Pages - Menu
ဆန်လုံးညို(Brown Rice)
ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။
သံလွင်ဆီ(Olive Oil)
သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။
ပြောင်းဖူး(Corn)
ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....
ထောပတ်သီး(Avacado)
အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်
လိမ္မော်သီး(Orange)
လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်
မာလကာသီး(Guava)
မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။
***
***
***
***
***
***
***
***
***
***
Showing posts with label ပင်လယ်စာ. Show all posts
Showing posts with label ပင်လယ်စာ. Show all posts
14 Nov 2014
ဆေးဖက်ဝင် ငပိရည်ဖျော်နည်း
ကျွန်မတို့ နေ့ စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့ တော့ကောင်းပါရဲ့ ။
ငပိရည်ဘယ်လိုဖြစ်လာတာကို သိသူနည်းပါးပါလိမ့် မယ်။ ဒါကြောင့် ဆေးဖက်ဝင်
ငပိရည်ဖျော်နည်းအကြောင်းမပြောခင် ဦးစွာပထမ
ငပိလုပ်နည်းကိုပြောပြချင်ပါတယ်။ ငပိတစ်ပိဿာအတွက်
ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ၀ယ်ရပါမယ်။ ငပြေမကတော့
ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။
ဈေးမှာလွယ်လွယ်ဝယ်လို့ ရတဲ့ ငရံ့ ၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို
့ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး
ရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍
မကြီးသင့်ပါဘူး။
ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့ မှာပဲအတော်အသင့်
အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို
့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။
သဘာဝနည်းဖြစ်လို့ အချိုမှုန့် နဲ့  ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။
ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ
့ရတတ်လို့  ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစိုဓာတ်
ထက်ဝက်လောက်လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီးထောင်းပေးပါ။ သို
့သော် အထူးညက်စရာမလိုပါ။
ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့ ၍ ဖိသိပ်ထဲ့လို
့ရတဲ့အနေအထားထိပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်
ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍(အနဲဆုံး လက်တစ်ဆုပ်ခန့် )အဖုံး
ကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာဝ နည်းဖြင့် ငါးငပိလုပ်နည်းက
ငါးကလေးဆိုရင်
နှစ်လခွဲ ခန့် ကြာမှာဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့် ကြာနိုင်ပါတယ်။
ငပိနပ်လို့  အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ ရပါလိမ့်မယ်။
အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့  ငံပြာရည် များဖြစ်လို့ 
ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့ မကောင်းတဲ့အတွက်
အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီး
ပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင်တော့
သကြားထဲ့ပေးနိုင်ပါတယ်။
ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ်
လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ
ငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ ရပါပြီ။
<< ဆေးဖက်ဝင် ငပိရည်ဖျော်နည်း >>
ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ့ 
အပုပ်ခံလုပ် ထားတာမို့ လည်း ငပိရည်က စား လို့ တော့ကောင်းပါရဲ့  အငန်ဓာတ်ကဲနေပါတယ်။
ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ၀က်ခြံပေါက်သူများက ထမင်း
ဝိုင်းမှာ ငပိရည်ရနံ့ မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို
့သော် အထက်မှာဖော်ပြထားသလို
ဘသာဝနည်းနဲ့ ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍
သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာ
ငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့် ကိုထဲ့၍ ကြိုပေးရမှာပါ။
ဘာကြောင့်လဲဆိုရင် နနွင်းမှုန့် က အညှီအဟောက်များကို လွန်
စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ့ နှင့်အရသာကိုပါ
ပိုကောင်းစေနိုင်လို့ ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ
အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့်
စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည် ” ရပါပြီ။ အစပ်ကြိုက်သူများက
ငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည်
ရနံ့ ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို
့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ (ငရုပ်သီးအကျက်မှုန့် ကိုမှ
ကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို့ ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက်
အချိုမှုန့်  မထဲ့သင့်ပါဘူး၊ အချိုမှုန့် အစား ပုစွန်ခြောက်မှုန်
့အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို့ မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည်း
ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။
သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ်
အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။ (အတို့ အမြှုပ်အဖြစ်
မန်ကျည်းသီးဖြင့်ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွား
သီး၊ ဖရဲသီးငယ်(သို့ မဟုတ်)ဗူးသီးပြုတ်၊ ခရမ်းကျွတ်သီး၊ ပူစီနံရွက်၊
မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေးဖျောထားတဲ့ ပဲစောင်း
ခါးသီး-ဂေါ်ဖီ-ပဲတောင့်ရှည်-ကနဖော့-မှိုနတို-စာကလေးခြေထောက်-ပဲပုစွန် စတဲ့
သဘာဝဟင်းသီးဟင်းရွက်များကို ငပိရည်ဖြင့် တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်
စေသလို ဆေးဖက်လည်း ၀င်စေမှာ အမှန်ပါ)
(ဆောင်းပါးရှင်..တင်ထက်ထက်ဇော်....ရေးသားမျှဝေသည်)
28 Oct 2014
ငါးစားခြင်းကြောင့် အမျိုးသမီးများအကြား အာရုံယိုယွင်းမှုမှကာကွယ်နိုင်
အမျိုးသမီးများတွင် တစ်ပတ် လျှင် ငါးဟင်းလျာ နှစ်ကြိမ်နှင့် အထက် စားသုံးပါက အကြားအာရုံ ပျက်စီးယိုယွင်းမှုကို ကာကွယ်ထား နိုင်ကြောင်း သုတေသနတစ်ခုကဆို ထားသည်။
  Brigham and Wom-en’s Hospital မှ သုတေသီများ၏ အဆိုအရ အကြားအာရုံပျက်စီးယို ယွင်းမှုသည် အလွန်အဖြစ်များပြီး အသက်ကြီးလာသည်နှင့်အမျှ အကြား အာရုံချို့ယွင်းမှုကို ရှောင်လွှဲ၍မရနိုင် ပေ။
အမျိုးသမီး (၆၅၂၁၅) ဦးကို ၁၉၉၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း လေ့လာမှုများပြုလုပ်ခဲ့ရာ (၁၁၆၀၆) ဦးတွင် အကြားအာရုံချို့ယွင်းမှုရှိနေကြောင်း တွေ့ရှိခဲ့သည်။
ငါးစားသုံးမှု နည်းပါးသည့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက တစ်ပတ်လျှင် ငါးဟင်း လျာ နှစ်ကြိမ်နှင့်အထက်စားသုံးသည့် အမျိုးသမီးများသည် အကြားအာရုံ ချို့ယွင်းနိုင်သည့် အန္တရာယ် (၂၀) ရာခိုင်နှုန်း လျော့နည်းသည်ကိုတွေ့ရ သည်။
