Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အသုပ်. Show all posts
Showing posts with label အသုပ်. Show all posts

10 Dec 2014

ပင်လယ်စာ အစုံသုပ် (Seafood Salad)

ပါတီပွဲတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ ပင်လယ်စာသုပ် ..................
 ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။
 ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။
 ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။
 ဒါကြောင့် ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ 

လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ဒီတပတ်အတွက်တော့ … မိသားစုပါတီတွေ၊ သူငယ်ချင်းတွေနဲ့ ဆင်နွှဲကြတဲ့ ပါတီတွေမှာ ရိုးရှင်းလွယ်ကူတဲ့ ပင်လယ်စာအသုပ်လေး အကြောင်း တင်ဆက် ပေးလိုက်ပါတယ်။

ပင်လယ်စာတွေ စားသုံးမယ်ဆိုရင် ရိုးရှင်းတဲ့ နည်းလမ်းကို အသုံးပြုသင့်သလို၊ အချိန်အကြာကြီး ချက်ပြုတ်ခြင်း ကိုလည်း ရှောင်ရှားသင့်ပါတယ်။ တချို့ ပင်လယ်စာတွေက တကယ်ဆို ချက်တောင် မချက်သင့်ပါဘူး။ ပုံမှန်အာပာာရဓာတ် ဆုံးရှုံး သွားတတ်ပါတယ် …။ Mussel နဲ့ Scallop လို ပစ္စည်းတွေ မပါဘဲ တခြား ပင်လယ်စာတွေနဲ့လည်း ပြုလုပ်နိုင်ပါတယ်။

ပင်လယ်စာ အစုံသုပ် (Seafood Salad)
Oyster လို့ ခေါ်တဲ့ ကမာကောင် – ၁၀၀ ဂရမ်
Scallop လို့ ခေါ်တဲ့ ကနုကမာကောင် – ၁၀၀ ဂရမ်
ပုစွန်အလတ် – ၁၀၀ ဂရမ်
ပြည်ကြီးငါး – ၁၀၀ ဂရမ်
ငါးအသားလွှာ – ၁၀၀ ဂရမ်
ကြက်သွန်နီ – ၂ လုံး
ခရမ်းချဉ်သီး – ၂ လုံး
ချင်း – ခပ်ပါးပါး ၄ ချပ်ကို အမျှင်ပုံစံလှီးပါ
ကြက်သွန်ဖြူ – ၃ တက်
ငရုတ်သီးတောင့်နီ – ၄ တောင့်
သံပုရာရည် – ၂ ဇွန်း
ငါးငံပြာရည် – ၂ ဇွန်း
သကြားရည် – ၂ ဇွန်း
ငရုတ်ဆီ (ချီတို) – ၁ ဇွန်း
နံနံပင်၊ ပူဒီနံ၊ တရုတ်နံနံ – နှစ်သက်သလို

ပုစွန်ကို ခေါင်းချိုး၊ အခွံခွာ အမြီးလေး ချန်ထားကာ ချေးထုတ်ပါ။ ပြည်ကြီးငါးကို ၁ လက်မခွဲ အရွယ်လောက် ပိုင်းဖြတ်ပြီး ဓားထက်ထက်နဲ့ အကွက်လေးတွေ ရအောင်မွှန်းပါ။
Scallop ကိုလည်း အသားထုတ်ပါ။ အဲဒီသုံးမျိုးကို သံပုရာသီးတစိတ်၊ ချင်း အနည်းငယ်နဲ့ ရေနွေးဖျောကာ ချက်ချင်း အအေးပြန်ခံထားပါ။
Oyster လို့ ခေါ်တဲ့ ကမာကောင်ကိုတော့ ဓားနဲ့ခွဲပြီး ဆားလေးအနည်းငယ် ဖြူးကာ သံပုရာရည် ညှစ်ထားပေးပါ။
ကြက်သွန်နီ ခပ်ကြမ်းကြမ်းလှီးပြီး ရေဆေးသလို ခရမ်းချဉ်သီး ကိုလည်း အစေ့ အူတိုင်တွေထုတ်ကာ ခပ်ကြီးကြီးလှီးပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်နီတို့ကို နုပ်နေအောင် စဉ်းပါ။
ဇလုံခပ်ကြီးကြီး တခုမှာ ငါးငံပြာရည်၊ သကြားရည်၊ သံပုရာရည်၊ ငရုတ်ဆီ၊ ချင်းတို့နဲ့အတူ နုပ်နုပ်စင်းထားတဲ့ အရောကို သမအောင် မွှေပေးပါ။
ပင်လယ်စာ အားလုံးကိုလည်း ထည့်ပေါင်းပြီး ညင်သာစွာ နှံ့အောင်မွှေပေးပါ။
အဲဒီနောက်မှာတော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ထည့်ပေါင်းပြီး မိမိနှစ်သက်ရာ ပူဒီနံ၊ နံနံပင်၊ တရုတ်နံနံ အရွက်ကလေးတွေနဲ့ အလှဆင် သုံးဆောင်နိုင်ပါပြီ။ ..........

 http://burma.irrawaddy.org/sport/2014/12/06/68197.html

Thai style ကြက်သားသုပ်

ဒီအသုပ်ကိုအရမ်းကြိုက်လို့ Thai စားသောက်ဆိုင်တွေသွားတိုင်းအမြဲစားဖြစ်တဲ့အသုပ်လေးပါ
ဒီသုပ်နည်းကကြက်သားအစား ပုဇွန် ဝက် အမဲသား
ကြိုက်နှစ်သက်တဲ့ အသား ကလီစာ တွေကိုသုပ်စားလို့ရပါတယ်နော်။








 ကြက်သားသုပ်ဖို့အတွက်
ကြက်သားကိုပြုပ်ရန်အတွက်
ကြက်သားအတုးံလိုက် သို့ ကြိတ်ထားတဲ့အသားကိုဆား အချို စပါးလင် တောရှောက်ခါးသီးအရွက် ပတဲကော ထည့်ပြီးပြုပ်ထားပါ
အသားကိုအရမ်းခြောက်အောင်မပြုပ်ဘဲစိုစိုလေးထားပေးပါ
ပါဝင်ပစ္စည်းများ
ဆန်လှော်မူန့်
ငရုပ်သီးအလွှာမူန့်
Thai ငါးငံပြာရည်
ကြက်သားမူန့်
ငရုပ်သီးစိမ်း
ကြက်သွန်နီ/မြိတ်
နံနံပင်
သံဖုရာသီး တို့နဲ့ပြုပ်ထားသောအသားများကိုထည့်သုပ်ပေးပြီး
ချဉ် ငံ စပ် အရသာ စိတ်မြည်းပါနော်.......


credit -  စားကြမယ် ၊ချက်ကြမယ်၊

18 Jun 2014

ကြက်ခြေထောက် အရေခွံသုပ်

ကြက်ခြေထောက် အရေခွံခွါပြီးသား ဝယ်မရတာနဲ့ မစားရဘူး မဖြစ်ရအောင် ကိုယ်တိုင်ခွါပြီး သုပ်ကြရအောင်…..

