Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကျန်းမာခြင်း/သုတ. Show all posts
Showing posts with label ကျန်းမာခြင်း/သုတ. Show all posts

30 Dec 2015

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရညဆိုင်းအလုပ်လုပ်သူများသည်ကျန်းမာရေးအခြေအနေကမောက်ကမဖြစ်တတ်သည်။ 
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ 
ညသန်းခေါင် ည ၁၂-နာရီ၁၀-မိနစ်အထိ မအိပ်သေးသူများတွင်ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်
များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ 
 
ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည် ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ 
ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်
သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ 

ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။
 ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် 
အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။ 
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။ 
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန် 

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်  (အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏) 
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန် 

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန် 
 
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန် 

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်  (ဆေးပညာတွင် ‘အန္တရာယ်များသည့်လေးနာရီ’ ဟုပြောစမှတ်ပြုကြသည်။ 
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။ ) 
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန် 

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန် 
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်) 
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန် 

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် 
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန် 
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ – သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။) 
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် 
  (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။) 
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန် 
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်   
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။) 
 လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ

 *********************************************

 ကျန်းမာရေး
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁)TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

 သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

F/W mail

27 Jul 2014

ဆေးသောက်နည်းလမ်းညွှန်

< ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် >
>> ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။
>> ထမင်းမစားခင် ၂-မိနစ်လောက်အလိုမှ အချိန်ကပ်၍မသောက်ပါနှင့်။ (အကြောင်းကတော့ အစာနဲ့ ဆေးသောက်ချိန်နီး တဲ့အခါ၊ အချို့ သောဆေးများက အ စားအစာထဲရောပါပြီး၊ ဆေးစွမ်း သတ္တိဓာတ်ပြယ်သွားစေလို့ ပါ)

< ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် >
>> ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှဆေးသောက်ပါ။ (အကြောင်းကတော့ အချို့ ဆေးများက အစာအိမ်ကို အနှောင့်အယှက်ပြု၍ မအီမသာဖြ စ်စေသလို၊ အချို့ ဆေးများ ကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ် ပါသွားတာေ ကြာင့် ဆေးမတိုးတော့ပါဘူး)

< ဗိုက်တာမင်အားဆေး တစ်ခုခုမှီဝဲရမည်ဆိုပါလျှင် >
>> ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့ လည်စာ ထမင်းစားပြီးနောက် ၅ မိနစ်(သို့ မဟုတ်)၁၀ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။
>> ဗိုက်ထဲ အစာမရှိဘဲ (လုံးဝ) အားဆေးမသောက်ပါနှင့်။ (အကြောင်းကတော့ အထူးသဖြင့် ဗီတာမင်ဘီ နှင့် စီ အားဖြည့် ဆေးများဟာ ဆီးအဖြစ် ချက်ချင်းစွ န့် ပါ သွားတဲ့အတွက် ဆေးအာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီြး ဖစ်စေပါတော့တယ်)

< ဆေးပတ်လည်အောင် သောက်ပါ >
>> နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို ရပ်မပစ်ပါနှင့်၊ ဆရာ ၀န်ညွှန်ကြားသည့်အတိုင်း ဆေးပတ် လည်အောင် ဆက်သောက်ပါ။ (အကြောင်းကတော့ ဥပမာ-အဖျားကျသွားသော်လည်း၊ ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရ စ် နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကို ထပ်မံဖျားနာစေတတ် လို့ အမြစ်ပြတ်ေ ချမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန် အောင် ဆက်သောက်ပါ)

< ပဋိဇီဝဆေးဝါးများနှင့် နွားနို့ အန္တရာယ် >
ဆေးဝါးများကို နွားနို့ နှင့်တွဲဖက်မသောက်သင့်ကြောင်း စာဖတ်ပရိတ်သတ်များ ကြား ဖူးကြမယ်ထင်ပါသည်။ အဘယ့်ကြောင့် မသောက်သင့်ပါသလဲ?
 

(1) ရောဂါတစ်ခုခုအတွက် ခံတွင်းမှမျိုချ သောက်သုံးလိုက်သော သောက်ဆေး များ ကို အစာအိမ်မှ အက်ဆစ်ဓာတ်ပြု၍ အစာချေဖျက်ပေးပြီး၊ သက်ဆိုင်ရာရောဂါ ထံ သို့  သွေးစီးကြောင်းများမှတဆင့် အနာနှင့်ဆေးတွေ့ စေ၍ ဝေဒနာသက် သာ လာေ စပါတယ်။
 

(2) နွားနို့ တစ်မျိုးတည်းသာ သောက်ပါက နို့ ထဲတွင်ပါရှိသော ကယ်လ်စီယမ် နှင့် အဟာရဓာတ်တို့ ကို အစာအိမ်မှဓာတ်ပြု ၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လဲ၊ အ ကယ်၍ တက်ထွာဆိုက္ကလင်း(tetracycline) အပါအ၀င်၎င်းနှင့်အာနိသင်တူ သောပဋိဇီဝဆေးဝါးများကို နွားနို့ ဖြင့် ရောသောက်မိပါက၊ နို့ ထဲတွင်ပါရှိသော ကယ်လ်စီ ယမ် ဓာတ်က ဟန့် တားစေ သော အစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင်တော့ပါဘူး။ ထို့  အတူ ကော်ဖီ၊ လ္ဘက်ရည် နှင့် အချိုရည်တို့ တွင် ပါရှိသော ကဖိန်း ဓာတ်များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေးစေပါတယ်။
 

(3) ဒါကြောင့် မည်သည့်ဆေးဝါးအတွက်ဖြစ်စေ သောက်ရေတစ်မျိုး တည်းဖြင့်ေ သာက် သုံးခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်ပြီး၊ အစာမစားခင် (သို့ မဟုတ်) စားပြီးေ နာက်ပိုင်း ဆေးဝါးသောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ နိုင်ငံ မှ Dr.Sharib Azmi မှ Daily Health Tips တွင် အကြံပြုထားပါကြောင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

14 Apr 2014

ကျန်းမာရေးဟာ အဓိကပါ

၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း

ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။

၂။ ဂျုံ၊စပါး ဆက်စပ်အစားအစာ စားသုံးခြင်း

ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာ ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိသဖြင့် အမျိုးမျိုး စုံလင်လှသော အစားအစာ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျုံနဲ့ ပက်သက်တဲ့အစားအစာကို စားသုံးရာမှာ မသန့်ရှင်းတဲ့ ဆီများ အသုံးပြုတာများရင်တော့ မကောင်းပါဘူး။ ဥပမာ- ၃၊ ၄ ရက် အသုံးပြုထားသော စားအုန်းဆီတွင် အီကြာကွေး များ ကြော်ရာတွင် ပြန်လည် အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့က ခန္ဓာကိုယ်က လိုအပ် တဲ့ အဓိက အာဟာရများကို ပေးစွမ်းတဲ့ ပင်မ အစားအစာဆိုတာ စာဖတ်သူ တို့ သိရှိမယ် ထင်ပါတယ်။

၃။ အရေအပြားကို ဂရုစိုက်ခြင်း

နေရောင်ခြည်အောက် အမြဲသွားလာနေသူများအတွက် မိမိအရေအပြားကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတွေ့လို့ မသိသာပေမယ့် ကြာလာတဲ့အခါ အရေအပြားနဲ့ ပက်သက်တဲ့ ရော ဂါတွေ ဖြစ်စေပါတယ်။ (ဥပမာ- အရေအပြားကင်ဆာ၊ အရေ အပြား လှောင်ခြင်း၊ ပျက်ဆီးခြင်း)။ ဆောင်းရာသီဆိုရင်လည်း အသားအရေ အပ်ကွဲခြင်းကင်းအောင် အရေအပြား ထိန်းသိမ်းတဲ့ လိမ်းဆီများ အသုံးပြုနိုင် ပါတယ်။ အရေအပြားဟာလည်း အိုမင်းမှုကို လူသိအောင် ပြသတဲ့ အစိတ် အပိုင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမကောင်းကိုလည်း အရေအပြား ကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ပဲ အရေအပြား ဆိုပြေမှု ရှိမရှိ၊ နီခြင်း၊ ဝါခြင်း ရှိမရှိ တို့က မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို ဖော်ပြနေခြင်း ဖြစ်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၎။ ငါးများများစားခြင်း

