Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သင်္ဘောသီး/ရွက်/ဖျော်ရည်. Show all posts
Showing posts with label သင်္ဘောသီး/ရွက်/ဖျော်ရည်. Show all posts

22 Oct 2013

~သင်္ဘောသီးစိမ်း~

( သွေးခဲရောဂါများမှကာကွယ်ပေး ခြင်း၊ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိ)

*သင်္ဘောသီးစိမ်းက သင်္ဘောသီးမှည့်ထက် ဘာလို့ပိုကောင်းသလဲ...
သင်္ဘောသီးမှည့်မှာ ဓါတ်တိုး ဆန့်ကျင်(antioxidant)ပစ္စည်းများ နှင့် ဗိုက်တာမင်တွေ ပါဝင်ပေမယ့် သင်္ဘောသီးစိမ်းမှာ ပိုမိုကြွယ်ဝတဲ့ papain ဓါတ်ကြောင့် အစာခြေအင်ဇိုင်းတွေဖြစ်ပေါ်စေပါတယ်။

*Papain ဓါတ်က အစာအိမ်ကိုဘယ် လို အကျိုးပြုသလဲ...
Papainဓါတ်ဟာခိုင်ခံ့တောင့်တင်းတဲ့ပရိုတင်းတွေကိုတောင် ချေဖျက်ပေးနိုင်ပါတယ်။ Papain ကို အသားနူးဆေး (meat tenderizer) အဖြစ်ထုတ်လုပ်ပြီး ရောင်းချလျက်ရှိ ပါတယ်။

 ဒါကြောင့် Papain ကြွယ်ဝတဲ့သင်္ဘောသီးစိမ်းကိုစားရတာအလွန်အားကောင်းတဲ့ အစာခြေအင် ဇိုင်းကို အစာအိမ်ထဲထည့်ထားတာ ပါပဲ။

*သင်္ဘောသီးစိမ်းကိုဘာကြောင့် အစာမရှိတဲ့ အချိန်မှာစားရတာလဲ...
ဗိုက်ထဲအစာမရှိတဲ့အချိန်သင်္ဘောသီးစိမ်းစားတဲ့အခါဟိုက်ဒရိုကလိုရစ်အက်ဆစ်ပမာဏနည်းစေပါတယ်။

အစာအိမ်ထဲမှာဟိုက်ဒရိုကလိုရစ်အက်ဆစ်နည်းတာကြောင့် ပရိုတင်းချေဖျက်အင်ဇိုင်းတွေဟာ အစာအိမ်မှ အူသိမ်အထိ အလေအ လွင့်မရှိဘဲ ဆင်းသွားနိုင်ပါတယ်။
 အူသိမ်ထဲရောက်လာတဲ့ ပရိုတင်းချေဖျက်အင်ဇိုင်းတွေကို သွေးလည်ပတ်မှုစနစ်ကစုပ်ယူပြီး သွေးတွင်းဓါတ်တိုးပရိုတင်း (oxidized protein) တွေကို ချေဖျက်ပေးပါတယ်။

အား ကောင်းတဲ့ပရိုတင်းချေဖျက်အင်ဇိုင်းတစ်ခုဖြစ်တဲ့ Papain ကို အစာမရှိတဲ့ အချိန် ဦးဆုံးစားလိုက်တဲ့အခါ သွေးထဲကို အလေအလွင့်မရှိ ရောက်သွားစေပြီးအဆိပ်အတောက်ပရိုတင်း တွေကိုချေဖျက်ပေးတာကြောင့် သွေးခဲရောဂါများမှကာကွယ်ပေး ခြင်း၊ကင်ဆာဆဲလ်များ ချေဖျက်ပေး ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။

(PHOTO:GREEN PAPAYA SALAD)

posted by နှင်းဆီဖူးလေးများ-Love BUDS(June1,2013)
https://www.facebook.com/loveBUDS.6
note(copy via):ဇော်ကို(healthupdates/vol.2,no.18)
photo credit to original uploader  photo fr'google