**... ကြက်ခြေထောက် အရေခွံခွါရန် အတွက် လိုအပ်တာလေးတွေ…

1. ခြေသည်းများဖြတ်ကာ အကြေးခွံခွါထားသော ပြည့်ပြည့်ဖြိုးဖြိုး ကြက်ခြေထောက် – ၁၅ ချောင်း
2. ရှာလကာရည်(vinegar) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ပွက်ပွက်ဆူနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
4. ခဲလုနီးပါးအေးနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
5. ရေခဲတုံး – 2 cups (500 ml)ခန့်

ကြက်ခြေထောက် မြှုပ်လောက်အောင် ထည့်ထားသည့် ရေ ပွက်ပွက်ဆူလာလျှင် ရှာလကာရည် နှင့် ကြက်ခြေထောက်များကို ထည့်ပါ။

အိုးအဖုံး အနည်းငယ်ဟပြီးဖုံးကာ medium heat ဖြင့် ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပေးပါ။ (နူးအိသွားအောင် မပြုတ်ရပါ။)

ပြီးလျှင် ရေပူများသွန်ပစ်ပြီး ရေခဲစိမ်ထားသည့် ရေခဲရေထဲ ချက်ချင်း ထည့်ပေးပါ။

 (အရမ်းပူနေရာမှ အရမ်းအေးသွားသောကြောင့် ကျုံ့ပြီးမာသွား သဖြင့် ခွါရလွယ်ကူသွားစေပါတယ်။)

ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစ၍ အရိုးကိုထိပြီး လှီးချပေးပါ။

ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။

အလယ်ရိုးအကြီးချိုးပြီးလျှင် ခြေချောင်းကလေးများ၏ အလယ်နေရာများကို ဓါးဖြင့်ခွဲပြီး အရိုးအသေးလေးများကို ထုတ်ပေးပါ။

ကျန်သည့် ခြေထောက်များအားလုံးကို ဤနည်းအတိုင်း အရိုးထုတ်ပေးပါ။

**... ကြက်ခြေထောက် အရေခွံသုပ်ရန် အတွက် လိုအပ်တာလေးတွေ…

1. အရိုးထုတ်ပြီးနောက် ကြိုက်နှစ်သက်သလို ဖဲ့ရွဲ့ထားသော ကြက်ခြေထောက် – ၁၅ ချောင်း
2. အစေ့ထုတ်ပြီး ပါးပါးလှီးထားသည့် ခရမ်းချဉ်သီး – 1 cup (250 ml)ခန့်
3. ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)ခန့်
4. လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးထားသည့် နံနံပင် နှင့် ကြက်သွန်ပင် (သို့)

 ပူစီနံ – 1 cup (250 ml)ခန့်
5. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
6. ငါးငံပြာရည် – ထမင်းစားဇွန်း ၅ ဇွန်း
7. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
8. ready made ground chilli – လက်ဖက်ရည်ဇွန်း ၅ ဇွန်း (ထောင်း (သို့) တောက်တောက်စင်းထားသော ငရုတ်သီးစိမ်း နှင့် အရောင်လှအောင် ငရုတ်ဆီကို အစားထိုးနိုင်)

အားလုံးကို ဇလုံထဲထည့်ကာ ခပ်ဖွဖွရောနယ်သုပ်လိုက်လျှင် ချဉ်ချဉ် ငံငံ စပ်စပ် စားကောင်းလှသော ကြက်ခြေထောက် အရေခွံသုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

by Chaw Su's Food Friends

2 May 2014

ပဲပင်ပေါက်သုပ်

ပဲပင်ပေါက်..............၃၀၀ ဂရမ်ခန်.
ကြက်သွန်နီ.............၁ လုံး (ပါးပါးလှီး)
နှမ်းလှော်.................၁ဇွန်း(ထမင်းစားဇွန်း)
နှမ်းဆီ.....................၁ဇွန်း(..........။......)
ကြက်သွန်ဖြူ .............၃ တက်( ညှက်နေအောင်စဉ်းပါ)
သံပုရာသီး.................၁ စိတ်
ဆား+ ဟင်းခတ်မှုန်. ....သင့်ရုံ
ကြက်သွန်မြိတ်.............၃ ပင် (ပါးပါးလှီး)
ငရုတ်သီးစိမ်းတောင့်နီ....၂ တောင့်(နုပ်နုပ်စဉ်း)

အိုးတစ်လုံးမှာရေနွေးကိုဆူအောင်တည်ပါ။ရေနွေးဆူရင်ပဲပင်ပေါက်တွေထည့်
ပြီးခဏမှာပဲ..ဇကာတစ်ခုထဲသို.လောင်းချ ၊ရေအေးလောင်း ၊ အအေးခံ ၊
ရေစစ်ထားပါ။

ရေစင်အောင်ဆိုပြီးလက်နဲ.ဖိမညှစ်လိုက်ပါနဲ. ( ပဲပင်ပေါက်အဟာရဓါတ်အကုန်ဆုံးရှုံးပြီး အဖတ်တွေပဲစားရပါလိမ့်မယ်)
ကြိုးဆွဲ လေပန်ကာပါတဲ့ဇကာနဲ.ရေစင်အောင်တော့ပြုလုပ်ပေးနိုင်ပါတယ်။
( သို.)အ၀တ်သန်.နဲ.ရေစုပ်ယူပေးနိုင်ပါတယ်..။

ပါဝင်ပစ္စည်းအာလုံးရောထည့်ကာ ခပ်ဖွဖွလေးနှံ..အောင်နယ်ပေးလိုက်ရင်..
လတ်ဆတ်ပြီး..အဟာရပြည့်သော၊ရနံ.မွှေးသောပဲပင်ပေါက်သုပ်စားလို.ရပါပြီ။

ပာင်းချက်နည်းများ

28 Apr 2014

သရက်သီးသုပ်

သရက်သီးကိုပုံစံတစ်မျိုးလေးပြောင်းသုပ်ပါတယ်။
သရက်သီး...........................၂ လုံး
ကြက်သွန်နီ..........................၂ လုံး
ကြက်သွန်နီ+ဖြူ ဆီချက်............၂ ဇွန်း(ထမင်းစားဇွန်း)
မြေပဲထောင်း ........................၂ ဇွန်းခန်.
ပဲကျက်မှုန်. ...........................၁ ဇွန်းခန်.
ပုစွန်ခြောက်မှုန်....................၁ ဇွန်းခွဲခန်.
ငရုတ်သီးလှော်မှု န်. ................၁ ဇွန်း( လက်ဖက်ရည်ဇွန်း )
ဆား+ဟင်းခတ်မှု န်.................လိုအပ်သလို .....

