Pages - Menu
ဆန်လုံးညို(Brown Rice)
ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။
သံလွင်ဆီ(Olive Oil)
သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။
ပြောင်းဖူး(Corn)
ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....
ထောပတ်သီး(Avacado)
အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်
လိမ္မော်သီး(Orange)
လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်
မာလကာသီး(Guava)
မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။
***
***
***
***
***
***
***
***
***
***
Showing posts with label အာလူး. Show all posts
Showing posts with label အာလူး. Show all posts
28 Jun 2014
*** စားဖွယ်စုံ…အာလူးဟင်းလျာ…အဖုံဖုံ ***
<အာလူး ရာဇ၀င်>
Solanum tuberosum (ခေါ်) အာလူး ကို ပီရူးနိုင်ငံ ရှိ အင်ကာ(Inca) လူမျိုးများက ဟိုးနှစ်ေ ပါင်း ၇၀၀၀ ကျော်ကတည်းက အင်းဒီးစ်တောင်စောင်းတလျှောက် စတင် စိုက်ပျိုးလာ ခဲ့ကြ တာ ပါ။ အင် ကာ လူမျိုးတို့ က အာလူးကို ‘papa’ ဟု ခေါ်ဆိုကြပြီး၊ ထို ဒေသထွက် အာလူးများဟာ ထွားကြိုင်ြး ပီး၊ အနှစ်များတဲ့အ၀ါရောင်ဖြစ်ကာ၊ မရမ်းစေ့ရောင်အခွံက ဖုံးအုပ်ထားပါတယ်။ အာ ဟာရ ဖြစ် စားသောက်လေ့ရှိကြသလို၊ အင်ကာရိုးရာ တိုင်းရင်းေ ဆးကုထုံးအရ နာမကျန်းေ သာ အခါ ခန္ဓာ ကိုယ်အရေပြားကို အာလူးဖြင့် ပွတ်တိုက်ပေး ပါက ယူပစ်သလို ဖျားနာ များေ ပျာက်ကင်း လို့ ဆေး ၀ါးဖြစ်ပါ စိုက်ပျိုးကြပါတယ်။ ဒါ့အပြင် တန်ဘိုးမဖြတ်နိုင်တဲ့ သီးနှံဖြစ် လို့  ထိုလူမျိုးတို့ သေရင်၊ အာလူးကိုပါ ထဲ့မြှုပ်နှံလေ့ရှိကြ ပါ တယ်တဲ့။ 
အာလူးကို အခြောက်ခံကာ ဧရာမ ပစ္စည်းထဲ့ ပုံးကြီး များတွင် သိမ်းဆည်းထားေ လ့ရြှိ ပီး၊ စစ်ပွဲ များဖြစ်၍ ငတ်မွတ်ခေါင်း ပါးသော အခါတွင်လည်းေ ကာင်း၊ ခရီးရှည် သွားသော အခါတွင် လည်းကောင်း ရိက္ခာကုန်ြ ကမ်း အဖြစ် သိုလှောင်ထားကြ တယ်လို့ ဆိုပါတယ်။
၁၅၃၇ ခုနှစ်မှာတော့ စပိန်ကျူးကျော်သူများသည် ပီရူးနိုင်ငံသို့  ရွှေရတနာများ လာရောက်ရှာေ ဖွကြရာ မှစ၍ အာလူး စားသုံးခြင်း ကို အမှတ်မထင် တွေ့ ရှိခဲ့ပါတယ်။ စပိန် တို့ က အာလူး ကို ‘patata’ လို့ ခေါ်ဝေါ်ကြပြီး၊ ၄င်းတို့ ဌာနေပြန်တဲ့ လမ်းခရီးတွင် သင်္ဘော သားများကို အာလူးေ ကျွး ရာ၊ ပင်လယ်ခရီးကြမ်းတွင် ဒုက္ခပေးနေကျ ဗီတာမင်စီဓာတ် ချို့ တဲ့ရောဂါ လုံးဝမဖြစ်စေေ တာ့ ပါဘူးတဲ့။ ထိုအချိန်မှစ၍ စပိန်ကုန်သည်များဟာ ပီရူးနို င်ငံရှိ အာလူးအမြစ်ဥတို့ ကို ယူေ ဆာင် လာပြီး စိုက်ပျိုးခဲ့ကြရာမှ စ၍ စပိန် တွင် အာလူး စားသုံးသော ယဉ်ကျေးမှုစတင်လာ ခဲ့ ပါတော့ တယ်။ 