ငါးက အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေမှ တစ်ကြိမ်တောင် ငါးမစားဖြစ်သူတို့ထက် နှလုံးနဲ့ ဆက်စပ် ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် လျော့နည်းတာကို တွေ့ရှိထားပါတယ်။ ငါးစားခြင်းဟာလည်း မိမိရဲ့ ပင်မ အသက် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

၅။ လက်ဘက်ရည်သောက်ခြင်း

လက်ဘက်ရည်ကြမ်း၊ လက်ဘက်ရည်ချို သောက်သုံးသူများ ဟာ နှလုံးရော ဂါနဲ့ သေနိုင်စွမ်း အင်မတန် နည်းတယ်လို့ ဆိုထားပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေတဲ့အတွက် tea ဆိုတာ ကျန်းမာရေးကောင်းရန် အထောက်အကူ အရွက်တစ်မျိုးလို့ သတ်မှတ် ထားကြပါတယ်။

၆။ ဆေးလိပ်ရှောင်ခြင်း

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ လူကို တဖြည်းဖြည်းနဲ့ သတ်နေတာကို သိလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်ဟာ များသထက်များ လာပါတယ်။ လူကြီး၊ လူငယ်တင်မကပဲ ၁၀ နှစ် အထက် ဆေးလိပ်သောက် သူ အရေအတွက်ပါ တိုးတက်လာပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်သလို အနှံ့ ရှူရှိုက်ရသူ ပတ်ဝန်းကျင်က လူများကိုလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုး ၂ ဆမက ခံရတယ်လို့ ဆေးပညာရှင်များ က လေ့ လာ တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အားကစားနည်းတွေ အားလုံးမှာ လမ်းလျှောက်တဲ့ အားကစားနည်းကသာ ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ဖြစ်ပါ တယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးကို လည်ပတ် အားကောင်းပြီး ကျန်းမာရေး ကောင်းစေပါတယ်။

အထက်ပါ ၇ ချက်ကို ပုံမှန်ပြုလုပ် ကျင့်သုံးမယ်ဆိုရင် မလုပ်သူများထက် စာရင် အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ နေထိုင်ရတာကို ဆေးပညာရှင်များက လေ့လာတွေ့ရှိထားခြင်း

 ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:medicfact
ရိုးရာလေး

18 Jan 2014

အသက်ရှည် ကျန်းမာသော ဘဝကို ပိုင်ဆိုင် စေနိုင်ဖို့

လေ့လာမှုတွေအရ အသက်ရှည်ကာ ကျန်းမာတဲ့ ဘဝကို ရရှိစေဖို့အတွက် အောက်ပါ နည်းလမ်း နှစ်ရပ်ဟာ အဓိကကျကြောင်း လေ့လာ တွေ့ရှိ ထားပါသည် ။

၁။ အကောင်းဆုံးကို မျှော်လင့်ပါ

အမျိုးသမီး ကျန်းမာရေး ဆိုင်ရာ လေ့လာမှုအရ အမျိုးသမီးဦးရေ တစ်သိန်းကို လေ့လာခဲ့ရာ အကောင်းမြင် နှုန်းများ သူတွေဟာ အဆိုးမြင် သူတွေထက် လေ့လာမှုအပြီး ပထမရှစ်နှစ် အတွင်း သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ အကောင်းမြင်သူ တွေဟာ လူမှုဆက်ဆံရေး ကွန်ယက် ခိုင်မာပြီး စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ် နိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ ချစ်သောသူကို ကြင်နာပါ

စိတ်ဖိစီးမှု ခံစားရပုံချင်း တူနေရင်တောင် ဂရုစိုက်ရမယ့် ဘဝဖော်ရှိနေတဲ့ အိမ်ထောင်ရှင် တွေဟာ အရွယ် မတိုင်ခင် အသက် သေဆုံးနိုင်ခြေ ၃၆ ရာခိုင်နှုန်း လျော့နည်းကြောင်း မီချီကန် တက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ချစ်တဲ့သူနဲ့ အတူ ရှိနေတာဟာ ခန္ဓာကိုယ် ကနေ ချည်နှောင်တဲ့ ဟော်မုန်း အောက်ဆီတိုစင် ထွက်စေခြင်းနဲ့ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆောအထွက် နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေတာ ကြောင့်ပါ။ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းရှိနေရင် သွေးဖိအား မြင့်တက်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို လျော့ကျ စေနိုင်ပါတယ်။

Mg Mandalay

24 Dec 2013

အအေးမမိအောင်ကာကွယ်နည်းများ

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...........ဆောင်းရာသီက အအေးမိ တတ်တဲ့ရာသီပါ ကြာရှည်စိတ်ဖိအားများပြီးအလုပ်လုပ်နေသူကသာမာန်ရိုးရိုးသုထက် အအေးမိလွယ်တာ အဆ 5 ဆဖြစ်၏ အအေးမမိအောင်ကာကွယ်နည်းတွေလည်းရှိပါတယ် ။
ပိုက်ဆံမကုန် လုမပင်ပန်း လွယ်ကုစွာနဲ့ အအေးမမိအောင်လုပ်ကြရအောင်......

(၁) ဆားရေဖြင့်ပလုပ်ကျင်းနည်း (အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ) နေ့တိုင်းမနက် ည အစားစားပြီးတိုင်းဆားရေဖြင့်ပလုပ်ကျင်းပါ ။
 ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား(bacteria.) ပိုးကို သေစေ၏။

(၂) ရေအေးဖြင့်မျက်နှာသစ် ရေနွေးဖြင့်ခြေဆေးနည်း နေ့တိုင်း မနက် ည ရေအေးဖြင့်မျက်နှာသစ်ပါ။ ရေနွေးဖြင့်ခြေဆေးခြင်းက ကိုယ်ခန္ဓာကဖျားနာခြင်းကို ခံနိင်ရည်ရှိစေ၏ ။

၃) ဂျင်းနှင့်သကြားနီ (ထညက် ကြံသကာ) ကြိုချက်ပြီး သောက်ရေလို သောက်ပါ ။

(ဂျင်းနှင့်သကြား ကိုယ်တိုင်ချင့်ချိန်ပါ)*အအေးမိခြင်းကိုကာကွယ်ပေးတဲ့အကောင်းဆုံးနည်းပါ ။

၎) ရေနွေးငွေ့ဖြင့် နှာခေါင်း လည်ချောင်းမှအချွဲများကိုသန့်ရှင်းနိင်ခြင်း ( ဆေးရုံမှာ Steam inhalation လုပ်နည်းနှင့်တု၏) ရေခွက်ထဲသို့ရေနွေးထည့်ပါ ။

 ရေနွေးငွေ့ကို ပြင်းပြင်းရူလိုက်ပါ ရေအေးတဲ့အထိလုပ်ပေးပါ ။ (တနေ့တည်း အခါ များများလုပ်နိင်၏) ဒီနည်းကတော့ စစချင်း အအေးမိတဲ့အချိန်မှာလုပ်နိင်ရင် အကောင်းဆုံး အသင့်တော်ဆုံးပါ။ ချောင်းဆိုးနှာပိတ် နှာမွန်းခြင်း ကိုသက်သာစေ၏ ။

၅) ပင်ပန်းခံ ခြင်းကိုလျှော့ပါ ။ အနားယုအိပ်စက်ရမည့်အချိန် များများပေးပါ ။ ပင်ပန်းတဲ့အချိန်မှာခန္ဓာကိုယ်ခုခံအားကျဆင်းပြီးအားလျှော့သောကြောင်းဗိုင်းရပ်များအလွယ်တကု

ဝင်လာတတ်ပါတယ် ။ (တစ်ရက်တွင်သုံးနာရီလျှော့အိပ်ပါကခန္ဓာကိုယ်ခုခံအားကျဆင်းပါတယ်။

(၆) ရေနွေးဖြင့်ရေချိုးပါ ။(

၇) အအေးမိတဲ့အခါ ရေနွေးများများသောက်ပါ ။

 ရေမသောက်ချင်ရင်လည်း (သံပရာ + ပျားရည်+ရေနွေး ) ဖျော်သောက်ပါ ။ ကြက်စွပ်ပြုတ်လည်းသောက်ပေးပါ ။