သတိ 
 ကိုယ်ဝန်လနုနေရင် ပျက်တတ်တာတော့သတိထားရပါမယ်။

3 Oct 2013

မြန်မာ့ဆေးဖက်ဝင် သင်္ဘောပင်

Item Name --------- Papaya; Papaw (သင်္ဘောပင်)
Category ------------ Raw Material
Botany Term ------- Carica papaya Linn
Species Family ---- Caricaceae

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။ စိုက်ပျိုးပင် ဖြစ်သည်။သဲမြေတွင် ၁/၄ လက်မခန့် မြှုပ်၍ အလင်းရောင် လုံလောက်အောင် ရသော ကွင်းပြင်တွင် ပျိုးထောင် ပါက ၁၅-၂၀ ရက် အတွင်း အပင် ပေါက်လာသည်။ အရွက် လေးရွက် ထွက်ပါက ပျိုးပင် ကလေး များအား ပလတ်စတစ်အိတ် သို့မဟုတ် ကျည်တောက် များတွင် ရွှေ့ပြောင်း ပျိုးယူရသည်။ ပျိုးပင်များ အရွက် ၈ ရွက်ခန့် ထွက်လာပါက ရွှေ့ပြောင်း စိုက်ပျိုး နိုင်သည်။ အကျယ် အနက် ၃ ပေ ခန့် တူး၍ မြေဆွေး မြေသြဇာ များထည့်ပြီး စိုက်ပျိုးရမည်။ အပင် ခြေရင်း၌ လိုအပ်သလို ပေါင်းရှင်း ပေးသင့်သည်။ စိုက်စတွင် ရေမှန်မှန် လောင်းပေး သင့်သည်။ အဖို တစ်ပင် ရှိက အမ ဆယ်ပင် အတွက် လုံလောက်သည်။ ရေမ၀င်ရန် ဂရုစိုက် ပေးရမည်။ အသီး စိပ်လွန်းလျှင် ကျဲအောင် ခြွေပေး သင့်သည်။ သို့မှသာ အလုံးကြီး၍ ချိုမည်။ အပင်ရှည် မျိုးမှာ ၁၀ လ မှ ၁၂ လခန့် ကြာသည်။ မပြတ် သီးသော်လည်း တန်ဆောင်မုန်း၊ နတ်တော်လ နှင့် တပေါင်း၊ တန်ခူး တို့တွင် အသီးထွက် ကောင်းသည်။ပင်လတ်မျိုး ဖြစ်သည်။ ပင်စည် အသားပွ၍ အဖြူရောင် အစေးများ ထွက်သည်။ ကြီးမားသော လက်ဝါး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်ညှာ အလွန်ရှည်၍ အလယ်ခေါင်း ပွသည်။ အပွင့်မှာ အဖိုပွင့်၊ အမပွင့် ဟူ၍ ရှိသည်။ အ၀ါနုရောင် ရှိသည်။ အသီးကြီးမား သည်။ အသီးခွံ ပြောင်ချောပြီး အတွင်းသား ထူသည်။ အဖြူရောင် အစေးများ ထွက်သည်။ အစေ့များစွာ ပါသည်။

• အပင်

ပင်လတ်မျိုး ဖြစ်၏။ အမြင့်ပေ ၂၀ ခန့်ထိ မြင့်၏။ ပင်စည်မှ အဖြူရောင် အစေးများ ထွက်၏။ အဖိုပင် အမပင် နှင့် အဖို အမ နှစ်မျိုး ပါသော အပင် ဟူ၍ ရှိသည်။

• အရွက်

အရွက်များ အပင်၏ ထိပ်ဘက်တွင် စု၍ ရွက်လွှဲ ထွက်သည်။ အရွက် အလွန် ကြီးမားသည်။ လက်ဝါး ရွက်ပေါင်း ဖြစ်ပြီး ရွက်ပြား ချောသည်။ ရွက်နား ပတ်လည် အတွန့် အဟိုက် များ ရှိ၏။ ရွက်ညှာ အလွန် ရှည်၍ အလယ် ခေါင်းပွ ဖြစ်၏။

