Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကျောက်/ရွှေဖရုံသီး/ရွက်/စေ့. Show all posts
Showing posts with label ကျောက်/ရွှေဖရုံသီး/ရွက်/စေ့. Show all posts

3 Nov 2013

ရွှေဖရုံသီးနှင့်ရွှေဖရုံစေ့၏အနာကျက်စေသောအစွမ်း

ရွှေဖရုံသီးနှင့်ရွှေဖရုံစေ့မှာဗီတာမင်နဲ့အာဟာရဓာတ်အများအပြားပါဝင်
တာကြောင့်ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်သလိုအသားအရေချော
မွေ့စေကာလိင်မှုဘ၀ကိုသိသိသာသာကောင်းမွန်စေပါတယ်။ဒါ့ကြောင့်
ကျန်းမာရေးနဲ့ညီညွတ်တဲ့ရွှေဖရုံသီးနဲ့ရွှေဖရုံစေ့ကိုမှီဝဲပေးသင့်ပါတယ်။

ငယ်ရွယ်နုပျိုစေခြင်း

Mayo Clinicရဲ့လေ့လာမှုအရရွှေဖရုံသီးမှာအိုမင်းမှုကိုဟန့်တားပေးနိုင်
တဲ့အာဟာရဓာတ်ဗီတာမင်အေအများအပြားပါဝင်ပြီးအရေပြားဆဲလ်တွေ
ရဲ့ပြန်လည်သစ်လွင်တဲ့ဖြစ်စဉ်ကိုကောင်းမွန်စေပါတယ်။ဒါ့အပြင်အသား
အရေကိုချောမွေ့နုပျိုကြည့်ကောင်းစေတဲ့ကော်လာဂျင်ဓာတ်ကိုအထွက်
တိုးစေပါတယ်။

ကိုယ်အလေးချိန်လျော့ကျခြင်း
လိမ္မော်ရောင်ရွှေဖရုံသီးဟင်းလျာတစ်ခွက်မှာကျန်းမာရေးနဲ့ညီညွတ်တဲ့
အမျှင်ဓာတ်သုံးဂရမ်နဲ့50 ကယ်လိုရီပါဝင်ပြီးအဆီဓာတ်ပါဝင်မှုမရှိပါဘူး။
အမျှင်ဓာတ်များစွာပါတဲ့အစာတွေကအစာချေဖျက်ချိန်ကိုကြန့်ကြာစေ
တဲ့အတွက်အစာနည်းနည်းစားရုံနဲ့ဗိုက်ပြည့်နေစေပါတယ်။

လိင်မှုဘ၀မြှင့်တင်ပေးနိုင်ခြင်း
ရွှေဖရုံစေ့မှာဇင့်(သွပ်)ဓာတ်ပါဝင်မှုများပါတယ်။ရွှေဖရုံစေ့ခွက်ရဲ့လေးပုံ
တစ်ပုံပမာဏမှာတစ်နေ့တာလိုအပ်တဲ့ဇင့်(သွပ်)ဓာတ်17% ပါဝင်ပါ
တယ်။အဲဒီဇင့်(သွပ်)ဓာတ်ဟာအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာကျန်းမာ
ရေးကိုကောင်းမွန်စေပြီးမျိုးအောင်နိုင်စွမ်းနဲ့လိင်မှုဘ၀ကိုတိုးတက်
ကောင်းမွန်စေပါတယ်။

ဆီးကျိတ်ကျန်းမာရေးကိုကောင်းမွန်စေခြင်း
20ရာစုအစောပိုင်းကာလကတည်းကလူတွေကဆီးကျိတ်ရောဂါလက္ခ
ဏာတွေကိုကုသဖို့ရွှေဖရုံစေ့ကိုအသုံးပြုခဲ့ကြပါတယ်။ရွှေဖရုံစေ့မှာဖိုင်
တိုစတီရောဒြပ်ပေါင်းပါဝင်တာကြောင့်ကြီးနေတဲ့ဆီးကျိတ်ကိုကျုံ့သွားစေ
ပါတယ်။အမျိုးသားတွေအနေနဲ့တစ်ပတ်မှာသုံးကြိမ်ရွှေဖရုံစေ့တစ်အောင်
စခန့်စားသုံးသင့်ပါတယ်။

သန်ကောင်များကိုကုသနိုင်ခြင်း

ရွှေဖရုံစေ့ဟာသင့်ကိုနာမကျန်းဖြစ်စေနိုင်တဲ့အူကပ်ပါးပိုးတွေကိုဖယ်ရှား
ပေးနိုင်ပါတယ်။အမေရိကန်လူမျိုးတွေကရွှေဖရုံစေ့ကိုအစာအိမ်အူလမ်း
ကြောင်းဝေဒနာတွေကုသဖို့အတွက်ရှေးကတည်းကသုံးခဲ့ကြတာဖြစ်
ပါတယ်။ဒီနေ့ခောတ်မှာရွှေဖရုံစေ့ကိုအာဖရိကတချို့နေရာတွေမှာသန်
ကောင်၊တုပ်ပြားကောင်စတာတွေကိုကုသဖို့သုံးလာကြပါတယ်။