* ချစ်ခင်လေးစားရသောသူငယ်ချင်း ...နေမကောင်းတဲ့အချိန် ဘေးအနားမှာပြူစုမဲ့သူ မရှိရင်အလွန်အားငယ်စရာကောင်းတယ် ။
 ဖျားနာနေတဲ့ အထဲ ဘယ်မှမသွားချင် ဆေးဝါးခဈေးကြီး ......ကျန်းမာရေးကိုဂရူစိုက်ကြပါ ။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့အားလုံး ကျန်းမာပျော်ရွှင်နိင်ကြပါစေ

.Myawady News

21 Nov 2013

ဆီးအိမ် ကျောက်ကပ် ဆီးသွားလမ်းကြောင်းတို့မှာ ကျောက်တည်လျှင်

ကျွန်မတို့အဖွားခေတ်က သုံးတဲ့ကျောက်ကြေဆေးနည်းလေးပါ
 ဆီးအိမ် ကျောက်ကပ် ဆီးသွားလမ်းကြောင်းတို့မှာ ကျောက်တည်လျှင်
 အုန်းသီးနုနုကို မြေပေါ်မကျအောင် ဆွတ်ခူး၍
မျက်နှာဖွင့်ပြီး ငရုတိကောင်းငါးစေ့လှော် အမှုန့်ပြု ထိုအုန်းစိမ်းရည်၌ စိမ်၍ သောက်ပါ။
ကျောက်များ ကြေ၍ ကျလိမ့်မည်။
 ကျောက်ကပ်မှာ အနည်ထိုင်ချင်နေလျှင် မနက်အိပ်ယာထစ မတ်ခွက်တစ်ခွက်ရေအပြည့်သောက်ပေးပါ။ပျောက်ကင်းပါမည်။

19 Nov 2013

အသည်းရောင်

အသည်းရောင် ဘီပိုး စိပိုး အတွက်စိတ်မညစ်နဲ့

ငုဝါ ပင်အခေါက် ကို ရွာသစ်ကြီး ထန်းညက် နှင့်

၃ ခွက် တစ်ခွက် တင်အောင်ကြို ပီးသောက်

အအေးခံပြီးသောက်ပါ။

အသက်ကယ်နိုင်သည့်ဆေးနည်းကျော်ဖြစ်ပါသည်။


ရေဆာရင် ရေအစား သံပုရာဖျော်ရည် သောက်ပါ။

အဆီနှင့် အစပ်ကို ရှောင်ရမည်

၃လ လောက်သောက်ပီး လျှင် ထူးခြားလာကြောင်း
သိနိုင်သည့် လက်တွေ့ ဆေးနည်းကျော် ဖြစ်ပါသည်။

ကိုစောလွင်

ကောလင်းမြို့မှ ဆေးနည်းမျှ ဝေပါသည်။

14 Nov 2013

ရယ်မောခြင်း၏ ကောင်းကျိုးများ

(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေသည်

ရယ်မောခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်သကဲ့သို့ အထောက်အကူပြုသည်။ ထို့ကြောင့် နှလုံးသွေးကြောများထံ သွေးစီးဆင်းမှုကောင်းမွန်ပြီး နှလုံးဖောက်ပြန်မှု (heart attack) မဖြစ်အောင် ကာကွယ်ပေးသည်။

(၂) စိတ်ကျရောဂါသက်သာစေသည်

ရယ်ခြင်းကြောင့် အင်ဒိုဖင်(endorphn)်ဟော်မုန်းများ ထွက်လာပြီး စိတ်ခံစားမှုကောင်းမွန်စေသောကြောင့် စိတ်ကျရောဂါကို သက်သာစေသည်။

(၃) ခုခံအားကောင်းမွန်စေသည်

ရယ်ခြင်းသည် ဖိစီးမှုဟော်မုန်း (stress hormones) များ လျော့ကျစေပြီး T.cell ဟုခေါ်သည့် ခုခံအား ဆဲလ်တစ်မျိုးကို များပြားလာစေသောကြောင့် ကိုယ်ခံအားကောင်းမွန်လာစေသည်။

(၄) နာကျင်မှုသက်သာစေသည်

ရယ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းအများအပြားထွက်ရှိလာပြီး ယင်းဟော်မုန်းများ၏ အာနိသင်ကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိလာစေသည်။

(၅) မှတ်ဉာဏ်ထက်သန်စေသည်

ကျွမ်းကျင်သော၊ အတွေ့အကြုံရင့်ကျက်သော ကျောင်းဆရာများသည် ဟာသနှော၍ စာသင်တတ်ကြသည်။ စာသင်ကြားနေစဉ် ရယ်စရာ အကြောင်းအရာ ကလေးများ အခိုက်အတန့်အားဖြင့် ပြောပေးခြင်းသည် စာသင်သား၏ ဦးနှောက်ကို ကောင်းမွန်စွာ အနားရစေပြီး မှတ်ဉာဏ်စွမ်းရည် တိုးတက်စေသည်။

(၆) ကလီစာများ လှုပ်ရှားသန်မာစေသည်

ရယ်လိုက်သည့်အခါတိုင်း ရင်ဝမ်းခြားကြွက်သား (diaphragm) ၊ ၀မ်းဗိုက်ကြွက်သား၊ အသက်ရှူလုပ်ငန်း ကြွက်သားများနှင့် မျက်နှာကြွက်သားများ အလုပ်လုပ်ရသည်။ ထို့ကြောင့် ကြွက်သားများ ပိုမိုပျော့ပျောင်းစေပြီး ကလီစာများပါလိုက်လံလှုပ်ရှားရသည့်အတွက် သွေးစီးဆင်းမှုကောင်းမွန်စေသည်။

ဇော်ကို
Source: Top10zen
credit to >>Health Updates Journal October 30, 2013

8 Nov 2013

လူ့ခန္တာကိုယ်အကြောင်းအံ့အားသင့်ဖွယ်ရာအချက်များ

-အမျိုးသားတွေကတစ်နေ့ဆံပင်အချောင်းရေ 40ကျွတ်ပြီးအမျိုးသမီး
တွေကတစ်နေ့ဆံပင်အချောင်းရေ 70ကျွတ်တတ်ပါတယ်။
-သွေးထဲမှာရှိတဲ့ဆားပမာဏနဲ့ပင်လယ်ထဲမှာရှိတဲ့ဆားပမာဏအတူတူ
ပါပဲ။
-သင့်အရပ်ဟာညဘက်မှာထက်မနက်ခင်းဘက်မှာပိုရှည်နေပါတယ်။
-တစ်နေ့မှာနှလုံးဟာခန္တာကိုယ်ထဲမှာအကြိမ် 1000 ခန့်သွေးလည်ပတ်
မှုရှိပါတယ်။
-မျက်တောင်တွေဟာ 150 ရက်ကြာရင်သက်တမ်းကုန်ပါတယ်။
-မျက်ခုံးတစ်ဖက်မှာအမွေး 500ရှိပါတယ်။
-ပျှမ်းမျှအားဖြင့်လူ့ခန္တာကိုယ်မှာနာဗ်ဆဲလ်100ဘီလျံလောက်ရှိပါတယ်။
-မျက်လုံးဖွင့်ပြီးနှာမချေနိုင်ပါဘူး။
-အရိုးတွေကကွန်ကရစ်ထက်လေးဆပိုသန်မာပါတယ်။
-အရသာခံအဖုရဲ့သက်တမ်းကပျှမ်းမျှအားဖြင့်10 ရက်ပဲရှိပါတယ်။
-လူတွေဟာခုံညင်းမပါပဲမွေးလာပြီးအသက် 2-6 နှစ်အရွယ်ထိတိုင်အောင်
မထွက်လာသေးပါဘူး။
-ကလေးတွေကဆောင်းရာသီမှာကြီးထွားနှုန်းပိုမြန်ပါတယ်။
-မျက်စိတွေကဘ၀တစ်လျှောက်လုံးအရွယ်အစားတစ်မျိုးထဲပဲဖြစ်ပေမယ့်
နားရွက်နဲ့နှာခေါင်းတွေကတော့ဘယ်တော့မှကြီးထွားမှုမရပ်သွားပါဘူး။
-မွေးဖွားချိန်မှာအရို3း00 ခန့်ရှိပေမယ့်အရွယ်ရောက်လာချိန်မှာအရိုးတွေ
က206 ချောင်းပဲရှိပါတယ်။
-လူ့ဦးခေါင်းခွံကိုမတူညီတဲ့အရိုး 26 ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
-ဆံပင်တွေကလက်သည်းမှာရှိတဲ့တူညီတဲ့ဓာတ်တွေနဲ့ဖွဲ့စည်းထား
ပါတယ်။
-နှာချေလိုက်တဲ့အခါလူ့ခန္တာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာရပ်
တန့်သွားပါတယ်။
-လျှာကလူ့ခန္တာကိုယ်မှာအသန်စွမ်းဆုံးကြွက်သားပါ။
-ယေဘုယျအားဖြင့်လူတစ်ယောက်ဟာတစ်နေ့ကိုခြောက်ကြိမ်ဆီး
သွားလေ့ရှိပါတယ်။
-အစာတွေကပါးစပ်ကနေအစာအိမ်ဆီသို့ရောက်ရှိဖို့အချိန်ခုနှစ်စက္ကန့်
ကြာပါတယ်။
-ကလေးတွေမှာလူကြီးတွေထက်အရသာခံအဖုပိုရှိပါတယ်။
-နှာချေလိုက်တဲ့အခါလေဟာတစ်နာရီ100မိုင်နှုန်းနဲ့ပျံ့နှံ့သွားပါတယ်။