• အပွင့်

အဖိုပွင့် အမပွင့် ရှိသည်။ အ၀ါနုရောင် ဖြစ်သည်။ အမပွင့်သည် ပင်စည်နှင့် ရွက်ညှာ ကြားတွင် ကပ်၍ ပွင့်သည်။ အဖိုပွင့်သည် ပန်းခိုင်မှ ပွင့်ညှာတံ တွဲလောင်း ကျ၍ ပွင့်သည်။

• အသီး

အသီး ကြီးမားသည်။ အသီးခွံ ပြောင်ချောပြီး အတွင်းသား ထူသည်။ အဖြူရောင် အစေးများ ထွက်သည်။ အသီးတွင်း၌ အစေ့ များစွာ ပါရှိသည်။

► အသုံးဝင်ပုံ

အသီး၊ အစေ့၊ အစေး၊ အရွက်။

• အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ သင်္ဘောပင် မှအမြစ် သည်ချုပ်၏။ လေကို ပျက်စေ၏။ ပူ၏။ မီးယပ်ကို မှန်စေ၏။ သင်္ဘောသီးမှည့် သည်ချို၏။ ၀မ်းမီးတောက်၏။ ဆာလောင်ခြင်း ကိုဖြစ်စေ၏။ ကြေညက် လွယ်၏။ ဆီးရွှင်၏။ သလိပ်ကို ပွားစေ၏။ နှလုံးကို အကျိုး ပြု၏။ သွေးကို စင်ကြယ်စေ၍ သည်းခြေကို ငြိမ်းစေ၏။ ဆီးရောဂါ နှင့် ကျောက်တည် ရောဂါ များကို ပယ်ဖျောက် တတ်၏။

► အသီးအသုံးပြုပုံ

၁။ သင်္ဘောသီး ၌လူကို ကျန်းမာ စေကာ အသက် ရှည်၍ ရောဂါ ကင်းဝေး စေနိုင်သော သတ္တိထူး ရှိ၏။ သင်္ဘောသီး စိမ်းအရည်တွင် သကြားရော၍ တစ်နေ့ ၃ ကြိမ်မျှ သောက်က သရက်ရွက် ကြီးခြင်း ပျောက်၏။
၂။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။
၃။ သင်္ဘောသီး ၀မ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
၎။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ၀မ်းပျက် ရောဂါ ပျောက်၏။
၅။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။
၆။ သင်္ဘောသီး နုနုကို ဆားနှင့် တို့စားက ဆုံဆို့နာ ပျောက်၏။

► အစေ့အသုံးပြုပုံ

၁။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ၀မ်းတွင်းရှိ သန်များ ကျ၏။

► အစေးအသုံးပြုပုံ

၁။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။
၂။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။
၃။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။
၎။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။
၅။ အစေးကို ခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး အခြင် ကြွက်သား စသည့် အစိတ် အပိုင်းများကို ပြုပြင် ရန်နှင့် အစာအိမ် အူသိမ် တို့၏ အတွင်းဆုံး အသားမျှင်များ ပျက်စီး ချွတ်ယွင်းသည့် အနာ အဆာကြောင့် ဖြစ်သော ဗိုက်နာ၊ အူနာ စသော ရောဂါများ ပျောက်ကင်း စေရန် အကောင်းဆုံး ဆေးအဖြစ် သုံးနိုင်သည်။

►အရွက်အသုံးပြုပုံ

၁။ သင်္ဘောရွက် ကြိတ်ညှစ်ရည်တွင် ဘိန်းအနည်းငယ် ရောလိမ်းသော် အကြောတက်ခြင်း ပျောက်၏။
၂။ သကျည်း ကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖြော၍ သို့မဟုတ် မီးကင်၍ ကပ်ပေးသော် ပျောက်၏။
၃။အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
♥မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြ
နိုင်ပါသည်။ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။♥
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_5178.html
shared by >>>
https://www.facebook.com/photo.php?fbid=217710991730077&set=a.215718485262661.1073741827.215704881930688&type=1&theater