သရက်သီးကို စိန်ခလုတ်အကြီးစားနဲ.ခြစ်ပြီး..ဆားပါတဲ့ရေမှာ ၃ နာရီခန်.ရေစိမ်ထားပါ။

ထိုစဉ်အချိန်အတွင်း ကြက်သွန်နီ + ဖြူ ကိုနနွင်းလေးပါသည်ဆိုရုံနှင့် ဆီချက် ချက်ထားပါ။

မြေပဲကိုလည်းလှော်ပြီးထောင်းထားပါ။

ပုစွန်ခြောက်ကိုလည်း..ကြိတ် (သို.) အမှုန်.ရအောင်ထောင်းပါ။

ကြက်သွန်နီကိုပါးပါးလှီးရေဆေး...ရေစစ်ထားပါ။

အားလုံးအဆင်သင့်ဖြစ်ရင်..သရက်သီးတွေကိုရေကုန်စင်အောင်ညှစ်ထုတ်ပြီး
ကြက်သွန်နီ ၊ ဆီချက် ၊ မြေပဲထောင်း ၊ပဲကျက်မှုန်. ၊ ပုစွန်ခြောက်မှုန်. ၊ ငရုတ်
သီးလှော်မှုန်. ၊ အရသာလိုအပ်သလိုထည့်ပြီး..ခပ်ဖွဖွလေးနှံ.အောင်နယ်ပေးပါ။

ချဉ်ဆိမ့်လေးနဲ.အရသာတစ်မျိုးထူးတဲ့သရက်သီးသုပ်ပါ။

ပာင်းချက်နည်းများ

27 Feb 2014

ဍ ( ဒရင်ကောက်) သုပ်

ဍ( ဒရင်ကောက် ) သင်ပြီး...... ၂၀ ကျပ်သားခန်.
ကြက်သွန်နီ................ ၂ လုံး..
ကြက်သွန်ဖြူ............... ၁၀ တက်
မြေပဲ.........................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
နှမ်း..........................၂ ဇွန်း (ထမင်းစားဇွန်း)
ခြစ်ထားသောအုန်းသီးအမှုန်...၁ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ဆား..........................အနည်းငယ်
ပာင်းခတ်မှုန်. ..............အနည်းငယ်

ဍ(ဒရင်ကောက်)တွေကို
အိုးတစ်လုံးတွင်ဆားအနည်းငယ်ခပ်ပြီး ရေနွေးဆူဆူမှာ(၃) မိနစ်
ခန်.ပြုတ်ပါ...။ထို.နောက်ဇကာဆစ်ခုထဲသို.စစ်ထုတ်ပြီး..အေးသွားသည်အထိရေအေးလောင်းချပါ။
( ရေခဲရှိလျှင် ရေခဲရေထဲ၅မိနစ်ခန်.စိမ်ထားပါ)

ထို.နောက်ရေများအားလုံးကုန်စင်သည်အထိ..ညှစ်ထုတ်ပါ။

မိမိနှစ်သစ်သလိုအရွယ်တော်များပါးပါးလှီးပါ..။

ကြက်သွန်နီကိုပါးပါးလှီး၊ရွှေအိုရောင်ရအောင်ကြော်ယူပြီးဆီစစ်ထားပါ။

ကြက်သွန်ဖြူကိုနုပ်နုပ်စဉ်းပြီး...ဆီအနည်းငယ်မှ..ဆီသတ်ပါ..နနွင်းမှုန်.လေး
ပါတယ်ဆိုရုံလောက်ထည့်ပြီး..ကြွပ်ရွသည်အထိဆီသတ်ပေးပါ..။

မြေပဲကိုလှော်ပြီး..အခွံချွတ်ကာမညက်တညက်လေးထောင်းပါ။
နှမ်းတွေကိုလည်းလှော်ပြီး...သန်.စင်ထားပါ..။

ခြစ်ထားတဲ့အုန်းသီး(အမှုန်.) တွေကိုမီးအေးအေးမှာမွှေးနေအောင်လှော်ပေး
ပါ

အားလုံးအဆင်သင့်ဖြစ်ရင်တော့ဇလုံကြီးကြီးတစ်ခုမှာအားလုံးရောထည့်ပြီးနှံ.အောင်နယ်ပါ..
အချဉ်ကြိုက်တတ်ပါက..သံပုရာရည်(သို.) မန်ကျည်းမှည့်ရည်လေးထည့်ပေးနိုင်ပါတယ်..။

ကြက်သွန်နီကြော် နဲ.နှမ်းလှော်လေးတွေကိုအပေါ်ကဖြူးကာအလှဆင်သုံးဆောင်နိုင်ပါတယ်..။
ပာင်းချက်နည်းများ

ပဲခူးပုစွန်ချဉ်သုပ်

ပုစွန်ချဉ်..................၂ ထုပ်
ကြက်သွန်နီ.............၃ လုံး
ကြက်သွန်ဖြူ ............၆ တက်
ငရုတ်သီးစိမ်း............၆ တောင့်
ငရုတ်လှော်မှုန်. ........၁ ဇွန်း (ထမင်းစားဇွန်း)
ရှောက်ရွက်( သို.) နံနံပင်...အနည်းငယ်
ပဲဆီသန်..................၄ ဇွန်း(ထမင်းစားဇွန်း)

ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေး ၊စစ်ထားပါ။ ရေဆေးတဲ့အချိန်အလွန်အကျွံ မနယ်မိပါစေနဲ.( ငြီးနံ.ရသွားတတ်
ပါသည် )

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ရှောက်ရွက် (သို.) နံနံပင်တွေကိုလည်းပါးပါး
လှီးပါ။

ပုစွန်ချဉ်တွေကိုခပ်ပါးပါးလှီးကာ..ပါဝင်ပစ္စည်းတွေအားလုံးရောကာ ဟင်းခတ်
မှုန်. ၊ ဆားအနည်းငယ်တို.နှင့်အရသာသွင်းပြီး..ခပ်ဖွဖွလေးနယ်ပါ။
ပာင်းချက်နည်းများ

17 Feb 2014

ကြာဇံသုပ်

ကျွန်တော်မူလတန်းကျောင်းသားဘ၀ကတည်းကနေ..ခုချိန်ထိ..စွဲမက်စေတဲ့
အစားတစ်ခုရှိပါတယ်..။ကြာဇံနဲ.ပဲသုပ် ..ဒီအစားအစာမျိုးကို ကျောင်းတွေရဲ.
မုန်.ဈေးတန်းမှာအမြဲရနိုင်သလို ..နေ.လည်ခင်းအပျင်းပြေ လမ်းဘေးမုန်.ဆိုင်
လေးတွေမှာ...အမြဲသွားစားရတဲ့..အစားအစာတစ်ခုဖြစ်ပါတယ်..။

ကြာဇံသုပ်
******

ဆန်ကြာဇံ(၂၅) ကျပ်သားတစ်ထုပ်
ကြက်သွန်ဖြူဆီချက်...
ဆား + ဟင်းခတ်မှုန်. ...အနည်းငယ်စီ

ကြာဇံတွေကို အနည်းဆုံးနာရီဝက်ခန်.ကြိုတင်ရေစိမ်ထားပါ။

ဒန်အိုးတစ်လုံးမှာ ရေထည့်ပြီး နနွင်းမှုန်.(မိမိလိုချင်တဲ့အရောင်အရင့်ပေါ်မူ
တည်) ပြီးထည့်ကာ..ရေဆူလာလျှင် ကြာဇံတွေထည့်ပြုတ်ပါ။

ဇကာတစ်ခုမှစစ်ချပြီး..ရေအေးလောင်းပါ။ အေးသွားပြီဆိုရင်တော့..ဆား၊
ဟင်းခတ်မှုန်. ၊ ကြက်သွန်ဖြူဆီချက်တို.နှင့်သမအောင်ရောနယ်ပါ။