ဇွန်

ကျန်းမာရေးစာတိုများစုစည်းမှု Facebook

ခြေသလုံး ကြွက်တက်ခြင်း အတွက် သဘာဝ အိမ်တွင်း ကုထုံးများ

- အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက် တက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့ နည်းပါ။

- အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုး တာက ခြေသလုံးကြွက် တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခု ပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေ သလုံးနေရာကို ကြက်သီးနွေးရေ များများ လောင်းချပေး ရပါမယ်။


- အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သ လောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေ ချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက် တက်တာ အတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။


- ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။


- ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။
- တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။


- တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစား တာကြောင့် ခြေသလုံးကြွက် တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


- ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။


- ခြေသလုံးကြွက်တက်တဲ့ နေရာကို လာ ဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေ နွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရ ပါမယ်။

ကျန်းမာရေးစာတိုများစုစည်းမှု Facebook

ကိုယ်ခန္ဓာ ပြည့်ဖြိုးလှပ လိုသူတိုင်း လိုက်နာသင့်သော နည်းလမ်း ကောင်းများ

“လူ့အလို နတ်မလိုက်နိုင်”ဆိုတဲ့ စ ကားအတိုင်း ဝတဲ့သူတွေက ပိန်ချင်ကြပြီး ပိန်တဲ့သူတွေက ခန္ဓာကိုယ် ပြည့်ဖြိုး အလှတိုးချင်ကြပါတယ်။

အစားအသောက်
- တစ်နေ့ အနည်းဆုံး ထမင်း ငါးကြိမ် စားပါ။ ဒါမှ ကယ်လိုရီ များများ ရရှိမှာ ဖြစ်ပါတယ်။ သစ်သီးခြောက်၊ ဒိန်ချဉ်၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို များများထည့် စားပါ။ သင့်ကိုယ် အလေးချိန်၊ အရပ်အ မောင်းနဲ့ လှုပ်ရှားမှု အဆင့်ပေါ်မူတည်ပြီး ကယ်လိုရီ လိုအပ်ချက်က ပြောင်းလဲနေ တတ်ပါတယ်။ ပရိုတင်းဓာတ် များများရ ရှိတဲ့ အစာတွေကို စားပေးတာကြောင့် ကြွက်သားသန်စွမ်းအောင် တည်ဆောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပဲနီလေး၊ ကုလား ပဲ၊ ပဲစိမ်းစတဲ့ ပရိုတင်းပါဝင်မှု မြင့်မား တဲ့ အစာတွေကို စားပေးပါ။
- ဥအမျိုးမျိုး၊ ငါးနဲ့ အသားတွေအပြင် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို များများ စား ပေးပါ။
- မစ်ရှိတ်(Milk Shake)၊ သစ်သီး ဖျော်ရည် စတာတွေကို သောက်တာ ကြောင့် ကိုယ်အလေးချိန်ကို မြင့်တက် စေနိုင်ပါတယ်။
- သံလွင်ဆီ၊ အခွံမာတဲ့ အစေ့အဆန်၊ မြေပဲ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေကို များများ စားပေးပါ။
- သီဟိုဠ်စေ့၊ သဖန်းသီး၊ ငှက်ပျောသီး စတဲ့ သရေစာတွေကို ထမင်းစားချိန်တစ် ချိန်နဲ့ တစ်ချိန်ကြား စားပေးသင့်ပါတယ်။ - အာလူးနဲ့ ပြောင်းဖူးတို့လို ကစီဓာတ် များတဲ့ ဟင်းသီးဟင်းရွက်တွေကို များ များ စားပေးပါ။
- သစ်သီးဖျော်ရည်နဲ့ သစ်သီးခြောက် တွေမှာ ကယ်လိုရီအများအပြား ပါဝင် တာကြောင့် သင့်ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။


အနားယူမှု
- တစ်ညအနည်းဆုံး အိပ်ချိန် ရှစ်နာရီ ထားပေးရပါမယ်။
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပြီး များများအနား ယူပေးပါ။


လေ့ကျင့်ခန်း
- လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် လျော့ကျဖို့ အတွက်ပဲ အသုံးဝင် တယ်လို့ လူအများစုက ထင်နေကြ ပါတယ်။ နေ့စဉ် အသင့်အတင့် လေ့ကျင့်ခန်း လုပ်တာ ကြောင့် ကြွက်သားထု ထည်ကို တိုးစေပြီး အစာစားချင်စိတ်ကို ကောင်းမွန်စေ ပါတယ်။
- ပုံမှန် လေ့ကျင့်ခန်း အသင့်အတင့် လုပ် တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေကာ အစာခြေဖျက် နှုန်း တိုးတဲ့အတွက် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ အညီ တိုးစေတာ ဖြစ်ပါ တယ်။ အဆီတွေ မတိုးဘဲ ကြွက်သား ထုထည်တိုးကာ ပြည့်ဖြိုးလှပစေဖို့ရာအ တွက် လေ့ကျင့်ခန်းက မဖြစ်မနေ အရေး ပါလှပါတယ်။

ဇွန်
BY GOOD HEALTH

29 Oct 2013

ကျန်းမာအောင်နေနည်း (Health tips to keep you healthy)

၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း
ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။

၂။ ဂျုံ၊စပါး ဆက်စပ်အစားအစာ စားသုံးခြင်း
ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာ ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိသဖြင့် အမျိုးမျိုး စုံလင်လှသော အစားအစာ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျုံနဲ့ ပက်သက်တဲ့အစားအစာကို စားသုံးရာမှာ မသန့်ရှင်းတဲ့ ဆီများ အသုံးပြုတာများရင်တော့ မကောင်းပါဘူး။ ဥပမာ- ၃၊ ၄ ရက် အသုံးပြုထားသော စားအုန်းဆီတွင် အီကြာကွေး များ ကြော်ရာတွင် ပြန်လည် အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့က ခန္ဓာကိုယ်က လိုအပ် တဲ့ အဓိက အာဟာရများကို ပေးစွမ်းတဲ့ ပင်မ အစားအစာဆိုတာ စာဖတ်သူ တို့ သိရှိမယ် ထင်ပါတယ်။

