Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label လက်ဖက်ရည်ကြမ်း. Show all posts
Showing posts with label လက်ဖက်ရည်ကြမ်း. Show all posts

10 Dec 2014

တူရကီစတိုင်လ် လ္ဘက်ရည်

ကမ္ဘာပေါ်ရှိ လ္ဘက်ရည်အသောက်ဆုံးနိုင်ငံများထဲတွင် တူရကီ လဲ ပါဝင်ပါသည်။ 
တူရကီလူမျိုးတို့ သည် လ္ဘက်ရည် ထဲတွင် နွားနို့ နှင့် သကြား လုံးဝမသုံးကြပါ။
 'semover' (ခေါ်) လ္ဘက်ရည်အချိုခြောက်ပြင်းပြင်းကို နှပ်၍၊ ကျူးလစ်ပန်း ပုံ ဖန်ခွက်ထဲ စစ်ချကာ၊ လ္ဘက်ရည် တစ်ငုံသောက်ခါနီးမှ သကြားတုံးလေးကို လျှာအောက်တွင်စုပ်၍ သောက်ကြပါ သည်။
 သူတို့ သည် ခရီးသွားသောအခါမှာတောင် လ္ဘက်ရည်အိုးကို ကားနောက်ခန်းထဲတွင် တပါတည်းယူဆောင်ကြ သဖြင့် လ္ဘက်ရည် အပေါ်စွဲလန်းမှု အတိုင်းအတာကို ခန့် မှန်းနိုင်ပါသည်။ 
တူရကီ အိမ်ရှင်မများကလည်း သမီး မိန်းကလေးများကို လ္ဘက်ရည်နှပ်နည်း ကြပ်ကြပ်မတ်မတ် သွန်သင်ပေးကြပါသည်။ 

ယခုအခါ တူရကီ နိုင်ငံတွင် လီမွန်၊ သံပရာ၊ သရက်၊ မက်မွန်သီး နှင့် ဘယ်ရီးသီးရနံ့ ပါသော Lipton နှင့် Nestea တံဆိပ် iced tea များကို summer drink အဖြစ် နှစ်ခြိုက်စွာသောက်ကြပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

4 Feb 2014

ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့

 
ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူသည် ရေနွေးကြမ်း လုံးဝ မသောက်သော သူများထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည်ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့်ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၂ဝဝခန့် လေဖြတ်၍ သေဆုံးခဲ့ရပြီး အများစုမှာ မသန်စွမ်း ဖြစ်ခဲ့ရာမှ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လေဖြတ် ခံရပါက သေဆုံး သွားသည်ကို တွေ့ရသည်။ လေဖြတ် ခံရသူ ၈၅ ရာခိုင်နှုန်းခန့်သည် ဦးနှောက် သွေးကြော အတွင်း သွေးခဲကာ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး လေဖြတ် ဝေဒနာ ခံစားရကာ မသန်စွမ်း ဖြစ်ပွားရသည်။ ကျန်လူနာများမှာ ဦးနှောက် သွေးကြောပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရသည်။

ယခင် လေ့လာမှုများ အရ လက်ဖက်စိမ်းက ဦးနှောက် အပေါ် အကာအကွယ် ပေးနိုင်သော အကျိုး အာနိသင် ရှိသည်ကို တွေ့ရှိ ခဲ့သော်လည်း လက်ဖက်ခြောက် (Black Tea) က ဦးနှောက်အား အကာအကွယ် ပေးနိုင်သည် ဆိုသော အထောက် အထားမှာ အလွန် ရှားပါး ပါသည်။ ဆွီဒင် သိပ္ပံပညာရှင် များက ၁၉၉၇ ခုနှစ်မှစ၍ ကျန်းမာသော အရွယ်ရောက်ပြီးသူ လူ ၇၄၉၆၁ ဦးအား လေ့လာ စမ်းသပ်ခဲ့ကြရာ နောက်ထပ် ၁ဝ နှစ်ကျော် ကြာချိန်တွင် စမ်းသပ်ခံသူများ အနက် လူ ၄ဝဝဝ ကျော်မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်။ ယင်းလူနာ အများစုမှာ ဦးနှောက်တွင်း သွေးခဲမှုကြောင့် မစွမ်းမသန် ဖြစ်ခဲ့ကြရသည်။

