Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကြံပင်/ရည်. Show all posts
Showing posts with label ကြံပင်/ရည်. Show all posts

7 May 2014

*** ကျန်းမာဖို့ ကြံရည်သောက်စို့  ***


မြက်မျိုးနွယ်ဝင် ကြံပင်များသည် သဘာဝအလျောက်ပေါက်ရောက်လေ့ရှိပြီး၊ ၄င်း၏ဆေးစွမ်း အာနိသင် ထက်မြက်မှုကြောင့် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် စီးပွားဖြစ်စိုက် ပျိုး လျှက်ရှိသည်။ ယေဘုယျအားဖြင့် ကြံညို၊ ကြံနီ်၊ ကြံဖြူဟူ၍ (၃)မျိုးရှိကာ၊ ကြံဖြူ နှင့် ကြံနီတို့ က အရသာပိုချိုပါသည်။
 ကြံပင်ထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ဗီတာ မင်နှင့် သတ္တုဓာတ်တို့  ကြွယ်ဝစွာပါရှိသည့်ပြင် အပင်များတွင်တွေ့ ရခဲသော phytonutrients တစ်မျိုးဖြစ်သည့် ကလိုရို ဖီးလ်ကိုလည်း တွေ့ ရသည်။ 
ထို့ ကြောင့် မြန်မာ့ဆေးကျမ်းများတွင်သာမက၊ နိုင်ငံတကာ ကျန်းမာရေးလမ်းညွှန် စာအုပ်များ ထဲ တွင် ကြံရည်ကို “အာဟာရပြည့် စူပါဖျော်ရည်” အဖြစ် တခမ်းတနားရေး သား ဖော်ပြ ထားကြ သည်။
• glycemic ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်စေသည်။
• အအေးမိ၊ နှားစေးခြင်းနှင့် လည်ချောင်းနာခြင်းတို့ ကိုထိထိရောက်ရောက် ကာကွယ်ပေး သည်။
• သကြားဓာတ် ၁၅%ပါရှိသော်လည်း၊ သွေးထဲရှိသကြားဓာတ်ကိုမျှခြေဖြစ်စေသဖြင့် ဆီး ချိုရောဂါသည်များ အကြောက် အရွံ့ မရှိသုံးဆောင်နိုင်ကြောင်း၊ သြစတြေးလျသုတေသီများက အကြံပြုထားကြသည်။ (သို့ သော် type-2 ဆီးချိုသမား များ အနည်းငယ်သာသောက်သုံး သင့်သည်)
• Polyphenols (ခေါ်) အဆင့်မြင့်ဓာတ်တိုးဆန့် ကျင်ပစ္စည်းပါရှိခြင်းကြောင့် ကင်ဆာေ ရာဂါများကို တိုက်ထုတ်ပေးသည်။ အထူးသဖြင့် သုက်ရည်ဂလင်း နှင့် ရင်သားကင်ဆာများ မဖြစ်လာအောင် တားမြစ်ပေးနိုင်စွမ်းရှိသည်။
• နေပူလောင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများအတွက် အညိုရောင်ကြံရည်က ခန္ဓာကိုယ်ကို အချိန်တိုတွင်းမှာပင် ရေဓာတ် အားဖြည့် ပေးနိုင်သည်။
• ကြွက်သားများ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စေ့၊ ဦးနှောက် နှင့် လိင်အင်္ဂါအစိပ် အပိုင်းများကို ခွန်အားဖြစ်စေသည်။
• ကျောက်ကပ်ကို အားပေးပြီး၊ ဆီးချုပ်/ဆီးအောင့်ခြင်းမှကာကွယ်ပေးသည်။
• အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးပြုနိုင်၏။
• အမျိုးသားများ Spermatorrhoea (ခေါ်) သုက်ယိုရောဂါ နှင့် ဆီးကျိတ်ရောင်ခြင်းအ တွက် အနီရောင်ကြံရည်ကို သံပုရာ ရည် (သို့ မဟုတ်) ဂျင်းရည် (သို့ မဟုတ်) အုန်းရည်ြ ဖင့် ရောသောက်ပေးခြင်းဖြင့် ရောဂါသက်သာလာစေသည်။
• အဖြူရောင်ကြံရည်တွင် ရှောက်ရည် (သို့ မဟုတ်) လိမ္မော်ရည် တို့ ကို အနည်းငယ်ရောေ သာက်ပါက အာဟာရပြည့်ဝ ပြီး၊ ပိန်သူကိုဝစေ၍ အသက်လည်းရှည်စေသည်။
• အသည်းရောင်အသားဝါရောဂါသည်များကို အလျှင်အမြန် အားပြန်ပြည့်စေသည်။
• ကစီဓာတ်အလုံအလောက်ပါရှိခြင်းကြောင့်၊ အားပြည့်လန်းဆန်စေကာ သက်လုံေ ကာင်းစေသဖြင့် အားကစားသမားများ နှင့် ကာယလုပ်အားရှင်များအတွက် အထူးသင့်တော်၏။
• အစာကျေစေပါသည်။ ထို့ ပြင် ပိုတက်စီယမ်အမြောက်အများပါရှိခြင်းကြောင့် ၀မ်းပျော့ေ စသည်။
• ကိုယ်ခန္ဓာအတွက် မကောင်းသော ကိုလက်စထရောကိုကျစေသည်။
• ရက်သတ္တ ၁-ပတ်လျှင် ၃-ခွက်မျှ ကြံရည်သောက်သုံးခြင်းဖြင့် အာရုံကြောအဖွဲ့ အစည်းကို အားကောင်းစေကာ၊မှတ်ဥာဏ် စွမ်းအားတိုးတက်လာစေကြောင်း ဗြိတိသျှသုတေသီများက အကြံပြုထားသည်။
• ကြံရည်ဖြင့် ချက်ထားသော ကြံသကာအခဲသည်လည်း ချွဲထချောင်းဆိုးခြင်းကို သက် သာစေနိုင်သည်။
•သဘာဝalkalineဓာတ်ပါရှိသဖြင့်၊ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်ကိုပုံမှန်လည်ပတ်နိုင်စေပြီး၊
 သွေးအားနည်းရောဂါ၊ ကြို့  ထိုးခြင်း၊ နှလုံးတုန်မူးဝြေ ခင်း၊ ခေါင်းကိုက်ခြင်း၊ သွေး အန်ခြင်းနှင့် အစာအိမ်ရောဂါတို့ ကို သက်သာစေသည်။
• အဆုတ်ကို ကျန်းမာစေသည်။
• ကြံရည်ထဲတွင် သတ္တုဓာတ်များ မြင့်မားစွာပါရှိခြင်းကြောင့် သွားများပျက်စီးခြင်းမှ ကာ ကွယ်ပေးကြောင်း အိန္ဒိယဆေး သုတေသီများက ၁၉၃၀ တွင် အတည်ပြုထားသည်။
 ထို့ ပြင်ြ ကံချောင်းကိုကိုက်၍ အရည်စုပ်မျိုခြင်းကလည်း သွားသန့်  စေပါသည်။