၃။ အရေအပြားကို ဂရုစိုက်ခြင်း
နေရောင်ခြည်အောက် အမြဲသွားလာနေသူများအတွက် မိမိအရေအပြားကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတွေ့လို့ မသိသာပေမယ့် ကြာလာတဲ့အခါ အရေအပြားနဲ့ ပက်သက်တဲ့ ရော ဂါတွေ ဖြစ်စေပါတယ်။ (ဥပမာ- အရေအပြားကင်ဆာ၊ အရေ အပြား လှောင်ခြင်း၊ ပျက်ဆီးခြင်း)။ ဆောင်းရာသီဆိုရင်လည်း အသားအရေ အပ်ကွဲခြင်းကင်းအောင် အရေအပြား ထိန်းသိမ်းတဲ့ လိမ်းဆီများ အသုံးပြုနိုင် ပါတယ်။ အရေအပြားဟာလည်း အိုမင်းမှုကို လူသိအောင် ပြသတဲ့ အစိတ် အပိုင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမကောင်းကိုလည်း အရေအပြား ကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ပဲ အရေအပြား ဆိုပြေမှု ရှိမရှိ၊ နီခြင်း၊ ဝါခြင်း ရှိမရှိ တို့က မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို ဖော်ပြနေခြင်း ဖြစ်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၎။ ငါးများများစားခြင်း

ငါးက အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေမှ တစ်ကြိမ်တောင် ငါးမစားဖြစ်သူတို့ထက် နှလုံးနဲ့ ဆက်စပ် ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် လျော့နည်းတာကို တွေ့ရှိထားပါတယ်။ ငါးစားခြင်းဟာလည်း မိမိရဲ့ ပင်မ အသက် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

၅။ လက်ဘက်ရည်သောက်ခြင်း
လက်ဘက်ရည်ကြမ်း၊ လက်ဘက်ရည်ချို သောက်သုံးသူများ ဟာ နှလုံးရော ဂါနဲ့ သေနိုင်စွမ်း အင်မတန် နည်းတယ်လို့ ဆိုထားပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေတဲ့အတွက် tea ဆိုတာ ကျန်းမာရေးကောင်းရန် အထောက်အကူ အရွက်တစ်မျိုးလို့ သတ်မှတ် ထားကြပါတယ်။

၆။ ဆေးလိပ်ရှောင်ခြင်း
ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ လူကို တဖြည်းဖြည်းနဲ့ သတ်နေတာကို သိလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်ဟာ များသထက်များ လာပါတယ်။ လူကြီး၊ လူငယ်တင်မကပဲ ၁၀ နှစ် အထက် ဆေးလိပ်သောက် သူ အရေအတွက်ပါ တိုးတက်လာပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်သလို အနှံ့ ရှူရှိုက်ရသူ ပတ်ဝန်းကျင်က လူများကိုလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုး ၂ ဆမက ခံရတယ်လို့ ဆေးပညာရှင်များ က လေ့ လာ တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ လမ်းလျှောက်ခြင်း
လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အားကစားနည်းတွေ အားလုံးမှာ လမ်းလျှောက်တဲ့ အားကစားနည်းကသာ ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ဖြစ်ပါ တယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးကို လည်ပတ် အားကောင်းပြီး ကျန်းမာရေး ကောင်းစေပါတယ်။

အထက်ပါ ၇ ချက်ကို ပုံမှန်ပြုလုပ် ကျင့်သုံးမယ်ဆိုရင် မလုပ်သူများထက် စာရင် အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ နေထိုင်ရ တာ ကို ဆေးပညာရှင်များက လေ့လာတွေ့ရှိထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:medicfact

အောင်ခမ်း ( ရိုးရာလေး )

12 Oct 2013

ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထအချို့မှ ရရှိနိုင်သော ကောင်းကျိုးများ

အစာစားပြီးတိုင်း အချိုပွဲ စားခြင်း

အချိုစာတွေကို ကြိုက်နှစ်သက်လို့ စားသုံးတာက ကိုယ်အလေးချိန် တက်စေတယ် ဆိုပေမယ့် သင်စားတဲ့ ပမာဏကို ထိန်းချုပ်စားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့တာ ရရှိတဲ့ ကယ်လိုရီရဲ့ ၈၀ ရာခိုင်နှုန်းကို မနက်၊ နေ့လယ်နဲ့ ညစာတွေကနေ ရရှိပြီး ၂၀ ရာခိုင်နှုန်းကိုတော့ သရေစာက နေရရှိပါတယ်။ အချိုစာကို လုံးဝ မစားဘဲ ရှောင်စရာ မလိုပါဘူး။ ပမာဏကို ထိန်းချုပ် စားဖို့တော့ လိုပါတယ်။

ပြောင်းဖူးပေါက်ပေါက် စားလေ့ရှိခြင်း

ပြောင်းဖူးက ကောက်နှံတစ်ခုလုံး ပါဝင်စာပဲ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာပါ။ ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက် စားတဲ့အကျင့်ကတော့ မကောင်းပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ထောပတ်၊ ချိစ်နဲ့ သကြားတွေနဲ့ ဖောက်ထားတာမျိုး မဖြစ်ရပါဘူး။တစ်နေ့ ၈ နာရီအောက် လျော့နည်းပြီး

အိပ်ခြင်း

တစ်နေ့ကို ၈ နာရီအောက် လျော့နည်းပြီး အိပ်စက်နေလို့ ကျန်းမာရေး ထိခိုက်မှာ တွေးပူနေမိလား။ တစ်နေ့ကို ၄-၅ နာရီသာ အိပ်စက်သူ တချို့က နေ့သစ်တွေကို ရှင်သန်နိုးကြားစွာ နိုးထနိုင်ကြပါတယ်။ အိပ်ချိန်နည်းလို့ ကျန်းမာရေး ထိခိုက်မှာပဲဆိုတဲ့ စိုးရိမ်စိတ်ကို စိတ်ထဲ စွဲမနေဖို့တော့ လိုပါတယ်။

ချောကလက်မစ်ရှိတ် ကြိုက်နှစ်သက်ခြင်း

ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်း တစ်ခုပါ။ ချောကလက်မစ်ရှိတ်မှာ ပါဝင်တဲ့ သကြားက ပန်းသီးဖျော်ရည်နဲ့ ယှဉ်ကြည့်ရင် အတူတူလောက်ပဲ ရှိပါတယ်။ ချောကလက်မစ်ရှိတ် တစ်ခွက်ကနေ အာဟာရ ၁၆ မျိုး ရရှိနိုင်ပြီး ပန်းသီးဖျော်ရည် တစ်ခွက်ကနေ အာဟာရဓာတ် နှစ်မျိုးသာ ရရှိနိုင်ပါတယ်။ အဆီပါဝင်မှု နည်းတဲ့ ချောကလက်မစ်ရှိတ်ကို ရွေးချယ်သောက်ပါ။

မနက်စာတွင် ကြက်ဥစားခြင်း

ကြက်ဥစားသုံးတာက အာဟာရ အပြည့်အဝ ရရှိနိုင်ပြီး ကုန်ကျစရိတ်နည်းလို့ စားသုံးသူအတွက်လည်း တွက်ခြေကိုက်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကယ်လိုရီ ၇၀ နဲ့ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဒီ၊ ဘီ ၁၂ တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ကြက်ဥတစ်လုံး စားသုံးသူတွေဟာ နှလုံးကျန်းမာရေး အထူးကောင်းမွန်တယ်လို့ သုတေသနတချို့မှာ တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာဖြစ်ဖို့ ကြက်ဥတစ်လုံး၊ သစ်သီးတချို့နဲ့ ကောက်နှံကွေကာ၊ နွားနို့ စတာတွေ ပါဝင်အောင် စားပါ။

အဆီ စားသုံးခြင်း

အသက်ရှည်လိုရင် အဆီနည်းတဲ့ အစာတွေကိုပဲ စားဖို့ မလိုပါဘူး။ ကနေဒါမှာ ပြုလုပ်တဲ့ သုတေသနမှာ ဆယ်စုနှစ်တစ်ခု အတွင်းမှာ အဆီကို ၁၅ ရာခိုင်နှုန်း လျော့နည်း စားသောက်ပေမယ့် အဝလွန်သူဦးရေ လျော့နည်း မသွားဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဆီကို လုံးဝ မစားဘဲ ရှောင်တာမျိုးတော့ မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ စားဖို့ လိုပါတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ၊ ငါးအဆီတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