ပဲသုပ်
****
ကုလားပဲအညို ( ကြက်တူရွေးခေါင်းပဲ)...၁ ဗူး ( နို.ဆီဗူး)
အာလူး...............၂ လုံး
ပျင်းတော်သိမ်ရွက်...၃ ခက်
ကြက်သွန်နီ...........၁ လုံး
ကြက်သွန်ဖြူ.........၃ တက်
ကုလားလေးမဆလာ.၁ ထုပ်
ဆား+ဟင်းခတ်မှုန်. ..သင့်တော်သလို

ပဲလုံးတွေကိုရေဆေးပြီး..အနည်းဆုံး (၆) နာရီခန်.ကြိုတင်ရေစိမ်ထားပါ။

ပွလာပြီဆိုရင်..ဆားဆော်ဒါမှုန်.လေးအနည်းငယ်ထည့်ပြီးနှူးသည်အထိပြုတ်
ပါ။

အာလူးကိုအခွံခွါ ပြီး..အတုံးသေးလေးများလှီးထားပါ။

ကြက်သွန်နီ+ ဖြူကိုညှက်နေအောင်ရောထောင်းပါ။ပျဉ်းတော်သိမ်အရွက်လေးတွေကိုလည်း
ခြွေထားပါ။

ပဲနှူးချိန်မှာ..ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီးထောင်းထားတဲ့ ကြက်သွန်
အရောကို..နနွင်းမှုန်. ၊ အရောင်တင်မှုန်.(ငရုတ်စပ်မှုန်.) တို.နှင့်အတူဆီသတ်ပါ။

ပျဉ်းတော်သိမ်အရွက်လေးများနှင့်မဆလာကိုလည်းထည့်ပေါင်းဆီသတ်ပါ။
အနံ.မွှေးလာလျှင်..တုံးထားတဲ့..အားလူးတုံးလေးတွေပေါင်းထည့်ဆီသတ်ပြီး
နေက်ဆုံးမှ..ပြုတ်ထားတဲ့ကုလားပဲအညိုတွေကိုထည့်ပါ။

ဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပြီး..ရေအနည်းငယ်ကျန်နေသေးတဲ့အချိန်
မှာမီးဖိုပေါ်မှချပြီးအအေးခံထားပါ။

တွဲဖက်စားသုံးရန် ကြက်သွန်နီနုပ်နုပ်စဉ်း၊ ပူဒီနာ (သို.) နံနံပင် ၊ ငရုတ်သီးစိမ်း
ငရုတ်ကျက်မှုန်.တို.ကို ရောပြီး..မန်ကျည်းရည် ၊သကြားရည်(သို.) ထန်းလျက်ရည်၊ ဆား တို.နှင့်ချဉ်ငံစပ်အရည်ကျဲကျဲပုံစံဖျော်ထားပါ။

ကြာဇံသုပ်လက်တစ်ဆုပ်စာပေါ်ပဲသုပ်( ၂) ဇွန်း( ဟင်းခတ်ဇွန်း) ထည့်ပြီးအချဉ်ရည်ကို..မိမိနှစ်သက်သလိုလောင်းထည့်စားသုံးနိုင်ပါသည်။

photo credit ..MOGOK RUBYL@ND.
ပာင်းချက်နည်းများ

သီးစုံသုပ်

ဒီဟင်းပွဲကို..ပိာုအရင်က..မေရိုးနိစ်ဆော့စ်နဲ.နယ်ပြီးသုပ်တာကိုမကြာခဏစား
ဖူးပေမယ့်...ချင်းမိုင်ကစားသောက်ဆိုင်မှာတော့..အရှေ.တိုင်းဆန်ဆန်.ငရုတ်
သီးအချဉ်ရည်တို.နှင့်ရောင်းချတာကိုတွေ.ရလို.ပြန်လည်ဝေမျှလိုက်ပါတယ်။

သီးစုံသုပ်

ထောပတ်သီး..........၁ ခြမ်း
ပန်းသီး..................၁ခြမ်း
သခွါးမွှေး...............၁ စိတ်
သခွားသီး.............. ၁ လုံး
နာနတ်သီး..............၁စိတ်
ချယ်ရီခရမ်းချဉ်သီး....၄ လုံး( ၂ ခြမ်း )
သီဟိုဠ်စေ့...............၅-၆ ဆန် ( အလှဆင်ရန်)
ပူဒီနံရွက် ................၃ -၄ ခက် (အလှဆင်ရန်)

အသီးတွေကို ၁ လက်မအရွယ်လေးထောင့်တုံးလေးတွေပြုလုပ်ပါ။

ကြက်သွန်ဖြူဆားရည်စိမ်၂ တက်နဲ.ငရုတ်သီးစိမ်း(၃) တောင့်လောက်ကိုနုပ်နုပ်စဉ်းပြီးအညိုရောင်ရှလကာရည်ထဲသို. သံလွင်ဆီ (၁) ဇွန်း ၊ သကြားရည် ၊ငရုတ်ကောင်း ၊ဆားတို.နှင့်ဖျော်စပ်ကာ လှီးစိတ်ထားတဲ့သစ်သီးတွေအပေါ်လောင်းချကာ
သီဟိုဠ်စေ့ ၊ပူဒီနံရွက်လေးတွေနဲ.အလှဆင်လိုက်ရုံပါပဲ..။

ချိုချဉ်မွှေးလေးနဲ.တစ်မျိုးအရသာထူးခြားနေပါတယ်..။
ပာင်းချက်နည်းများ

15 Feb 2014

ရခိုင်သဘောင်္သီးသုပ်

ကျွန်တော်သင်တန်းတစ်ခုမှာ..စားဖိုမှူးလုပ်တော့..စနေ ၊တနင်္ဂနွေတွေဆိုနား
ပြီး..သင်တန်းသူတွေကိုယ်တိုင်အလှည့်ကျချက်ကြပါတယ်..။ရခိုင်တိုင်းရင်းသူ
လေးတစ်ယောက်ပါတော့..သူတို.အလှည့်မှာရခိုင်သဘောင်္သီးသုပ်ပါတယ်။

ကျွန်တော်ကြိုက်တဲ့အစားအစာတစ်ခုဖြစ်လို.သူ.ဆီကသေချာသင်ယူထားပါ
တယ်..။

ရခိုင်သဘောင်္သီးသုပ်
*************

သဘောင်္သီးသေးသေး......၁လုံး
ငရုတ်သီးစိမ်း.................၂၀တောင့်
ကြက်သွန်ဖြူ..................၅ တက်
မျှင်ငါးပိကောင်းကောင်း....၂ ဇွန်းခန်.( ထမင်းစား ဇွန်း)
ငရုတ်ကောင်း................၁ ဇွန်း (............။......)
ဆား+ ဟင်းခတ်မှုန်. ......သင့်ရုံ
မန်ကျည်းသီးမှည့်............အနည်းငယ်

သဘောင်္သီးတွေကို..အမျှင်လတ်အရွယ်လောက်စိန်ခလုတ်ခြစ်နဲ.ခြစ်ပြီးရေစိမ်
ထားပါတယ်..ပြီးရင်..ရေခြောက်နေအောင်စစ်ပါတယ်..။

