Pages - Menu

12 Sept 2013

ငါးကို ပို၍ စားခြင်း



ငါးကို စားခြင်းသည်အမျိုးသမီးများ၌ နှလုံးရောဂါတားဆီးပေး

 ငါးကို ပို၍ စားခြင်းသည် ငယ်ရွယ်သော အမျိုးသမီးများ၌ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တားဆီးပေးနိုင်
ငယ်ရွယ်သော အမျိုးသမီးများ အနေဖြင့် အိုမီဂါ-၃ အဆီ အက်စစ်ကြွယ်ဝသော ငါးများကို ပို၍ စားပေးရုံဖြင့် နှလုံးရောဂါနှင့် သွေးကြောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။ 
အမေရိကန် နှလုံးရောဂါ အဖွဲ့အစည်း၏ ဂျာနယ်၌ အဆိုပါ တွေ့ရှိချက်ကို ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။ ပထမဆုံးအဖြစ် ကလေးမွေးဖွားနိုင်သည့် အသက်အရွယ်တွင် ရှိသော ဒိန်းမတ်နိုင်ငံမှ အမျိုးသမီးများကို လေ့လာခဲ့ရာတွင် ရှစ်နှစ်အတွင်း၌ ငါးကို စားသုံးလေ့မရှိသော အမျိုးသမီးများသည် ငါးကိုပုံမှန်စားသုံးသောအမျိုးသမီးများထက် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။ 
ငါးကို စားလေ့မရှိသော အမျိုးသမီးများကို အိုမီဂါ-၃ ကြွယ်ဝသော ငါးကို အပတ်စဉ် စားသုံးသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ငါးစားလေ့ မရှိသူများသည် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ ပိုမိုကြောင်း တွေ့ရှိခဲ့ရသည်။
 အဆိုပါ သုတေသနအဖွဲ့သည် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း ရှိသော အမျိုးသမီးပေါင်း ၄၉၀၀၀ ကို လေ့လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua, 6.12.11)NYM
By Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More