အမဲသားကင် မကြာခဏ စားသုံးခြင်း

အနီရောင်အသား ဖြစ်တဲ့ အမဲသားကင် စားသုံးတာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သင်သိထားပါလိမ့်မယ်။ အမဲသားကင် အနည်းငယ် ပမာဏစားတာက သံဓာတ်၊ ဇင့်နဲ့ ဗီတာမင် ဘီ-၁၂ တွေကို ရရှိတာကြောင့် စားသင့်တယ်လို့ တိုရမ်တိုမှ အာဟာရ ပညာရှင်ရေဇာက ပြောပါတယ်။ အမဲသားကို ကြိုက်နှစ်သက်သူတွေ အနေနဲ့ အလွန်အကျွံ စားသုံးတာ မဟုတ်ရင် သွေးတွင်း ကိုလက်စထရော ပမာဏ မများစေဖို့ အဆီဖယ်ပြီး စားပါ။

ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် သရေစာစားခြင်း

သရေစာ စားတတ်တဲ့အကျင့်က ကိုယ်အလေးချိန် ကျဆင်းစေတာကြောင့် နည်းလမ်းကောင်း တစ်ခုပါ။ ဟုတ်ပါ့မလားလို့ သင်တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ပမာဏနဲ့ သင်စားတဲ့ သရေစာပေါ်တော့ မူတည်ပါတယ်။ သရေစာက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစေ့အဆန်နဲ့ သစ်သီးတွေကို စားသုံးပေးပါ။

ကစီဓာတ် စားသုံးခြင်း

ကိုယ်အလေးချိန် လျော့ချလိုသူတွေ အစားအစာ လျှော့ချစားသောက်ရာမှာ ကစီဓာတ်ကို သင့်တင့်အောင် စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ ကနေဒါနိုင်ငံမှ အာဟာရဆိုင်ရာ သုတေသီတွေရဲ့ လေ့လာမှုအရ ကစီဓာတ်ကို အလွန်အမင်း လျှော့ချစားသောက်တာ၊ အလွန်အကျွံ စားသုံးတာတွေက ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှု မရှိတာကို တွေ့ရပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင်တော့ ကစီဓာတ်ကို သင့်တင့်တဲ့ ပမာဏ စားသုံးဖို့ လိုတယ်လို့ သုတေသနကို ဦးဆောင်ပြုလုပ်သူ အန်ဝါမားချန့်က ပြောပါတယ်။

အာလူးကို နှစ်ခြိုက်စွာ စားသုံးခြင်း

အာလူးကြော်က ကျန်းမာရေး မညီညွတ်ဘူး ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်ဆိုရင် အာလူးကနေ ဗီတာမင်စီ၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေကို ရရှိနိုင်ပါတယ်။ အာလူးကို ပြုတ်ပြီး အရသာထည့်ကာ ထောင်းစားတာ၊ အာလူးမီးဖုတ်ပြီး သုပ်စားတာက ကျန်းမာရေးနဲ့ ညီညွတ်လို့ စားသုံးဖို့ သင့်တော်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
by Good Health
http://www.yatanarpon.com.mm/news/news-86100
source >>>http://natureenergycares.blogspot.com/2013/10/blog-post_6203.html#more

5 Oct 2013

သက်ရှည်ကျန်းမာစေရန် နေ့စဉ် ပြုလုပ်သင့်သော နည်းလမ်းငါးခု



သက်ရှည်ကျန်းမာစေဖို့ နေ့စဉ် လုပ်ဆောင်သင့်သော နည်းလမ်းငါးခုကို ရေးသားလိုက်ပါတယ်။

(၁) အသီးအရွက်များကို သက်တံလို အရောင်စုံအောင် စားပါ

အသီးအရွက်တွေကို အရောင်စုံအောင် စားသုံးတာက နာတာရှည် ရောဂါတွေ ဖြစ်ပွားမှုကို တားဆီးနိုင်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ကာ သက်ရှည် ကျန်းမာစေပါတယ်။ အသီးအရွက်တွေ အရောင်စုံအောင် စားသုံးတာက ရောဂါမျိုးစုံကို တိုက်ထုတ်ပေးမယ့် မတူညီတဲ့ အာဟာရဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေကို ရရှိစေပါတယ်။ နက်ပြာရောင် ဘလူးဘယ်ရီသီးကနေ အန်သိုဆိုင်ရာနင်ကို ရရှိပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ရာမှာ ကူညီပေးပါတယ်။ လိမ္မော်ရောင် မုန်လာဥနီကနေ ဘီတာကယ်ရိုတင်းကို ရရှိပြီး ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အသီးအရွက်တွေကို သက်တံလို အရောင်စုံအောင် နေ့စဉ်စားဖို့ဆိုရင် ဈေးဝယ်တဲ့အခါ အရောင်မတူညီတဲ့ အသီးအရွက် နှစ်မျိုး၊ သုံးမျိုးကို ရွေးချယ်ဝယ်ယူပြီး ထမင်းအနပ်တိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုး ပါဝင်အောင်စားပါ။

(၂) ငါး စားပါ

အိုမီဂါ-၃ အဆီတွေဖြစ်တဲ့ အီကိုဆာပန်တနောရစ် အက်စစ် (EPA) နဲ့ ဒိုကိုဆာဟက်စနောရစ် အက်စစ် (DHA) တွေက အရွယ်တင် နုပျိုစေဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဆန်ဖရန်စစ္စကို ဆေးရုံကြီးမှ နှလုံးရောဂါကု ပါရဂူ ဒေါက်တာ ရေမန်ဖာဇန်နက်ဖာနဲ့ အဖွဲ့ကပြုလုပ်တဲ့ သုတေသနမှာ EPA နဲ့ DHA တွေက ခရိုမိုဇုမ်းအဆင့်အထိ ရင့်ရော်မှု မဖြစ်အောင် လုပ်ဆောင်ပေးတယ်လို့ တွေ့ရှိပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သွေးတွင်းမှာ EPA နဲ့ DHA တွေ မြင့်မားစွာ ရှိနေပါက နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ခရိုမိုဇုမ်းတွေရဲ့ ကြီးရင့်မှုကိုလည်း နှေးကွေးစေတယ်လို့ ဆိုပါတယ်။ EPA နဲ့ DHA တွေကို အဆီများတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါတယ်။ သင်က ငါးကို ကြိုက်နှစ်သက်မှု မရှိပါက EPA နဲ့ DHA ရရှိအောင် ဖြည့်စွက် သောက်သုံးပါ။

(၃) သွားကြားပွတ်ကြိုး သုံးပါ

သွားကြားပွတ်ကြိုး အသုံးပြုတာက သွားဖုံးအတွက် သက်ရှည် ကျန်းမာဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ သွားကြားပွတ်ကြိုးကို တစ်နေ့တစ်ကြိမ် အသုံးပြုတာက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး သွားဖုံးရောင်တာနဲ့ သွားပိုးပေါက် ဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အဲဒီဘက်တီးရီးယားတွေက သွေးကြောကတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ အဲဒီကိုယ်တွင်း ရောင်ရမ်းမှုတွေက နှလုံးနဲ့သွေးကြော ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ သွားကြားပွတ်ကြိုး အသုံးပြုပြီး သွားကြားမှာ ကပ်ငြိနေတဲ့ အစာတွေကို ဖယ်ရှားလိုက်ပြီး ဘက်တီးရီးယား ပေါက်ပွားမှုကို ဟန့်တားနိုင်ပါတယ်။ သွားဘက်ဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုအရ နေ့စဉ်သွားကြားပွတ်ကြိုး အသုံးပြုသူတွေဟာ အသုံးမပြုသူတွေထက် သွေးတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ခြေ ၈၆ ရာခိုင်နှုန်း လျော့နည်းစေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

(၄) လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည် သောက်ရုံနဲ့ ကင်ဆာကို တိုက်ထုတ်နိုင်တယ်လို့ မဆိုနိုင်ပေမယ့် သက်ရွယ်ကြီးရင့်မှုကိုတော့ တားဆီးနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်ထဲမှာ အင်တီအောက်ဆီးဒင့် အက်ပီဂယ်လိုကက်တီချင် -၃ -ဂဲလိတ် (EGCG) ပါဝင်ပြီး နေ့စဉ်သောက်သုံးပါက တစ်ပတ်အတွင်းမှာ ကိုယ်အလေးချိန် သုံးပေါင်လောက် ကျဆင်းစေတယ်လို့ အမေရိကန် ဆေးပညာဆိုင်ရာ အာဟာရဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။ ပညာရှင်တွေက တစ်နေ့ကို လက်ဖက်စိမ်း လက်ဖက်ရည် ၃-၅ ခွက် သောက်သုံးပါက အဆီတွေကို လျော့နည်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်တယ်လို့ ဆိုပါတယ်။

