Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အသားအမျိုးမျိုး. Show all posts
Showing posts with label အသားအမျိုးမျိုး. Show all posts

25 Dec 2013

ကြက်အသည်းအမြစ်စားသုံးခြင်း

အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့် အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်းအမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါသည်။

(၁)ကြက်၊ ကြက်ဆင်အသည်းအမြစ်တွင် ၆၉ မှ ၇၁ mg ဆိုဒီယမ်ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးသည်။ ဆိုဒီယမ်ပါဝင်မှုနှုန်းများလျှင် သွေးတိုးနှလုံး ဖြစ်စေသည်။ 

သို့ဖြစ်၍ အဆင့်သင့်စား အစားအသောက် များဖြစ်သည့် ၀က်၊ကြက်အူချောင်း၊ ၀က်ပေါင်ခြောက်တို့ကဲ့သို့ ဥပါဒ်မများစေပါ။

(၂)သံဓာတ်အနေဖြင့် (2.5 mg ) ပါဝင်သည်။ သံဓာတ်ကမရှိမဖြစ် လိုအပ်သောသွေးနီဥများကို ဖြစ်စေသည်။ သံဓာတ်လိုအပ်ပါက အနီးမီးယားဖြစ်စေသည်။

(၃)ကြက်၊ကြက်ဆင်အသည်းအမြစ်တို့ကဇင့်(3mg)့နီးပါးပါဝင်သဖြင့်ကိုယ်အားစနစ်အတွက်

 ဖြည့်ဆည်းပေးနိုင်သည်။
 Selenium ပါဝင်ပြီး ယင်းက အင်တီအောက်ဆီးဒင့်၏ ခွန်အားဖြစ်သည့်ဗီတာမင် C နှင့် E တို့ကို ခန္ဓာကိုယ်အား ပေးစွမ်းသည်။
 အသည်းအမြစ်တွင် Choline လည်း ပါဝင်ပြီး နှလုံးအားကောင်းစေသည်။

Myanmar News Media


23 Sept 2013

အနီရောင်ရှိသောအသား အစားများပါက အမြင်အာရုံထိခိုက်နိုင်

နီမြန်းသော အသွေးအရောင်ရှိသည့် အသားများ စားသောက်ခြင်းသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် အမြင်အာရုံ ချွတ်ယွင်းမှုကို ပိုမိုဖြစ်စေနိုင်ကြောင်း သုတေသန ရလဒ်များက ဖော်ပြခဲ့ကြသည်။ အမဲသား၊ သိုးသားနှင့် ၀က်သားတို့ကဲ့သို့ အနီရောင်ရှိသော အသားများ တစ်ပါတ်လျင် (၁၀)ကြိမ်ထက်မနည်း စားသောက်သူများသည် အသက်ကြီးလာချိန်တွင် မျက်စိလုံးဝကွယ်သွားသည်အထိ အမြင်အာရုံ ချွတ်ယွင်းလာနိုင်ခြေသည် သာမန်ထက် (၅၀)ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ပညာရှင်များကဆိုသည်။ 
တစ်ပါတ်လျင် နီသောအရောင်ရှိသည့် အသားစားမှု (၅)ကြိမ်အောက် လျော့နည်းသူများတွင် ထိုပြဿနာမျိုး မတွေ့ရဟု သိရှိရသည်။ သို့သော်လည်း ကြက်သားကဲ့သို့ အနီရောင်မဟုတ်သည့် အသားဟင်းများ စားသောက်သူများသည် အမြင်အာရုံ တိုးတက်မှုအတွက် အထောက်အကူပင် ရရှိနိုင်ကြောင်း သုတေသီများက ရှင်းပြခဲ့သည်။ ထိုတွေ့ရှိချက်များကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် (၁၃)နှစ်အတွင်း အသက်(၅၀)ကျော်၊ (၆၀)ကျော် အမျိုးသား၊ အမျိုးသမီး (၅၆၀၀)၏ ကျန်းမာရေး မှတ်တမ်းများကို ပြန်လည်လေ့လာပြီး ယခုကောက်ချက်ကို ခိုင်ခိုင်မာမာ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကြက်သားနှင့် အနီရောင်ရှိသော အသားကို စားသောက်သူများကြား ကွာခြားချက်များကို နှိုင်းယှဉ်ခဲ့ရာ အနီရောင်အသား စားသုံးသူများတွင် အမြင်အာရုံအတွက် အန္တရာယ်ရှိမှု တိုးတက်လာသော်လည်း တစ်ပါတ်လျင် (၄)ကြိမ်အထက် ကြက်သားစားသူများသည် တစ်ပါတ်လျင် (၂)ကြိမ်မျှသာ ကြက်သားစားသူများထက် အမြင်ချွတ်ယွင်းမှု အခြေအနေမှ (၅၇)ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။
ထို့ကြောင့်လည်း သုတေသီများက အနီရောင် အသားများကို ရှောင်ရှားပြီး ကြက်သားကဲ့သို့ အနီရောင်မဟုတ်သော အသားများများစားရန် တိုက်တွန်းခဲ့ကြသည်။ သို့သော်လည်း ဗြိတိန်နိုင်ငံ မျက်စိဆေးပညာ တော်ဝင်ကောလိပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုရလဒ်များကို အတည်ပြုရန် အထောက်အထား မလုံလောက်သေးကြောင်း သတိပေးထားသည်။ ဆေးပညာဖြင့် AMDဟု အတိုကောက်ခေါ်ဝေါ်သည့် အမြင်အာရုံ ချွတ်ယွင်းမှုသည် သက်ကြီးပိုင်းတွင် အများဆုံး ဖြစ်ပေါ်တတ်လေ့ရှိကြောင်း ဆရာဝန်များက ရှင်းပြခဲ့သည်။