ကြယ်စင်
By-Good Health

21 Oct 2013

ကျောက်ဖရုံပင်

မြန်မာ့ဆေးဖက်ဝင် ကျောက်ဖရုံပင်

Item Name --------- White Pumpkin (ကျောက်ဖရုံ)
Category ------------ Raw Material
Botany Term -------- Benincasacerifera Savi
Species Family ----- Cucurbitceae

အမြင့်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံ အနှံ့အပြားတွက် ပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။မိုးဦးတွင် ကဆုန်မှ ၀ါဆိုအတွင်း မိုးနှောင်း တွင် တော်သလင်း လမှ တန်ဆောင်မုန်း အတွင်း အစေ့ကို တိုက်ရိုက် ချစိုက် နိုင်သည်။ ကျင်းအနက် တစ်တောင် ၊ အကျယ် ၄ ပေ ပတ်လည် တူး၍ မြေဆွေး ၅၀ % ခန့် ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့် ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။  ခြောက်သွေ့ သော ဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်း ပေးရန်လိုသည်။စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း စတင် အသီးသီး ၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အနံ့အသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း ၊ ထားသိုခြင်း မပြုရန် လိုသည်။ )


♥ အပင်

တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည် တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း ၃ ခုဖြာသည်။

♥ အရွက်

အရွက်သည် တောက်ပသော အစိမ်းရောင် ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင် တွင် ပို၍ အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အ၀ိုက် ၅-၇ ခုရှိသည်။ အ၀ိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။

♥ အပွင့်

အ၀ါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီး ဖြစ်သည်။ လိင်စုံသည်။ 

♥ အသီး

တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင် ရောနေ၏ ။ နုစဉ် အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီး မာသည်။ အခွံပေါ်တွင် အမွေးကြမ်းလေးများရှိသည်။ အစေ့များ ပြားပြီး အဖြူရောင် ရှိသည် ။

► အသုံးဝင်ပုံ

အပွင့် ၊ အသီး ၊ အစေ့ ၊ အမြစ် ၊ အထူးသဖြင့် အသီးကို ပို၍ အသုံးပြု၏။

♥ အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ချို၍ အနည်းငယ် ငန်သော အရသာရှိသည်။ အားကို တိုးပွားစေ၍ သည်းခြေကို နိုင်၏ ။ မှည့်သောအသီးသည် ၀မ်းမီးကို တောက်စေသည်။ သွေး ၊ လေရောဂါနှင့်ရူးသွပ်ခြင်းကို ပျောက်စေ၍ ဆီးအိမ်ကို သန့်ရှင်းစေတတ်၏ ။ 

► အပွင့်အသုံးပြုပုံ

၁ ။ ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလ၀မ်းရောဂါပျောက်၏။ 

► အသီးအသုံးပြုပုံ

၁ ။ အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေ သည်။အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန် သွေးကျ ရောဂါ ပျောက်၏ ။
၂ ။ အသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏ ။
၃ ။ ကျောက်ဖရုံရည် ကို ၀က်ရူးနာ ၊ လေနာ ၊ အရူးရောဂါတို့ အတွက်လည်း သုံး၏။ 

► အစေ့အသုံးပြုပုံ

၁ ။ အစေ့ကိ သန်ကျဆေးအဖြစ် သုံးသည်။ 

► အမြစ်အသုံးပြုပုံ

၁ ။ ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥
 http://myanmarherbal.blogspot.com/2013/10/blog-post_5031.html#more

24 Sept 2013

ရွှေဖရုံသီး က ပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

WhFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ရွှေဖရုံသီး ၁၀၀ ဂရမ်ထဲတွင် လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်း ၁.၃ ဂရမ်၊ သဘာဝအဆီဓာတ် ၀.၃ ဂရမ်၊ ကစီဓာတ် ၉.၉ ဂရမ်၊ ဗီတာမင်အေ ၂၆၉၀၈ IU ၊ ဗီတာမင်ဘီဝမ်း၊ ၀.၀၃ မီလီဂရမ်၊ ဗီတာမင်ဘီတူး ၀.၀၇ မီလီဂရမ်၊ နီအာစင် ၀.၄ မီလီဂရမ်၊ ဗီတာမင်စီ ၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၂ မီလီဂရမ်၊ မီးစုန်း ၄၂ မီလီဂရမ်၊ နှင့် သံဓာတ် ၁.၇ မီလီဂရမ်တို့  အသီးသီးပါရှိကြတယ်လို့ ဆိုပါတယ်။ ၁-ဂရမ် ပမာဏရှိသော ရွှေဖရုံစေ့ထဲရှိ ပရိုတင်းဓာတ်ပါဝင်မှုဟာ နွားနို့ ၁ ဖန်ခွက်စာ ပရိုတင်းဓာတ်ပမာနှင့် ထပ်တူ့ညီမျှတယ်လို့ ဆိုပါတယ်။ ဒါတင်မက သေးပါဘူး။ ရွှေဖရုံစေ့ဟာ ကျန်းမာရေးကိုကောင်းကျိုးပြုစေသည့် မပြည့်ဝဆီ၊ ဗီတာမင်ကေ နှင့် ဗီတာမင်အီးတို့  စုဝေးရာအရင်း အမြစ်လဲ ဖြစ်ပါတယ်တဲ့။