အချိန်ကာလများရွေ့ လျားလာပြီး၊ လမ်းပန်းဆက်သွယ်မှုများ ပွင့်လန်းလာပြီးေ နာက် မှာတော့ ၁၉၀၀ ခန့် တွင် အိုင်ယာလန်၊ ၁၉၄၅ တွင် ဗြိတိန၊် ၁၅၈၅ တွင် အီတလီ နှင့် အင်္ဂလန်၊ ၁၅၈၇ တွင် ဘယ်လ်ဂျီယမ် နှင့် ဂျာမနီ၊ ၁၅၈၈ တွင် သြစတြေးလျ၊ ၁၆၀၀ တွင် ပြင် သစ်၊ ၁၇၅၀ တွင် ဂျာမနီ စသည်ဖြင့် အာလူး များ စတင်စိုက်ပျိုးလာခဲ့ကြပါတယ်။ 
စဦးပိုင်းတွင် ဥရောပနို င်ငံများအားလုံး၌ အာလူးက လူကို အဆိပ်ဖြစ်စေတတ်သည်ဟု ယူဆကာ မစားသုံြး ကသေး ပါဘူး။ ဆေး သိပ္ပံပညာရှင်များက အာလူးဟာ စရိတ်နဲနဲ နဲ့ ခွန်အားကြွယ်ဝ တဲ့ ကော က်နှံ အစားထိုး အစား အစာဖြစ်လို့ နေ့ စဉ်အစာအာဟာရဖြစ် အရွယ် (၃)ပါးမရွေး စားသုံးသ င့်ကြောင်း ဗဟုသု တ ဖွင့်ပေးခဲ့ပြီး၊ ဌာနေအာဏာပိုင်များ ကလဲ လယ်ယာစိုက်ခင်းများတွင် အာ လူးကို မဖြစ်မနေ စိုက်ပျိုးစေခိုင်းခဲ့လို့  ၁၇ ရာစုနှစ် အလယ်လောက်မှစပြီး ဥရောပတိုက် တစ် ခွင် လုံးမှာ အာလူးကို တွင်ကျယ်စွာစားသုံးလာခဲ့ကြပါတော့တယ်။ ၁၇ ရာစု အလယ်လောက် တွင် ကမ္ဘာပေါ်မှာ အာလူး ကို တွင်ကျယ်စွာ စားသုံးသောနိုင်ငံ မှာ ပြင်သစ်ဖြစ် လို့ နေ ပြါ ပီ။
 ပြင်သစ် ဘုရင်မ Marie Antoinette သည် သူမ၏ ဆံလိပ်ခွေ ပေါ်တွင် မရမ်းေ စ့ရောင်ပွင့် ဖတ်မှာ ၀ါလွင်လွင်ဝတ်ဆံဖြင့် သင်းပျံ့ လှပတဲ့ အာလူးပန်းခိုင်လေးများကို အမြတ်တနိုး ပန် ဆင့်ေ လ့ရှိ ပါတယ်တဲ့။ 
၁၉၉၅ အော က်တိုဘာ တွင် NASA (ေ ခါ်) မြောက်အတ္တလန္တိတ် သုတေသနသိပ္ပံပညာရှင်များ အဖွဲ့ သည်၊ အာလူးက တာရှည် အထားခံပြီး အာဟာရလဲကြွယ် ၀ေ စ လို့  အာကာသယဉ်မှူးများကို သဘာဝ ရဲ့ အာဟာရ အစားအစာ မီနူးအဖြစ် ကျွေးမွေးသ င့်ကြောင့် သတ်မှတ်ခဲ့ပြီး၊ အမေရိကန်ပြည်ေ ထာင် စုတစ်ခွင်မှာ အာလူး ကို တစ်နှစ်ပတ်လုံး ရာသီစာ ကောက်နှံ အဖြစ် တောင်သူဦးကြီး များအား တဟုန်ထိုး စိုက်ပျိုးစေခိုင်းခဲ့ပါတော့တယ်။
၁၅ ရာစုအလယ် မင်-မင်းဆက်လက်ထပ်မှာ ပေါ်တူဂီ သင်္ဘောသားများ တရုပ်ပြည်သို့  ကုန်သွယ်ဖောက်ကားရာမှ အစပြူကာ၊ အာရှတိုက် သို့  အာလူးစတင်ရောက်ရှိ လာခဲ့ ပါတယ်။ ၁၇ ရာစုနှစ် အစောပိုင်းသို့ ရောက်သောအခါမှာတော့ အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း …စသည်ဖြင့် အာရှတိုက်တစ်တိုက်လုံးတွင် အာလူးစားသုံးသော ယဉ်ကျေးမှု ခေတ်စား လို့ နေ ပါပြီ။ 