22 Sept 2013

~၀က်သား၏ ဆိုးကျိုးများ~

၁. ၀က်မှာ ချွေးဂလင်း မရှိပါဘူး။ ချွေးဂလင်း (Sweat Gland) မှ ချွေးထုတ်ခြင်းဟာ (one of excretory system) အညှစ်အကြေးစွန့်ထုတ်မှုစနစ် တစ်ခုဖြစ်ပါတယ်။ ဒါဆိုရိုးရိုးလေးပဲ တွေးကြည့် ရအောင် .. အညစ်အကြေးစွန့်ထုတ်မှု မရှိတော့ အညစ်အကြေးတွေစုနေတယ်ဆိုတဲ့သဘောပါ။

၂.ဘက်တီးရီးယားပိုးတွေ အင်မတန်ကြိုက်တဲ့နေရာတွေဖြစ်တဲ့ ရွှံ့နွံလိုနေရာမျိုးမှာ နေတာဖြစ်တဲ့ အတွက် ၀က်ဟာကျန်းမာရေးအရစားသုံးသင့်တယ်လို့ဘယ်လိုမှမြင်နိုင်စရာအကြောင်းမရှိပါ။
အရသာဘက်ကစဉ်းစားမယ်ဆိုရင်တော့အဆီများ၊ ချွေးထုတ်နိုင်ခြင်းမရှိတဲ့အတွက် အရသာ ဟာ လေးလေးပင်ပင်နဲ့ စားကောင်းမယ့် သဘောမှာရှိပေမယ့်၊ကျနော်တို့ဟာပါးစပ်အရသာ အတွက်ပဲ စဉ်းစားမှာလား..ကျန်းမာရေးအရစဉ်းစားမှာလားလို့ပဲ ကျနော်ပြန်မေးပါရစေ။

နောက်ပြီး ၀က်သားဟာ အခြားအသားတွေထက် ( လူတွေအတွက် အဖြစ်အများဆုံးနဲ့ ကြောက် စရာကောင်းဆုံးရောဂါတွေဖြစ်တဲ့) ကျောက်ကပ်၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ အဖြစ်များစေပါတယ်။
*သွေးတိုးရောဂါဖြစ်တဲ့သူတိုင်း ၀က်သားမစားပါဘူး၊ ဒါပေမယ့် ၀က်သားစားတဲ့သူတိုင်း(နောင်တချိန်မှာ) သွေးတိုးရောဂါဖြစ်စေပါတယ်။*