1. မျက်စေ့အဝေးမှုန်ခြင်း/အနီးမှုန်ခြင်း နှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များသည် ဗီတာမင်အေ အပြည့်အ၀ပါရှိသော ရွှေဖရုံသီးကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

2. ရွှေဖရုံသီးထဲမှာ ဆန့် ကျင်ဓာတ်တိုးပစ္စည်းများ၊ ဗီတာကယ်ရိုတင်း နှင့် ဗီတာမင်အီး တို့ ပါရှိသောကြောင့်၊ အသားအရေကို ကျန်းမာစေကာ၊ ၀ဲနှင်းခူရောဂါတို့ လို ကူးစက်ရောဂါများကိုလဲ မဖြစ်စေပါဘူး။

3. အရွယ်တင်နုပျိုစေလို့  အလှအပမြတ်နိုးတဲ့ ပျိုပျိုမေတို့ အားထားလောက်ပါတယ်။

4. ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ထဲရှိအဆီတို့ သည် ကာမအားကို တိုးပွားစေသည့်အပြင်၊ ထိုသဘာဝအဆီဓာတ်က ကျောက်ကပ်၏ စွမ်းဆောင်ရည်ကိုတိုးတက်မြင့်မားလာစေပြီး၊ ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော၊ အညစ်အကြေးတို့ ကို ဆီးအဖြစ်စွန့် ထုတ် ပေးနိုင်လို့ ဆီးကျောက်တည်ခြင်းမဖြစ်စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင်ဆာရောဂါကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

5. အမျိုးသမီးများ၏ မျိုးပွားအင်္ဂါအဖွဲ့ အစည်းများကို အလွန်အမင်းကောင်းကျိုးပြုလို့ ၊ သားသမီးယူရန် အစီအစဉ်ရှိသော မိခင် လောင်းများ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့တို့ကို အထူးတလည်စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရွှေဖရုံသီးဟင်းလျာကို စားပေးခြင်းခြင့် ရင်ခေါင်းတောင့်ခြင်း နှင့် ရင်ပြည့်ရင်ကယ်ခြင်းကို သက်သာစေကာ ခံတွင်းလိုက်စေပါတယ်။ နောက်ပြီး အမျှင် ဓာတ်ကြွယ်ဝစွာပါရှိလို့  ကိုယ်ဝန်သည်များအတွက် အကောင်းဆုံး သဘာ၀၀မ်းပျော့ဆေးတစ်ခွက်ပါဘဲ။

6. ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့တို့ သည် အရိုးကြီးထွားမှုကို အထောက်အပံ့ဖြစ်စေတဲ့အပြင်၊ အဆစ်အမြစ်ရောင်ရမ်းနာတို့ ကိုလဲ သက် သာလာစေပါတယ်။

7. ရွှေဖရုံသီးထဲတွင် ဗီတာမင်စီ အလုံအလောက်ပါရှိတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်။

8. ဗီတာမင်ဒီ ကြွယ်ဝစွာပါရှိသောကြောင့်၊ အာရုံကြောအဖွဲ့ အစည်းများကို တိုးတက်ကောင်းမွန်လာစေပါတယ်။

9. အစေ့အထဲမှာ phytosterols ဓာတ်ပေါင်းစုပါရှိလို့  ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော LDLကိုလက်စထရော ပမာဏကို လျော့ချ ပေးနိုင်စွမ်းရှိပါတယ်။

10. အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေသည့်ပြင်၊ ၀မ်းချုပ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။

11. မျက်စေ့ကြောင်၍ နာတာရှည်အိပ်မပျော်သူများသည် မဂနီစီယမ် အလုံအလောက်ပါရှိသော ရွှေဖရုံသီးဖျော်ရည်ကို ပျားရည် အနည်းငယ်ရောစပ်ကာ သောက်သုံးပေးသင့်ပါတယ်။ နောက်ပြီး ရွှေဖရုံစေ့ထဲမှာ L-tryptophan ပါရှိလို့  ၊ နှစ်ခြိုက်စွာအိပ်မော ကျစေပါတယ်။ စိတ်ကျဝေဒနာသည်များကို ရွှေဖရုံစေ့ကျွေးပေးသင့်ပါတယ်။

12. အစာအိမ်နာ၊ ဖက်ခွက်နာ၊ ပြည်တည်နာနှင့် ကိုယ်တွင်းကိုယ်ပ အနာအမျိုးမျိုးတို့ ကို လဲ ကောင်းကျိုးပြုပါတယ်။