မျှင်ငါးပိကို..ဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါတယ်..။

မန်ကျည်းသီးကိုလည်းရေနွေးစိမ်ပြီး..ဖျော်ထားပါတယ်..။

ငရုတ်သီးစိမ်းတွေကို.လှော်ပြီး..ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း၊ ဖုတ်ထားတဲ့မျှင်ငါးပိတွေနဲ.ရောထောင်းပါတယ်..။

သင်္ဘောသီးထဲကို..ထောင်းထားတဲ့အရော ၊ ဆား ၊ ဟင်းခတ်မှုန်. ၊ မန်ကျည်း
ရည်လေးထည့်ပြီးရောနယ်ပါတယ်...။

အရောင်အဆင်းသိပ်မရှိလှပေမယ့်..ပူပူစပ်စပ်နဲ.တော်တော်လေးစားလို.
ကောင်းတဲ့..ရခိုင်သင်္ဘောသီးသုပ်ကြွပ်ကြွပ်လေးပါ...။

သင်ကြားပြသပေးတဲ့ ညီမလေး.အေးနန္ဒာလှိုင်..ကိုကျေးဇူးအထူးတင်ရှိပါတယ်။

ဓါတ်ပုံကိုတော့..ရခိုင်ရိုးရာအစားအစာ ဘလော့မှကူးယူဖော်ပြပါတယ်..။
Thanks & Respect Rakhine Foods Blog ...
 
copy from ပာင်းချက်နည်းများ face book

ဆန်တိုဟူးသုပ်

ကျွန်တော်တို.မိုးကုတ်မြို.မှာဆန်တိုဟူးသုပ် လို.ပဲခေါ်ပါတယ်..ရှမ်းအမည်ရှိ
ပါလိမ့်မယ်..ကျွန်တော်တော့..သေချာမသိလို.မရေးရဲပါ။

ပထမဆုံး..ဆန်တိုဟူးကျိုနည်းလေးပါ။

မုန်.ကျွဲသည်းကျိုနည်းနဲ.အနည်းငယ်ဆင်တူပါတယ်..။

စားထုံး..အနည်းငယ်ကို ရေတစ်ခွက် ( လက်ဖက်ရည်ပန်းကန်လုံး) နဲ.ရေဖျော်ပြီး..အနည်ထိုင်အောင်ထားပါ။

ဆန်ကြမ်းမှုန်.( ကောင်းစွာညှက်သော) ၂ ခွက်ကိုရေဖျော်ပြီး( အထုံးလေးများ
မရှိစေရ ) အိုးတစ်လုံးမှာထည့်ကျိုပါ ။

ဆန်မှုန်.ရည် အနည်းငယ်ပျစ်လာပြီဆိုရင်..ထုံးရည်ကြည်လေးထပ်ထည့်ပြီး
သမအောင်မွှေပါ ( မီးမပြင်းစေရ ၊ တစ်ဖက်တည်း ကိုပဲမွှေပေးပါ ။)

ဆားအရသာလေးပါသည်ဆိုရုံထည့်ပါ ။

လင်ဗန်း (သို.) ခွက် တစ်ခုထဲမှာလောင်းချပြီးအအေးခံထားပါ။

ထိုစဉ်အချိန်မှာပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပါ။

ထန်းညှက်ကို ရေအနည်းငယ်နှင့် ခပ်ပျစ်ပျစ်ကြိုပါ။ ပဲငံပြာရည်အပျစ်အနည်း
ငယ်ရောထည့်မွှေပေးပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးပြီးရွှေအိုရောင်ရအောင်ကြော်ပါ။

ကြက်သွန်ဖြူ ဆီချက်( နနွင်းမပါ ) ကျက်ခါနီးမှာ ထောင်းထားတဲ့နှမ်းလှော်
တွေနဲ.အတူဆီချက်ချက်ပါ။

ငရုတ်သီးလှော်မှုန်.ကို ဆီပူပူလောင်းပြီး..ဆီချက်ချက်ပါ။

ချင်းကိုညှက်နေအောင်ထောင်းပြီး...ရှလကာရည်မှာစိမ်ထားပါ။

မုန်.ပွဲပြင်ပြီဆို..ဆန်တိုဟူးကိုမိမိနှစ်သက်တဲ့ပုံစံလှီး..ကြက်သွန်ဖြူ + နှမ်း
ဆီချက် ၊ ပဲငံပြာရည် ၊ ထန်းညှက်ရည် ၊ ချင်းစိမ်ထားတဲ့ရှလကာရည် ၊ ကြက်
သွန်နီကြော် ၊ နံနံပင် ၊ မြေပဲထောင်းတို.ထည့်ပြီး..ချို ၊ ချဉ် ၊ငံ ၊ စပ်လေး
စားသုံးကြပါတယ်..။

နှစ်သက်ပါက..စက်ကြိတ်မြီးရှည်ဖတ် လတ်ဆတ်တာတွေလေးတွေနဲ.လည်း
ရောစားလေ့ရှိတဲ့ ဆန်တိုဟူးသုတ်ပါ။

အရသာလိုအပ်ပါက ဆား ၊ ဟင်းခတ်မှုန်.အနည်းငယ်ဖြည့်စွက်ပါ။

မူရင်းဓါတ်ပုံပိုင်ရှင်ကို လေးစားစွာအသိအမှတ်ပြုပါတယ်..။အမည်အတိအကျ
မမှတ်မိတော့ပါဘူး...။
ပာင်းချက်နည်းများ

ငှက်ပျောဖူးသုပ်

ငှက်ပျောဖူး................ ၁ ဖူး

ကြက်သွန်နီ................ ၂ လုံး..
ကြက်သွန်ဖြူ............... ၁၀ တက်
မြေပဲ.........................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
နှမ်း..........................၂ ဇွန်း (ထမင်းစားဇွန်း)
ဆား..........................အနည်းငယ်
ပာင်းခတ်မှုန်. ..............အနည်းငယ်

ငှက်ပျောဖူးရဲ.အပြင်အရင့်ခွံတွေဖယ်ထုတ်ပြီး..ပါးပါးလှီးကာရေစိမ်ထားပါ။

အိုးတစ်လုံးတွင်ဆားအနည်းငယ်၊နနွင်းမှုန်.တို.ခပ်ပြီး ရေနွေးဆူဆူမှာ နှူး
သည်အထိ.ပြုတ်ပါ...။ထို.နောက်ဇကာဆစ်ခုထဲသို.စစ်ထုတ်ပြီး..အေးသွား
သည်အထိရေအေးလောင်းချပါ။( ရေခဲရှိလျှင် ရေခဲရေထဲ၅မိနစ်ခန်.စိမ်ထားပါ

ထို.နောက်ရေများအားလုံးကုန်စင်သည်အထိ..ညှစ်ထုတ်ပါ။

ကြက်သွန်နီကိုပါးပါးလှီး၊ရွှေအိုရောင်ရအောင်ကြော်ယူပြီးဆီစစ်ထားပါ။

ကြက်သွန်ဖြူကိုနုပ်နုပ်စဉ်းပြီး...ဆီအနည်းငယ်မှ..ဆီသတ်ပါ..နနွင်းမှုန်.လေး
ပါတယ်ဆိုရုံလောက်ထည့်ပြီး..ကြွပ်ရွသည်အထိဆီသတ်ပေးပါ..။