စရိတ်စက နဲပြီး ဗိုက်ဝစေတဲ့ အာလူး ကို နိုင်ငံတကာရှိ လူမျိုးဘာသာစုံ (၀ါ) အလွှာစုံအိမ် ရှင်မ များဟာ အာလူးကို အခွံခွာ၍ လည်းကောင်း၊ အခွံ လိုက်လည်းကောင်း၊ အလုံးလိုက် လည်းေ ကာင်း၊ လှီးဖြတ်၍လည်းကောင်း၊ သား/ပုစွန်ပြွမ်း အာလူးဟင်းလျာ အမျိုးမျိုး၊ သက်သက် လွတ် ဟင်းလျာများ၊ စွပ်ပြုတ်၊ အပူစာ၊ အအေးစာ၊ အသုပ်၊ အကြွတ်ကြော်၊ ကင်၊ မီးဖုတ်၊ ပြုတ်၊ ပူရီ၊ ကတ်သလိတ်၊ စနွင်းမကင်း၊ ရွှေကြည်၊ ကိတ်၊ pan ကိတ်၊ pie ကိတ်၊ ရေခဲမုန့် ၊ အာလူးစိမ်းေ ဖျာ် ရည် စသည်ဖြင့် မတူညီသော အရသာတို့ ဖြင့် နေ့ စဉ်သုံးဟင်းလျာ အဖြစ် သူ့ ရိုးရာဓေ လ့များ အတိုင်း နည်းအမျိုးမျိုးဖြင့် စီမံချက်ပြုတ်လျှက် ရှိကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++
မြန်မာစတိုင်လ်အာလူးဟင်းလျာ လေးများ။
မြန်မာ့ရိုးရာမုန့် အချိုများဖြစ်ကြတဲ့ အာလူးစနွင်းမကင်း/အာလူးရွှေကြည်/အာလူးပူတင်း တို့ က လဲ အလှူမင်္ဂလာ ပွဲများမှာ ပွဲလည်တင့်လျှက်ရှိကြတာပါ။ ၀ါရင့်အိမ်ရှင်မများသိပြီးကြသလို၊ မသိသေး တဲ့ အိမ်ရှင်များအတွက် သာမန်အရသာနဲ့  မတူ၊ ဆန်းသစ်တဲ့ အာလူးဟင်းလျာေ လးတွေ ကို အောက် ပါအတိုင်းဝေမျှရမည်ဆိုပါလျှင်-
< အာလူး ထမင်းသုပ် >
မြန်မာအိမ်ရှင်မများအတွက်တော့ အာလူး က အကောင်းဆုံးဖော်မွန်ပါ။ နှစ်သက်ရာ အသား မျိုးစုံ/ ပင်လယ်စာ/ပုစွန် စသည့် အဓိ ကဟင်းလျာများတွင် အပွားခတ်ရန်အတွက် အာလူးရော ကာ (အချို/အစပ်)ဆီပြန်ဟင်းချက်ကြသလို၊ ပုစွန်ချဉ်ရည်ဟင်း/ ကြက်ဥ -ဘဲဥကုလာဟင်း တို့  တွင် လည်း အာလူးပါမှ အရသာပိုမိုပေါ်လွင်ပါတယ်။ နောက်ပြီး အာလူးသုပ်/အာလူးစွ ပ်ပြု တ်/ သီးစုံ ကုလားဟင်း စသည့် အရန်ဟင်းလျာများတွင်လည်း အာလူးကမပါမဖြစ်ပါ။ ဒါ့အပြင် အာ လူးေ ချာင်းေ ကြာ်(အပျော့ကြော်-အကြွတ်ကြော်)/ အာလူးအမွကြော်/အာလူးကတ်တ လိတ်ေ ကြာ်/ အာလူးမွှေကြော်/အာလူး-ဟင်းနုနယ်-ဆေးဘဲဥကြော်/အာလူး ခေါက်ဆွဲသုပ် စသည်ဖြင့် ကလေး -လူကြီးများအား လုံး နှုတ်မြိန်သွားရည်စာစားသုံးရုံမျှမက၊ သက်သက်လွတ်သမား များအတွက် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်စာအာဟာရလေး ပါဘဲ။ မြန်မာတိုင်းရင်း သား အစားအစာများဖြစ်ကြတဲ့ မွန်ရိုးရာ အာလူး-စပါးလင်-ကြွက်နားရွက်မှိုသုပ်၊ ကချင်ရိုးရာ အာလူး စွန်တန်ဟင်းရည်၊ ရှမ်းရိုးရာ အာလူးငါးထမင်းနယ် တို့ ကလဲ စွဲမက်စရာလေး ပါဘဲ။