13. ရွှေဖရုံသီးထဲမှာ အချိုဓာတ်ပါရှိသော်လဲ၊ သွေးထဲရှိသကြားပမာဏကို ကျစေပါတယ်။

14. အာဟာရချို့ တဲ့သူများ ရွှေဖရုံသီးစားပေးခြင်းဖြင့် သိသိသာသာ အားပြန်လည်ပြည့်စေပါတယ်။

15. သရက်ရွက်ကို ကျန်းမာစေပါတယ်။

16. ချောင်းဆိုးရင်ကျပ်ခြင်း၊ လေပြွန်ပွခြင်း နှင့် လည်ချောင်းနာခြင်း တို့ ကို သက်သာစေပါတယ်။

17. ရွှေဖရုံသီးနှင့် အစေ့တို့ သည် ခန္ဓာကိုယ်ထဲရှိ၊ တုပ်ကောင်၊ သန်ကောင်၊ ကပ်ပါးကောင် တို့ ပြန့် ပွားလာမှုကို ဟန့် တားပေး ပါတယ်။

18. ရွှေဖရုံစေ့အဆီထဲမှာ မဂနီစီယမ်၊ မဂနီးစ် နှင့် ဖော့စဖရက်စ် (ခေါ်) မီးစုန်းတို့ ကြွယ်ဝစွာ ပါရှိလို့  အသည်းကို ကောင်းစွာ အလုပ်လုပ်စေနိုင်ပါတယ်။

19. ရွှေဖရုံစေ့အဆီထဲမှာ ဖက်တီးအက်ဆစ်ပါရှိလို့  သွေးကြောမများနှင့် တစ်ရှုးများကို ကောင်းမွန်တိုးတက်စေပါတယ်။

20. The American Journal of Clinical Nutrition တွင် ဖော်ပြထားတာကတော့ အသက် ၄၅ မှ ၉၂ အရွယ် အမျိုးသားကြီး ၄၀၀ ကို သုတေသနပြုစမ်းစစ်ချက်အရ၊ ဇင့်ဓာတ်ချို့ တဲ့မှုကြောင့် ဦးခေါင်းခွံမှမြီးညှောင့်ရိုးထိ ကျောရိုးတလျှောက် အရိုးကြွပ် ဆတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်တဲ့။ သို့ သော် ဇင့်ဓာတ်မြင့်မားစွာပါရှိတဲ့ ရွှေဖရံစေ့ကို စားသုံးပေးခြင်းဖြင့် အရိုးကြွပ်ဆတ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

သတိပြုရန်။

(၁) ရွှေဖရုံစေ့ ဟာ ကျန်းမာရေးကိုကောင်းကျိုးပြုတာမှန်သော်လဲ၊ တစ်ကြိမ်တည်းတွင် လက်တစ်ဆုပ် စာပမာဏ ထက် ပိုမိုစားမိပါက၊ ဗိုက်အောင့်စေပြီး၊ အခန့် မသင့်ရင် ၀မ်းသွားတတ်ပါတယ်။

(၂) ရွှေဖရုံသီးကို ကြိုက်တိုင်းလဲ အလွန်အကျွံ မစားပါနဲ့ ။ သွေးတိုးစေပါတယ်။ 

တိုးတက်ခေတ်မီသော ယနေ့ ကမ္ဘာပေါ်တွင် ကျန်းမာရေးဗဟုသုတအမြင်ကျယ်လာသည်နှင့်အမျှ ဘ၀တစ်သက်တာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လိုပါလျှင်၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို လစ်လှုရှုပစ်ပယ်၍မရကြောင်းကို ကျန်းမာရေးလိုက်စား သူလူသားတိုင်း သိရှိလာကြပြီဖြစ်ပါသည်။ ထို့ ကြောင့်လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးပြုကာ၊ ဘေးထွက်ဆိုးကျိုး မရှိ သော ရွှေဖရုံသီးနှင့် အစေ့တို့ ကို 'အစာလည်းဆေး၊ ဆေးလည်းအစာ" အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရ ပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)
Ref : encyclopedia" health benefits of pumpkin"
Credit to >>ပေါက်ပေါက်၏ ရွှေဖရုံသီးနဲ့ ကျန်းမာရေး။ ဆောင်းပါးမှကောကနူတ်ဖေါ်ပြပါသည်။

ရွှေဖရုံသီးနဲ့ အသားအရေထိန်းသိမ်းနည်း



ရွှေဖရုံသီးထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများအပြင်၊ ရေဓာတ်အလုံအလောက်ပါရှိလို့  မျက်နှာအတွင်းသားများအထိ အေးမြစေ ပြီး၊ ကျန်းမာလှပသော အသားအရေပိုင်ဆိုင်စေမှာအမှန်ပါ။

ဘယ်အသားရေမျိုးတွက်မဆိုသင့် တော်တဲ့အတွက် ငွေလဲမကုန် ကရိကထလဲမများဘဲ မိမိအိမ်မှာ ရွှေဖရုံသီးနဲ့  အသားအရေထိန်းသိမ်းနိုင်ပါတ ယ်။