12 Sept 2013

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီး မှည့်ဟာ ဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူး တွေကတော့-
(၁) အသားအရေကို လှပါစေပါတယ်။
(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။
(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၄) ဝမ်းကို ပျော့စေပါတယ်။
(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းစေနိုင် ပါတယ်။
(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။
(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစာနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောများကို ကာကွယ်ပေးနိုင် ပါလိမ့်မယ်။

ကျော်လင်းနိုင်
 http://yoyarlay.com/health/therapy/37643-2013-09-04-04-27-18

23 Mar 2013

သစ်သီးများရဲ့နတ်သမီး

ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် Healthy Foods Recipes မှာ(Health Benefits Of Papaya) အကြောင်းလေး
နဲ့ အတူ ကျန်းမာရေးနဲ့ ညီညွတ် လွယ်ကူစွာပြုလုပ်နိုင်မယ့်သင်္ဘောသီးဖျော်ရည်
အကြောင်းကိုဖော်ပြလိုက်ပါတယ်နော်။

သင်္ဘောသီး ကို တချို့နိုင်ငံတွေက ဆိုရင် အသီးများရဲ့ နတ်သမီး လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်၊ ဘာလို့လဲဆိုတော့သူရဲ့ထူးကဲတဲ့အရသာရယ်၊ လှပတဲ့ အရောင်နဲ့ လန်းဆန်းသွားစေတဲ့ သူ့ရဲ့ အမွှေးနံသာကြောင့်ဖြစ်ပါတယ်။

သဘောင်္သီးကို ဘာလို့Healthy Food မှာ ရွေးချယ်ရလဲဆိုရင် သင်္ဘောသီးမှာ ပါဝင်တဲ့The Digestive Enzyme Papain ဓာတ်အားဟာ အစာကို ကြေလွယ်အောင် ကူညီပေးနိုင်ပါတယ်။ Antioxidant ကိုသင်္ဘောသီး ထဲမှာ တွေ့ရှိနိုင် ပါတယ်။ နောက် ဗ်ီတာမင် စီ၊ ဗ်ီတာမင်အီး၊ နှင့် Beta-carotene တို့ဟာ ရောင်
ရမ်းနေခြင်းများကိုလျော့စေပါသည်။ ထို့အပြင် သင်္ဘောသီးထဲမှာ ပါဝင်တဲ့
Folate ၊ ဗီတာမင်စီ ၊ ဗီတာမင်အီး၊Beta-Carotene တို့ဟာ Colon Cancer မဖြစ်ရန် ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မအီမသာဖြစ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း (ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်ခရီးသွားများ ကားစီး၊ ရထားစီး၊ လေယာဉ်စီး) မူးမော်တတ်သူများအတွက်လည်း သင်္ဘောသီး ကိုစားသုံးခြင်း ဖြင့် ကာကွယ် ပေးနိုင်ပါတယ်။ စိတ်ဝင်စားမယ့် နေရာ တော့ရောက်လာပါပြီ။ အိမ်ထောင်သည် များအတွက်လည်း အထူးကောင်းမွန်ပါ တယ်။

သင်္ဘောသီးထဲမှာပါဝင်တဲ့Arginine ဆိုတာယောက်ျားများအတွက် သား သမီးယူရန် အထောက်အကူပြုသော ဒီဓာတ်အား ဟာ သင်္ဘောသီးထဲမှာ ပါဝင် ကြောင်း ပြောပြပါရစေ။