မှတ်ချက်။ ကြံဖြူပင်သည် ချွဲသလိပ်ထစေတတ်၍ အလွန်အကျွံမသောက်သင့်ပါ။
 ထို့ ကြောင့် ယခုလို နွေပူပူရင်ပူပူုတွင် အပူငြိမ်း/သည်းခြေအေးစေသော ကြံရည်ကို သဘာဝရဲ့ အာဟာရ အဖြစ် သောက်သုံး ပေးသင့်ပါကြောင်းနှင့် ကျန်းမာရေးအတွက် ကြံရည်သောက်ရန် အသင့်ေ တ်ာဆုံး အချိန်မှာ နေ့ လည်ဘက်ဖြစ်ကြောင်း သတင်း ကောင်းပါးလိုက်ရပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
ကိုးကား (Dr JV Hebbar,an Ayurveda Doctor)

4 Feb 2014

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန် ညီညွတ်ပါတယ်။  ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြား ထည့်ထားတဲ့ အရည်တွေအစား သောက်သုံး နိုင်ပါတယ်။
 ကျန်းမာကြံ့ခိုင်စေပါတယ် ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။

 ကြံရိုးမှာ ရိုးရိုး သကြားဓာတ် မပါဝင်တဲ့ အတွက် ဆီးချို ရောဂါရှိသူတွေ သောက်သုံး နိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံး သင့်ပါတယ်။

 အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ် ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ် ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် ကင်ဆာ၊ အထူးသဖြင့် ဆီးကျိတ်နဲ့ ရင်သား ကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ် ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိ စေတာကြောင့် စွမ်းအင် လိုအပ်တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သိုလှောင် ထားပါတယ်။

 ရေဓာတ် ပြည့်ဝစေပါတယ် ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမဟုတ် ကိုယ်လက် လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့် ပါတယ်။