နောက်ပြီး ရွှေဖရုံသီးက အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်တဲ့။

(က) ပုံမှန်အသားအရေအတွက် -ပျားရည် (၁)ဇွန်း၊

(ခ) ခြောက်သွေ့ တဲ့အသားအရေအတွက် - နို့ ကရင်မ် (၁/၄)ဇွန်း (သို့ )သကြားညို (၁/၂)ဇွန်း၊

(ဂ) အဆီပြန်တဲ့အသားအရေအတွက် ပန်းသီးဝိုင် (၁/၄)ဇွန်း (သို့ ) ဘယ်ရီသီးဖျော်ရည် (၁/ ၄)ဇွန်း တို့ ကို……. နူးအောင်ပြုတ် ချေထားသော ရွှေဖရုံသီး (၂)ဇွန်း ဖြင့် သမအောင်ရောနယ်ကာ မျက်စေ့ထဲမ၀င်အောင် မျက်နှာတစ်ပြင်လုံး ညင်သာစွာ လိမ်းပေး ရပါမယ်။

ရွှေဖရုံသီးရောအနှောတို့ မျက်နှာအသားထဲစိမ့်ဝင်သွားအောင် ၁၅ မိနစ်ခဲ့ထားပြီးနောက်၊ ရေနွေးနွေးလေးဖြင့် သန့် စင် ပြီး၊ မိမိလိမ်းနေကျ ကရင်မ်တစ်ခုခုလိမ်းပေးနိုင် ပါတယ်။

ဤနည်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်မျှ ပုံမှန်လုပ်ပေးသွားပါက၊ နူးညံ့ ချောမွေ့ ဝင်းပသော လှတစ်မျက်နှာပိုင်ရှင်ဖြစ်လာနိုင်ပါပြီ။

ရွှေဖရုံသီးအနှစ်ဖြင့် ခန္ဓာကိုယ်အသားအရေ ညက်ညောလှပအောင် body scrub လုပ်နိုင်ပါတယ်။

ပြုတ်ချေထားသော ရွှေဖရုံသီး ထဲကို ဆား နှင့် သကြားညိုထဲ့နယ်ကာ အရည်ကျဲကျဲဖျော်စပ်ပြီးတော့  ခန္ဓာကိုယ်အနှံ့ စက်ဝိုင်းသဏ္ဍာန် လိမ်းကျံပေးပြီး၊ ရေချိုး သန့် စင်ပေးရုံပါဘဲ။

အသားအရေခြောက်သွေ့ ကာ ခြေဖနောင့်ကွဲအက်သူများအတွက်၊ ခြေထောက်ကိုရေစင်ကြယ်အောင် 
 ဆေးပြီး ရွှေဖရုံသီးအနှစ် နှင့် ဖယောင်းရည်တို့ ကိုဆတူရောကာ နှိပ်နယ်လူးပေးနိုင်ပါတယ်။ 

ဘာသာပြန်သူ (ပေါက်ပေါက်)
Ref : encyclopedia" health benefits of pumpkin" 
Credit to >>ပေါက်ပေါက်၏ ရွှေဖရုံသီးနဲ့ ကျန်းမာရေး။ ဆောင်းပါးမှကောကနူတ်ဖေါ်ပြပါသည်။

21 Sept 2013

ကျောက်ဖရုံသီး ( Benincasa Cerifera ) ဂုဏ်သတ္တိ

များသော အားဖြင့် အသီးကို သုံးရသည်။ ချို၏။ အမှည့် အနည်းငယ် ဖန်၏။ အေး၏။ (အစိမ်း) အနည်းငယ် အေး၏။ ၀ိပါက ချို၏ ။
အားကို တိုးပွားစေ၏။ သုတ်ကို တိုးပွားစေ၏။ ကြေကျက်ခဲ၏။ မှည့်သော အသီးသည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။
ဆီးအိမ်ကို သုတ်သင်တက်၏။ သည်းခြေကို နိုင်၏။ အသုံးပြုပုံ -ကျောက်ဖရုံ သီး၏ သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသော ရောဂါများကို တိုက် ကျွေးလျှင် ပျောက်ကင်း စေသည်။
ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် ရောဂါ များ၌ အသီး သတ္တုရည် ၃ ကျပ်သားတွင် ရှိန်းခိုနှင့် ဂျုံပင်ပြာ ဆားအနည်းငယ် ရောထည့်၍ တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အဆုတ်ရောဂါ၌ အားအင် ကုန်းခမ်းခြင်းတို့ အတွက် အသီးကို ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ (ကုမ္ဘဏ္ဍ ချက်ဆေး) အဖြစ် အသုံးများ ကြသည်။
ကျောက်ဖရုံစေ့ ငါးမတ်သားကို ကြိတ်၍ နှမ်းဆီတို့နှင့် ဖျော်ပြီး တိုက်ကျွေးပြီးနောက် နူးညံ့သော ၀မ်းနှုတ်ဆေး တိုက်ကျွေးလျှင် သန်၊ တုတ် ပိုးမွှားကို ကျဆင်း စေသည်။
ကျောက်ဖရုံစေ့မှ အဆီထုတ်၍ တိုက်ကျွေးလျှင် သန်၊ တုတ်များကို ကျဆင်း စေပါသည်။ ကျောက်ကပ် ဖောရောင်ခြင်းနှင့် အသည်းရောင် အသားဝါ ရောဂါ များ၌ အသီး၊ သတ္တုရည်ကို သကြား၊ ကလူးကို့စ် တို့နှင့် တိုက်ကျွေး ခြင်းဖြင့် ပျောက်ကင်း စေပါသည်။
Mg Mandalay

