Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သခွားသီး. Show all posts
Showing posts with label သခွားသီး. Show all posts

21 Nov 2013

သခွားသီးမှ ရရှိသော အကျိုး ကျေးဇူး များ

(၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ် လို့ ဆိုပါတယ်။ သခွားသီး ဟာ ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆိုပါတယ်။

(၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေနိုင်ပါတယ်။

(၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။

(၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင်မီ သကြားဖြင့် စားပေးပါက သက်သာပျောက်ကင်း စေနိုင်ပါတယ်။

(၅) သခွားသီးသည် ခန္ဓာကိုယ်တွင်း ကုန်ခန်းသွားသော အားအင်းများကို ပြန်လည် ဖြည့်ဆည်း ပေးတဲ့အပြင် ကြွက်သားများ အတွက်လည်း အထူးပင် ကောင်းမွန်တယ်လို့ ဆိုပါတယ်။

(၆) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မလိုအပ်သော အဆီများကို ကျဆင်းစေနိုင်ပါတယ်။

ကျော်လင်းနိုင် ( ရိုးရာလေး )

23 Sept 2013

တစ်ကိုယ်ရည်လှပမှုအတွက် သခွားသီး၏ အကျိုးကျေးဇူးများ။

သခွားသီးဟာ အသားအရည်အတွက် အကောင်းဆုံးအဖော်မွန်ပါဘဲ။ မျက်နှာအသားအရေကို သန့် စင်ခြင်း၊ အေးမြစေခြင်း၊ ချောမွေ့ စေခြင်းနှင့်အသား အရေပြားကို တင်းရင်းသိပ်သည်းကောင်းမွန်စေခြင်း တို့ အတွက် များစွာအကျိုးရှိပါတယ်။ ထို့ ပြင် မျက်နှာပေါ်ရှိ အရေးကြောင်းများကို ဖယ်ရှားပေးပါသည်။

1. အသားအရည် တောက်ပစိုပြည်စေရန်အတွက် အထူးတလည်လုပ်စရာမလိုပါ။ သခွားသီးကိုသာ မှန်မှန်ကိုက် စားပေးပါ။

2. မျက်နှာပေါ်ရှိ အမည်းစက်များ၊ ၀က်ခြံ၊ အပူလောင်ခြင်း နှင့်အရေပြားရောဂါအမျိုးမျိုးတို့ အတွက် သခွားသီး သတ္တုရည်ကို သံလွင်ဆီဖြင့် ရောလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

3. သခွားရည်သည် အသားအရေကို အေးမြစေပါတယ်။ ထို့ ကြောင့် နေပူလောင်ဒဏ်ရာများကို သခွားရည်ဖြင့် သုတ်လိမ်းပေးပါက၊ ခန္ဓာကိုယ်ထဲရှိ အပူရှိန်ကို သခွားရည်ကစုပ်ယူပေးနိုင်စွမ်းရှိပါတယ်။ အကယ်၍ သခွားသီး ကို စက်ဖြင့်အရည်ဖျော်ရန် အဆင်မပြေပါက၊ အသီးကိုခပ်ပါးပါးလှီးကာ ခန္ဓာကိုယ်အရေပြားကို ပွတ်တိုက်ပေး ပါ။

4. သခွားသီးထဲရှိ စီလီကာအစွမ်းက ခြေသည်း/လက်သည်းခွံများ ကွဲခြင်း၊ ပျက်စီးခြင်းကို ကောင်းစွာကုသပေးနိုင် ပါတယ်။

5. သခွားသီးတွင် စီလီကွန် နှင့် ဆာလ်ဖာတို့ မြင့်မားစွာပါရှိခြင်းကြောင့် ဆံပင်ကို အရှည်မြန်စေပါသည်။ သခွားသီး အရည် ကို မုန်လာဥနီအရည် (သို့ မဟုတ်) ဆလတ်ရွက်အရည် (သို့ မဟုတ်) ကိုက်လံအရွက် အရည် တို့ ဖြင့် ရောစပ်ကာ ဆံသား နှင့်ဦးရေပြားကို လိမ်းပေးပါက၊ ပို၍အစွမ်းထက်မြက်စေပါတယ်။

