Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကြက်သွန်မြိတ်. Show all posts
Showing posts with label ကြက်သွန်မြိတ်. Show all posts

24 Sept 2013

ကြက်သွန်မြိတ် ၏ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်မြိတ်သည် ကြက်သွန်နီကဲ့သို့ ပင် Sulfur ဓာတ်မြင့်မားစွာပါရှိပါသည်။  ထို့ ပြင် Vitamin A, Vitamin B2, Vitamin C, Vitamin K, Thiamine, Copper, Phosphorous, Magnesium,, Potassium, Chromium, Fibre နှင့် Manganese တို့  စုဝေးရာ အရင်းအမြစ်လဲဖြစ်ပါသည်။ ကယ်လိုရီနဲပါးပြီး အလွန်အာဟာရဖြစ်စေသော ဟင်းရွက် တစ်မျိုးဖြစ်ပါသည်။

(၁) ကိုလက်စထရောကိုကျစေခြင်း၊ သွေးဖိအားကိုချပေးခြင်း နှင့် သွေးခဲခြင်းပြသနာတို့ ကို ကာကွယ်ပေးနိုင် သည့် အတွက် နှလုံးသွေကြောဆိုင်ရာ ရောဂါအမျိုးမျိုးတို့ ကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။

(၂) အအေးမိ၍ နှာစေးချောင်းဆိုးခြင်း နှင့် အပူဖျား/အအေးဖျားစသည့် ရာသီဖျားတို့ ကိုလဲ တိုက်ထုတ်ပေး နိုင်စွမ်းရှိပါသည်။ ကိုယ်ခံစွမ်းအားကိုတိုးတက်ေ ကာင်းမွန်စေပါသည်။

(၃) ကြက်သွန်မြိတ်ကို မှန်မှန်စားပေးပါက၊ အထူးသဖြင့် အူမကြီးကင်ဆာအပါအ၀င်၊ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ နှင့် အမျိုးသားများ သုက်ရည်ဂလင်းကင်ဆာ စသည့် ကင်ဆာဆဲလ်များနှင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားလာမှုကို ဟန့် တားပေးနိုင်ပါသည်။

(၄) အဆစ်ရောင်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

(၅) ကြက်သွန်မြိတ်သည် ခန္ဒာကိုယ်ထဲရှိ၊ သကြားပမာဏနှင့် ဂလူးကိုစ့် တို့ ကို ဟန်ချက်ညီညီထိန်းညှိပေး သဖြင့်၊ ဆီးချိုရောဂါသည်များကို များစွာကောာင်းကျိုးပြုပါသည်။

(၆) အစာချေဖျက်မှုစံနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။

(၇) ခန္ဒာကိုယ်ထဲရှိ သွေးလည်ပတ်မှုပမာဏကို တိုးတက်ကောင်းမွန်စေပါသည်။

(၈) အသက်ရှုလမ်းကြောင်းစံနစ်ကို ကောင်းစွာလှုံ့ ဆော်ပေးနိုင်ပါသည်။

(၉) ကြက်သွန်မြိတ်ထဲတွင် ပါရှိသော အဆီတစ်မျိုးက ချွေးဂလင်းများကိုနိုးကြွစေ ပြီး၊ ချွေးများကို ထွက်လာစေ ပါသည်။ ကိုလက်စထရောကိုလဲ ကျစေပါသည်။

(၁၀) ခံတွင်းကို မြိန်စေပါသည်။

(၁၁) ၀မ်းသွားခြင်းမှလဲ ကာကွယ်ပေးပါသည်။

(၁၂) စိတ်ဖိစီးမှုနှင့် မောပမ်းနွမ်းနယ်မှုတို့ ကို ဖြေလျော့ပေးပါသည်။ ထို့ ပြင် ကြက်သွန်မြိတ်အစည်းလိုက်ကို  ခေါင်းအုံးအောက်ထားအိပ်ပါက၊ နှစ်ခြိုက်စွာအိပ်မောကျစေပါ သည်။

(၁၃) လည်ချောင်းနာဝေဒနာများအတွက်  ကြက်သွန်မြိတ်ကို ခပ်သေးသေးလှီးဖြတ်၍၊ ဂျင်း၊ဆားအနဲငယ်တို ဖြင့် ရောနှောကာ အ၀တ်ပါးပါး အိတ်ငယ်တစ်ခုထဲထဲ့ပြီး၊ အပူငွေ့ ပေးပါ။ ထိုအပူငွေ့ ပေးထားသော အ၀တ် အိတ်ပါးကို လည်ချောင်းတ၀ိုက်တွင် အသာအယာ ဖိကပ်ပေးခြင်းဖြင့် လည်ချောင်းနာကျင်မှုကို သက်သာလာ စေပါသည်။

(၁၄) ခြေထောက်ဖောရောင်သူများအတွက်၊ကြက်သွန်မြိတ်ကို ရေနဲနဲတွင်ပြုတ်၍ အုံပေးခြင်းဖြင့် ပျောက်ကင်း သက်သာ စေနိုင်ပါသည်။

(၁၅) နှာခေါင်းသွေးလျှံသောသူများ အတွက်၊ ကြက်သွန်မြိတ်ကို ကျိတ်ချေပြီး ရရှိလာသော သတ္တုရည်ကို ချည်သားအ၀တ်ဖြင့်တို့ ယူပြီးနောက်၊ နှာခေါင်းဝတွင် အုပ်ပေးနိုင်ပါသည်။

(၁၆) မျက်စိရောဂါဝေဒနာအမျိုးမျိုးတို့ ကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။

(၁၇) ကြက်သွန်မြိတ်ထဲတွင်ပါရှိသော Allicin ဒြပ်ပေါင်းစုက မျက်နှာပါးရေ တွန့် ခြင်းနှင့် အရေပြားများ တွဲကျ ခြင်း တို့ ကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည် ။ ထို့ ကြောင့်အရွယ်တင်နုပျိုစေပါ သည်။

သို့ ပါ၍ ဘေးထွက်ဆိုးကျိုးမရှိဘဲ၊ လူသားတို့ ကျန်းမာရေးအတွက် သဘာဝဇီဝပစ္စည်းတစ်ခုအဖြစ် ဘက်ပေါင်းစုံမှ စွမ်းဆောင်ပေးနိုင်သော ကြက်သွန်မြိတ်ကို စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဘာသာပြန်သူ ပေါက်ပေါက်
ကိုးကား -World’s Healthiest Food <Scallions/Spring Onions>
Ref >>> ပေါက်ပေါက် ၏ ကြက်သွန်မြိတ်အကြောင်းသိကောင်းစရာ ဆောင်းပါးမှ

Twitter Delicious Facebook Digg Stumbleupon Favorites More