မြေပဲကိုလှော်ပြီး..အခွံချွတ်ကာမညက်တညက်လေးထောင်းပါ။
နှမ်းတွေကိုလည်းလှော်ပြီး...သန်.စင်ထားပါ..။

အားလုံးအဆင်သင့်ဖြစ်ရင်တော့ဇလုံကြီးကြီးတစ်ခုမှာအားလုံးရောထည့်ပြီးနှံ.အောင်နယ်ပါ..
အချဉ်ကြိုက်တတ်ပါက..သံပုရာရည်(သို.) မန်ကျည်းမှည့်ရည်လေးထည့်ပေးနိုင်ပါတယ်..။

မြေပဲထောင်း(သို.) သီဟိုဠ်စေ့ကြော်လေးတွေထောင်းပြီးအလှဆင်နိုင်သလို..
ဘဲဥအငံလေးနဲ.တွဲစားရင်တော့..အလိုက်ဖက်ဆုံးပါ။

ပာင်းချက်နည်းများ

7 Feb 2014

သရက်သီးစိမ်းသနှပ်

သရက်သီးစိမ်းကြီးကြီး............၃ လုံး
ဆား..................................၂ဇွန်း( ထမင်းစားဇွန်း)
သကြား..............................၃ဇွန်း (......။.........)
မုန်ညှင်းစေ့ .........................၃ ဇွန်း(......။..........)
ပဲဆီ +နှမ်းဆီ........................၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)

သနှပ်အတွက်အမှုန်.
**************

ငရုတ်ခြောက်တောင့်...........၁၀ တောင့်
အရောင်တင်မှုန်. ..............၁ ဇွန်း(ထမင်းစားဇွန်း)
နနွင်းမှုန်. ........................၁ဇွန်း (.........။........)
စမှုန်စပါး..........................၁ဇွန်း (........။.........)
ဇီယာ...............................၁ ဇွန်း(........။.........)
ပဲနံသာစေ့( မေထိ ).............၅ ဇွန်း (........။.........)

သရက်သီးတွေကိုအလုံးလိုက်သန်.စင်ရေဆေးပြီး..အစေ့မလျှပ်အောင်လှီးပါ
(သရက်သီးရင့်ရင့်သုံးလျှင်အကောင်းမွန်ဆုံးပါ) ။အချဉ်ကြိုက်သူများရင်ကွဲသီး
သုံးသင့်ပြီး..အချဉ်မကြိုက်သူများမချစ်စု ကိုသုံးပါ။

သရက်သီးများလှီးစိတ်ပြီးရင်...အ၀တ်သန်.သန်.နဲ.ခြောက်အောင်သုတ်ပေး
ပါ။

သနှပ်မှုန်.အတွက်ပါဝင်သောအရာများမှ အရောင်တင်နှင့်နနွင်းကိုချန်ထားပြီး
ကျန်အရာများကို မီးအေးအေးမှာလှော်ပြီးရောကြိတ်ပါ။

သရက်သီးတွေခြောက်ပြီဆို ၊ဆား၊ သကြား၊ အရောင်တင်မှုန်. ၊ နနွင်းမှုန်.၊
ကြိတ်ထားသောအရောတို.ဖြင့်သမအောင်နယ်ပါ။

အဖုံးလုံသော ဖန်ပုလင်း ၊ စဉ်. ၊ ကြွေအိုးများများထည့်ပြီး..သုံးရက်လောက်
နှပ်ထားပေးပါ..။

၃ရက်လောက်ကြာလို.သရက်သီးတွေနှူးအိနေပြီဆိုမှ....ဒယ်အိုးတစ်လုံးမှာ
ဆီကိုအပူပေးပြီး..မုန်ညှင်းစေ့များဖောက်ဖောက်မြည်လာအောင်ဆီသတ်ပါ။

နှပ်ထားတဲ့ သရက်သီးကို ထည့်ပြီး..၃ မိနစ်ခန်.မီးအေးအေးမှာမွှေပေးကာ
ပုလင်း.ကြွေအိုးများဖြင့် ပြန်နှပ်ပေးပါ..။

(၇) ရက်လောက်ဆိုစားလို.ရပြီဆိုပေမယ့်...(၂) ပတ်လောက်ကြာမှစားရင်
အကောင်းဆုံးဖြစ်ပါတယ်..။


 ပာင်းချက်နည်းများ

 ပဲနံသာစေ့ လို.ခေါ်တဲ့မေထိ အစေ့လေးတွေပါ ..အင်္ဂလိပ်လို ( Methi (0r) Fenugree


ပာင်းချက်နည်းများ

4 Feb 2014

ငါးကလေးချဉ်သုပ်

ငါးကလေးချဉ် ကိုကိုယ်တိုင်ပြုလုပ်ရတာလွယ်ကူပါတယ်...။

ငါးခုံးမ (သို.) မိမိနှစ်သက်ရာ ငါးအသေးလေးတွေကို(၃၀ ) ကျပ်သားလောက် လတ်ဆတ်တာရွေးဝယ်ယူပါ...။

လက်ညှိုး ။လက်သန်းအရွယ်ငါးပေါက်လေးတွေကအကောင်းမွန်ဆုံးပါ..။

ခေါင်းတွေဖြုတ်ပြီး...ရေဆေးစန်.စင်ကာ..ခြောက်နေအောင်ရေစစ်ထားပါ။

ထမင်းကိုဟင်းရည်သောက်တစ်ပန်းကန်လုံးစာလောက်ခပ်ပျော့ပျော့ချက်ပြီး..အအေးခံထားပါ..။

ငါး ၊ ဆား ၊နှင့် ထမင်းပျော့ပျော့တို.ကိုသမသွားအောင်ရောနယ်ပါ..။

ပုလင်းကြီးကြီးတစ်လုံးမှာ သိပ်ထည့်ပြီး..အခန်းအပူချိန်မှာ (၅) ရက်လောက်
ထားပြီးရင်..လတ်ဆတ်တဲ့ငါးလေးချဉ်ရပါပြီ...။

ငါးလေးချဉ်ကို ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း. ၊ နံနံပင် ၊ ရှောက်ရွက် ၊ ပင်စိမ်း၊
စသည့်မိမိကြိုက်နှစ်သက်ရာတို.တို.နှင့် ရောကာ ၊ ဆား ၊ ဟင်းခတ်မှုန်.လေးထည့်၊ ပဲဆီသန်.လေးနဲ.
အစိမ်းသုတ်စားတာ..အရသာ..ထူးမှထူးပါ...။

ကြိုးစားကြည့် ကြပါအုံး..။

30 Jan 2014

ရွှေပဲရွက်သုပ်(သားသတ်လွတ်)

ရွှေပဲရွက်...........၂ စည်း
ကြက်သွန်နီ........၂ လုံး
ခရမ်းချဉ်သီး........၁ လုံး
ကြက်သွန်ဖြူ.......၃ တက်
မြေပဲထောင်း.......၃ဇွန်း (ထမင်းစားဇွန်း)
နှမ်းလှော်...........၁ ဇွန်း(........။........)
ဆား.................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ပာင်းခတ်မှုန်. .....ပါသည်ဆိုရုံ
သံပုရာသီး..........၂ စိတ်