6. မျက်လုံးများ မို့ မောက်အစ်ထွက်ရောင်ရမ်းသူများ၊ မျက်ကွင်းညိုသူများ၊ မျက်စေ့နာသူများ၊ ကွန်ပြူတာ အချိန် ကြာမြင့်စွာ အသုံးပြုထားရသဖြင့် မျက်စေ့ညောင်းသူများသည် သခွားသီးကို ခပ်ပါးပါးလှီးကာ မျက်ခွံ နှင့် မျက်လုံးအောက်ခြေတ၀ိုက် ၁၅ မိနစ်ခန့် ကပ်ထားပေးရုံမျှဖြင့် သခွားသီး၏ အေးမြမှုကြောင့် သက်သာပျောက် ကင်းစေပါတယ်။
ထို့ ပြင် သခွားသီးတွင် ဗီတာမင် A ပါရှိ သောကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန် စေပါတယ်။

သတိပြုရန်။

အချို့ သောသူများသည် သခွားသီးနှင့်မွေးရာပါဓာတ်မတည့်သူများရှိတတ်၍
(က)လေချဉ်တက်ခြင်း၊
(ခ)အစာမ ကျေခြင်း နှင့်
(ဂ)ယားယံခြင်းတို့  ဖြစ်တတ်သောကြောင့် အလွန်အကျွံမစားသင့်ပါ။

မှတ်ချက်။     ။ လတ်ဆတ်သောသခွားသီး၏ အရောင်မှာ အစိမ်းရောင်တောက်တောက်ဖြစ်ကာ၊ မာတင်းနေပါတယ်။ အ၀ါရောင် သန်းနေသောအသီးတို့ သည် လတ်ဆတ်ခြင်းမရှိဘဲ အတွင်းထဲရှိအစေ့များလဲ ရင့်မှည့်ကာ အာဟာရမဖြစ်စေပါဘူး။

သခွားသီး၏ သူမတူအောင်ဆေးဘက်ဝင်ပုံကို အထက်ပါအတိုင်းသိရှိရပါပြီ။ ထို့ ကြောင် ထူးခြားဖွယ် ဘက်စုံကောင်းမွန်သော သခွားသီးကို ကျန်းမာရေးအထောက် အကူပြု အသီးအနှံတစ်ခုအဖြစ် အသုံးပြုကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

ဘာသာပြန်သူ - ပေါက်ပေါက်
(ကိုးကားချက် - The Amazing Cucumber by Vibhavari)

ထူးခြားဆန်းပြား သခွားသီးလေးများ

သခွားသီးတို့ သည် အအေးစာသီးနှံများဖြစ်ကြသော ဗူး၊ ဖရုံ၊ ဖရဲသီး မျိုးနွယ်ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ကျော်ခန့်  မှ စ၍ အိန္ဒိယနိုင်ငံမှာ စတင်ပေါက်ရောက်ခဲ့ကြပါတယ်။ ယနေ့ ကမ္ဘာမှာတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို့ ပြီးရင်၊ သခွားသီးက စတုတ္ထအစားဆုံး ဟင်းသီးဟင်းရွက်လို့ဆိုပါတယ်။ သခွားသီးပင်တို့ ဟာ အပူချိန်မျှတသော နေရာဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ အကြီးမျိုးနှင့် အသေးမျိုးဟူ၍ ၂-မျိုးရှိပါတယ်။