၃.၀က်မှာအဆိုးဆုံးက(Hook/TapeWorm) တွေပါ...အဲဒီတုပ်ပြားကောင်တွေဟာအင်မတန်ပြင်းပါတယ် ဆိုတဲ့ အစာအိမ်ထဲက အက်ဆစ်တွေကိုတောင် သူတို့ပြန့်ပွါးဖို့အတွက် သုံးချနိုင်ကြတယ်။ ဘယ်လိုလည်းဆိုရင်တုပ်ပြားကောင်တွေဟာအစာအိမ်အူလမ်းကြောင်းထဲကိုဝင်တဲ့ချိန် သူတို့ဟာ အစာချေရည်ကိုခံနိုင်တဲ့အကာအကွယ် (encystedform)ပုံစံမျိုးနဲ့ဝင်ပြီး။ ခေါင်းပိုင်းမှာရှိတဲ့ချိတ်နဲ့အူနံရံကိုတွယ်ထားနိုင် ပါတယ်။

၎င်းတို့ဟာ အစာချေမှုစနစ်မရှိပါဘူး.. အာဟာရတွေကို အစာအိမ်ကနေ၄င်းတို့ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်စုပ်ယူတာဖြစ်တယ်။ အနည်းဆုံး ၆ ပေကနေ ၂၅ ပေ ( အချို့နေရာမှာ ၅၅ ပေ) အထိရှည်တဲ့ဒီလိုကပ်ပါးကောင်ဟာလူတွေရဲ့အူလမ်းကြောင်းထဲမှာ နေမယ်ဆိုရင်၊ နေခွင့်ပေးမယ် ဆိုရင်တော့ အာဟာရပြတ်လပ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေပါတယ်။

၎.တုတ်ပြားကောင်တွေဟာအခြားတုတ်ကောင်သန်ကောင်တွေနဲ့မတူတာ၊သူတို့တွေကို ဆေးနဲ့ သတ်နိုင်တယ်ထားဦးအူလမ်းကြောင်းမှာ ချိတ်ထားတာဖြစ်တဲ့အတွက် တောရုံတန်ရုံနဲ့ မပြုတ်နိုင် ပါဘူး... ပုပ်ပွပျက်စီးတော့မှသာ ပြုတ်ကျသွားတာဖြစ်လို့ ကိုယ့်အူလမ်းကြောင်းထဲမှာအဲဒီလိုပုပ် ပွနေတဲ့ပစ္စည်းရှိတဲ့ဆိုးကျိုးကိုလည်း ခံစားရဦးမှာဖြစ်ပါတယ်။

၅. တုတ်ပြားကောင်တွေဟာ အပူချိန်ခံနိုင်မှုအရမ်းမြင့်ပါတယ်.. သူတို့ရဲ့အပူချိန်ခံနိုင်မှုဟာဝက်သားကိုတူးနေအောင် ကျော်ချက်တယ်ဆိုရင်တောင်မှ အဲဒီတုတ်ပြားကောင်ဟာ မသေနိုင်ပါဘူး...(၀က်သားထဲမှာ ရှိနေချိန်ဟာ သားလောင်းအဆင့်ဖြစ်ပါတယ်)

၆. ၀က်ဟာ သူတို့မှာ သတ်သတ်မှတ်မှတ်အစာရယ်လို့မရှိပါဘူး… ဒါကလည်း သူတို့ကို ကျွေးသမျှ.. ဘာဖြစ်ဖြစ်အကုန်စားကြပါတယ်။ ဥပမာ - ပြောရရင်၊ ၀က်သားကျွေးရင်တောင် ပြန်စားပါတယ်။ (ဒါကလည်းကျနော့်အဖေနဲ့သူငယ်ချင်းတွေစုပေါင်းစပ်ပေါင်းလုပ်ထားတဲ့ငါးကန်က အစောင့်အလုပ် သမားက သူမွေးတဲ့ဝက်ကို ကျွေးမွေးနေတာတွေ့လို့ပါ)အစုံစားတာဖြစ်လို့ ရောဂါပိုးတွေလည်း အစုံဝင်နိုင်တဲ့သဘောမှာရှိပါတယ်

