Pages - Menu

29 Nov 2012

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက

 အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။
Ref : Good Health


 ကျွန်တော်တို့ နေ့စဉ် ကမ္ဘာမှာ သောက်သုံးနေတဲ့ ရေပြီး ရင် ဒုတိယ
အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးကတော့ လက်ဘက်ရည် မြန်မာလိုဆိုရင်
ရေနွေးကြမ်းပေါ့ဗျာ။တောမှာ ခေါ်တာတော့ အကြမ်းရည်ပေါ့ဗျာ။

သူရဲ့ကောင်းကျိုးလေးပေါ့ဗျာ။ကျွန်တော် စာဖတ်ထားသလောက်လေး
ပြောပြပါ့မယ်ဗျာ။ဘာရယ် တော့ မဟုတ်ပါဘူး ကျန်းမာရေး ဗဟုသုတအနေနဲ့
သူငယ်ချင်းတွေကို သိစေချင်ပါတယ်ဗျာ။လက်ဖက်ရည်ကြမ်
းထဲတွင် ကင်ဆာဆဲလ် များ
တိုးပွားမှုကိုရပ်တန့်ပေးတဲ့ Polyphenols ဓာတ်နဲ့ Antioxidants ဓာတ်များ
ပါဝင်နေသည့်အပြင် တစ်နေ့လျှင် လက်ဘက်ရည်ကြမ်း 3 ခွက်အနည်းဆုံး
သောက်သုံးပါက နှလုံးရောဂါ ဖြစ်ပွားမှုကို 10 %
ရာခိုင်းနှုန်းကျဆင်းစေကြောင်း လေ့လာသူများထံမှ ထောက်ခံချက်များပိုမို
အသိအမှတ်ပြုလာခဲ့ကြပါတယ်ဗျာ။


ဒါ အပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း
လူခန္ဓာကိုယ်တွင်ဖြစ်တက်သော ရောဂါများဟာ လက်ဖက်ရည်ကြမ်း
သောက်သုံးခြင်းကြောင့် ကျဆင်းလာခဲ့ကြောင်း
လေ့လာတွေ့ရှိခဲ့ရပါတယ်။လက်ဘက်ရည
်ကြမ်းကို နေ့စဉ်သောက်သုံးခြင်းဖြင့်
နှလုံးရောဂါဖြစ်ပွားမှု ကျဆင်းစေနိုင်ခြင်း၊သွေးတိုးရော
ဂါ များအား
ကျဆင်းစေခြင်း။ဆီးနှင့်သွေးကို မိမိခန္ဒာကိုယ် အတွက် ချိန်ညှိပေးခြင်း။
သွေးကြောများ ပိုမို အားကောင်းလာနိုင်စေခြင်းနှင့် ကင်ဆာဆဲလ်
များတိုးပွားမှုအားလျော့ကျစေနိုင
်သည်များ အား လေ့လာတွေ့ရှိခဲ့ရသော်လည်း
လက်ဖက်ရည်ကြမ်း မှသွေးဖိအား အားမည်သို့ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန်
လိုအပ်နေဆဲဖြစ်သည်။


ဒါ့အပြင် အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့်ဟင်းသီး
ဟင်းရွက်များနှင့် လက်ဘက်ရည်ကြမ်း
သောက်သုံးခြင်း၊ပိုမိုစားသုံးခြ
င်းသည်လည်း သွေးတိုးကျစေမည့်
နည်းကောင်းတစ်ရပ်ဟု အမေရိကန် ဆေးသိပ္ပံဆိုင်ရာပညာရှင်များက
သုံးသပ်ခဲ့ကြပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်တဲ့
သူငယ်ချင်းတွေ အားလုံးလဲ လက်ဖက်ရည်ကြမ်းသောက်တာ အလေ့အကျင့်ရှိတဲ့သူတွေ
အတွက်ကော လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းရဲ
့ အကျိုးကျေးဇူးတွေနဲ့ သူရဲ့
ဆေးဘက်ဝင်ပုံတွေကို သိသွားကျပြီပေါ့နော်။သူငယ်ချင်း
တွေ အားလုံးလဲ
စိတ်ကျန်းမာကိုယ်ချမ်းသာနဲ့ လိုအင်ဆန္ဒများပြည့်စုံကြပါစေလို

ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Reference From: http://welcometoitbank.blogspot.com/search


Twitter Delicious Facebook Digg Stumbleupon Favorites More