(၅) လှုပ်လှုပ်ရှားရှား နေထိုင်ပါ

လှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့ သူတွေမှာ ကြွက်သားတွေ ဆုံးရှုံးပြီး သက်ရွယ်ကြီးရင့်တဲ့ ဖြစ်စဉ်ကိုအားပေးပါတယ်။ သက်ရွယ်ကြီးရင့်မှုမှာ အဓိကသိသာတဲ့ အချက်က ကြက်သားတွေ သန်မာမှုနဲ့ ဆက်စပ်နေပါတယ်။ နယူးဂျာစီမှ အားကစား လေ့ကျင့်ပေးသူ ကိတ်ကော့က မနက်ပိုင်းမှာ လမ်းလျှောက်ပေးတာက အဓိကကျတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ရာသီဥတုသာယာတဲ့ နေ့တွေမှာ အိမ်အပြင်ထွက် လမ်းလျှောက်တာ၊ သစ်ပင်စိုက်တာ၊ ပေါင်းမြက်တွေ ရှင်းတာ၊ တံမြက်စည်းလှဲတာ စတာတွေကို လုပ်ဆောင်တာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ အချိန်ပေးနိုင်ရင် အားကစားခန်းမ သွားပြီး လေ့ကျင့်ခန်းတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

3 Oct 2013

လေတက်ခြင်း Belching

Belching လေတက်တာကို Burping, Ructus, Eructation စသဖြင့် ခေါ်တယ်။ အစာလမ်းကြောင်းထဲက လေတွေ အထက်တက်ပြီး ပါးစပ်ကနေ ထွက်လာတာဖြစ်တယ်။ အများအားဖြင့် အစာမျိုပြွန် နဲ့ အစာအိမ်ထဲက လေတွေ တက်-ထွက်လာတာပါ။ လေတက်ရင်း အသံပါထွက်တယ်။ တခါတလေ အနံ့အသက်လဲပါမယ်။

လူတိုင်းအဲလိုဖြစ်ကြပေမဲ့ လူ့ရှေ့သူ့ရှေ့ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြတယ်။ လေတက်ခြင်းရဲ့ ဇီဝကမ္မဗေဒ လူတိုင်း အစာဖြစ်ဖြစ် ရောဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် မျိုးချခိန်မှာ လေပိုပါ မျိုချတယ်။ မကြာမတင် လေကို ထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင် နဲ့ အောက်စီဂျင် တွေပါနေတယ်။

Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်။ ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်။ ဒါမျိုးထဲမှာတော့ Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက် ပါနေတယ်။ Metformin နဲ့ Byetta လို ဆီးချိုဆေးတွေကလဲ လေပိုတက်စေတယ်။ လေတက်တာနဲ့အတူ အစာမကျေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာ နာတာတွေပါ တွဲဖြစ်နေရင် အနာ၊ ဒါမှမဟုတ် Hiatal hernia အစာမျိုပြွန် အထက်ကျွံတာ ဖြစ်မလား ဆေးစစ်ရမယ်။

လေတက်ရင် အသံထွက်တာဟာ အစာမျိုပြွန် အထက်ဖျားက အထိန်းဝိုင်း တုန်ခါလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ လေတက်တာ မဆန်းပါ။ နို့စို့ရင်း လေပါမျိုးလို့၊ လေတက်မယ်။ မတက်နိုင်ရင် အနေရခက်ပြီး ငိုမယ်။ အန်မယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ရမယ်။ ကလေးကို ပခုံးပေါ်မှာ မသာတင်၊ သူ့ဗိုက်ကို ပွေ့တဲ့ရဲ့ ရင်ပတ်နဲ့ ကပ်ထား၊ ကျောကလေးကို အသာပွတ်-ပုတ်ပေးရတယ်။ လေထွက်ရင် အမေကပြုံးလိမ့်မယ်။

အမေလေတက်လို့ Excuse me! မပြောရင် ရိုင်းရာကျတယ်။ ခွေးတွေ၊ ကြောင်တွေလဲ လေတက်တာဘဲ။ အစာစားတာ မြန်ရင်လဲ လေတက်တယ်။ စားရင်း စကားများများ ပြောရင်လဲ တက်မယ်။ Chew gum ဝါးလို့လဲ တက်မယ်။ ဖျော်ရည်ကို ပိုက်နဲ့ စုပ်သောက်တာလဲ လေပိုဝင်စေနိုင်တယ်။
Acid reflux အက်စစ်ဓါတ် အထက်ဆန်တာကတော့ အစာမျိုပြွန် အောက်ဖျားက အထိန်းဝိုင်း သိပ်မကောင်းလို့ ဖြစ်တယ်။ သူကောင်းနေမှ အစာအိမ်ထဲရောက်သွားပြီဖြစ်တဲ့ အစားအစာနဲ့ ရေ-အရည်တွေကိုရော၊ အစာကျေချက်ဘို့ ထွက်လာတဲ့ အက်စစ်ဓါတ်တွေကို အစာအိမ်ကနေ အထက်တက်မလာစေအောင် ထိန်းပေးနိုင်တယ်။
ဒီလိုဖြစ်သူတွေမှာ ရင်ပတ်ရိုး အောက်မှာ ပူလောင်နေတာမျိုးထံစားရမယ်။ ဗိုက်လဲ အောင့်မယ်။ ပျို့ချင်မယ်။ လေတက်တာ သိပ်များလိမ့်မယ်။

အလွန်အကျွံ လေတက်ရင် Acid Reflux (GERD), Barretts Esophagus, Colitis, Colon/Bowel Disorders, Crohn's Disease နဲ့ Diverticulitis/Diverticulosis ရောဂါတွေကို စစ်ဆေးရမယ်။

GERD ဆိုတဲ့ အစာချေအရည် အထက်ဆန်တဲ့ရောဂါဖြစ်သူတွေကို အိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်စေတယ်။ ခေါင်းရင်းပိုင်း မြှင့်ထားရတယ်။ အစာကို နဲနဲချင်း အကြိမ်များများခွဲစားစေရတယ်။ ကိုယ်အလေးချိန်ဝနေရင် ချစေရတယ်။ အက်စစ်ဓါတ်များတဲ့အစာတွေ ရှောင်စေတယ်။ အဆီများတာ၊ ကြက်သံန်နီ၊ ချောကလက်၊ ကော်ဖီ၊ လဘက်ရည်တွေကိုလဲ ရှောင်စေတယ်။ GERD အတွက် ဆေးအဖြစ် Antacids ဆေးကိုတော့ လူတိုင်းလိုလိုက သုံးကြတယ်။ နောက်ပြီး Omeprazole, Esomeprazole, Pantoprazole, Lansoprazole နဲ့ Rabeprazole တွေပေးတယ်။ နောက်အမျိုးအစားဆေးကတော့ Ranitidine, Famotidine နဲ့ Cimetidine တွေဖြစ်တယ်။

- Cabbage မုံလာထုပ်၊ Legumes ပဲတောင့်ရှည်၊ Beans ပဲသီး၊ Brussels and sprouts မုံလာ အမျိုးမျိုး၊ Milk နို့တွေကို ရှောင်ထားသင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီသောက်တာလဲ မများသင့်ဘူး။
- Yoghurt ဒိန်ချဉ်ကိုလဲ ထမင်းစားပြီးစားသုံးသင့်တယ်
- ချင်း (ဂျင်း) ကလဲ သက်သောစေတယ်။
- တချို့က ချင်းပြုတ်ရည် တဇွန်း နဲ့ သုံပုရာ-ရှောက်ရည် တဇွန်းကို ထမင်းစားပြီးတိုင်း သောက်ဘို့ ဆေးနည်းပေးတယ်။
- နောက်တနည်းက (သံပုရာရည် တဇွန်း + ဆိုဒါ ဇွန်းတဝက် + ရေအေး တဖန်ခွက်) သောက်ခိုင်းတယ်။
- အစာစားတာကို တနေ့ ၄-၆ ခါ နဲနဲချင်း ခွဲစားပါ။
- စားရင်း-ဝါးရင်း ပါးစပ်ပိတ်ထားပါ။ အစာစားတာ ဖြေးဖြေးစားပါ။
- စိတ်ပူစရာ၊ စိတ်ရှုတ်စရာတွေ ပြေအောင်ကြိုးစားပါ။
- အသက် ဖြေးဖြေးရှူပါ။
- စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။ Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ ၂-၁၁-၂ဝ၁၁ ၃ဝ-၉-၂ဝ၁၃
Credit to >>Dr Tint Swe Facebook
Posted by ပိုပိုဇော် at 05:51
source >>>http://natureenergycares.blogspot.com/2013/10/belching.html#more