12 Sept 2013

ရွှေဖရုံသီး၏ ကျန်းမာရေး အကျိုးကျေးဇူး


ရွှေဖရုံသီးကို အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး အရောင်နှစ်မျိုး တွေ့ရပါတယ်။ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၁) ရွှေဖရုံသီးမှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုး စားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။


၂) ရွှေဖရုံသီးမှာ မဂ္ဂနီဆီယမ် ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။

၃) ရွှေဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။

၎) ရွှေဖရုံသီးမှာဗီတာမင် အေ၊စီနဲ့မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့်ကိုယ်ခံစွမ်းအားစနစ်ကို

 ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေရင် ရောဂါအများစု မဖြစ်အောင် ကာကွယ်ထားနိုင်ပါတယ်။

၅) ရွှေဖရုံသီးဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေမဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

၆) ရွှေဖရုံသီးမှာ အမျှင်ဓာတ် အများအပြား၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ (ဥပမာ-ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ် ရောဂါ) တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၇) ရွှေဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ 

အကြောင်းကတော့ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး အူမကြီးမှာ အဆိပ်တွေ စုပုံမှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။
 အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ စုနေရင် ကင်ဆာရောဂါ ဖြစ်လာစေနိုင်ပါတယ်။

၈) ရွှေဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ 

အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။

၉) ရွှေဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၁ဝ) ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်အေက သွားပိုးစားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။

၁၁) ရွှေဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ 

ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၁၂) ရွှေဖရုံသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင်ပိုတက်စီယမ်လည်းပါဝင်တာကြောင့်

 နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။
 ရွှေဖရုံသီး စားပေးရင် ရေများများ မသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝနေစေပါတယ်။

၁၃) ရွှေဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက် ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၁၄) ရွှေဖရုံသီးရဲ့ အရောင်က သူ့မှာ ဘယ်လောက် အာဟာရဓာတ် ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင် ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ် ပိုမို ပါဝင်ပါတယ်။ ရွှေဖရုံသီးကို စားမယ်ဆိုရင် အခွံကို မခွာပါနဲ့။

 အခွံမှာ ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့ သေချာ ဆေးကြောပေးသင့်ပါတယ်။

By Good Health Originally

 Source>>> http://www.facebook.com/notes/health-articles

11 Nov 2012

ရွှေဖရုံစေ့၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

အစေ့အဆန်တွေက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ။  အဲဒီအစေ့အဆန်တွေထဲမှာ ပါဝင်တဲ့ ရွှေဖရုံစေ့ရဲ့ ကျန်းမာရေး အာနိသင်တွေကို သိရှိစေဖို့ ရေးသားလိုက်ရပါတယ်။


(၁) နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း

ရွှေဖရုံစေ့မှာ အမိုင်နိုအက်စစ် ထရစ်ပတိုဖန် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်အဖြစ် ကူးပြောင်းပြီး ညဘက်မှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၂) အပန်းပြေစေခြင်း

ရွှေဖရုံစေ့မှာ နှလုံးကို အနာကျက်စေတဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ် များစွာ ပါဝင်မှုကြောင့် သဘာဝ အပန်းပြေစေတဲ့ အစွမ်းရှိပါတယ်။

(၃) သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း

ရွှေဖရုံစေ့မှာ အလွယ်တကူ အစာကြေညက်စေတဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ ဒါကြောင့် ရွှေဖရုံစေ့ကို တစ်နေ့တာအတွင်း သရေစာအနေနဲ့ စားသင့်ပါတယ်။ ဒီလိုစားပေးတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကြိုးစားနေသူတွေအတွက် သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

(၄) ဆီးကျိတ်ကြီးမှု မဖြစ်အောင် လျှော့ချနိုင်ခြင်း

ရွှေဖရုံစေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားတာကြောင့် အမျိုးသားတွေမှာ ဆီးကျိတ်ဂလင်း ကြီးမားတဲ့ အခြေအနေ (BPH) ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၅) အမျိုးသား ကျန်းမာရေး ကောင်းမွန်စေခြင်း

ရွှေဖရုံစေ့မှာ ဆီးကျိတ်ကို ကာကွယ်ပေးနိုင်တဲ့ ဇင့် (သွပ်) သတ္တုဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အမျိုးသား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၆) သွေးအားကောင်းစေခြင်း