လူတစ်ဦးချင်းစီလိုက်၍ လေ့ လာကြည့်သည့်အခါ ငါးအမျိုးအစား တစ်မျိုးကို ပိုမိုစားသုံးသူများတွင် အထက်ပါတွေ့ရှိချက်မှာ ပြောင်းပြန် ဖြစ်နေသည်ကို တွေ့ရသည်။ long-chain omega-3 PUFA အမည်ရှိ ဖက်တီးအက်ဆစ်များ ပါဝင်မှုများ ပြားသည့်ငါးတစ်မျိုးကို အလွန်အမင်း စားသုံးသူများတွင်မူ အကြားအာရုံ ချို့ယွင်းမှု ပိုမိုဖြစ်ပေါ်နိုင်ကြောင်း သုတေသနတွင် တွေ့ရှိခဲ့သည်။
သုတေသနကို American Journal of Clinical Nutrition (AJCN) ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
သီဟ
Ref:MDI
Health Updates Journal,
26 May 2014
ငါးအမျိုးစုံ အာနိသင်အဖုံဖုံ
အိမ်ရှင်မတို့ နေ့ စဉ် စီမံချက်ပြုတ်ပေးနေကြတဲ့ ငါးဟင်းလျာများမှာ ကျွန်းမာရေးအတွက် ဘယ် လိုအာနိသင်တွေရှိတယ်၊ နောက်ပြီး ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုး ရှိတယ်ဆိုတာကို အကြမ်ြး ပင်း သိထား မယ်ဆိုရင်ဖြင့် မိသားစုတွေကျန်းမာရေးအတွက် ဒေါက်တာအိမ်ရှင်မ အဖြစ် တမျိုး တဖုံ စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။
-ငါးမြွေတိုး- အစာကြေလွယ်စေပါတယ်။ လေရောဂါ သည်းခြေဝေဒနာသည်တွေကို ကောင်း ကျိုးပြု ပါတယ်။ သလိပ်ပျော်စေပါ တယ်။ အကြောအားကောင်းစေလို့  အမျိုးသား များစားသုံး သင့်ပါတယ်။
-ငါးဘတ်- အရသာမှာ ချို၍စိမ့်တာကြောင့် နှုတ်မြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ပါ။
 အားပြည့်စေ ပါတယ်။ သုက်ကိုပွားစေတတ် ပါတယ်။
-ငါးလင်ဘန်း- လူကိုဝစေတတ်ပါတယ်။ သုက်ထွက်အားကောင်းစေပါတယ်။
ခံတွင်းပျက်သူ များ နှင့် လည်ချောင်းနာသူများ စားသင့်ပါတယ်။
-ငါးပြက်- အရိုးအားဖြည့်ပေးပါတယ်။ အစာမကြေခြင်း နှင့် ဘေးထိုးရင်ဘတ်နာခြင်းဝေဒနာကို သက်သာပျောက်ကင်းစေပါ တယ်။ သို့ သော် ၀မ်းချုပ်တတ် သူများ အနည်းငယ်သာစားပေးပါ။
-ငါးသလဲထိုး- အစာကြေလွယ်စေပါတယ်။ အရိုးကိုကောင်းကျိုးပြုပါတယ်။ လေရောဂါ၊
သည်းခြေ ရောဂါ နှင့် အကြောတက်ခြင်း တို့ ကို သက်သာပျောက်ကင်းစေပါတယ်။
-ငါးသလောက်- ချို၍ စိမ့်သောအရသာရှိပါတယ်။ သွေးတက်စေပါတယ်။
နား၊ မျက်စိ၊ ချွဲသလိပ်၊ သည်းခြေ ရောဂါရှိသူတွေ မစား သင့်ပါဘူး။
-ငါးအိုက်- အစာကြေညက်စေပါတယ်။ အိပ်မပျော်သူတွေ စားပေးနိုင်ပါတယ်။
-ငါးဒန်- ချွဲသလိပ် နှင့် သည်းခြေရောဂါတို့ ကို ကောင်းကျိုးပြုပါတယ်။
-ငါးနုသန်း- ချိုသောအရသာရှိပြီး နှုတ်မြိန်စေပါတယ်။ လေရောဂါ၊ ချွဲသလိပ် နှင့်
 သည်းခြေရောဂါ တို့ ကို သက်သာပျောက်ကင်း စေပါတယ်။
-ငါးရှဥ့်- အရသာ ချိုလေးပါတယ်။ အမျိုးသားခွန်းအားကို ဖြစ်စေပါတယ်။
 သို့ သော် အမျိုးသမီးေ ရာဂါ ရှိသူများ မစားသင့်ပေ။
-ငါးပြေမ- ချိုလေးသော အရသာရှိပါတယ်။ အစာကြေစေပါတယ်။
-ငါးရံ့  - ချိုဆိမ့်သောအရသာရှိပြီး နှုတ်ကိုမြိန်စေနိုင်ပါတယ်။ အစာကြေညက်လွယ်ပါတယ်။
-ငါးဖယ်- ချိုဆိမ့်သောအရသာရှိပါတယ်။ အားဖြစ်၍ သုက်ကိုပွားစေပါတယ်။
သို့ သော် အစာကျေ ညက်ခဲ၍ အစာအိမ် မကောင်းသူတွေမစားသင့်ပါဘူး။
 ဒါ့ပြင် အကြောတက်သူတွေ နှင့် ယားနာေ ရာဂါသည်များ မစားသင့်ပေ။
-ငါးခူ- လေရောဂါ နှင့် သုက်လွန်ခြင်းကို ပျောက်ကင်းစေပါတယ်။ ရင်ပူစေတတ်ပါတယ်။
-ငါးကျည်း- သုက်ကိုပွားစေတတ်ပါတယ်။ ချွဲသလိပ်ကို နိုင်ပါတယ်။ လူကို ၀ဖြိုးစေတတ်ပါတယ်။
-ငါးဇင်ရိုင်း- ပင်ကိုအရသာ လေးပင်တာကြောင့် ဆားထည့်၍ မချက်သင့်ပေ။
သည်းခြေရော ဂါ နှင့် ချွဲသလိပ်ကို ကောင်းကျိုးပြု ပါတယ်။
