Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဇာတိပ္ဖိုလ်သီး. Show all posts
Showing posts with label ဇာတိပ္ဖိုလ်သီး. Show all posts

16 Jan 2013

ဇာတိပ္ဖိုလ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။








(၁)ဝက်ခြံအဖုအပိမ့်တွေကိုသက်သာစေပါတယ်
ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင်ဖျော်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်တွေပေါ်လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဖုနီမြန်းမှုနဲ့ ဖောင်းအစ် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

(၂) ဗိုက်အောင့်၊ ဗိုက်နာဝေဒနာကို သက်သာစေပါတယ်

နံနက်စာ ကွေကာထဲမှာ ဇာတိပ္ဖိုလ်သီး အနည်းငယ် ထည့်စားလိုက်ရင် အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်

ဇာတိပ္ဖိုလ်သီး အနည်းငယ်နဲ့ နွားနို့ပူပူတစ်ခွက်ကို သောက်လိုက်ရင် အိပ်ဆေးသောက်သလို အစွမ်းအာနိသင်ရှိကြောင်း ကျွမ်းကျင်သူ မီရှဲလ်က ဆိုပါတယ်။

(၄) သွားကိုက်ဝေဒနာကို သက်သာစေပါတယ်

သွားကိုက်နေရင် သွားဖုံးပေါ်ကို ဇာတိပ္ဖိုလ်သီးအဆီ လိမ်းပေးတာက သွားကိုက်ဝေဒနာနဲ့ သွားဖုံးနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

(၅) စိတ်ဆန္ဒကို မြင့်တက်စေပါတယ်

ဇာတိပ္ဖိုလ်သီးကို ချက်စားတာက အိမ်ထောင်သည်တွေမှာ ဆန္ဒကိုတိုးစေပြီး အိမ်ထောင်ရေး သာယာမှု ရှိစေကြောင်း သိရပါတယ်။

(၆) ဘက်တီးရီးယားကို တွန်းလှန်ပေးပါတယ်

ဇာတိပ္ဖိုလ်သီးမှာ ဘက်တီးရီးယားတွေကို ဟန့်တားပေးတဲ့ အစွမ်းရှိတာကြောင့် အန္တရာယ်ရှိတဲ့ ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီး အမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲ ထည့်စားရင် လေပွတာ မဖြစ်အောင် ကာကွယ်ပေးပြီး အစာကြေစေပါတယ်။ ကြွက်သားတွေကို တောင့်တင်းမှု ပြေလျော့စေပါတယ်။

(၇) ဆီးလမ်းကြောင်းကို ကျန်းမာစေပါတယ်

ဇာတိပ္ဖိုလ်သီးအဆီဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အဆစ်နဲ့ ကြွက်သားနာကျင်မှု မဖြစ်အောင် ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်ကူးစက်မှုကို သက်သာစေကာ ဆီးကျောက်ကို ကြေစေတာကြောင့် ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဖက်ဝင် အစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ကြယ်စင်
Ref:Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-73886

Twitter Delicious Facebook Digg Stumbleupon Favorites More