ရွှေဖရုံစေ့မှာ သွေးအားကောင်းစေပြီး စွမ်းအင်တိုးစေတဲ့ သံဓာတ်များစွာ ပါဝင်နေပါတယ်။

(၇) ရောင်ရမ်းမှုကို လျော့ကျစေခြင်း

တိရစ္ဆာန်တွေကို လေ့လာမှုတွေအရ ရွှေဖရုံစေ့ကို အစားအသောက်ထဲ ထည့်စားတဲ့အခါ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေ ရရှိတာကို တွေ့ရပြီး ရောင်ရမ်းမှုကျဆေး အင်ဒိုမီသာစင်ရဲ့ ထိရောက်မှုနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

(၈) သွေးတွင်း မကောင်းသော ကိုလက်စထရော ကျစေခြင်း

ရွှေဖရုံစေ့မှာပါတဲ့ ဖိုင်တိုစတီရောဒြပ်ပေါင်းတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေအနက် ရွှေဖရုံစေ့မှာ စတီရော (Sterol) ပါဝင်မှု ဒုတိယ အမြင့်မားဆုံး (နေကြာစေ့နဲ့ Pistachios တို့က စတီရော ပါဝင်မှု အများဆုံး) ဖြစ်ပါတယ်။

(၉) ပုံမှန် ကိုယ်အလေးချိန် ထိန်းပေးခြင်း

ရွှေဖရုံစေ့မှာ အမျှင်ဓာတ် ပါဝင်မှု အကောင်းဆုံး ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

(၁၀) ခန္ဓာကိုယ်၏ pH ညီမျှစေခြင်း

ရွှေဖရုံစေ့ဟာ ကိုယ်တွင်း pH ညီမျှအောင် ထိန်းပေးနိုင်ပါတယ်။ သရေစာ အများစုဟာ ခန္ဓာကိုယ်တွင်းမှာ အက်စစ်ဓာတ်ကို ဖြစ်စေပါတယ်။ အက်စစ်ဓာတ်ဟာ ကိုက်ခဲနာကျင်မှု၊ နာမကျန်းမှုနဲ့ ကင်ဆာရောဂါတို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။

ကြယ်စင်
Ref: Good Health posted on Yatanarpon - news/review-70048
Health Articles

ရွှေဖရုံသီး အစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ (၁၁) ခု

ရွှေဖရုံသီး အစေ့
ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက် တစ်မျိုးပါ။ ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာ တစ်မျိုးပါပဲ။ ဒီလိုကျွန်တော်တို့ လက်တစ်ကမ်းက သဘာဝ အစားအသောက်တွေရဲ့ အရသာရှိခြင်းထက် အများကြီး ပိုတန်ဖိုးကြီးမားလွန်းတဲ့ အာနိသင်တွေကို သိရှိစေဖို့ The Voice Weekly စာမျက်နှာများမှ အလျဉ်းသင့်သလို ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ တစ်ခုချင်း အသေးစိတ် ဆောင်းပါးတွေ ဆက်တိုက် တင်ဆက်လာရာမှ တစ်ပတ်ခြား၊ နှစ်ပတ်ခြား အပြောင်းအလဲလေးတွေ အနေနဲ့ သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း ကဏ္ဍများ တင်ဆက်ခြင်းကို နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။
ရွှေဖရုံသီးစေ့၏ ကျန်းမာရေးအပေါ် ထူးခြားစွာ အကျိုးပြုသော အာနိသင် (၁၁) ခု

(၁) ဆီးကျိတ်ရောဂါများ ကာကွယ်နိုင်ခြင်း
ရွှေဖရုံသီးစေ့ထဲမှာ ပါတဲ့ သဘာဝ အာဟာရ ဒြပ်ပေါင်းတွေဟာ ဆီးကျိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး အသက် ၅၀ ကျော် အမျိုးသား ဆယ်ဦးမှာ သုံးဦး ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးရောဂါ (Benign Prostate Hypertrophy, BPH)၊ အဲဒီကနေတစ်ဆင့် ဆက်ဖြစ်သွားတတ်တဲ့ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကြီးရောဂါ ခံစားနေရသူတွေမှာလည်း ဆီးသွားရခက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

(၂) ဆီးအိမ်၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း
ဆီးအိမ်ရဲ့ အညစ်အကြေး စွန့်ထုတ်နိုင်မှုကို ကောင်းမွန်စေလို့ ဆီးအိမ်ကင်ဆာ ကင်းဝေးရေးပါ အကျိုးပြုပါတယ်။

(၃) အမျိုးသား သဘာဝ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း
အမျိုးသားကော အမျိုးသမီးပါ လိင်မှုကိစ္စ ပုံမှန်စိတ်ဝင်စားဖို့၊ စွမ်းဆောင်နိုင်ဖို့ ဇင့် (Zinc) နဲ့ အခြားသော အမိုင်နိုအက်ဆစ်များ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဖို့ ဖရုံစေ့ဟာ အတော်လေးကောင်းတဲ့ စားသောက်ဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။