လေ့လာမှုများ အရ လေဖြတ် နိုင်ဖွယ်ရှိသည့် အခြား အကြောင်းအရာများ ဖြစ်သည့် ဆေးလိပ် သောက်ခြင်းနှင့် သွေးတိုး တက်ခြင်းတို့ကိုပါ ထည့်သွင်း စဉ်းစားခြင်း မပြုကြဘဲ ရေနွေးကြမ်း သောက်သည့် အလေ့အထ ကို လေ့လာ စောင့်ကြည့် ခဲ့ကြသည်။

ပညာရှင်များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူများသည် သိသိသာသာ အကျိုး သက်ရောက်မှု ရှိသည်ကို တွေ့ရှိ ခဲ့သည်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်မှု အန္တရာယ်ကို ကာကွယ်နိုင်သည်။ သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး တို့သည် ရေနွေးကြမ်း လုံးဝ မသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လေဖြတ်ရောဂါမှ ကင်းဝေး လိုလျှင် ရေနွေးကြမ်း များများ သောက်ပါဟု တိုက်တွန်း လိုက်ရ ပေသည်။ ။
မြ၀တီ

12 Jan 2014

Tea ချို-ပေါ့-ကျ တခွက်


လက်ဖက်ရည်ဟာ သောက်စရာမှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ ၇၅ဝ ဂရမ် သာရှိပါသတဲ့။ တူရကီမှာက ၂့၅ ကေဂျီရှိလို့ တဦးချင်းသောက်သုံးမှုနှုံး အများဆုံး။ “အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့စကားက လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြလို့ သမိုင်းတွေ လိုက်ရှာရပါတယ်။ လက်ဖက်ပင်ရာဇဝင်က အာရှမှာစတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယနဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ ဘီစီ ၃ဝဝ-အေဒီ ၂ဝဝ (ရှန်နောင် ဘင် ကို ဂျင်း) ခေါ်တဲ့ တရုပ် ဆေးဖက်ဝင်အပင်တွေအကြောင်း စာအုပ်မှာ အစောဆုံးတွေ့ရတယ်။ 

ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိနြေ္ဒမပျက် ဆက်သောက်ရာကနေ သဘောကျ နှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာ ကြတယ်လို့ဆိုတယ်။ ဒီစာဖတ်ရတော့ ဟိုအရင်က စိတ်ကူးယဉ် ဝတ္ထုတပုဒ်ထဲမှာ “စထော်ဘယ်ရီပင်အောက် အတွဲတတွဲ ထိုင်ပြီးနောက်” ဆိုတာရေးမိသူ လူပြောခံရတာ အမှတ်ရလာတယ်။ အခုမြင် လက်ဖက်ပင်အောက်မှာ လူထိုင်လို့ မလွတ်တာမို့ တရုပ် ဘုရင် လက်ဖက်ပင်အောက် မှောက်နေမလားပေါ့။
 ပြီးမှ ခုခေတ်မှာ အရွက်ခူးရအဆင်ပြေအောင် လက်ဖက်ပင်တွေကို ရင်ခေါင်းလောက်သာ ထားကြတယ်မဟုတ်ပါလား။ ဗမာပြည်က ထူးစရာရှိရင် ထူးပါတယ်။ ထူးတဲ့အကောင်းထဲမှာ လက်ဖက်အကြောင်းလဲပါတယ်။ လက်ဖက်ကို အနည်းဆုံး သုံးမျိုးလုံးသုံးတတ်တာ ဗမာဘဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာဘဲရှိတာ။ ကမ္ဘာမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ရမယ်။ (တစ်ပ်) ပေးရမယ်။ 
 အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ “ကျောက်ပန်းတောင်း” လို အလွန်ချိုပြီး၊ တကယ်လဲပူတဲ့ လက်ဖက်ရည်ဘဲတဲ့။ သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ် လူစုလူဝေး လုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန် သမိုင်းမှန်ရှိတယ်။ 

၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှ-ကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာမှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ (ဘော်စတွန် တီးပါတီ) လို့ တွင်ခဲ့တယ်။ အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကို ဆိုလိုတာမဟုတ်ပါ။ ဈေးကြီးဟော်တယ်တွေမှာ (ဟိုင်းတီး) ကို (ဆာ့ဖ်) လုပ်ကြတယ်။

 ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကိုတိုက်တယ်။ ဘယ်လိုခေါ်ခေါ်ပါ ဒါတော့ကောင်းတယ်။ ၁၈၄ဝ တုံးက သတ္တမြောက် (ဘဒ်ဖို့) မင်းသမီးကလဲ ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ (တီး) အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး (ကက်သရင်း ဘရာဂင်ကာ) က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။ မင်းသမီးနဲ့ တဆက်ထဲ အမျိုးသမီးတွေလဲ ပြောပါအုံးမယ်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကိုစခဲ့တာ အမျိုးသမီးပါ။

 ၁၈၆၄ ဂရိတ်-ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီးဒေါက်တာ (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။ ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်း အပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅ဝ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉ဝဝ လို့ ဆိုတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက်နှေး” ဆိုတာက ပလောင်လူမျိုးတွေဟာ လက်ဖက်ခူးရာမှာ အနုစိတ်၊ အသေးစိတ်လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရ-နှေးရတာကို ပြောတာပါ။

 လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁ဝဝ ဒီဂရီအထိမရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာမလိုပါတဲ့။

 White or Oolong tea ကိုတော့ ၉ဝ-၁ဝဝ ပူလဲ ရတယ်ဆိုဘဲ။ လက်ဖက်ရည် တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဥ့်ပန်းကန် သုံးတာများတယ်။ အိန္ဒိယမှာ ကြွေအတုသာသုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့နီးစပ်တာ ယူတတ်ကြတော့ စာရေးဆရာမတဦးက “ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။” ခုထိ ရီရလို့ ကျေးဇူးတင်ပါတယ်။ လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာနဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာဖြစ်နေတယ်။ 

၂ဝ၁ဝ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈ဝဝ ကို စမ်းတော့ စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာတွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။ လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇ဝဝ ကျော်ပါတယ်။ (အမိုင်နိုအက်စစ်၊ ဗီတာမင် စီ၊ အီး၊ ကေ၊ နဲ့ (ပေါ်လီဆက်ခရိုက်) တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို ပျက်စီးမှာကို သက်သာစေနိုင်တယ်။ (ဖလိုရင်း) ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။ သူ့ထဲမှာ (အင်တီအောက်ဆီဒင့်) ဖြစ်တဲ့ (ကက်တာချင်) ပါတယ်။
 လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံက သူဘဲ။ (ဆဲလ်) တွေ ပျက်စီးမှာကို ကာကွယ်တဲ့သတ္တိကို ပြောတာပါ။ (ကေဖင်း) အလေးချိန်ရဲ့ ၃% ပါတယ်။ အမေရိကန် အာဟာရအသင်းအဆိုအရ တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီတခွက်မှာ 85 mg ပါတယ်။ တနေ့ ၈ ခွက်ထက်များရင် မကောင်းဘူး။ 

တရုပ်-ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေ ဝင်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုး လျှော့စေတယ်လို့ ၂ဝဝ၇ ဥရောပနှလုံးဂျာနယ်က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာ မရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲ ထွင်ကြတယ်။

 စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာတူပါတယ်။ ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ သံပုရာထည့်တာ ရုရှားနဲ့ အီတလီမှာများတယ်။ အနောက်နိုင်ငံတွေမှာ ဝီစကီ၊ ဘရန်ဒီတွေထဲ ထည့်သောက်တာလဲ ရှိသေးတယ်။ အန္ဒိယမဆလာကျာယေးဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကိုလာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။ (ဂျေ၊ ဂျွန်ကာ) ၁၆၇ဝ က ကဗျာနဲ့ စာဖွဲ့တယ်။ 

 Tea that helps our head and heart နှလုံး နဲ့ ဦးနှောက်ကို ကူညီပေး၊ Tea medicates most every part နေရာတကာအတွက် ဆေး၊ Tea rejuvenates the very old အိုနာ-ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊ Tea warms the hands of those who're cold လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။ 
 Credit to >>ဒေါက်တာတင့်ဆွေ ဆေးပညာစာများ မှကူးယူမျှဝေပါသည်

