Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဖန်ခါးသီး. Show all posts
Showing posts with label ဖန်ခါးသီး. Show all posts

25 Nov 2012

ဖန်ခါးသီး ကပေးတဲ့ အစွမ်းများ

ပုံသဏ္ဌာန်
အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ရွက်ကြောများထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အ၀ါဖျော့ရောင် ဖြစ်သည်။


အပင်
ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။

အရွက်
ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျော မျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ၀ိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် ကျယ်ပြန့် သည်။ ရွက်ညွန့် ကတ္တီပါညို ရောင်ရှိ သည်။ ရွက်ကြော များ ထင်ရှား သည်။

အပွင့်
ပွင့်ညှာ မဲ့ ပန်းခိုင် ပေါ်တွင် အဖြူ သို့မဟုတ် အ၀ါရောင် ပန်းပွင့်လေး များ ပွင့်၏။ ပွင့်ဖတ် မရှိ ပွင့်ချပ် နှင့် ပွင့်သော ပန်းပွင့် ဖြစ်သည်။ကဆုန်လ မှ ၀ါဆို ၀ါခေါင် လအတွင်း ဖူးပွင့် သည်။

အသီး
တစ်စေ့ သီး ဖြစ်သည်။အသား ထူ၍ အရသာ ဖန်သည်။ပြာသို တပို့တွဲ လတွင် အသီး ရင့်မှည့် သည်။ အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အသီး၊ အစေ့ ၊ အခေါက်၊ အရွက်။ မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အလယ် ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ
သဘာဝ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံအနှံႚအပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် သဘာဝအလျောက် ပိုမို ဖြစ်ထွန်း ပေါက်ရောက်သည် အသုံးဝင်ပုံ : အာနိသင်
မြန်မာ ဆေးကျမ်း များအလို အရ ဖန်ခါးသီး သည် ဖန်၏။ ချဥ၏။ ခါး၏။ စပ်၏။ ပူ၏။ 
ဝမ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါ များ ၊ အရေပြား ရောဂါ၊ ကိုယ်ရေ၀ါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ၀မ်းဗိုက် အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။

အသုံးပြုပုံ-

အသီး
၁။ ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက် ပါက အရက်မူး ခြင်း ပျောက်၏။
၂။ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီ ရော၍ မီးလောင် ဖု များကို လိမ်းပေး သော် အနာ သက်သာ စေသည်။
၃။ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ် ပြီး ထို ရေကြည် ဖြင့် မျက်စိ ကို ဆေးပေး ပါက မျက်စိ နာကျင် ကိုက်ခဲ ခြင်း ပျောက်၏။
၎။ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲ သော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။
၅။အသီး ကို ၀မ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။

အစေ့
၁။ ၀က်ခြံ အမြစ် မထွက် သော် ဖန်ခါးသီး စေ့ကို ဆန်ဆေး ရည် နှင့် သွေးလိမ်း ရ၏။

အရွက်
၁။ ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ၀မ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
၂။မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။

အခေါက်
၁။ အခေါက် ကို ပြုတ်သောက် သော် ၀မ်းလျှော ၀မ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
၂။ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။
Ref >>မွေးနေ့ဆုမွန်
source>>> http://lapyaelynn.blogspot.com/2010/04/myrobalan.html

Twitter Delicious Facebook Digg Stumbleupon Favorites More