(၄) စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း
ရွှေဖရုံသီးအစေ့ဟာ L-Tryp-tophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝတာမို့ စိတ်ကျရောဂါဝင်လာခြင်းကို ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

(၅) အရိုးပွရောဂါကို ကာကွယ်ပေးခြင်း
ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော ပုံမှန်ဇီဝဖြစ်စဉ်ကြီး ၇ ခုမှာ အရေးပါသော ဓာတ်ကူပစ္စည်း အနေနဲ့ပါသလို အရိုးတည်ဆောက်ရာမှာလည်း မထင်ရှားပေမယ့် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ဖို့ ကယ်လ်စီယမ်နဲ့ ဗင်တာမင်ဒီတွေချည်းပဲ စားနေလို့ မရဘဲ ဇင့်ပါ ပါဝင်အောင် စားသုံးပေးရပါမယ်။ ဖရုံသီးစေ့များဟာ ဇင့် (Zinc) ခေါ် သွပ်ဓာတ် ကြွယ်ဝပါတယ်။

(၆) သဘာဝ အရောင်ကျဆေး
ရွှေဖရုံသီး အစေ့ များများစားပေးရင် ရောင်ယမ်းနာကျင်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ကြောင်း သုတေသနများစွာအရ သိရပါတယ်။

(၇) ဆီးကျောက်တည်ခြင်းကို ကာကွယ်ခြင်း
ဖရုံသီး အစေ့ထဲမှာ ဆီးကျောက်ရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ ကယ်လ်စီယမ်အောက်ဇဲလိတ် (Calcium Oxalate) အနည်ကျ ဖွဲ့တည်ခြင်းကို တားဆီးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

(၈) သန်ကောင်နှင့် ကပ်ပါးကောင်များကို နိုင်နင်းခြင်း
ရွှေဖရုံသီး အစေ့ကို သန်ကျဆေး၊ သန်သေဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အချို့သော တိုင်းရင်းသားတွေမှာ သန်ချဆေးအဖြစ် ကြိတ်ချေပြီး သဘာဝအတိုင်း သုံးကြတာမျိုး ရှိပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ သောက်သုံးခြင်း၊ ထိတွေ့ခြင်းနဲ့ ခရုတွေဆီက ကူးစက်တတ်တဲ့ Schistosomiasis ခေါ် အပြင်းဖျား ကပ်ပါးရောဂါမျိုးကိုလည်း သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိနေလို့ ဆေးဝါး အနေနဲ့ အသုံးချနိုင်အောင် ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် လိုရင်းပြောရရင်တော့ ရွှေဖရုံသီးစေ့ဟာ ကပ်ပါးပိုးကူးစက်မှုများ (Parasitic Infections) အတွက် ကိုယ်ခံအားကို မြှင့်ပေးနိုင်ပါတယ်။

(၉) ကြီးမားသော မဂ္ဂနီစီယမ် ဓာတ်ရင်းမြစ် တစ်ခု
ဖရုံစေ့ လက်တစ်ဆုပ်စာလောက်မှာ အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်တဲ့ မဂ္ဂနီစီယမ် သတ္တုဓာတ်ရဲ့ ၉၂ ရာခိုင်နှုန်းလောက် ပါဝင်လို့ အာဟာရကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့၊ အာရုံကြောအဖွဲ့ ပုံမှန်ကောင်းမွန်ဖို့၊ စွမ်းအင်ထုတ်ဖို့အတွက် အရေးကြီးစွာ လိုအပ်ပြီး ယနေ့ခေတ်မှာ မဂ္ဂနီစီယမ် ချို့တဲ့မှု ပိုများလာတာကို လေ့လာတွေ့ရှိရလို့ Fast Food ခေါ် အသင့်စား၊ အမြန်စာတွေကို စားသုံးမှုများသူတွေ သတိပြုသင့်တဲ့ အချက်တစ်ခုပါပဲ။

(၁၀) မကောင်းသော ကိုလက်စထရော ကျစေခြင်း
ဖရုံစေ့ထဲမှာ Phytosterol ခေါ် အပင်ထွက် အဆီဓာတ် တစ်မျိုး ပါဝင်ပါတယ်။ ၎င်းဟာ သွေးထဲက LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော အဆီဓာတ် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ ဖရုံသီးစေ့သာမက အခွံမာသီးအဆံများမှာလည်း ဒီအာနိသင် ရှိပါတယ်။

(၁၁) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း
Phytosterol ဟာ ကိုလက်စထရော ကျဆင်းစေလို့ ကိုလက်စထရောကြောင့် ဖြစ်ရတဲ့ ကင်ဆာ အတော်များများ (ဥပမာ - ရင်သားကင်ဆာ) ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။
အထက်ပါ ကျန်းမာရေး အာနိသင်ကောင်းများ ရရှိဖို့ ဖရုံစေ့ကို မကြာခဏ စားသုံးပေးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဆက်ပိုင်လင်းခန့် (ဆေး-၂)
by The Voice Weekly

Twitter Delicious Facebook Digg Stumbleupon Favorites More