ပဲရွက်တွေကို နုတဲ့အပိုင်းလေးတွေသာ သင်ယူရေဆေးပြီးစစ်ထားပါ။

ကြက်သွန်နီ ၁လုံးကိုပါးပါးလှီးပြီး..ကြက်သွန်ဖြူနဲ.အတူရောပြီးဆီသတ်ပါ။

မြေပဲတွေကိုလည်းမညှက်တညှက်လေးထောင်းပါ။

နောက်ထပ်ကျန်တဲ့ကြက်သွန်နီ ၁လုံးကိုပါးပါးလှီးရေဆေးပါ။ခရမ်းချဉ်သီးကို
လည်းပါးပါးလှီးပါ။

ဇလုံတစ်ခုထဲမှာ ရွှေပဲရွက်၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ မြေပဲထောင်း ၊ ဆား၊ ဟင်းခတ်မှုန်.၊ သံပုရာရည်လေးညှစ်ပြီး..ခပ်ဖွဖွလေးနယ်ပေးပါ။

နှမ်းလှော်လေးတွေဖြူးအလှဆင်ပြီးရင်..ချိုဆိမ့်တဲ့ရွှေပဲရွက်သားသတ်လွတ်
သုပ်လေးသုံးဆောင်ပါ။

ပုန်းရည်ကြီးသုပ်

ပုန်းရည်ကြီးအစို.........၇ ကျပ်သားခန်.
ကြက်သွန်နီ..............၂ လုံး
ငရုတ်သီးစိမ်း............၅ တောင့်
ပုစွန်ခြောက်.............၂ ဇွန်း ( ထမင်းစား )
ဆီ.........................၄ ဇွန်း(.........။......)
ဆား + ဟင်းခတ်မှုန်...အနည်းငယ်စီ

ကြက်သွန်နီတွေကိုပါးပါးလှီး..ရေဆေးပြီးစစ်ထားပါ( ရေဆေးချိန်မှာ အလွန်အကျွံ မနယ်ပါနှင့် ..ညီးနံ.ထွက်ရင်စားမကောင်းတော့ပါဘူး..)

ဇလုံတစ်လုံးမှာ...ဆီ ၊ ဆား၊ ဟင်းခတ်မှုန်. ၊ ပုန်းရည်ကြီးတွေကိုထည့်ပြီးအရင်နယ်လိုက်ပါ။

ပျောဝင်သွားတဲ့အနှစ်လိုဖြစ်ပြီဆိုမှ..ကြက်သွန်နီပါးပါးလှီးနဲ. ငရုတ်သီးစိမ်း
တွေထည့်ပြီးဖွဖွလေးနယ်ပါ။

ပုစွန်ခြောက်လေးဖြူးပြီးသုံးဆောင်ပါ။

ပုန်းရည်ကြီးအစိုမှာ ဇီးကွက်တံဆိပ်ကကောင်းပါတယ်..ကျွန်တော်ကအစိုမရ
လို အခြောက်ကိုရေဖျော်ပြီးသုပ်တဲ့အတွက်ကြောင့်..ပုံကို Google Search
မှကူးယူဖော်ပြပါတယ်..။

မူရင်းဓါတ်ပုံပိုင်ရှင်ကိုလေးစားစွာအသိအမှတ်ပြုပါကြောင်း..။

26 Jan 2014

ငါးပုပ်ခြောက် ကျွဲကောသီးသုပ်

ကျောက်တန်းက၀ယ်လာတဲ့ ငါးပုပ်ခြောက် ကျွဲကောသီးတို့နဲ့ သုပ်ကြည့်ထားတာပါ။
ထိုင်းအစားအစာဖြစ်တဲ့ ငါးခူအမွကြော်သုပ်ကို အတုခိုးပြီး အသစ်တီထွင်ကြည့်တာပါ။
ကျွဲကောသီးမခါးအောင် ဂရုစိုက်ရွေးချယ်ဝယ်ယူပါ။ ငါးပုပ်ခြောက်ကို
မွအောင်ကြော်ချင်ရင်လည်းရသလို အကြော်မသုံးချင်ရင် မီးဖုတ်၊
ထောင်းပြီး သုပ်လို့ရပါတယ်။ ကျွန်တော် ကတော့ ဆီကို တတ်နိုင်သမျှ ရှောင်ပါတယ်။
အသုပ်လေး သုပ်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ
.......................
• ငါးပုပ်ခြောက် - ၁၀သား
• ကျွဲကောသီး - ၁လုံး
(အသီးဖတ်ကလေးများ တစ်ခုစီ ခြွေထားပါ)
• စပါးလင် - ၁ချောင်း
(အရင်းပိုင်း အရင့်ခွံခွာပြီး ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ - ၄တက် (စဉ်းထားပါ)
• ကြက်သွန်နီ - ၂လုံး (မထူမပါး ကြမ်းကြမ်း လှီးထားပါ)
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်သီးစိမ်း - ၂တောင့် (ပါးပါးလှီးထားပါ)
• ခရမ်းချဉ်သီး - ၁လုံး (ပါးပါးလှီးထားပါ)
• ရှားနံနံ - ၁လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း
...................
၁။ ပထမဦးစွာ ငါးပုပ်ခြောက်ကို မီးဖိုမှာ မီးဖုတ်ပါ။ ကျက်လျှင် အရေခွံခွာထုတ်ပြီး
အသားများကို သေးသေး အမြှောင်းလိုက် လှီးပြီး ကြေမွသွားအောင်
ငရုတ်ဆုံမှာ ထည့်ထောင်းပါ။

၂။ အသီးဖတ်များခွာထားသော ကျွဲကောသီးတစ်လုံးစာမှ တစ်ဝက်ကို
အရည်ညှစ် ထုတ်ပြီး အဖတ်ကိုပစ်ပါ။ ကျွဲကောသီးအရည်တွင် သကြား၊ ငံပြာရည်၊
ငရုတ်သီး စိမ်းများ ရောထည့်ပြီး (အချိုအရသာ ကြိုက်တဲ့ ထိုင်းလူမျိုးများက
သကြားရည် ထည့်ပါတယ်)

၃။ ထောင်းပြီးသား ငါးပုပ်ခြောက်မွမွများနှင့် ကျန်အစာများကို
ဇလုံတစ်ခုထဲတွင် ရောနယ်ပါ။ အပေါ်မှ ဆော့စ်ရည်လောင်းပြီး
ရှားနံနံထည့်နယ်ပါ။ အရသာ စိတ် ကြိုက်မြည်း ပြီး အသုပ်တစ်ပွဲကို
အဆုံးသတ် ပြင်ဆင်နိုင်ပါပြီ။

..............
သစ်ထူး

ကျောက်ပွင့်သုပ်


 ပါဝင်ပစ္စည်းများ
 • ကျောက်ပွင့်အဖြူ - 200 gm
• ဂေါ်ဖီ - 50 gm
• ကြက်သွန်နီ - 50 gm
• ခရမ်းချဉ်သီး - 50 gm
• ရှောက်ရွက်(နုနု) - 5 gm
• ငရုတ်သီး - 5 gm
• ငရုတ်ဆီ - 30 gm
• ငံပြာရည် (ငါး) - 15 gm
• သံပရာရည် - 30 gm
• ကြက်သွန်နီကြော် - 15 gm