-ငါးခုံးမသား- ဆိမ့်သောအရသာရှိပါတယ်။ ချောင်းဆိုး၊ ချွဲထ၊ လည်ချောင်းနာ၊ ခံတွင်းပျက်ခြင်း နှင့် လေနာရောဂါတို့ ကို သက် သာပျောက်ကင်းစေပါတယ်။
 အဆိပ်ပြေစေပါတယ်။ ၀မ်း သွားစေပါတယ်။
-ငါးမြင်းသား- ချိုသောအရသာရှိပြီး ချွဲသလိပ်ကျေစေပါတယ်။ အားပြည့်စေပါတယ်။ အိပ်ပျော်စေ ပါတယ်။ အဆိပ်ပြေစေပါတယ်။ ၀မ်းသက်စေပါတယ်။
-ငါးကြင်းသား- ချိုစိမ့်သောအရသာရှိပါတယ်။ လေရောဂါ၊ ချွဲသလိပ်ရောဂါ တို့ ကို
 ကောင်းကျိုြး ပုပါတယ်။ သုက်ကိုပွားစေတတ် ပါတယ်။
-ငါးမန်းစွယ်- အမျိုးသားများ ဒူလာရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
-ပင်လယ်ငါးကြီးအဆီ- မျက်စိအားကောင်းစေပါတယ်။ အမျိုးသားများဆီကျိတ်ကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အ သားအရေ နှင့် ဆံပင်တို့ ကို ကောင်းကျိုးပြုပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
19 Oct 2013
ငါး ပိုစားသင့်သော အကြောင်းရင်း ၁၀
အစားအစာတွေများစွာထဲမှာ သင့်ခန္ဓာကိုယ်အတွက် အမှန်တကယ်ပဲ အကျိုးရှိစေပြီး မရှိမဖြစ် အာဟာရတွေ ပါဝင်တဲ့ အစားအစာမျိုး ဖြစ်နေမယ် ဆိုရင်တော့ သင့်နေ့စဉ် အစားအစာတွေထဲကို မဖြစ်မနေ ထည့်ပေါင်းဖို့ လိုအပ်နေပါပြီ။ အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ ငါးကို ဘာကြောင့် ပိုစားသင့်တယ်ဆိုတဲ့ အချက်တွေ ရှိပါတယ်။
အရသာရှိခြင်း
ငါးကို အနံ့ပြင်းတဲ့ အစားအစာတစ်ခု အနေနဲ့ သတ်မှတ်တတ်ကြပြီး ငါးညှီနံ့ကို မနှစ်သက်တာကြောင့် မစားတတ်ကြပါဘူး။ ဒါပေမဲ့ နှုတ်ခမ်းဖျားမှာ အရသာရှိတဲ့ အစားအစာ တစ်မျိုးထဲမှာ ငါးက ထိပ်ဆုံးက ပါဝင်နေပါတယ်။ ငါးဟာ အရသာနဲ့ ပြည့်စုံတဲ့အပြင် အာဟာရလည်း ပါဝင်တာကြောင့် မဖြစ်မနေ စားသင့်တာပဲ ဖြစ်ပါတယ်။
အသက်ရှည်စေခြင်း
လေ့လာမှုတွေအရ အရှေ့တိုင်းသားတွေဟာ ရေချိုငါးနဲ့ ငါးပေါင်းမျိုးစုံကို စားသောက်ကြတာကြောင့် ပုံမှန်ထက် အသက် ပိုရှည်ကြရတယ်လို့ ဆိုပါတယ်။ အရိုးပါ ဝါးစားလို့ရတဲ့ ငါးသေးလေးတွေကနေ၊ အသားများတဲ့ ငါးကြီးမျိုးတွေအထိ စားသုံးကြရပြီး ပေါပေါများများလည်း ရရှိနိုင်တာကြောင့်လို့ ဆိုပါတယ်။
ချက်ပြုတ်ရ လွယ်ကူခြင်း
ပုစွန်အကွေး၊ ငါးအနွေးလို့ ဆိုတဲ့အတိုင်း ပုစွန်လေးက ကွေးသွားတာနဲ့ စားလို့ရသလို၊ ငါးကလည်း နွေးသွားတာနဲ့ ကျက်သွားပြီ ဖြစ်တာကြောင့် ချက်ရလွယ်ကူတဲ့ အစားအစာမျိုးပဲ ဖြစ်ပါတယ်။ ငါးကို ဟင်းရွက်တွေနဲ့ ရောနှောပြီး ချက်ပြုတ် စားသောက်မယ်ဆိုရင် ဟင်းရွက်မှာပါတဲ့ အာဟာရဓာတ်လည်း မထိခိုက်စေဘဲ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
အာဟာရဓာတ်များ ကြွယ်ဝခြင်း
ငါးမှာ အကျိုးပြု အာဟာရဓာတ်တွေ အနေနဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝပါတယ်။ အစားအစာ တစ်မျိုးတည်းကနေ အာဟာရများစွာ ပါဝင်တာကြောင့် စားသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။
အဆီအနည်းငယ်သာ ပါဝင်ခြင်း
ငါးမှာ အဆီအနည်းငယ်သာ ပါဝင်ပြီး ပါဝင်တဲ့ အဆီကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဖြစ်တာကြောင့် များများစားလို့ ဘေးမဖြစ်စေပါဘူး။ ငါးမှာ ပါဝင်တဲ့ ဆီအနည်းငယ်ကတောင် သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရလဒ်ကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
အစာကြေလွယ်ခြင်း
ငါးကို အချိုဖြစ်စေ၊ အစပ်ဖြစ်စေ ချက်ပြုတ် စားသောက်တာကြောင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်မှာလည်း စိုးရမ်စရာ မလိုပါဘူး။ အစာကြေလွယ်တဲ့ အစားအစာ ဖြစ်တာကြောင့် အစာအိမ်ဝေဒနာသည်တွေ အနေနဲ့လည်း ငါးကို ပြုတ်ပြီး အသားကို စားလို့ ရပါတယ်။