ရေနွေးကြမ်း သောက်ခြင်းအား ဖြင့် ရနိုင်တဲ့ အကျိုး ကျေးဇူး

ရေနွေးကြမ်း သောက်ခြင်းအား ဖြင့် လန်းဆန်း တက်ကြွ လာပြီး စိတ်ညစ် ခြင်း ၊ စိတ်ဓာတ် ကျခြ င်း များ ကို လည်း ပြေပျောက် စေနိုင် ပါသည် ။ အရွယ်ရောက်သူတိုင်း တစ်နေ့ ကို ရေနွေး ကြမ်း သုံး လေး ခွက် ကို နေ့စဉ် သောက်သင့် ပါသည်။
တစ်နေ့ကို ရေနွေးကြမ်း သုံးလေး ခွက် ပုံမှန်သောက်မယ် ဆိုရင် ရနိုင်တဲ့ အကျိုး ကျေးဇူး တွေ ကတော့ -

၁။ အသက်ရှည် နုပျိုခြင်း
၂။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
၃။ အဆီများ ချပေးခြင်း
၎။ နှလုံး နှင့် သွေးကြော ရောဂါ များမှ ကာကွယ် ပေးခြင်း
၅။ သွားနှင့် သွားဖုံး ကျန်းမာရေး ကို အထောက်အကူ ပြုခြင်း
၆။ ဆီးချို သွေးချို ရောဂါကို သက်သာ စေခြင်း
၇။ အရောင် ကျစေခြင်း
၈။ အသည်း လုပ်ငန်း ဆောင်တာ မှန်ကန် ကောင်းမွန် စေခြင်း
၉။ ခရမ်း လွန် ရောင်ခြည် ဒဏ်မှ ကာကွယ် ပေးခြင်း တို့ ပဲ ဖြစ်ပါတယ် ။
ထမင်းစား နေစဉ် သို့ ထမင်း စား အပြီး ၊ အစား အသောက် များ စား အပြီး တိုင်းတွင် ရေအေး အ စား ရေနွေးကြမ်း ကို သောက်သုံး ခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ် စေပါ သည် ။

ဒေါက်တာ ခင်မောင်လွင် ( FAME )
www.facebook.com/ca.architect.

17 Dec 2013

လက်ဖက်စိမ်းရဲ့ ကောင်းကျိုး ဆယ်ချက်

၁. ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။
၂. ကိုယ်အလေးချိန် လျော့ကျစေတယ်။
၃. အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျှော့ချပေးတယ်။
၎. အရိုးအဆစ်ရောဂါများ ဖြစ်ပွားမှု့ကို ကာကွယ်ပေးတယ်။
၅. သွေးဖိအားမြင့်တက်မှု့ကို လျှော့ချနိုင်တယ်။
၆. အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်တယ်။
၇. အစာကြေလွယ်စေတယ်။
၈. ရောဂါများဝင်ရောက်မှု့ကို ကာကွယ်ပေးတယ်။
၉. စိတ်ဖိစီးမှု့များကို လျှော့ချနိုင်တယ်။
၁၀. သွားတွေ ပျက်စီးမှု့ကိုလည်း ကာကွယ်နိုင်တယ်။

 သုတဘဏ် fb

2 Oct 2013

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။

အစာရေ မျိုပြွန်ကင်ဆာ ဖြစ်နှုန်း လျော့ကျစေပါတယ်

အာဟာရဆိုင်ရာ လေ့လာမှုတစ်ရပ် အရ စံပယ် လက်ဖက်ရည်ကြမ်းကို မကြာ ခဏသောက်တာနဲ့ အစာရေမျြွိုပန်ကင် ဆာဖြစ်နှုန်း လျော့နည်းမှုအကြား ဆက် စပ်မှု ရှိကြောင်း သိရပါတယ်။ လက်ဖက် စိမ်း၊ အူလွန်လက်ဖက်ရည်နဲ့ စံပယ်ရနံ့ လက်ဖက်ရည်တွေကို သောက်တာ ကြောင့် အင်တီအောက်ဆီးဒင့် ရရှိမှု များကာ မသောက်သူတွေနဲ့ စာရင် အ စာရေမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းမှု ပိုရှိပါတယ်။

စိတ်ခံစားမှု ကောင်းမွန်ပြီး နှလုံးခုန် မြန်ဆန်မှုအား လျော့နည်းစေခြင်း

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း သောက်တာကြောင့် စိတ်တည်ငြိမ်စေပြီး နှလုံးခုန်နှုန်း မြန်တာကို လျော့ကျစေပါ တယ်။ လာဗန်ဒါနဲ့ စံပယ်ပန်းရနံ့ လက် ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကို တည် ငြိမ်စေပြီး နှလုံးခုန်ရင်တုန်ဝေဒနာကို လျော့ကျစေပါတယ်။