<အာလူးချောင်းအကြွပ်ကြော်>
ပုံမှန်စားနေကျ အာလူးကြော်တွေနဲ့ အရသာမတူတဲ့ လက်ရာလေးပါ။ ဦးစွာ အာလူးကို အခွံ မခွာဘဲ ရေစင်စင်ဆေးပြီး အချောင်းကလေးတွ လှီးဖြတ်ကာ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်သွန်နီ-ြ ဖူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်ဥတို့ကို ရေအနည်းငယ်စီရောပြီးမုန့် နှစ်ထဲနှစ်ကာ အာ လူးေ တွ ရွှေအိုရောင်ပြောင်းတဲ့ထိ ဆီအိုးထဲထဲ့ကြော်တာပါ။ ပြီးရင် အာလူးကြော်ပူပူနွေးနွေးေ ပါ် ခရမ်းချဉ်သီးဆော့စ်နဲ့ ကြက်သွန်မြိတ်လေး ဖြူးစားလိုက်ပါ။ (လွယ်ကူမြန်ဆန်တဲ့နည်းလေးမို့  ခရစ်စမတ် နဲ့  နှစ်သစ်ကူးညတွေမှာ ခံတွင်းဖွင့်နှုတ်မြိန်စာ အဖြစ်စားရန်အလွန်သင့်တော်ပါ တယ်)
<အာလူးအစပ်မွှေကြော်>
ကြက်သွန်ဖြူ/ငရုပ်သီးစိမ်း/ဂျင်းတို့ ကိုဆီသတ်ပြီး၊ ပြုတ်ချေထားတဲ့ အာလူးကို ရောမွှေကာ ဆား/ ဟင်းခတ်မှုန့် / ပဲငံပြာရည်အကြည် နဲ့ နှံအောင်မွှေပြီး၊ နံနံပင်ပါးပါးလှီးပြီး ဖြူးစားရုံပါဘဲ။ (ထ မင်း ပူပူလေးနဲ့ တွဲ စားလို့ ရတဲ့အပြင်၊ ပေါင်မုန့်ကြိုက်သူများလဲ ပေါင်မုန့်ကြားမှာ ညှပ်စား လို့  ကောင်း တာပါပဲ။ အာလူးက ဆီစုပ်လို့  ဆီများများ ထဲ့ဖို့ တော့ လိုပါလိမ့်မယ်)
<အာလူးငဖယ်လိပ်ကြော်>
မြန်မာပြည်ရဲ့  ၂၁ ရာစုမှာ လူကြိုက်များရေပန်းစားနေတဲ့ အာလူးငဖယ်လိပ်ကြော် ဟာလုပ် ရတာလွယ်ကူတဲ့အပြင်စားလို့ လဲ အလွန်ကောင်းပါတယ်။ ဦးစွာအာလူးကိုအခွံခွာကာ အလွှာ ပါးေ လးတွေလှီးထားရပါတယ်။ ပြီးတော့ ညက်နေအောင် ထောင်း ထားတဲ့ ဂျင်း/ကြက်သွန်ဖြူ/ဆား/ငရုတ်ကောင်း/ဟင်းခတ်မှုန့်တို့ ကို ငါးဖယ်နဲ့ ရောနယ်ပြီး၊ စီးပိုင်နေအောင်ထောင်း ရပါ တယ်။ အာလူးအလွှာပါးထဲမှာ အဲဒီငါးဖယ်အရောအနှောတို့ ကို ထည့်လိပ်ပြီး၊ အလိပ်မပြည် သွားအောင် သန့် စင်တဲ့ ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးကာ၊ အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာတဲ့ထိ ဆီပူထဲထဲ့ကြော်ထားတာပါ။ ငရုတ်ကောင်းနံ့သင်းတဲ့ အာလူးငါး ဖယ် လိပ်ကြော် ကို ငါးမကြိုက်တဲ့သူတွေတောင် ခံတွင်းတွေ့ စေပါတယ်တဲ့။
<အာလူးဝက်သားလုံးကြော်>