နှလုံးအားကောင်းစေခြင်း
နှလုံးကျန်းမာရေးအတွက် အဆီမစားနိုင်သူတွေ အနေနဲ့ အဆီများတဲ့ ငါးတွေကိုတော့ စားပေးနိုင်ပါတယ်။ ငါးမှာ ပါဝင်တဲ့ အဆီက နှလုံးသွေးကြော လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ သွေးကြောကျဉ်းတာကို ကာကွယ်ပေးတာကြောင့် နှလုံးတွင်း သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။
အရိုး သန်မာစေခြင်း
အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေမှာဆိုရင် အရိုးအဆစ်အတွက် အဓိကလိုအပ်တဲ့ ကယ်စီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင်ဒီကို ခန္ဓာကိုယ်မှ အရိုးသန်မာစေဖို့အတွက် အဓိက စုပ်ယူလေ့ ရှိပါတယ်။
ဦးနှောက် ကျန်းမာစေခြင်း
ငါးမှာ လူကို တက်ကြွ ရွှင်လန်းစေတဲ့ အာနိသင်ပါပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေ အနေနဲ့ ငါးစားပေးတာကြောင့် ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ဖွံ့ဖြိုး တိုးတက်စေပါတယ်။ ပင်လယ်ငါးတွေနဲ့ ပြဒါး ပါဝင်မှုများတဲ့ ငါးတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်ပါတယ်။
ရောဂါ တိုက်ဖျက်ပေးနိုင်ခြင်း
ငါးများများစားတာကြောင့်အသက်ကြီးအတိတ်မေ့ရောဂါကိုလည်း လျှော့ချပေးနိုင်ပါတယ်။
 ကျောက်ကပ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အတော်များများကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် အာဟာရပြည့်ဝတဲ့ ငါးကို လျစ်လျူရှုမထားသင့်တာပဲဖြစ်ပါတယ်
သဲသဲ
BY GOOD HEALTH
22 Sept 2013
ပင်လယ်ရေညှိပင်၏ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ရပ်
ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာ စားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။
(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3) eJY triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
(၂) အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။ အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ လောက် မှီဝဲရင် အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ ပါတယ်။
(၃) နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ ဖော လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင် ကာကွယ်ပေး တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါ နဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။
(၄) နာ့ဗ်ကြောနဲ့ ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာ ခန္ဓာ ကိုယ်ရှိ နာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် ရေညှိမှာ မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။
(၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။
(၆) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ ထရစ်ပတိုဖန် ပါ ဝင်မှု များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန် ဟာ မရှိမဖြစ် အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့ အိပ်ပျော်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။
(၈) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့ ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ် ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
(၉) ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် ဖူကွိုက်ဒန် ဆိုတဲ့ Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် ဆန့်ကျင်တဲ့ အာနိသင်၊ သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။