(၀က်သားကို မစားသင့်တဲ့အကြောင်း စိတ်ဝင်စားလို့ ဖတ်မိရင်း တွေ့တာနဲ့ ပြန်share လိုက်ပါတယ်။ )

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note&photo credit to original uploader
copy via myanmarmedicine

12 Sept 2013

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့် အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။
ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယားတို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။


တချို့သော ဘက်တီးရီးယားပိုးများသည် အသားငါးထဲတွင် အကောင်ဘ၀၊ အကောင်သဏ္ဌာန် (Vegetative Form) ရှိနေခြင်းမဟုတ်ဘဲ မျိုးအောင်းစေ့ (Spore) ဘ၀နှင့် ရှိနေတတ်လေသည်။ ဘက်တီးရီးယားပိုးများကို အကောင်ဘ၀ (Vegetative Form) တွင် အပူပေး၍သတ်ရန် လွယ်ကူးသော်လည်း မျိုးအောင်းစေ့ (Spore) များသည် အသား၊ ငါးကို တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့် သေမသွားတတ်ပါ။ အသား၊ ငါးကို ချက်ပြုတ်ပြီး ချက်ချင်းမစားသောက်ဘဲ ကြာရှည်စွာထားမိပါက အပူချိန်တဖြည်းဖြည်းကျလာနေစဉ် မျိုးအောင်းစေ့ (Spore)ဘ၀မှ အကောင်ဘ၀ (Vegetative Form) သို့ ပြောင်းလဲလာပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် အသား၊ ငါးများကို စားသုံးလျှင်—


နူးနူးနပ်နပ် ချက်ပြုတ်ရန်၊ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးရန်၊
ချက်ချင်း မစားသုံးဖြစ်လျှင် သေချာစွာ သိမ်းဆည်းထားပြီး မစားသုံးမီ ပြန်၍ အပူပေးရန် အရေးကြီးပေသည်။
အမဲသား၊ ဆိတ်သား၊ ကြက်၊ ဘဲ၊ ငန်း၊ စသည့် အသားအမျိုးမျိုးကို စားသုံးသည့်အခါ အထူးဂရုစိုက်ဖို့လိုသည်။ အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်လျှင် ပို၍ဂရုစိုက်ဖို့လို၏။ အမဲသား၊ ၀က်သားတုံးများကို အတုံးကြီးကြီးတုံး၍ ချက်လျှင် အသားတုံး၏ အတွင်းအကျဆုံး အပိုင်းတွင် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်မှသာ စိတ်ချရလေသည်။ စားဖိုမှူးများ အသုံးပြုရန် အသားတုံးများ၏ အတွင်းပိုင်းအပူချိန်ကို တိုင်းနိုင်သည့် သာမိုမီတာ (Probe thermometer) များ ရှိပါသည်။ ကြက်သား၊ ဘဲသား၊ စသည့် ငှက်သတ္တ၀ါများ၏ အသားကို ချက်ပြုတ်သည့်အခါ ယင်းဝတ္တ၀ါများ၏ ၀မ်းဗိုက်အတွင်း၌ ဘက်တီးရီးယား ပိုးများရှိနေတတ်သည်ဆိုသော အချက်ကို သတိထားသင့်ပေသည်။
ခရုကမာ (Shellfish, Oyster)တို့သည် ကောင်းစွာ မချက်ပြုတ်ဘဲ စားလျှင် အန္တရာယ်ပေးနိုင်သည့်အစာများ ဖြစ်ပါသည်။ ယင်းတို့ကိုလည်း အနည်းဆုံး အပူချိန် ၇၀-ဒီဂရီစင်တီဂရိတ် ရောက်အောင် ချက်ပြုတ်ပြီးမှ စားသင့်၏။ ခရုများတွင် ရောဂါဖြစ်စေနိုင်သည့်ပိုးများ အလုံးအရင်းနှင့် ရှိနေနိုင်ပါသည်။ ခရုကမာအခွံကို သေသေချာချာ ပွတ်တိုက်ဆေးကြောပြီးမှ အိုးထဲထည့်ရပါမည်။ ချက်ပြီး ခရုကမာများကို မချက်ရသေးသည့် ခရုကမာကောင်အစိမ်းများ လှီးဖြတ်တုံးတစ်သည့်နေရာတွင် လှီးဖြတ်ခြင်း မပြုသင့်ပေ။ 
ခရုကမာကောင်အစိမ်းများမှ ရောဂါပိုးများသည် စဉ်းတီးတုံးတွင် ပေကျံနေပြီး ချက်ပြီးသား ခရုကမာဟင်းလျာထဲသို့ ရောက်ရှိသွားနိုင်သောကြောင့်ဖြစ်၏။ ရေခဲခန်းအတွင်းမှ ထုတ်ယူထားသည့် ခရုကမာများကို ရေခဲများပျော်အောင် ပြုလုပ်ပြီးသည့်အခါ မချက်မီ မီးဖိုထဲတွင် ဒီအတိုင်း ပစ်မထားရပါ။ ဟင်းအိုးထဲ မထည့်မချင်း လေးဒီဂရီစင်တီဂရိတ်ရှိသည့် ရေခဲသေတ္တာထဲတွင်သာ ထားရပါမည်။ ခရုကမာဟင်းကို နေ့ဖို့ညစာ ချန်ထားလျှင် အန္တရာယ်များသဖြင့် စား၍ကုန်နိုင်ရုံသာ ချက်စားပြီး၊ မကုန်လျှင် သွန်ပစ်သင့်ပါသည်။