သင်္ဘောသီးအမှည့်ကို စားသုံး မယ်ဆို လျှင် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါ တယ်။ အရမ်းအမှည့်လွန်သော သင်္ဘောသီးကို စားလျှင်တော့သူ့ အထဲမှာ ပါဝင် သော ဗီတာမင်များ ပျက်သွားတတ်ပါ သည်။ သင်္ဘောသီးအစေ့သည်လည်း ဆေးဖက်ဝင်ပါသည်။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ကို ပျားရည်ဖြင့် ရော စားလျှင် သန်ထတာကို ကောင်းမွန်စေပါ တယ်။ ခါးတဲ့အရသာရှိပါတယ်။ အခု အခါ မှာ သင်္ဘောသီး ကို နိုင်ငံ တော်တော် များများမှာ ကျန်းမာရေးအတွက်စားသုံး ရုံတင်မက သင်္ဘောသီးနှင့် ပြုလုပ်ထားသော ခေါင်းလျှော်ရည်၊ ဇရာကိုကာကွယ်တဲ့ အလှကုန်ပစ္စည်း(Anti-Aging Products) နှင့် အသားအ ရည်ထိန်းသိမ်းတဲ့ပစ္စည်း (Skin Care Products) တွေမှာပါ လူတွေ အသုံးပြု
လာတာကို တွေ့ ရပါတယ်။

ဟင်းချက်လို့အသားများကို နူးအိ စေချင်ရင်လည်းသင်္ဘောသီးစိမ်းနဲ့အရင် ဆုံး နှပ်ထားပေးပါ။ နူးအိပြီး အရသာရှိရှိ အချိန်တိုတိုနဲ့ဟင်းတစ်ခွက်ရရှိမှာပါ။

သင်္ဘောသီးကို စားလျှင် ကောင်းကျိုးရှိသလို၊ ဆိုးကျိုးလည်းရှိပါတယ်။ သင်္ဘောသီး သုံး၊ လေးရက် ဆက်တိုက် မစားသင့်ပါ။ အစာအိမ်နှင့် အူတို့ကို အားတိုးစေတဲ့(Tonic Effect )ဖြစ်စေပါတယ်။

သင်္ဘောသီးဟာ စားပွဲပေါ်က မြိန် ရာ ဟင်းတစ်ခွက် ဖြစ်နိုင်သလိုအချိုပွဲ တည်းဖို့လည်း အင်မတန်သင့်တော်ပြီး ကျန်းမာရေးနဲ့လိုက်လျောညီထွေ စားသုံး နိုင်သောသင်္ဘောသီးအကြောင်းကို အားလုံးအတွက် အမှတ်တမဲ့မှနေ အမှတ် တရ ဖြစ်စေ မယ်လို့ထင်ပါတယ်။
www.naturalnews.com မှ သင်္ဘောသီး အကြောင်းကို ပြန်လည်ကိုးကားတင်ပြထားပါသည်။



ပျော်စရာ သင်္ဘောသီးရေခဲချောင်း(Fun Papaya Healthy Popsicle (Ice-Pop))

ပါဝင်ပစ္စည်းများ
----------------
၁။ သင်္ဘောသီးအမှည့်- လက်ဖက်ရည် ပန်းကန်လုံး၂ ခွက် (အတုံးလေးများ)
၂။ ပျားရည် - စားပွဲဇွန်း ၂ ဇွန်း
၃။ လိမ္မော် သီးဖျော်ရည် - တရုတ် ပန်းကန်လုံး ၁ခွက်
၎။ Cide၊ သံပရာ(Optional)

ပြုလုပ်နည်း
-------------
၁။ ပါဝင်ပစ္စည်းများအားလုံးကို Blenderထဲ မှာထည့်၍Smooth ဖြစ်သည်အထိ မွှေပေးပါ။

၂။ ရလာသော အရည်ပျစ်ကို ရေခဲတုံးခဲတဲ့ ပုံစံခွက်ထဲသို့ထည့်ပြီး ၄ နာရီ (သို့)တစ်ညထားပြီးခဲပါ။(ပုံစံခွက်မျိုးစုံ လှလှလေး(သို့) စိတ်ဝင်စားစရာ ပုံစံခွက်များကိုအသုံးပြုလျှင် ပိုစိတ်ဝင်စားစရာIce-Pop လေးဖြစ်မှာပါ)။ ရရှိလာသောအသီးဖျော်ရည်ခဲအတုံးလေးတွေကို ဖျော်ရည်ထဲ၊ အသီးစုံ အသုပ်ထဲလည်းထည့်သုံးဆောင်နိုင်သလို ဒီအတိုင်း ရေခဲချောင်းလိုလည်းစားသုံးလို့ရပါတယ်။