အသီးထဲမှာ အရည်ဓာတ် ၉၆% နီးပါး ပါရှိသဖြင့် ရေငတ်ပြေ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ဟင်းချိုရည်၊ သခွားသီးအသုပ်၊ သခွားသီး-ကြက်ဥကြော်၊ အတို့ အမြှုပ်အပြင်၊ ရှာလကာ ရည် (သို့ မ ဟုတ်) ဆားရည်စိမ်ပြီး သခွားသီးသနပ် လုပ်စားနိုင်ပါတယ်။

WHFoods ရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၁၃၃ ဂရမ်ရှိတဲ့ သခွားသီးထဲမှာ၊ ကယ်လိုရင်း ၁၈၊ ပရိုတင်း ၈၂၅ မီလီဂရမ်၊ ရေ ၁၂၆ ဂရမ်၊ Ash ၀.၅ ဂရမ်၊ Phytosterols ၁၉ မီလီဂရမ်၊ ကဆီဓာတ် ၃.၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၇၉၈ မီလီဂရမ်၊ ကော်ဓာတ် ၆၀၅ မီလီဂရမ်၊ သကြား ၂ ဂရမ်၊ အဆီဓာတ် ၁၈၀ မီလီဂရမ်၊ ဗီတာမင်အေ ၁၁၈ IU၊ ဗီတာမင်စီ ၄ မီလီဂရမ်၊ ဗီတာမင်အီး ၄၀ မိုက်ကရိုဂရမ်၊ ဗီတာမင်ကေ ၁၆ မိုက်ကရိုဂရမ်၊ သီအာမင် ၃၉ မိုက်ကရိုဂရမ်၊ ရီဘိုဖလာဗင် ၃၉ မိုက်ကရိုဂရမ်၊ နီအာစင် ၉၀ မီလီဂရမ်၊ ဗီတာမင်ဘီ၆ ၆၁ မီလီဂရမ်၊ ဖောလိပ် ၁၄ မိုက်ကရိုဂရမ်၊ Pantothenic အက်ဆစ် ၃၃၂ မိုက်ကရိုဂရမ်၊ Choline ၈ မီလီဂရမ်၊ Betaine ၀.၁၃ မီလီဂရမ်၊ ကယ်လ်စီယမ် ၂၀ မီလီဂရမ်၊ သံဓာတ် ၃၃၃ မိုင်ကရိုဂရမ်၊ မဂ္ဂနီစီယမ် ၁၇ မီလီဂရမ်၊ မီးစုန်း ၃၀ မီလီဂရမ်၊ ပိုတက်စီယမ် ၁၈၈ မီလီဂရမ်၊ ဆိုဒီယမ် ၂.၇ မီလီဂရမ်၊ ဇင့် ၂၄၆ မိုက်ကရိုဂရမ်၊ ကော့ပါး ၇၄ မိုင်ကရိုဂရမ်၊ မဂ္ဂနီးစ် ၁၀၁ မိုက်ကရိုဂရမ်၊ Selenium ၀.၂၇ မိုက်ကရိုဂရမ်၊ Fluoride ၁.၇ မိုက်ကရိုဂရမ် တို့ အသီးသီးပါရှိကြ ပါတယ်။

ယနေ့ ဖွံ့ ဖြိုးတိုးတက်လျှက်ရှိသော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေးအတွက်သာမက၊ အသားအရည်ထိန်းသိမ်းမှု အတွက်ပါ အစွမ်းထက်မြက်တဲ့သခွားသီး၏ အရေးပါပုံကိုသိရှိပြီးဖြစ်ရာ၊ တွင်ကျယ်စွာအသုံးပြုလျှက်ရှိနေကြပါတယ်။ ထို့ ကြောင့် သခွားသီး၏ ဘက်စုံအသုံးဝင်ပုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

သခွားသီး နှင့် ကျန်းမာရေုး။

(၁)ရေဓာတ်ပါဝင်မှုများသော သခွားသီးကိုစားသုံးပေးခြင်းဖြင့်၊ ကိုယ်တွင်းအေးမြစေကာ အဆိပ်အတောက်များကို ပြေစေ တဲ့အပြင်၊ သခွါးသီးထဲမှာပါရှိသော ရေဓာတ်ဟာ သဘာဝသောက်သုံးရေထက် ပိုမိုအာဟာရဖြစ်စေပါတယ်။