အသား ငါး ချက်ပြုတ်နည်းများ—
အသား ငါးတို့ကို အပူရှိန်ပြင်းပြင်းပေးပြီး မြန်မြန်ကျက်အောင်ချက်ပြုတ်ခြင်းသည် စိတ်အချရဆုံး ဖြစ်၏။ ဆီပူနှင့်ကြော်ခြင်း၊ အတုံးသေးသေးတုံးပြီး ကျက်အောင် မီးကင်ခြင်း၊ မီးအုံးခြင်း၊ လေဖိအားပြင်းပြင်းနှင့် ပေါင်းခြင်း (Steaming under pressure) စသည်တို့ဖြစ်ပေသည်။
အနီအောက်ရောင်ခြည် (Infrared rays) နှင့် ကြိမ်နှုန်းမြန်အပူလိုင်း (High frequency waves) များကို သုံး၍ အပူပေးလျှင် အသားတုံး၊ ငါးအတုံးများ၏ အတွင်းပိုင်းထိ ထိုးဖောက်နိုင်သော်လည်း အပူဓာတ်ပျံ့နှံ့မှုသည် ညီညီမျှမျှမရှိနိုင်ဟု ဆိုပါသည်။


လေဖိအားသုံး ပေါင်းအိုးများ—
လေဖိအားသုံး ပေါင်းအိုးများဖြင့် သားငါးများကို အချိန်တိုတိုအတွင်း ကျက်အောင်ချက်ပြုတ်နိုင်၏။ လေဖိအားနှင့် အပူချိန်ကို တပြိုင်နက်တွဲ၍သုံးသော ဤနည်းတွင် ဘက်တီးရီးယားများသာမက ယင်းတို့၏ မျိုးအောင်းစေ့ (Spore) များကိုပင် ပျက်စီးအောင် ဖျက်ဆီးသတ်ဖြတ်နိုင်လေသည်။


