Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label လေးညှင်းပွင့်. Show all posts
Showing posts with label လေးညှင်းပွင့်. Show all posts

25 Jan 2013

လေးညှင်းပွင့် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။


(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း

လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာစေပါတယ်။

(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း

လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင်ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။

(၃) ပိုးသတ်အာနိသင် ရှိခြင်း

လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။

(၄) အစာကြေစေခြင်း

လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။

(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း

လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ အစာခြေစနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း

လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။

(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကြယ်စင်
Ref>>Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More