လုပ်ရတာနဲနဲလက်ဝင်လို့ မြန်မာအိမ်ရှင်မများ အိမ်မှာလက်စွမ်းပြလေ့မရှိ သလောက်ပါဘဲ။ ဒါပေမယ့် အရသာရှိလို့ မြန်မာပြည်ရှိ တရုပ်စားသောက်ဆိုင်ကြီးများ၊ Dim sum ဆိုင်များနှင့် ဟိုတယ်ကြီးများရှိ စားသောက်ဆိုင်များမှာ ရောင်းအားကောင်းတဲ့ မီနူးလေးပါ။ ကြိတ်ထားတဲ့ ၀က်သား/အကြော်ခံမှုန့် /တရုပ်ငရုပ်ကောင်းမှုန့် / ခေါက်မွှေထားတဲ့ဘဲဥ/ဇကာစိတ်သလို ခပ်ေ သးသေးလေးလှီးထားတဲ့ အာလူးတို့ ကို သမအောင်ရောနယ်ကာ အလုံးလေးတွေ လုံးပြီး၊ ဆီပူပူ ထဲမှာ မြုပ်အောင်ကြော်ထားတာပါ။ အကျက်ညီအောင် ဟိုဘက်ဒီညက်လှန်ပေးပြီး ညိုဝါရောင် သန်း တဲ့အထိ ကြော်ထားပါတယ်။ အရသာ ပိုမိုပေါ်လွင်အောင် ငရုတ်ဆီလေးနဲ့ တို့  စားကြပါတ ယ်။
<အာလူးအစပ်ချက်>
ကျွန်မ တို့ အဖွားလက်ထပ်ကတည်းက ရှေးရိုးနည်းအတိုင်း ချက်စားလာခဲ့ကြတဲ့ အာလူးအစပ် ချက် အရန်ဟင်းလျာလေးပါ။ ကြက်သွန်ဖြူ/ငရုတ်သီးစိမ်း တို့ ကိုညက်နေအောင်ထောင်းပြီး၊ ဆီသတ်ကာ အခွံခွာပြီးအတုံးလေးတွေတုံးထားတဲ့ အာလူးရော ထဲ့ကြော်ပြီး၊ အရသာအတွက် ဆား/အချိုမှုန့်/ ငံပြာရည် သင့်ရုံထဲ့ကာ ရေအနဲငယ်ရောပြီး ဆီပြန်လာတဲ့အထိ အဖုံးအုပ်ကြော် ထားတာပါ။ (အချို့ ကလဲ ဟင်းအိုးမီးဖိုမှ ချခါနီးမှာ ကုလားမဆလာ နဲ့  မန်ကျည်းမှည့် ရည်ထဲ့ကြပါ တယ်။ သူ့ ချည်းဘဲ သက်သက်လွတ်ချက်စားနိုင်သလို၊ အလတ်စားအရွယ် ကျော့ပုစွန်လေး များေ ရာထဲ့၍ စားနိုင်ပါတယ်။ )
<အာလူးပဲဆီပေါင်း>
မြန်မာပြည်ရဲ့ အထက်အညာဒေသမှာ စားလေ့ရှိတဲ့ အာလူးပဲဆီပေါင်း ဟင်းလျာလေးပါဘဲ။ ပဲဆီစစ်စစ်ထဲမှာ ကြက်သွန်ဖြူ/ ကြက်သွန်နီ နှင့် ငရုပ်သီးအခြောက်တို့ ကို ထက်ပိုင်းချိုးထဲ့ကာ ဆီသတ်ပြီး၊ ပါးပါးလှီးထားတဲ့ အာလူးကို ထဲ့ကြော်ပါတယ်။ အာလူး မကျက်တကျက်အချိန်မှာ ပဲငါးပိ/ခရုဆီ/ပဲငံပြာရည် အနည်းငယ်ဆီထဲ့ကာ မီးအေးအေးနဲ့  ဆက်ကြော်ပြီးတော့၊ အာလူး နူးသွားတဲ့ အခါမှာ နှမ်းလှော်ဖြူးထဲ့ထားတာပါ။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
10 Nov 2013
အာလူးကက်သလိတ်ကြော်နည်း
အဆာသွတ်ဖို့အတွက် ဆိတ်သားကို သုံးပါတယ်။ ဆိတ်သားကို နုတ်နုတ်စဉ်းပြီး အသားမှုန့်၊ ဆား၊ မဆလာနဲ့ နယ်ပြီး နှပ်ထားပါ။ ကြက်သွန်နီကိုလည်း ခပ်ကြမ်းကြမ်း စဉ်းထားပါ။
ဆီပူအိုးတည်ပြီး နနွင်းမှုန့်အနည်းငယ် ထည့်ပါ။ ဆိတ်သားထည့်ပြီး ကြော်ပါ။ ကျက်အောင် ရေအနည်းငယ် ထည့်ပါ။ ရေခန်းရင် ကြက်သွန်ထည့်ပါ။ အသားမှုန့်၊ ဆားထည့်ပါ။ ကြက်သွန်အိသွားတဲ့အထိ ကြော်ပါ။ ကြက်ဥတစ်လုံးကို အကာနဲ့ အနှစ် သပ်သပ်စီ ခွဲထားပါ။ ချခါနီးမှာ သပ်သပ်ခွဲထားတဲ့ ကြက်ဥအနှစ် ထည့်မွှေပါ။ ခပ်ခြောက်ခြောက်လေးဖြစ်သွားရင် ပန်းကန်တစ်လုံးထဲခပ်ပြီး အအေးခံထားပါ။