ရိုးရိုးဟင်းအိုးများ—
ဒန်အိုး၊ ဒယ်အိုး စသည့် ရိုးရိုးဟင်းအိုးများကို သုံး၍ ထင်း၊ မီးသွေး၊ လျှပ်စစ်မီး စသည်တို့နှင့် ချက်ပြုတ်ရာတွင် အပူချိန်နည်းနည်းနှင့် အချိန်ကြာကြာ ချက်ပြုတ်ကြရပါသည်။ အသားငါးများ ကောင်းစွာကျက်အောင် အချိန်ယူ၍ ချက်ရန် အရေးကြီးသကဲ့သို့ ချက်ပြီးလျှင်လည်း ပူပူနွေးနွေး စားသုံးရန် အရးကြီးပါသည်။


မိုက်ခရိုဝေ့ မီးဖိုများ—
ချက်ပြီးအစားအစာများကို မိုက်ခရိုဝေ့ မီးဖိုဖြင့် လျင်မြန်စွာ ပြန်နွှေးနိုင်သည်။ ချက်ပြီးခဲထားသော အစာများကို အချိန်တိုအတွင်း အလျင်အမြန် စားသုံးလိုသည့် အခါမျိုးတွင်လည်း မိုက်ခရိုဝေ့ မီးဖိုများသည် အသုံးတည့်လေ သည်။ အပူဓာတ် မျှမျှတတ မပျံ့နှံ့ခြင်းနှင့် အသားများ အရောင်ညိုပြီး ကျက်သွားအောင် မပြုနိုင်ခြင်းသည် မိုက်ခရိုဝေ့ မီးဖိုများ၏ အားနည်းချက်များဟု ဆိုပါသည်။ သို့သော် ခေတ်မီ မိုက်ခရိုဝေ့ မီးဖိုတချို့တွင် ထိုအားနည်းချက်များကို ကျော်လွှားနိုင်ပြီး စိတ်ကြိုက်ကင်နိုင်၊ ဖုတ်နိုင်၊ ကြော်နိုင်၊ လှော်နိုင်အောင် တီထွင်ထားကြောင်း သိရပါသည်။


မကျက်တကျက် ချက်ထားသော အသား ငါးများ စားသောက်ခြင်း အန္တရာယ်—
အသား ငါးများကို ချက်ပြုတ်ရာတွင် အပူချိန် မည်မျှရောက်အောင် ပေးနိုင်သည်ဆိုသောအချက်က အရေးအကြီးဆုံး ဖြစ်ပေသည်။ လုံလောက်သည့် အပူချိန်ပေး၍ ကျက်အောင်၊ နူးနပ်အောင် ချက်နိုင်မှ အန္တရာယ်ကင်းမည်ဖြစ်၏။ မကျက်တကျက် ချက်ထားသော အသား ငါး ကိုမှ စားလိုသည်ဆိုလျှင် ရောဂါပိုးကင်းသည့် တိရစ္ဆာန်၏ လတ်ဆတ်သောအသား၊ ရောဂါပိုးကင်း၍ လတ်ဆတ်သော ငါးဖြစ်ကြောင်း သေချာဖို့လိုပါသည်။ (ခရု၊ ကမာကဲ့သို့ သတ္တ၀ါများတွင် ရောဂါပိုးကင်းသည်ဟု မည်သို့မှ တပ်အပ်သေချာစွာ မပြောနိုင်ပါ)။ အပူချိန်လုံလုံလောက်လောက်နှင့် ကျက်အောင်ချက်ထားသောအသားသည် အညိုရောင် ဖြစ်ရပါမည်။ အသားတုံး၏ အတွင်းပိုင်းသည် အညိုရောင်သို့ မပြောင်းသေးဘဲ နီမြဲနီနေလျှင် မကျက်သေး (လိုအပ်သည့် အပူချိန် ၇၀-ဒီဂရီ စင်တီဂရီတ်ထိ မရောက်သေး) ကြောင်း သိနိုင်၏။ Salmonella နှင့် Clostridium perfringens ဘက်တီးရီးယားများကြောင့် အစာလမ်းကြောင်း ရောဂါဖြစ်ခြင်း၊ လူအမြောက်အမြား တပြိုင်နက် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်ပွားရာတွင် မကျက်တကျက် ချက်ထားသော အမဲသားကို စားသောက်မိခြင်းသည် အကြောင်းရင်းဖြစ်တတ်ပါသည်။