လေဖြတ်ခြင်း အန္တရာယ် လျော့ကျပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို လျှော့ကျနိုင်ခြင်း

တရုတ်လေ့လာမှု တစ်ခုအရ စံပယ် ပန်းရနံ့ လက်ဖက်ရည်ကြမ်းသောက်တာ ကြောင့် လေဖြတ်ဝေဒနာကို သိသိသာ သာ လျော့ကျစေတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။
စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်းကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် စိတ်ပူပင်သောက ကို လျော့ပါးစေပြီး စိတ်တည်ငြိမ်အေး ချမ်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက် ရည်သောက်သလို ကိုလက်စထရောကျ စေတာ၊ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာ၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်တာ၊ အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာတို့ လို ကောင်းကျိုးတွေကို ရရှိစေ ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်း မှာ ကဖင်းဓာတ် အနည်းငယ်ပါဝင်တဲ့ အ တွက် ကဖင်းဓာတ်နဲ့ မတည့်တဲ့ တချို့လူ တွေမှာ စံပယ်ရနံ့ လက်ဖက်ရည်များများ သောက်တာကြောင့် ရင်တုန်တာနဲ့ က တုန်ကယင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

ကြယ်စင်
By Good Health
source ♦♦>>http://natureenergycares.blogspot.com/2013/09/blog-post_27.html

29 Nov 2012

ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့

ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ 
 ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက်


၁။ အဆီကျခြင်း

၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း

၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း

၎။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း

၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း

၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဒီလောက်ဆိုရင် ရေနွေကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

Reference : Internet
ဘာသာပြန် : Wutyee Food House

အာနိသင်ထက်တဲ့ ရေနွေးကြမ်း မသောက်သင့်တဲ့ အချိန်

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့် 

 Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။

 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း
ကျန်းမာရေးအတွက်များစွာအ ထောက်အကူ
 ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်..
တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို
ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်..

အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်.
 ၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်. ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာအစွမ်းထက်ပြီး  ဗီတာမင်းအီးထက်လည်း
၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်..ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို
ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..

၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်
း ကာကွယ်ပေးနိုင်ပါတယ်.. ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် ဆဲလ်များ
သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည်
သန်စွမ်းလာစေနိုင်ပါတယ်.

၃. လက်ဖက်မှာပါတဲ့ Antioxidant ဟာ Free Radicals များကို တိုက်ထုတ်နိုင်စွမ်းရှိတာကြောင်
့ ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..

၎. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇၀ကို
လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော
ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..

၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအာ
းဖြင့် မျက်နှာပြင်အရေးအကြောင်းများကို ဖြစ်ပေါ်စေခြင်း
ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း ခန္ဓာကိုယ်ပြင်ပမှာဘက်တီးရီးယား
များ ၀င်ရောက်ခြင်းမှာ အကာအကွယ်ပေးနိုင်ပါတယ်..
၆. အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှ
လည်း အကာအကွယ်ပေးနိုင်ပါတယ်..

၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..

၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..

၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ၀ိတ်လျှော့လိုသူများလေ့ကျင့်ခန်
းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း
 နေ့စဉ်ပုံမှန်သောက်သုံးပေးလျှ
င် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှကင်းဝေးစေနိုင်ပါသည်.
၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း

၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson’s) ရောဂါကို ကာကွယ်ပေးခြင်း

၁၂. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအာ
းဖြင့် အအေးမိခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတွင်း ဖိအားမြင့်တက်ခြင်း စသည်တို့ကို ကာကွယ်ပေးနိုင်ခြင်း

၁၃. အစာအဆိပ်ဖြစ်သော ဘက်တီးရီးယားများကို ပျက်စီးစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တက်စေခြင်း၊ သွားအတွင်းရှိ အညစ်အကြေးများ ဘက်တီးရီးယားများကိုသန့်စင်စေနိ
ုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း၊စိတ်ဖိစီးမှုကို လျှော့ပါး သက်သာစေခြင်း၊ 
 ဒါကြောင့်လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း
(လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ်သောက်သုံးသင့်ပါကြောင်း .....