အာလူးကို နူးအောင် ပြုတ်ပါ။ နူးအိနေရင် ဆယ်ပြီး အခွံခွာ၊ ငရုတ်ဆုံထဲ ထည့်၊ စေးနေအောင်ထောင်းပါ။ အရသာအတွက် ဆား၊ အသားမှုန့် ထည့်ပြီး ထောင်းရပါမယ်။
ကက်သလိတ်ကြော်ဖို့အတွက် ထောင်းထားတဲ့ အာလူးကို လက်ပေါ်တင်ပြီး ပြားပါ။ လက်ကို အာလူးမကပ်အောင် သပ်သပ်ဖယ်ထားတဲ့ ကြက်ဥအကာရည်လေး စွတ်ပြီး ကိုင်ရပါမယ်။ ပြီးရင် ကြော်ထားတဲ့ ဆိတ်သားအဆာကို ထည့်ပါ။ အပေါ်က အာလူးထောင်း အနည်းငယ် ထပ်တင်ပြီး ပိတ်ပါ။ အဆာတွေ ပေါက်မထွက်အောင် အဆာကို အများကြီး မထည့်ရပါဘူး။ ပြီးတော့ ပူလည်း မပူရပါဘူး။ လုံးပြီးသွားတဲ့အာလူးတွေကို ကြက်ဥအကာရည်သုတ်ပါ။ အဲဒီအတိုင်း အာလူးလေးတွေ လုံးပြီး စီထားပါ။
မီးအသင့်အတင့်နဲ့ ဆီပူအိုးတည်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပြီး အာလူးလုံးလေးတွေ ထည့်ကြော်ပါ။ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်ရပါမယ်။
ထမင်းပူပူလေးကို ကက်သလိတ်ကြော် ဆီလေး ဆမ်း၊ ဆားလေးဖြူးပြီး အာလူးကက်သလိတ်ကြော် ကြွပ်ကြွပ်ရွရွလေးနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
ခံတွင်းမြိန်စရာ မေ့လက်ရာ
26 Sept 2013
သဲဝဲစားရာတွင် ကုသနိုင်သောအာလူး
အာလူးကိုစိတ်၍ သဲဝဲပေါ် သို့ တစ်နေ့လျှင် (၂)ကြိမ်ပွတ်တိုက် ပါ။ 
ထို့နောက် အခြောက်ခံပါ။
 သန့် ရှင်းသောခြေအိတ်ကို စွပ်ထားပါ။
 အာလူးတွင်ပါရှိသော အင်ဇိုင်းက သဲဝဲကို ကုသရာတွင် ထိရောက် သည်။ 
သဲဝဲမှိုကို သေစေနိုင်သည်။ 
နံနက်တွင် တစ်ကြိမ်၊ ညတွင်တစ်ကြိမ် ပြုလုပ်ပေးပါ။
 သိသာစွာ ယားယံ ခြင်းရပ်တန့်သွားပါလိမ့်မယ်။ 
အဖတ် များကွာကျခြင်းလည်း တဖြည်းဖြည်း လျော့ပါးသွားပါမည်။
 ညတစ်ကြိမ် အာလူးနှင့်ပွတ်တိုက်ရာ၌ ခြေထောက်ကို ခြေအိတ်မစွပ်တော့ဘဲ သဲဝဲစား သည့်နေရာကို လေဝင်လေထွက် ကောင်းအောင်ထားပါ။
 ခြေထောက် မှ အနံ့ဆိုးများကိုပင် ပျောက်စေ ကြောင်း သိရသည်။
ဒေါန
Health Updates Journal
24 Sept 2013
ကင်ဆာရောဂါအတွက် အာလူးစိမ်း
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့
မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။
သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။
သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့
အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။
ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ
လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
Group mail မှ
22 Sept 2013
အာလူးပါတဲ့ အစားအစာဆိုတာ ကျနော်တို့  စားပွဲတော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုး လို့ လည်း ပြောလို့ ရပါတယ်။ အာလူးကို ကြိုက် သည် ရှိသော် မကြိုက်သည်ရှိသော အခု မျှဝေပေးမယ့်  အကြောင်းအရာ ကတော့ အာလူးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဂရုစိုက်မှု ဖြစ်ပါတယ်။
အာလူးကို ပထမဆုံး အခွံခြစ် လိုက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသားမှာ အစိမ်းရောင် ပါနေရင် စားသုံးဖို့  မသင့်တော် ဘူးလို့  သိရပါတယ်။
ဘာကြောင့်လဲ ..?
ဒီဇာတ်လမ်းကို စတင်ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ် ပါတဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီက တွေ့ ရတဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ဖြစ်ကြောင်း တွေ့ ရှိ ခဲ့တာ ကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။
ဒီ အစိမ်းရောင် သန်းနေတဲ့ အာလူးကို စားသုံးမိမယ် ဆိုရင် မအီမသာ ဖြစ်လာမယ် ၊ ၀မ်းလျှောတာတွေ ၊ ပျို့ အန်တာတွေ ဖြစ်မယ် ၊နောက် အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန်စေနိုင်တယ် ၊ ကယောင်ချောက်ချားဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်း နဲ့ ခေါင်းမူးခြင်းကို ပါ ဖြစ်စေနိုင်တဲ့ အစာ ဆိပ်တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီလို အစိမ်းရောင် သန်းနေရခြင်းကလည်း နေရောင်ခြည်နဲ့ အစာချက် လုပ်ဆောင်ခြင်း ဓာတ် chlorophyll များစွာ ပါရှိနေတဲ့ အတွက်ကြောင့် ဆိုထားပါတယ်။ ဒါကြောင့် ဈေး နဲ့ စူပါမားကတ် တစ်ချို့ မှာလည်း ဒီလို အစိမ်းရောင် သန်းနေတဲ့ အာလူးများကို မရောင်းချ ဖို့ တားမြစ်ထားပါတယ်။
အလွယ်တကူး ဈေးပေါပေါနဲ့ ရရင်လည်း မ၀ယ်စားသင့်ပါဘူး။
အကယ်လို့ မိမိချက်တဲ့ အခါ အစိမ်းရောင်အပိုင်းဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေမယ် ဆိုရင်လည်း ထိုပါဝင်နေတဲ့ အပိုင်းကို လှီးထုတ်ပစ်
ရမှာ ဖြစ်ပါတယ်။
အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆပ် တာ မဟုတ်ဘဲ အဆိပ်ဖြစ်စေတက်တာကို သတိပြုနိုင် ဖို့ နဲ့ စား သုံးမိသူများ အနေဖြင့် အစာ အဆိပ်သင့်တဲ့ သာဓကများ လတ်တလော ဖြစ်ပွားနေပြီး မိမိ ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတာ ကြောင့် အသိပညာပေး မျှဝေလိုက်ရပါတယ်။
Ref;Wiki
Myawady News
အာလူး၏ကျန်းမာရေးအကျိုးကျေးဇူး
သင့်ခန္ဓာကိုယ် အကျိုးအတွက် အာလူးကို စားပေးပါ 
 အာလူး စားသုံးခြင်းကို လူတိုင်း ကြိုက်နှစ်သက်ကြ ပါတယ်။
အာလူးကို မကြိုက်လို့ မစားသုံးတဲ့ သူဟာ အလွန် ရှားလိမ့်မယ်လို့ ထင်ပါတယ်။ အာလူးကို ပုံစံ အမျိုးမျိုး ပြုလုပ်ပြီး ချက်စား တတ်ကြပါတယ်။ ဟင်းအဖြစ် ချက်စား ကြသလို အာလူးကြော်ကိုလည်း သရေစာအဖြစ်စားသုံးတတ်ကြပါတယ်။ပုစွန် ခြောက်နဲ့ ရောချက်ထားတဲ့အာလူးဟင်းချိုလေးဟာ သောက်လို့ အရမ်းကောင်းတဲ့ ဟင်းချို တစ်ခွက်ပါ။ ဗိုက်ပြည့်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဆာပြေ စားချင်လို့ပဲ ဖြစ်ဖြစ် အာလူးကို စားသုံးတတ်တဲ့ အလေ့အ ကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အကျင့်လို့ ပြောရမှာပါ။
အာလူး စားပေးခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေပြီး သွေးပေါင်ချိန် မြင့်တက်ခြင်း ကိုလည်း ကျဆင်း စေသလို သွေးတိုးရောဂါ ကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ သွေးပေါင် အတက်အကျ ကိုလည်း ထိန်းထား ပေးနိုင် ပါတယ်။ အာလူးမှာ ကယ်လိုရီ၊ ပရိုတိန်း၊ ပိုတက်စီယမ်၊ ဗီတာမင်၊ ဆိုဒီယမ် အစရှိတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အာလူးမှာ အမျှင်ဓာတ် များစွာလည်း ပါဝင် ပါသေးတယ်။ အာလူး စားပေးခြင်းဟာ နှလုံး ကျန်းမာရေး အတွက်လည်း ကောင်းမွန် စေပါတယ်။
 သင့်ရဲ့ မျက်နှာပြင် အသားအရေ ကောင်းစေဖို့ အတွက်လည်း အာလူးအစိမ်းကို ပါးပါးလေး လှီးပြီး ရလာတဲ့ အာလူးအလွှာလေး တွေကို မျက်နှာပြင် အနှံ့ ကပ်ပေးပါ။ မျက်နှာပြင် အသားအရေ ထိန်းသိမ်းခြင်း အတွက် အလွန် ကောင်းမွန်တဲ့ လုပ်ဆောင်မှု တစ်ခုလို့ ဆိုချင်ပါတယ်။ အသားအရေအတွက်လည်း ကောင်းမွန်သလို သင့်ခန္ဓာကိုယ် အတွက် ကျန်းမာဖို့ အကူအညီ ပေးစွမ်းနိုင်တဲ့ အာလူးကို သင့်တင့် မျှတစွာ စားသုံး ပေးသင့်ပါတယ် လို့ အကြံပြု ပါရစေ။ ။
Myawady News
Twitter Delicious Facebook Digg Stumbleupon Favorites More