အစားအစာများကို ပြန်နွှေးခြင်း—
တချို့သောသူများသည် အသားများကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်ထားပြီး ကြောင်အိမ်ထဲတွင် သိမ်းဆည်းထားတတ်သည်။ စားခါနီးမှ အတုံးသေးသေးကလေးများ ဖြစ်အောင် လှီးဖြတ်၍ ပြန်နွှေးကာ စားသောက်တတ်၏။ ဤအလေ့အကျင့်သည် အန္တရာယ်မကင်းလှပေ။ ကြောင်အိမ်ထဲရှိ အပူချိန်သည် သာမန်အခန်းတွင်း အပူချိန်သာဖြစ်ရာ ရောဂါဖြစ်စေသည့် ဘက်တီးရီးယားများ ပေါက်လွယ်ပွားလွယ်သော အခြေအနေပင် ဖြစ်၏။ ကြောင်အိမ်ထဲတွင် ကြာရှည်သိမ်းထားခဲ့သည့် အသားဟင်းကို စားခါနီး (ပြီးစလွယ်) ပြန်၍နွှေးရုံဖြင့် ပေါက်ပွားထားသော ဘက်တီးရီးယားများ သေဆုံးသွားမည် မဟုတ်ပေ။ အောက်ပါဇယားတွင် ပတ်ဝန်းကျင် အပူချိန်အမျိုးမျိုး၌ ဘက်တီးရီးယားပိုးများ ပေါက်ပွားနှုန်း ခြားနားပုံကို လေ့လာကြည့်နိုင်၏။


အပူချိန်(စင်တီဂရိတ်) ဘက်တီးရီးယားများ မူလအရေအတွက်၏ နှစ်ဆဖြစ်အောင် ပွားများရန် ကြာသည့် အချိန်။
၎-ဒီဂရီ—–၆-နာရီ။
၁၀-ဒီဂရီ—–၂-နာရီ။
၂၁-ဒီဂရီ—–၁-နာရီ။
၂၈-ဒီဂရီ—–၃၀-မိနစ်။
အသားဟင်းများမှ ရောဂါမရှိလိုလျှင် အလွန်ပူသောအပူချိန် (၆၀-ဒီဂရီအထက်) သို့မဟုတ် အလွန်အေးသော အပူချိန် (၁၀-ဒီဂရီအောက်) တွင် သိမ်းဆည်းထားဖို့ လိုအပ်ပါသည်။ မချက်ရသေးသော အသား ငါးများကို ရေခဲသေတ္တာရှိလျှင် ရေခဲသေတ္တာထဲတွင် သိမ်းထားပြီး ချက်ခါနီးမှထုတ်၍ ကျက်အောင်ချက်စားခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ မလွှဲမရှောင်သာ၍ ချက်ပြီးသိမ်းထားသော အသားဟင်း၊ ငါးဟင်းတို့ကို ထိုနေ့မှပင် ပြန်နွှေးပြီး စားရမည်ဆိုလျှင် အသား ငါး၏ အတွင်းပိုင်း ၇၀-ဒီဂရီ စင်တီဂရိတ် ရောက်အောင်သာမက ထိုအပူချိန်တွင် အနည်းဆုံး နှစ်မိနစ်ကြာအောင်ထား၍ ပြန်နွှေးပြီးမှသာ စားသုံးသင့်ပေသည်။


အသား ငါး စားခြင်းနှင့် သန်ကောင်ရောဂါများ—
ကလေးကို အသား၊ ငါး ကျွေးလျှင် သန်ကောင်ရောဂါရတတ်သည်ဟု ကလေးမိဘ အတော်များများက အထင်မှားနေကြပါသည်။ သူတို့သိထားသော သန်လုံးကောင် (Ascaris) များကို အသား၊ ငါး စားခြင်းကြောင့် ရရှိခြင်းမဟုတ်ပေ။ ရေလောင်းအိမ်သာ၊ တွင်းနက်အိမ်သာ စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာများ မသုံးစွဲခြင်း၊ တကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကူးစက်ခြင်းသာဖြစ်လေသည်။