 ဒါက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေ ပါတယ်။
အထူးသဖြင့် ဆော်ဒါလို အချိုရည် တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။
ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်။

http://ktzsxxx.blogspot.com/2013/07/blog-post_759.html 

ကျန်းမာရေးနှင့်ပြည့်စုံသည် ကြံရည်

ရသာခြောက်ပါးတွင် အချိုဓာတ်ကို မကြိုက်သူ ရှားပါသည်။သကြားသည် ချိုသောအရသာ ရှိသော်လည်း သကြားစားသုံးခြင်းဖြင့် ဆီးချို၊သွေးချို နှင့်အူမကြီးကင်ဆာဖြစ်သူများအတွက် ဆိုးကျိုးပေးကြောင်း လေ့လာတွေ့ ရှိရသည် ။ သို့ဖြင့် သကြားပါဝင်သည့် အစားအစာများကို ရှောင်ကျဉ်ခြင်းမှာအကောင်းဆုံးဖြစ်ပါသည် ။
အချို့ သော ဆေးသကြားများမှာလည်း သကြားထက်ပင် ဘေးထွက် ဆိုးကျိုးများကြုံတွေ့ရသည်ဟု တွေ့ ရှိလာရသည်။ အချို့ ဆိုလျှင် ခေါင်းအုံခြင်း၊အာရုံထွေပြားခြင်းများ ဖြစ်ပေါ်လာသည်။
ထိုမျှမက အချို့ ဆိုလျှင် ကင်ဆာရောဂါ ကဲ့သို့ သော ရောဂါ အန္တရာယ်များ ပိုမိုကြုံတွေ့ လာရကြောင်း စမ်းသပ်တွေ့ ရှိရသည်ဟု ဆိုသည်။
ထိုအခါ သဘာဝ ကြံရည်ကိုသောက်သုံးရန် ရွေးချယ်လိုက်သည်တွင် ဘေးထွက်ဆိုးကျိုးမရှိသည့်အပြင် ချိုမြိန်သောအရသာကိုလည်း အပြည့်အ၀ ခံစားနိုင်ကြောင်း တွေ့ ရှိရသည်။ ထို့ ကြောင့် ကြံရည်ကို မျှမျှတတသောက်သုံးနေသမျှ ကာလပတ်လုံး ဆိုးကျိုးလုံးဝမရှိဘဲ လျှာပေါ်တွင် ချိုမြိန်သည့် အရသာကို ပေးစွမ်းနိုင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးဖွယ်ရာ အရည်ဖြစ်ကြောင်း
ဆေးသိပ္ပံပညာရှင်များက အဆိုပြုထားပါကြောင်း သူငယ်ချင်းများအတွက်
 ရေးသားတင်ပြပေးလိုက်ပါတယ် ။
 
http://tharapa.weebly.com/1/category/5e2f8a0113/1.html
 
 
 

ကျန်းမာရေးအတွက် ကြံရည်တစ်ခွက်

ကြံပင် ကို အင်္ဂလိပ် လို Sugar Cane လို့ခေါ် ဆိုကြပါ တယ်။ ကြံသကာ ကိုတော့ Sugar Cane Candy လို့ခေါ်ဆိုပါတယ်။ ကြံသကာကို မုန့် များ၊ ယိုများ၊ တဆေး (ဝါ)ဆေးယို တွေထုတ်လုပ်ရာမှာ အသုံးပြုလေ့ ရှိကြ ပါတယ်။ ကြံသကာဆိုသည်မှာ ကြံရည် ကို ချက်၍ရသော အခဲဖြစ်ပါတယ်။
ကြံသကာနှင့် ဆေး အဘိဓာတ် ကျမ်း အမြင်
ကြံသကာ၏ ဂုဏ်သည်ကား အပူလွန်၍သော်လည်းကောင်း၊ နှလုံး ဆို့တောင့်လာ၍သော်လည်းကောင်း၊ သည်းခြေလှိုက်တက်၍သော်လည်း ကောင်း၊လေပူထ၍သော်လည်းကောင်း၊ ရူးသွပ်၍သော်လည်းကောင်း၊ အာပေါ ဓာတ်ပျက်သော အနာကိုသော်လည်း ကောင်း၊ အလွန်ကျုံသောအနာကို လည်းကောင်း၊ သလိပ် အဓိကပြု ၍ ချောင်းဆိုးသောအနာကိုသော်လည်း ကောင်း ချမ်းသာစေတတ်သည်ဟု ပြဌာန်းထားပါတယ်။
နွေရာသီ အတွက် ဖျော် ရည် တစ်ခွက်
ကြံပင်ကို သဘာဝပေါက်ပင်နှင့် စိုက်ပျိုးပင်အဖြစ် တွေ့ရှိနိုင်ပါတယ်။ ကြံညိုပင်၊ ကြံနီပင်၊ ကြံဖြူပင်ဟု ကြံ အမျိုးအစားများရှိပါတယ်။ ကြံပင်နှင့် ပတ်သက်၍ မြန်မာပြန် အာယုဗ္ဗေဒ ဆေးကျမ်းကြီးများ တွင် အောက် ပါ   အတိုင်းဖော်ပြထားပါတယ်။ ကြံညိုပင်သည် ပြေပြစ်၏။ ဂုဏ် နှင့် စွမ်းရည်မှာ သုက်ကိုပွားစေသည် ။ နှစ်မြို့စေသည်။ အပူကိုတားမြစ်စေ သည်။ သလိပ်ဖြစ်စေတတ်သည်။