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက

 အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။
Ref : Good Health


 ကျွန်တော်တို့ နေ့စဉ် ကမ္ဘာမှာ သောက်သုံးနေတဲ့ ရေပြီး ရင် ဒုတိယ
အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးကတော့ လက်ဘက်ရည် မြန်မာလိုဆိုရင်
ရေနွေးကြမ်းပေါ့ဗျာ။တောမှာ ခေါ်တာတော့ အကြမ်းရည်ပေါ့ဗျာ။

သူရဲ့ကောင်းကျိုးလေးပေါ့ဗျာ။ကျွန်တော် စာဖတ်ထားသလောက်လေး
ပြောပြပါ့မယ်ဗျာ။ဘာရယ် တော့ မဟုတ်ပါဘူး ကျန်းမာရေး ဗဟုသုတအနေနဲ့
သူငယ်ချင်းတွေကို သိစေချင်ပါတယ်ဗျာ။လက်ဖက်ရည်ကြမ်
းထဲတွင် ကင်ဆာဆဲလ် များ
တိုးပွားမှုကိုရပ်တန့်ပေးတဲ့ Polyphenols ဓာတ်နဲ့ Antioxidants ဓာတ်များ
ပါဝင်နေသည့်အပြင် တစ်နေ့လျှင် လက်ဘက်ရည်ကြမ်း 3 ခွက်အနည်းဆုံး
သောက်သုံးပါက နှလုံးရောဂါ ဖြစ်ပွားမှုကို 10 %
ရာခိုင်းနှုန်းကျဆင်းစေကြောင်း လေ့လာသူများထံမှ ထောက်ခံချက်များပိုမို
အသိအမှတ်ပြုလာခဲ့ကြပါတယ်ဗျာ။


ဒါ အပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း
လူခန္ဓာကိုယ်တွင်ဖြစ်တက်သော ရောဂါများဟာ လက်ဖက်ရည်ကြမ်း
သောက်သုံးခြင်းကြောင့် ကျဆင်းလာခဲ့ကြောင်း
လေ့လာတွေ့ရှိခဲ့ရပါတယ်။လက်ဘက်ရည
်ကြမ်းကို နေ့စဉ်သောက်သုံးခြင်းဖြင့်
နှလုံးရောဂါဖြစ်ပွားမှု ကျဆင်းစေနိုင်ခြင်း၊သွေးတိုးရော
ဂါ များအား
ကျဆင်းစေခြင်း။ဆီးနှင့်သွေးကို မိမိခန္ဒာကိုယ် အတွက် ချိန်ညှိပေးခြင်း။
သွေးကြောများ ပိုမို အားကောင်းလာနိုင်စေခြင်းနှင့် ကင်ဆာဆဲလ်
များတိုးပွားမှုအားလျော့ကျစေနိုင
်သည်များ အား လေ့လာတွေ့ရှိခဲ့ရသော်လည်း
လက်ဖက်ရည်ကြမ်း မှသွေးဖိအား အားမည်သို့ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန်
လိုအပ်နေဆဲဖြစ်သည်။


ဒါ့အပြင် အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့်ဟင်းသီး
ဟင်းရွက်များနှင့် လက်ဘက်ရည်ကြမ်း
သောက်သုံးခြင်း၊ပိုမိုစားသုံးခြ
င်းသည်လည်း သွေးတိုးကျစေမည့်
နည်းကောင်းတစ်ရပ်ဟု အမေရိကန် ဆေးသိပ္ပံဆိုင်ရာပညာရှင်များက
သုံးသပ်ခဲ့ကြပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်တဲ့
သူငယ်ချင်းတွေ အားလုံးလဲ လက်ဖက်ရည်ကြမ်းသောက်တာ အလေ့အကျင့်ရှိတဲ့သူတွေ
အတွက်ကော လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းရဲ
့ အကျိုးကျေးဇူးတွေနဲ့ သူရဲ့
ဆေးဘက်ဝင်ပုံတွေကို သိသွားကျပြီပေါ့နော်။သူငယ်ချင်း
တွေ အားလုံးလဲ
စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပြည့်စုံကြပါစေလို

ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Reference From: http://welcometoitbank.blogspot.com/search


28 Nov 2012

ဝမ်းတွင် အစာမရှိလျှင် အခါးရည် သောက်သင့်မသောက်သင့်

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။ 
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ 

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။
 ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။
 သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။
 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။
 ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ 
တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea

 

Twitter Delicious Facebook Digg Stumbleupon Favorites More