သို့သော် အသား၊ ငါးစားရာမှ ကူးစက်ခံရသော သန်ကောင်ရောဂါများလည်း ရှိပါသည်။ ယင်းတို့မှာ လူသိအလွန်နည်းသော သန်ပြားကောင် (Tape worms) များ ဖြစ်ကြ၏။ နူးနပ်အောင် ချက်မထားသည့် အမဲသားမှ (Taenia saginata) သန်ပြားကောင်ရောဂါ၊
နူးနပ်အောင် ချက်မထားသည့် ၀က်သားမှ (Taenia soltium) သန်ပြားကောင်ရောဂါ၊ နူးနပ်အောင်ချက်မထားသည့် ငါးမှ (Diphyllobothrum latum) သန်ပြားကောင်ရောဂါများ ကာကွယ်ရေးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သားများသုံးစွဲခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှုတို့အပြင် အသား၊ ငါးတို့ကို နူးနူးနပ်နပ်ကျက်အောင် ချက်ပြီးမှ စားသုံးခြင်းလည်း ပါဝင်ပါသည်။


အသား၊ ငါးတို့ကို နူးနပ်အောင် ချက်စားခြင်းဖြင့် ထိုအစာများမှ ရရှိနိုင်သော အဓိက အာဟာရဓာတ်ဖြစ်သည့် ပရိုတင်းများ ပျက်စီးလျော့နည်း မသွားပါ။ တနည်းပြန်ပြောရလျှင် အသား၊ ငါးတို့ကို အစိမ်း သို့မဟုတ်-မကျက်တကျက် စားခြင်းဖြင့် ထူးထူးခြားခြား အာဟာရတန်ဖိုး တက်မလာပါ။ ရောဂါရနိုင်သည့် အန္တရာယ်သာ ပို၍များပါသည်။
 
(ထို့အတူ ကြက်ဥအစိမ်းကို ဖောက်သောက်ခြင်းသည် ကြက်ဥကို ကြော်စားခြင်း၊ ပြုတ်စားခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။
အလားတူပင် နွားနို့ကို မကျိုဘဲ အစိမ်းသောက်ခြင်းသည် ကျက်အောင် ကျို၍သောက်ခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။)
 
မြန်မာလူမျိုးတို့၏ ဓလေ့အတိုင်း အသား၊ ငါးတို့ကို နူးနပ်အောင် ချက်ပြုတ်ပြီးမှစားခြင်း၊ ထမင်းဟင်းများကို ပူပူနွေးနွေး စားသုံးခြင်းတို့သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကောင်းမွန်လှသဖြင့် ဆက်လက်ကျင့်သုံးသင့်ကြောင်း ပြောလိုပါသည်။ မြန်မာမိသားစုအများစု၏ မီးဖိုချောင်အခြေအနေ ပတ်ဝန်းကျင်အခြေအနေတို့နှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ပါသည်။ 
အိမ်မှာ ရေခဲသေတ္တာလည်းရှိပါသည်။ လျှပ်စစ်ဓာတ်အားလည်း ၂၄-နာရီရပါသည်။ အသား ငါးများကိုလည်း စနစ်တကျ သိမ်းဆည်းထားသိုတတ်ပါသည်ဆိုစေကာမူ ရောဂါရနိုင်သည့် အန္တရာယ်သာ ပိုလာပြီး အာဟာရတန်ဖိုး ထူးထူးခြားခြားမြင့်မားမလာနိုင်သည့် စားသောက်နည်းများဖြစ်သော အသား၊ ငါး အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းတို့ကို အားမပေးလိုပါကြောင်း တင်ပြအပ်ပါသည်။
 
Source: ဒေါက်တာလှကြည် (Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)
http://www.myanmar1.com/?p=262

Twitter Delicious Facebook Digg Stumbleupon Favorites More