အဆိပ်ပြယ်စေသော ဒြပ်ပေါင်းနှင့် ဗီတာမင်များပါဝင်သည်။ လိမ္မော်သီးခွံများစားပေးခြင်း ကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာမကြေဖြစ်ခြင်းကို လျော့ကျစေသည်။ လိမ္မော်သီးခွံတွင်ပါဝင်သော ဗီတာမင်စီက ကိုယ်ခံအားမြင့်တက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းသို့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်။
လိမ္မော်သီးအခွံ၏ အဆီများကို ဘက်တီးရီးယားကာကွယ်နိုင်သော သန့်ရှင်းရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ကာ အင်းဆက်ပိုးမွှားများကို မောင်းနှင်ရာ၌လည်း အသုံးပြုနိုင်သည်။ သွားများဖြူဖွေးစေရန်လည်း လိမ္မော်သီးခွံကို အသုံးပြုနိုင်သည်။ လိမ္မော်သီးအခွံအောက်ဘက်ရှိ အဖြူ ရောင်ဖော့သားများတွင် သကြားနှင့်တူသော ဓာတ်တစ်မျိုးနှင့် အခြားဖိုက်ဘာဓာတ်များပါဝင်သည်။ လိမ္မော်သီးခွံစားပေးခြင်းဖြင့် ဆာလောင်မှုကိုလျှော့ချနိုင်ကာ လေးနာရီအထိ အစာမစားဘဲနေနိုင်သည်။
ဖော့သား၊ အူတိုင်တို့အပါအဝင် လိမ္မော်သီးတစ်လုံးလုံးကို အရသာရှိအောင်ပြင်ဆင်စားသုံးနိုင်သည်။
—Ref: Internet
http://www.7daydaily.com/story/12337#.VBap8HaZETt