ပြုလုပ်နည်း
.................
ကျောက်ပွင့်ကို မိနစ်(၃၀) ခန့် ရေစိမ်၍ ဆန်ခါနှင့် စစ်ထားပါ။
ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကျောက်ပွင့်၊
ရှောက်ရွက်တို့ကို ပါးပါးလှီး၍ ငရုတ်ဆီ၊ သံပရာရည်၊
ငံပြာရည်တို့နှင့် သမအောင်ရောနယ်ပါ။ ၄င်းအသုပ်ကို ပန်းကန်ပြားပေါ်တွင်
လှအောင်တင်၍ အပေါ်မှ ကြက်သွန်နီကြော်ကို ဖြူးပါ။

FOOD Magazine

ကြက်သားပဲရည်သုပ်၊ စမူဆာပဲရည်သုပ်

ပါဝင်ပစ္စည်းများ (လေးချပ်စာ)
...........................................
• ကြက်သား - ၁ကောင်
• တခြားကြက်အစိတ်အပိုင်းများ
• နနွင်းမှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ပဲမှုန့် - ဆန်ချိန်ခွက် ၂ ခွက်
• Gram မဆလာ - စားပွဲဇွန်း ၅ ဇွန်း
• ဂေါ်ဖီ - ၁ လုံး
• ငရုတ်သီးစိမ်း - ၁၀ တောင့်
• ကြက်သားမှုန့် - ၂ ဇွန်း
• ပူစီနံ - အနည်းငယ်
• ငရုတ်သီးမှုန့် - လိုသလောက်
• ငံပြာရည် - လိုသလောက်
• သံပရာသီး - လိုသလောက်

ပဲမှုန့်ကို ရေလီတာဝက်စိမ်ထားပါ။ ကြက်သားကို လေးခြမ်းတုံးကာ
ကြက်သားမှုန့် ၂ ဇွန်း၊ မဆလာ၂ ဇွန်း၊ နနွင်းမှုန့် ၂ ဇွန်းထည့်ပြီး
တခြားကြက်အစိတ်အပိုင်းများပါထည့်ကာ ပြုတ်ထားပါ။
ကြက်အသည်းကို အရမ်းမမာအောင် နောက်ဆုံးမှထည့်ပါတယ်။
ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။
ငရုတ် သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။

ပဲကျိုရန်
.............
၁။ ပဲရည် ဖြည်းဖြည်းချင်း လောင်းထည့်ပြီးကျိုပါ။
ရေ ၁ လီတာခန့်ထပ်ထည့်ပါ။ ကြက် သားမှုန့် စားပွဲဇွန်း ၂ ဇွန်း၊ မဆလာ ၃ ဇွန်းထည့်ကျိုပါ။
ကြက်သားပြုတ်ရည်များ ပါရောပါ။ ပဲရည်ကျက်ပြီး ပဲစိမ်းနံ့ပျောက်ပြီး
မဆလာနံ့မွှေးတတ်လာပြီဆိုရင် ဟင်း ရေအရသာမြည်းပြီး
အပေါ့၊ အငန်ထပ်ဖြည့်ကာ မီးမျှင်းမျှင်းနဲ့ ပူနေပါစေ။ မပျစ် မကျဲအနေမှာထားပါ။

၂။ ဟင်းရည်ရပြီဆိုတော့ ပွဲပြင်ရအောင်နော်။ ကြက်သားများအရင်ထည့်
လှီးထားသော ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး
ဟင်းရည်ပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထည့်စားနိုင်ပါပြီ။

စမူဆာသုပ်
...............
• စမူဆာ
• Chick Pea - ၁ ဘူး
• အာလူး - အနေတော်၎လုံး
• ဂေါ်ဖီ - ၁လုံး
• ငရုတ်သီးစိမ်း - ၅ တောင့်
• ပူစီနံ - အနည်းငယ်
• ငရုတ်သီးမှုန့် - လိုသလောက်
• သံပရာသီး - လိုသလောက်

စမူဆာလေးများကိုကြော်ထားပါ။ အာလူးကိုပြုတ်ပြီး အတုံးသေးလေးများ လှီးထားပါ။
ပဲပြုတ် ရေက အထက်ပါအတိုင်း ပြုတ်နိုင်ပါတယ်။ ကြက်သားပြုတ်ရေမရှိရင်
ကြက်သားမှုန့်သုံးလို့ရပါတယ်

ပွဲပြင်ရန်
...........
စမူဆာလေးများ ညှပ်ထည့်ပါ။ အာလူး၊ ပဲစေ့၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊
ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊
ငံပြာရည် လိုသလိုထည့်စားနိုင်ပါပြီ။

Htet Family's Creation

www.htetfamily.com

21 Nov 2013

သားသတ်လွတ်မုန်ညှင်းဖြူသုပ်

မုန်ညှင်းဖြူ..........................၅၀ ကျပ်သား
မြေပဲလှော်...........................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
နှမ်းလှော်.............................၂ ဇွန်း( ထမင်းစားဇွန်း)
ကြက်သွန်ဖြူ.........................၅ တက်
ကြက်သွန်နီ..........................၂ လုံး
သံပုရာသီး............................၁ လုံး
ဆား+ ပာင်းခတ်မှုန်. ..............သင့်တော်သလို
ပဲကျက်မှုန်. .........................၂ ဇွန်း( ထမင်းစားဇွန်း)
ငရုတ်သီးလှော်မှုန်. ................၁ ဇွန်း(..............။....)

မုန်ညှင်းဖြူ ကို လေးစိတ်ခွဲပြီး..ဆားအနည်းငယ်ခပ်ထားတဲ့ရေနွေးဆူဆူမှာ
(၃) မိနစ်ခန်.ပြုတ်ပြီး..ရေအေးလောင်းပါ။ရေတွေကို ပြောင်စင်အောင်ညှစ်
ထုတ်ပြီး..မိမိနှစ်သက်သလိုအရွယ်အစားများလှီးဖြတ်ပါ..။

မြေပဲလှော်ကို မညှက်တညှက်ထောင်းထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူကိုရောပြီး..နနွင်းမှုန်.အနည်းငယ်နှင့်အတူဆီချက် ပါ။

ဇလုံတစ်ခုထဲမှာ..မုန်ညှင်းဖြူ ၊ မြေပဲထောင်း၊ ပဲမှုန်.အကျက်၊ ငရုတ်သီးလှော်
မှုန် . ၊ ဆား၊ ပာင်းခတ်မှုန်.တို.ထည့်ပြီး..သံပုရာရည်လေးညှစ်ကာ...
ဖြည်းညှင်းစွာဖွဖွလေးနယ်ပေးပါ..။

အပေါ်ကနေနှမ်းလှော်လေးတွေဖြူးပြီးသုံးဆောင်ပါ..။


ပာင်းချက်နည်းများ fb

Twitter Delicious Facebook Digg Stumbleupon Favorites More