**မှတ်ချက် - လိမ္မော်သီးဖျော်ရည်၊ Cider ၊ သံပရာ ကြိုက်နှစ်သက်ရာ ဖျော်ရည်ကို လည်း၂မျိုးရောဖျော်လို့ရပါသည်။ (ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးချင်လျှင် ဖျော်ရည်မထည့်ဘဲ သဘာဝအသီးဖျော်ရည်ခဲတုံးများကို ဖျော်ပေးပါ)။ သဘာဝအသီးလေးဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုလုပ်ထားသောကြောင့် လူကြီး လူငယ်မရွေးစားသုံးရင် ပျော်ရွှင်မှုကို ရရှိမှာ ပါ။

 

 သင်္ဘောသီးသံပရာဖျော်ရည်ခဲ (Love Me! Papaya – Lime Fresh Frozen Juice )

ပါဝင်ပစ္စည်းများ
----------------
၁။ သဘောင်္သီးတုံးသေး (Dice Ripe Papaya) - လက်ဖက်ရည်ပန်းကန်လုံး ၁ ခွက်

၂။ Cider - လက်ဖက်ရည်ပန်းကန်လုံး၂ ခွက်

၃။ သံပရာရည်(Fresh Lime Juice) - စားပွဲဇွန်း ၂ ဇွန်း

၎။ 2 Piece Heart Shape Papaya For Garnish - ၂ တုံး
(သင်္ဘောသီး အသည်းပုံလေးလှီးပါ။အလှဆင်ရန်)

၅။ သဘောင်္သီးဖျော်ရည်ကို ခဲထားသောသင်္ဘောသီးဖျော်ရည်ခဲ
(10 Cubes Frozen Papaya Fresh Juice) - ၁၀ တုံး

၆။ သကြားညို (Brown Sugar (Optional)) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
(ကျန်းမာရေးနဲ့ညီညွတ်စွာဖျော်မယ်ဆိုလျှင် သကြားမထည့်ပါနှင့်)

၇။ ဆား(Salt (Optional))
(ကျန်းမာရေးနဲ့ညီညွတ်စွာဖျော်မယ်ဆိုလျှင် ဆားမထည့်ပါနှင့်)

ဖျော်စပ်နည်း
--------------
၁။ ပထမဆုံး သင်္ဘောသီးကို အလုံးလိုက်ရေဆေးပါ။ ပြီးလျှင် အခွံခွာပါ။

၂။ ပြီးလျှင် ထက် ခြမ်းခြမ်းပါ။ ရလာသော ထက်ခြမ်းကိုထပ်ခြမ်းပေးပါ။ လေးမြှောင်း ရရှိမှာပါ။

၃။ သင်္ဘောစေ့များကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးဖယ်လျှင် ပိုမြန်ပါတယ်။

၎။ ½ cm အတုံးအသေးလေးများတုံးပေးပါ။ ပုံစံလှလှလေးများတုံးပြီးလည်း အမှတ်တရအဖြစ် အလှဆင်လို့ရပါတယ်။
၅။ ပြီးလျှင် Blenderထဲကို ပါဝင်ပစ္စည်းများအားလုံးထည့်မွှေပါ။ ပြီးလျှင်ပုံစံပြုလုပ် တုံးထားသောသင်္ဘောသီးတုံးလေးများကို နောက်ဆုံးမှထည့်ပါ။ ဆားနဲ့ သကြားကို နောက်ဆုံးမှာ ထည့်ပြီး မွှေပါ။