12 Sept 2013

ကျန်းမာရေးအတွက် အရေးကြီးသည့် BMI


ကျန်းမာရေးအတွင် BMI တွက်နည်းမိမိ၏ ကိုယ် အလေးချိန်ကို ပေါင်ဖြင့် လည်းကောင်း၊ အရပ်အမောင်း ကို ပေ၊ လက်မဖြင့် လည်းကောင်း သိထားရုံနှင့် BMI တွက်နိုင် ပါတယ်။ BMI ၁၈.၅ မှ ၂၄.၉ ကြားမှာရှိရင် ကျန်းမာရေးအတွက် အကောင်းဆုံးပါ။  BMI  ၁၈.၅ ထက် နည်းရင် ကိုယ်အလေးချိန် စံမပြည့်သူလို့ သတ်မှတ်ပါတယ်။ BMI ၂၅ နဲ့ ၂၉ ဒသမ ၉ ကြားမှာရှိရင် အဝလွန်သူလို့ သတ်မှတ်ပါတယ်။ BMI ၃၀ နဲ့ အထက် ရှိသူတွေကို အလွန်ဝသူလို့ သတ်မှတ်ပါတယ်။ သင်ရဲ့  BMI ကို အလွယ်တကူသိရှိနိုင်ဖို့ သင့်အရပ်နဲ့ ကိုယ်အလေးချိန်ကို တိုင်းတာပြီး အောက်ပါ ဇယားမှာ ကြည့်ရှုပါ။

ကျန်းမာရေးကောင်း အဝလွန် အလွန်ဝ
BMI ၁၉ ၁၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၅ ၄၀ ၄၅ ၅၀
အရပ်အမြင့် ခန္ဓကိုယ်အလေးချိန် (ပေါင်)
၎' ၁၀"  ၉၁  ၁၁၅  ၁၁၉ ၁၂၄ ၁၂၉ ၁၃၄ ၁၃၈ ၁၄၃  ၁၆၇  ၁၉၁  ၂၁၅  ၂၃၉
၎' ၁၁"  ၉၄  ၁၁၉  ၁၂၄ ၁၂၈ ၁၃၃ ၁၃၈ ၁၄၃ ၁၄၈ ၁၇၃ ၁၉၈  ၂၂၂  ၂၄၇
၅' ၀"  ၉၇  ၁၂၃  ၁၂၈  ၁၃၃  ၁၃၈  ၁၄၃  ၁၄၈  ၁၅၃  ၁၇၉  ၂၀၄ ၂၃၀ ၂၅၅
၅' ၁"  ၁၀၀  ၁၂၇  ၁၃၂  ၁၃၇  ၁၄၃  ၁၄၈  ၁၅၃  ၁၅၈  ၁၈၅  ၂၁၁ ၂၃၈ ၂၆၄
၅' ၂"  ၁၀၄  ၁၃၁  ၁၃၆  ၁၄၂  ၁၄၇  ၁၅၃  ၁၅၈  ၁၆၄  ၁၉၁  ၂၁၈ ၂၄၆  ၂၇၃
၅' ၃"  ၁၀၇  ၁၃၅  ၁၄၁  ၁၄၆  ၁၅၂  ၁၅၈  ၁၆၃  ၁၆၉  ၁၉၇  ၂၂၅ ၂၅၄ ၂၈၂
၅' ၄"  ၁၁၀  ၁၄၀  ၁၄၅  ၁၅၁  ၁၅၇  ၁၆၃  ၁၆၉  ၁၇၄  ၂၀၄  ၂၃၂  ၂၆၂  ၂၉၁
၅' ၅"  ၁၁၄  ၁၄၄  ၁၅၀  ၁၅၆  ၁၆၂  ၁၆၈  ၁၇၄  ၁၈၀  ၂၁၀  ၂၄၀  ၂၇၀  ၃၀၀
၅' ၆"  ၁၁၈  ၁၄၈  ၁၅၅  ၁၆၁  ၁၆၇  ၁၇၃  ၁၇၉  ၁၈၆  ၂၁၆  ၂၄၇  ၂၇၈  ၃၀၉
၅' ၇"  ၁၂၁  ၁၅၃  ၁၅၉  ၁၆၆  ၁၇၂  ၁၇၈  ၁၈၅  ၁၉၁  ၂၂၃  ၂၂၅  ၂၈၇  ၃၁၉
၅' ၈"  ၁၂၅  ၁၅၈  ၁၆၄  ၁၇၁  ၁၇၇  ၁၈၄  ၁၉၀  ၁၉၇  ၂၃၀  ၂၆၂  ၂၉၅  ၃၂၈
၅' ၉"  ၁၂၈  ၁၆၂  ၁၆၉  ၁၇၆  ၁၈၂  ၁၈၉  ၁၉၆  ၂၀၃  ၂၃၆  ၂၇၀  ၃၀၄  ၃၃၈
၅' ၁၀"  ၁၃၂  ၁၆၇  ၁၇၄  ၁၈၁  ၁၈၈  ၁၉၅  ၂၀၂  ၂၀၉  ၂၄၃  ၂၇၈  ၃၁၃  ၃၄၈
၅' ၁၁"  ၁၃၆  ၁၇၂  ၁၇၉  ၁၈၆  ၁၉၃  ၂၀၀  ၂၀၈  ၂၁၅  ၂၅၀  ၂၈၆  ၃၂၂  ၃၅၈
၆' ၀"  ၁၄၀  ၁၇၇  ၁၈၄  ၁၉၁  ၁၉၉  ၂၀၆  ၂၁၃  ၂၂၁  ၂၅၈  ၂၉၄  ၃၃၁  ၃၆၈
၆' ၁"  ၁၄၄  ၁၈၂  ၁၈၉  ၁၉၇  ၂၀၄  ၂၁၂  ၂၁၉  ၂၁၇  ၂၆၅  ၃၀၂  ၃၄၀ ၃၇၈
၆' ၂"  ၁၄၈  ၁၈၆  ၁၉၄  ၂၀၂  ၂၁၀  ၂၁၈  ၂၂၅  ၂၃၃  ၂၇၂  ၃၁၁  ၃၅၀  ၃၈၉
၆' ၃"  ၁၅၂  ၁၉၂  ၂၀၀  ၂၀၈  ၂၁၆  ၂၂၄  ၂၃၂  ၂၄၀  ၂၇၉  ၃၁၉  ၃၅၉  ၃၉၉
၆' ၄"  ၁၅၆  ၁၉၇  ၂၀၅  ၂၁၃  ၂၂၁  ၂၃၀  ၂၃၈  ၂၄၆  ၂၈၇  ၃၂၈  ၃၆၉  ၄၁၀

BMI (Body Mass Index) တွက်နည်း
BMI = { ကိုယ်အလေးချိန် (ပေါင်) / (အရပ်အမောင်း (လက်မ))2 } x ၇၀၃
ဥပမာ - ကိုယ်အလေးချိန် ၁၄၀ ပေါင်၊ အရပ်အမောင်း ၅ပေ ၄လက်မ (၆၄ လက်မ) ရှိရင် BMI = {၁၄၀ / (၆၄ x ၆၄) } x ၇၀၃ = ၂၄
သတိပြုရန် - အာရှတိုက်သားတွေအတွက် BMI ၂၃ နဲ့အထက်ဆိုရင် ကျန်းမာရေးပြသနာ ဖြစ်နိုင်ခြေ များပါတယ်။
Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More