(၂)နိုင်ငံတကာရှိ ဆေးသိပ္မံပညာရှင်များသည် သခွားသီးကို ကင်ဆာရောဂါကုထုံးအဖြစ် တိရိစ္ဆာန်များဖြင့် အမျိုးမျိုးစမ်းသပ် ခဲ့ကြရာ၊ သခွားသီးထဲမှာ lariciresinol, pinoresinol နှင့် secoisolariciresinol ဓာတ်ပေါင်းစုပါရှိတဲ့အတွက်ကြောင့်၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နှင့် မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ချေအလားအလာတို့ ကို လျော့ချ ပေးနိုင်ကြောင်း၊

(၃)သခွားသီးအခွံထဲမှာ ချေဖျက်လွယ်သောအမျှင်ဓာတ်များပါရှိလို့ ၊ အူသိမ်/အူမ တို့ မှ အဆိပ်အတောက် ကိုပြေပျောက်ကာ ၀မ်းမချုပ်စေဘဲ အူမကြီးကင်ဆာလဲ မဖြစ်စေနိုင်ကြောင်း၊ ထို့ ကြောင့် သခွားသီးကိုနေ့စဉ်သုံး အစား အစာအဖြစ်စားပေးသင့်ကြောင်း၊ အကြံပြုတိုက်တွန်းထားပါတယ်။

(၄)သခွားသီးထဲတွင် ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ် ဓာတ်ပေါင်းစုပါရှိလို့ ၊ သွေးအတက်/အကျကို ထိန်းညှိပေးနိုင်စွမ်းရှိ၍့ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။ အငန်ဓာတ်လွန်ကဲသော အစားအစာကိုစားပြီးတိုင်း သခွားသီး များ များစားပေးသင့်ပါတယ်။

(၅)သခွားသီးသတ္တုရည်သည် သွားဖုံးရောဂါ၊ သွားရောဂါ နှင့် ရေစီးကမ်းပြိုရောဂါတို့ အတွက် အလွန်ဆေးဘက်ဝင်ပါတယ်။ အစာအိမ်အက်ဆစ်အထွက်များ၍ ဗိုက်အောင့်ခြင်း၊ အစာအိမ်နာဖြစ်ခြင်းတို့ အတွက် သခွားသီးစားပေးသင့်ပါတယ်။

(၆)သခွားသီးက အစာချေစံနစ်ကို ကောင်းမွန်စေရုံသာမက၊ နာတာရှည်ဝမ်းချုပ်ခြင်းကိုလဲ ကောင်းစွာကုသပေးနိုင်ပါတယ်။

(၇)သခွားသီးထဲမှာ စီလီကာ၊ ဗီတာမင်ကေ နှင့် ကယ်လ်စီယမ် တို့ အလုံအလောက်ပါရှိသောကြောင့်၊ အရိုးအဆစ် ကြွက် သားများကို ခွန်အားဖြစ်စေပါတယ်။ ထို့ ပြင် အရိုးကိုကျန်းမာသန်စွမ်းစေကာ၊ အရိုးအဆစ်ရောင်ရမ်းခြင်း နှင့် အရိုးပွခြင်း မှလဲ ကာကွယ်ပေးပါတယ်။

(၈)သခွားစေ့ဟာ သံကောင်၊ တုပ်ပြားကောင်တို့ ကို ရှင်းလင်းသုတ်သင်ပေးနိုင်တဲ့ သဘာဝဆေးတစ်ခွက်ဖြစ်ပါတယ်။