၆။ ကြိုက်နှစ်သက်ရာ ဖန်ခွက်လှလှလေးထဲမှာ သင်္ဘောသီးကိုဖျော်ပြီး အေးခဲ(Frozen)လုပ်ထားတဲ့ Frozen Papaya Cube လေး များ ကို ဖန်ခွက်ထဲထည့်ပြီးဖျော်ထားသော သင်္ဘောသီးဖျော်ရည်ကိုလောင်းထည့်ပါ။ပြီးလျှင်ပုံစံလှလှလေးလှီးထားတဲ့သင်္ဘောသီးအတုံးလေးနဲ့ဖန်ခွက်ကို အလှဆင်ပြီး တစိမ့်စိမ့်ခံစားသောက်သုံးရန် အသင့်ဖြစ်ပါပြီ။


 သင်္ဘောသီးဒိန်ချဉ်ဖျော်ရည်ပျစ်
U&Me! Papaya-Oatmeal & Yogurt Smoothies


ပါဝင်ပစ္စည်းများ
---------------
၁။ ဒိန်ချဉ် (Plain Fat-Free Yogurt)- လက်ဖက်ရည်ပန်းကန်လုံး၂ခွက်
၂။ သင်္ဘောသီး (Medium Size Ripe Papaya) - ၁ လုံး
၃။ နို့မှုန့် (Milk or Milk Powder) - စားပွဲဇွန်း ၄ ဇွန်း
၎။ Oatmeal - စားပွဲဇွန်း ၄ဇွန်း (City Mart မှာ ၀ယ်လို့ရနိုင်)
၅။ အဆီမတက်နို့ (Milk or Skim – Milk) (Low – Fat Milk)- လက်ဖက်ရည် ပန်းကန်လုံး၁ခွက်
၆။ သကြားညို (Brown Sugar) - စားပွဲဇွန်း ၁ ဇွန်း
(optional- if you want healthy drink leave sugar out)
(ကျန်းမာရေးနဲ့ညီညွတ်ရန် သောက်မယ်ဆိုရင်တော့ သကြားမထည့်ရင်ပိုကောင်းပါတယ်ရှင်)

ပြုလုပ်နည်း
------------
၁။ ပထမ ဆုံး သဘောင်္သီးကို အလုံးလိုက် ရေဆေး ပါ။ ပြီးလျှင် အခွံခွာပါ။

၂။ ပြီးလျှင် ထက် ခြမ်းခြမ်းပါ။ ရလာသောထက်ခြမ်းကိုထပ်ခြမ်းပေးပါ။ လေးမြှောင်းရရှိ မှာပါ။

၃။ သင်္ဘောစေ့များကို ဇွန်းဖြင့် ခြစ်ထုတ်ပြီးဖယ်လျှင် ပိုမြန်ပါတယ်။

၎။ ၁-၂ စင်တီမီတာလောက်အတုံးလေးများတုံးပေးပါ။ထို့ နောက်အလှဆင်ရန် ½cm လေးတုံးထားပါ။

၅။ ပြီးလျှင်Blender ထဲကိုပါဝင်ပစ္စည်း တွေအားလုံးထည့်မွှေပါ။သင်္ဘောသီးတုံး ကိုနောက်ဆုံးမှထည့်ပါ။

၆။ ကြိုက်နှစ်သက်ရာ ဖန်ခွက်လှလှလေးနှင် သုံးဆောင်မယ်ဆိုလျှင်အမြင်ရော၊ အရသာပါ တကယ်ကိုစွဲငြိစေမှာ အသေအချာ ပါ။

Syi Foodsgarden

10 Jan 2013

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)...


တရုတ် တိုင်းရင်းဆေး ဓာတ်စာ
http://www.myawady.com.mm/health/knowledge/item/3504-2013-01-03-11-44-09

20 Dec 2012

ကျီးပေါင်းအတွက် သင်္ဘောရွက်

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး

သည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။

သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင်ေ ခါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ရေးသားသူက - ကြည်လွင်မြင့်(မုဒြာ) ဖြစ်ပါသည် ။
Source >>http://www.facebook.com/zaw.zawu

Twitter Delicious Facebook Digg Stumbleupon Favorites More