(၁၀) သွေးတွင်း သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ် လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။
ကြယ်စင်
BY GOOD HEALTH
12 Sept 2013
ငါးအဆီက ရောင်ရမ်းမှုကို လျှော့ချနိုင်
ဟင်းသီးဟင်းရွက်မှရတဲ့ အဆီတွေထက် ငါးမှရတဲ့အဆီတွေဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ prostanoid ခေါ် ဓာတုပစ္စည်းတစ်မျိုးကို ထိန်းချုပ်နိုင်တယ်လို့ သုတေသနပြုသူတွေက ဖော်ပြခဲ့ပါတယ်။ Prostanoids တွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
 ဓာတ်မတည့်မှုတွေကို တွန်းလှန်ပြီးရောင်ရမ်းမှုကို လျော့စေပါတယ်။ ဒါပေမယ့် Prostanoids တွေသိပ်များနေရင် အထူးသဖြင့် ဟင်းသီးဟင်းရွက်မှရရှိပါက Tissue တွေမှ နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းမှု တွေ ပိုဆိုးစေပါတယ်။
 ဒါပေမယ့် နောက်ဆုံးလေ့လာချက်အရ ငါးအဆီမှရတဲ့ Prostanoid တွေဟာ ဟင်းသီးဟင်းရွက်မှ ရတဲ့ Prostanoid တွေထက် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ လျော့စေပြီး အစာထဲမှာ ငါးအဆီထည့်စားရင် ဟင်းသီးဟင်းရွက် ဆီမှရတဲ့ Prostanoid တွေလည်း လျော့သွားတယ်လို့ဆိုပါတယ်။
Ref: Good Health
ဆယ်လ်မွန်ငါး
 လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ စိတ်ကျသက်သာစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ 
တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ၃ ဒသမ ၄ ဂရမ်မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာနိသင်မပါတဲ့ ဆေးကိုပဲ မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထကစိတ်ကျရောဂါ လက္ခဏာတွေ သိသိသာသာ လျော့ကျမှုရှိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။
 အကြောင်းကတော့ အိုမီဂါ ၃ ဟာ ဦးနှောက်ထဲမှာ Neurotransmitter လမ်းကြောင်းတွေ ပေါ်လာစေလို့ပါ။
အိုမီဂါ ၃ ပါဝင်တဲ့ အကောင်းဆုံး အစာတွေက ဆယ်လ်မွန်ငါး၊ ဟာအင်းငါးနဲ့ ဆာဒင်းငါးတို့ ဖြစ်ကြပါတယ်။
သီဟိုဠ်စေ့နဲ့ ရွှေဖရုံစေ့တွေမှာလည်း အိုမီဂါ ၃ ပါဝင်ပါတယ်။
 ဆယ်လ်မွန်ငါးမှာ ဗီတာမင်ဒီလည်း ပါဝင်ပြီး ဗီတာမင်ဒီကလည်း စိတ်ခံစားမှုကောင်းစေတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။
Ref: Good Health
 **************************
 ဆယ်လ်မွန်ငါး စားခြင်းကြောင့် ရရှိနိုင်သော အသားအရေလှပမှုဆိုင်ရာ အကျိုးကျေးဇူး 
ဆယ်လ်မွန်ငါးက ဈေးကွက်ထဲမှာ ပေါပေါများများမတွေ့ရပေမယ့် အဆင်သင့်ရနိုင်တဲ့ ငါးသေတ္တာဘူးတွေအနေနဲ့တော့ ရနိုင်ပါတယ် ဒါ့အပြင် အချို့စားသောက်ဆိုင်ကြီးတွေမှာ ဆယ်လ်မွန်ငါးဟင်းလျာတွေ ရနိုင်ပါတယ် ဆယ်လ်မွန်ငါးကို စားတာကြောင့် အသားအရေကို လှပစေတယ်လို့ ဆိုကြတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိတယ်ဆိုတာကို မှတ်သားမိသလောက် ရေးသားလိုက်ပါတယ်နော်။
  • ဆယ်လ်မွန်ငါးမှာ ပရိုးတင်းဓာတ်အများအပြား ပါဝင်ပါတယ်။
  • ဆယ်လ်မွန်ငါးကိုစားပေးရင် အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ကီရာတင် ထုတ်လုပ်အားကိုကောင်းစေပါတယ်။
  • မျက်နှာပေါ်မှာ သတိပြုမိလောက်အောင်ပေါ်လွင်ထင်ရှားနေတဲ့ အရေပြားအက်ကွဲတာတွေ၊ အသားအရေခြောက်တာတွေမဖြစ်စေဖို့ ဆယ်လ်မွန်ငါးက ကူညီနိုင်ပါတယ်
  • ဆယ်လ်မွန်ငါးကိုစားပေရင် အရေးအကြောင်းဖြစ်နိုင်ခြေလျော့နည်းစေပါတယ်၊ အကြောင်းကတော့ အိုမီဂါ (၃) ဖက်တီးအက်ဆစ်အများအပြားပါဝင်လို့ပါ။