အနာပေါက်ရောဂါနှင့် မြစ်ခြောက် ရောဂါတို့ကို ပျောက်ကင်း စေသည်။ ကြံနီပင်သည် ချို၏၊ဖန်၏၊အေး ၏။ ဝိပါက ချိုစေ၏။ သုက်ကိုပွားစေ တတ်၏။ ခွန်အားကို ဖြစ်စေတတ်၏။ အရောင်အဆင်းကို ဖြစ်စေတတ်၏။ ဓာတ်တို့ကို ပွားစေ၏။ ကြေကျက် ခဲ၏။ လေ၊ သည်းခြေတို့ကို ငြိမ်းအေး စေတတ်၏။ အနာ၊ မီးလျှံ၊ အပူနာ၊ ဆီးချုပ်၊ ဆီးအောင့်၊ သွေးဖောက် ပြန်ခြင်းတို့အတွက် အကျိုးရှိ၏။ ကြံဖြူပင်သည် ချို၏၊ ပြေပြစ်၏၊ ဝဖြိုးစေသည်။ အသက်ကိုရှည်စေ သည်။ သုက်သွေးကို ပွားစေသည်။ သလိပ်ကို ပြုတတ်၏။ ပင်ပန်းခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး ခန္ဓာ ကိုယ်တွင်းရှိ အပူတို့ကို ငြိမ်းအေးစေ တတ်ပါသည်။
နွေရာသီတွင် ကြုံတွေ့ရ တတ်သည့် နှလုံးခုန်ခြင်း၊ မူးဝေခြင်း တို့အတွက် ကြံရည်သည် အဖိုးတန် ဖျော် ရည် ဟု သတ်မှတ်နိုင်ပါတယ်။ ကြံရည်တွင် သံပရာသီးအနည်းငယ် ထည့်သွင်း၍ သောက်ပေးခြင်းဖြင့် ကြံရည်၏ အရသာကို ပိုမိုလေးနက် စေပါတယ်။ ကြံရည်နှင့်ပတ်သက်၍ Dr. S.J. Singh ပြုစုသော Food Remedies စာအုပ်တွင် ဖော်ပြထားချက် အချို့ကို တိုင်းရင်းဆေးစာဖတ်သူ များ သုတြွကယ်စေရန် ရည်ရွယ်ချက် ဖြင့် တင်ပြလိုက်ပါတယ်။
 ကြံရည်သည် များစွာသောအဖျော်ယမကာတို့အနက် ရေငတ်ပြေစေသော၊ လန်းဆန်းစေ သော အာနိသင် ကို ပေးစွမ်းပါတယ်။ ယင်းတွင် သကြားဓာတ် ၁၅ ရာခိုင်နှုန်းနှင့် ဗီတာမင် B နှင့် ဗီတာမင် C တို့လည်း ပါဝင်ပါတယ်။ Organic Salts of Calcium ၊သံဓာတ်၊ မဂ္ဂနီစီယမ်တို့ြွကယ်ဝစွာပါဝင်ပါတယ်။