(၉)သခွားသီးကို မုန်လာဥအနီဖြင့်ရောစပ်၍ ဖျော်ရည်အဖြစ်သောက်သုံးပေးပါက၊ ခန္ဓာကိုယ်ထဲရှိ ပိုလျှံသောယူရစ် အက် ဆစ်တို့ ကို ဖယ်ရှားပေးသဖြင့် အဆစ်ရောင်ရောဂါ၊ ဒူလာပါဒရက် နှင့် ခန္ဓာကိုယ်ရောင်ရမ်းနာဝေဒနာများကို သက်သာ စေပါတယ်။

(၁၀)ဆီးချိုရောဂါသည်များ သခွားသီးကို ဘေးဥပါသ်ကင်းဝေးစွာဖြင့် စားသုံးနိုင်ပါတယ်။

(၁၁)သခွားသီးထဲရှိ sterols ဓာတ်ပေါင်းစု က ကိုလက်စထရောကို ကျစေပါတယ်။

(၁၂)ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအရည်များကို ဆီးအဖြစ်ပြန်ထုတ်ပေးသဖြင့်၊ ဆီးရွှင်စေပါတယ်။ ဆီးအိမ်နဲ့ ကျောက် ကပ်တို့ တွင် ဆီးကျောက်တည်ခြင်းကို မဖြစ်စေပါဘူး။

(၁၃)သခွားသီးထဲမှာ ရေဓာတ်ကြွယ်ဝပြီး၊ ကယ်လိုရီ မရှိသလောက်အလွန်နဲပါလို့  ကိုယ်အလေးချိန်ကိုကျစေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ဇီဝကမ္မလုပ်ဆောင်မှုများကို တိုးပွားစေကာ၊ အဆီလဲ လောင်ကျွမ်းစေတာကြောင့် ကိုယ်ခန္ဓာသွယ်လျ လှပလို သူများ အားထားလောက်ပါပေတယ်။

(၁၄) ဆေးဘက်ဝင် ဘီတာကယ်ရိုတင်း၊ zea-xanthin နှင့် လူတိန်း စသော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ အလုံအလောက် ပါရှိလို့ ၊ ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော free radials များကို တိုက်ထုတ်ပေးကာ၊ အရွယ်တင်နုပျိုစေပါတယ်။

(၁၅) သခွားသီးထဲတွင် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့ အပြင် သဘာဝဆားဓာတ်လဲပါရှိလို့  ခန္ဓာကိုယ်ရှိဆဲလ်များကို ကြီးထွား ဖွံ့ ဖြိုးစေပါတယ်။

(၁၆)အယ်လ်ဇိုင်းမားဝေဒနာရှင်များ၏ ဦးနှောက်တွင်းရှိ အာရုံကြောများ ပျက်စီးယိုယွင်းမှုကို ကောင်းစွာကုသပေးနိုင်ပါတယ်။

(၁၇)နှာခေါင်းနှင့် လည်ချောင်းတို့ ရှိ အမြှေးပါးများအား ရောင်ရမ်းနာကျင်မှုများအတွက် သခွားစေ့ကိုရေဖျော်သောက်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

(၁၈)အသည်း နှင့် ပန်ကရိယ တို့ ကိုကောင်းကျိုးပြုပါတယ်။

ဘာသာပြန်သူ - ပေါက်ပေါက်
(ကိုးကားချက် - The Amazing Cucumber by Vibhavari)

20 Dec 2012

အံသြဖွယ်ရာ သခွားသီး အစွမ်းများ

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ 
သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။
၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။  သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့်  ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။
(၁) အသားအရေကို ကျန်းမာလှပစေပါတယ်
ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)
(၂) အမြင်အာရုံကို ကောင်းစေပါတယ်
ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။
(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်
သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။
(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။
(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်
ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။
(၇) သွေးဖိအားကို လျော့ကျစေပါတယ်
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။
(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။
(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်
ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။
(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။
ကြယ်စင်Ref: By Good Health Source: http://www.yatanarpon.com.mm/cp/goodhealth/new

Twitter Delicious Facebook Digg Stumbleupon Favorites More