  • ဆယ်လ်မွန်ငါးဟာ အရေပြားရဲ့ရေဓာတ်နဲ့ အဆိုဓာတ်ကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားကိုကောင်းမွန်စေပါတယ်။
  • ဆယ်လ်မွန်ငါးကိုစားပေးရင် စိတ်ဓာတ်ကျတာ၊ အဆစ်တွေတောင့်တင်းနာကျင်တာနဲ့ ရာသီအကြိုဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာလေ့လာမှုတွေအရ အတည်ပြု့နိုင်ပါသည်။
ငါးကို ပို၍ စားခြင်း
ငါးကို စားခြင်းသည်အမျိုးသမီးများ၌ နှလုံးရောဂါတားဆီးပေး
 ငါးကို ပို၍ စားခြင်းသည် ငယ်ရွယ်သော အမျိုးသမီးများ၌ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တားဆီးပေးနိုင်
ငယ်ရွယ်သော အမျိုးသမီးများ အနေဖြင့် အိုမီဂါ-၃ အဆီ အက်စစ်ကြွယ်ဝသော ငါးများကို ပို၍ စားပေးရုံဖြင့် နှလုံးရောဂါနှင့် သွေးကြောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။ 
အမေရိကန် နှလုံးရောဂါ အဖွဲ့အစည်း၏ ဂျာနယ်၌ အဆိုပါ တွေ့ရှိချက်ကို ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။ ပထမဆုံးအဖြစ် ကလေးမွေးဖွားနိုင်သည့် အသက်အရွယ်တွင် ရှိသော ဒိန်းမတ်နိုင်ငံမှ အမျိုးသမီးများကို လေ့လာခဲ့ရာတွင် ရှစ်နှစ်အတွင်း၌ ငါးကို စားသုံးလေ့မရှိသော အမျိုးသမီးများသည် ငါးကိုပုံမှန်စားသုံးသောအမျိုးသမီးများထက် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။ 
ငါးကို စားလေ့မရှိသော အမျိုးသမီးများကို အိုမီဂါ-၃ ကြွယ်ဝသော ငါးကို အပတ်စဉ် စားသုံးသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ငါးစားလေ့ မရှိသူများသည် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ ပိုမိုကြောင်း တွေ့ရှိခဲ့ရသည်။
 အဆိုပါ သုတေသနအဖွဲ့သည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း ရှိသော အမျိုးသမီးပေါင်း ၄၉၀၀၀ ကို လေ့လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
(Xinhua, 6.12.11)NYM
By Good Health
ငါးသေးသေးလေးများစားသုံးပေးခြင်းဖြင့်အရိုးပွရောဂါကာကွယ်နိုင်
ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။
ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။
လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။
ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင် လာသော ရောဂါမှာ ''အရိုးပွရောဂါ''ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီးအရိုးပါး လာသော ကြောင့်ဖြစ်သော ရော ဂါ ဖြစ်သည်။ ယောက်ျားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံး ပြီးနောက် အရိုးပွ လာသည်ကို ထူးခြားစွာလေ့ လာတွေ့ရှိရသည်ဟု ဆိုသည်။
အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ် သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ် တို့၏ အမာခံဓာတ် ဖြစ်သည်။ ၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။ ငါးလေး အိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီး များက ညွှန်ကြားကြသည်။
မြ၀တီ
ငါးရဲ့အဆီကိုစားသုံးခြင်းဖြင့်ရင်သားကင်ဆာလျော့ချပေးနိုင်
ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်
တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 polyunsaturated fally acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကု
ိ ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ရတနာပုံ ဘာသာပြန်သတင်း
Ref: ဘန်ကောက်ပို့စ်
BY YATANARPON
Twitter Delicious Facebook Digg Stumbleupon Favorites More