ကြံရည်ကို သွေးအားနည်းရောဂါ၊ အသားဝါရောဂါ၊ ကြို့ထိုးခြင်း၊ ကိုယ်တွင်းအပူဓာတ်ကို လျှော့ချရာ တွင် အသုံးပြုနိုင်ပါတယ်။ အမျိုးသား များ သုက်ယိုရောဂါ Spermatorrhoea ကိုကုသရာတွင် အသုံးပြုနိုင် ပါတယ်။ ကြံရည်တွင် ရှောက်ရည် (Limes)၊ သံပရာ(Lemon )နှင့် လိမ္မော်ရည် (Oranges) တစ်မျိုးမျိုးကို အနည်း ငယ်ထည့်ပြီးသောက်သုံးပါက အာ ဟာရပြည့်ဝကာ ပိန်သူကို ဝကာ အလှတိုးစေပါတယ်။

 
ဆေးဝါးဖြစ်သော ဖျော ရည်
ကြံပင်သည် တစ်နှစ်ပတ်လုံး ရှင်သန်ပေါက်ရောက်တတ်သောအပင် မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြံ ရည်ကို တစ်နှစ်တာ ကာလပတ်လုံး သောက်သုံးနိုင်ပါတယ်။
 
နောက်ဆုံးကမ္ဘာ့ သုတေသန တွေ့ရှိချက်များ
ကြံရည်တွင် ဗီတာမင်B အပြင် ကယ်လိုရီများစွာ ပါဝင်ပါတယ်။ လူ တိုင်းအတွက် သင့်လျော်သော သဘာဝဖျော်ရည်ကောင်း ဖြစ်ပါတယ်။
 
အစာအိမ်ရောဂါနှင့် ခေါင်းကိုက်ရောဂါ
သဘာဝဖျော်ရည်ဖြစ်တဲ့ ကြံရည် ကို နေ့စဉ်သတ်မှတ်ထားသည့် ပမာဏအတိုင်း သောက် သုံးပေးခြင်း   ဖြင့် ခေါင်းကိုက်ရောဂါဝေဒနာရှင်များ နဲ့ အစာအိမ်ရောဂါဝေဒနာရှင်များ အတွက် အကျိုးသက်ရောက် မှုရှိ ကြောင်းကို သုတေသနပြုမှုများမှာ တွေ့ရှိထားပါတယ်။

ဗြိတိသျှသုတေသနပညာရှင် များရဲ့ တွေ့ရှိ ချက် အရ ကြံရည်သည် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များရှင်သန်မှု ကို ပံ့ပိုးပေးနိုင်စေသည့်အပြင် အချို့ လူများ တွင်ဖြစ်တတ်သော မှတ်ဥာဏ် ချို့ယွင်းမှုများကိုလည်း အထိုက် အလျောက် အကာအ ကွယ်ပေးနိုင်   ကြောင်း သိရပါတယ်။ ကြံရည်ကို သီတင်းတစ်ပတ်လျှင် သုံးခွက်မျှ သောက်သုံးခြင်းဖြင့် နာ့ဗ်ကြော များ သန်မာမှုကို အထောက် အကူပြုစေပါတယ်။

ထို့အပြင် အာရုံ ကြောအားနည်းမှုရောဂါကို သက်သာ စေ သည့် အာနိသင်ရှိသည်ဟု ဆို ထားပါတယ်။

Ref :
(၁) မြန်မာ့အလင်းနေ့စဉ် သတင်းစာ
(၂) အရှင်နာဂသိန် အခြေပြုဆေးအဘိဓာန်
(၃) Food Remedies. By. Dr.S.J.Singh
ကျော်တင့်ဆွေ

ကြံရည်အစွမ်း အံမခန်း

ကြံရည်ဟာ သောက်တဲ့ အခါမှာ ချိုတဲ့ အရသာ ရှိပြီး လူတွေအတွက် ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ပေးစွမ်းကြောင်း သိရပါတယ်။

(၁) ကျောက်ကပ်ရောဂါများ အတွက် ကောင်းမွန်ခြင်း။

(၂) တုပ်ကွေးရောဂါများကို သက်သာစေခြင်း။

(၃) ရင်သားကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ခြင်း။

(၄) ကြံရိုးစားခြင်းဖြစ် သွားကို ဖြူစင်စေခြင်း။

(၅) အဆီကျစေခြင်း။

(၆) လက်သည်းများတွင် အဖြူစက်များ ပေါ်လာပါက ပျောက်ကင်းစေခြင်း။

(၇) အသားအရည်ကို စိုပြေစေခြင်း။

(၈) အိုးမင်း ရင့်ရော်မှုကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။

(၉) ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။

 ကျော်လင်းနိုင် - ရိုးရာလေး

Twitter Delicious Facebook Digg Stumbleupon Favorites More