Pages - Menu

29 Dec 2012

ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ နဲ့အရေပြားကိုပါ ကျန်းမာလှပစေဖို့နည်းလမ်းများ

ချိုမြိန်တဲ့ ရနံ့လေးတွေနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ သင်စားနေကျ အစား အစာတွေ ထဲကနေ ဖန်တီးနိုင်တယ်ဆို တာသင် သိပါရဲ့လား။
စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်း သွားစေဖို့နဲ့ သင့်အရေပြားကိုပါ ကျန်းမာလှပစေဖို့ အထောက်အကူပြု နည်းလမ်းလေးတွေ ရှိပါတယ်။ မွေးပျံ့တဲ့ ရနံ့လေးနဲ့ အတူ တစ်နေ့တာ လုံး လန်းဆန်းလှပနေစေဖို့ လေ့လာ ကြည့်ရအောင်နော်။

လီမွန်ကိတ်ရနံ့ဖြင့် Body Scrub
အရေပြားပေါ်မှာ ကြေးချွတ်ပွတ် တိုက်ချိန်မျိုးမှာ လီမွန်ရနံ့နဲ့ ကိတ်မုန့်တစ်လုံးကို စားရသလို ခံစားနေရစေပြီး သင့်အရေပြားကို အမှန်တကယ် သန့်စင်စေကာ ပျော့ပျောင်း ချောမွေ့စေပါတယ်။
ပြုလုပ်အသုံးပြုနည်း
အညိုရောင် သကြားတစ်ခွက်၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီ ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ သံပရာရည် ဒါမှမဟုတ် သံပုရာအမှုန့် လက်ဖက်ရည် တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပြီး သင့်အရေပြားပေါ်မှာ ပွတ်တိုက်ကြေး ချွတ်သန့်စင်တဲ့ ပစ္စည်း တစ်ခုအဖြစ် အသုံးပြု ပေးနိုင် ပါတယ်။

စတော်ဘယ်ရီကိတ်ရနံ့ဖြင့် ရေချိုးဆား
ချိုမြိန်တဲ့ ရနံ့ကြောင့် သင့်ကြွက်သား တွေကိုပါ သက်သောင့် သက်သာ ဖြစ်စေ ပါတယ်။ အရောင်လှလှ လေးတွေ ပေါင်း စပ်ဖန်တီးထားပြီး သင့်ရေချိုးခန်းလေး ထဲမှာ လှပနေပါစေ။
ပြုလုပ်အသုံးပြုနည်း
ဆားခွက်နှစ်ခွက် (ဆားနုနုလေး တွေကိုသုံးပါ)၊ စတော်ဘယ်ရီ အမှုန့် ထမင်းစား နှစ်ဇွန်း၊ သစ်ခွရနံ့အမှုန့် ထမင်း စားနှစ်ဇွန်းကို ရောမွှေပါ။ မွှေထားတဲ့ဆား တွေကို ခွက်တစ်ခွက်စီ ပြန်ခွဲပြီး အစားအ စာတွေထဲထည့်တဲ့ အနီရောင်မှုန့်နဲ့ အဝါ ရောင်မှုန့်ကို ခွက်တစ်ခွက်စီမှာ တစ်ဇွန်းစီ ထည့်ပြီး မွှေလိုက်ပါ။ ဖန်ပုလင်းလေးထဲ ကို တစ်ရောင်ချင်း၊ တစ်လွှာစီထည့်ပါ။ လှပတဲ့ ရေချိုးဆား လေးနဲ့ ရေချိုးလိုက်ချိန် မွှေးပျံ့တဲ့ ရနံ့လေးကြောင့် စိတ်ကိုကြည် လင်ကာ အရေပြားပေါ်က ဆဲလ်သေတွေ ကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။

ထောပတ်ရနံ့ဖြင့် Body Oil
အရေပြား ခြောက်သွေ့ပြီး အရောင်မွဲ နေပါသလား။ အရေပြားကို စိုပြည်ပြီး ခြောက်သွေ့မှု ကင်းကာ ကြည်လင် သွားစေမယ့် နည်းလမ်း ရှိပါတယ်။
ပြုလုပ်အသုံးပြုနည်း
သံလွင်ဆီ ခွက်တစ်ခွက်၊ ပျားရည် လက်ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကိုရော မွှေလိုက်ပြီး မိုက်ခရိုဝေ့ထဲမှာ ကျိုလိုက်ပါ။ ဆူလာချိန်မှာ မွှေးပျံ့တဲ့ရနံ့ထွက် လာပါလိမ့်မယ်။ အအေးခံထားပြီး ပုလင်းလွတ် လှလှလေးထဲမှာ သိမ်းထားလိုက်ကာ ရေချိုးပြီးလို့ ရေသုတ်ပြီး ချိန်ခန္ဓာ ကိုယ်တစ်ခုလုံကို လိမ်းပေးနိုင်ပါတယ်။

ငှက်ပျောသီးရနံ့ဖြင့် Body Cream
အသားအရေကို နူးညံ့ ချောမွေ့ စေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက် စေနိုင်ပါတယ်။
ပြုလုပ်အသုံးပြုနည်း
အုန်းဆီတစ်ခွက်၊ ဗီတာမင်အီး လက်ဖက်ရည်တစ်ဇွန်း၊ ပြောင်းမှုန့်လက် ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့ အရည်လက် ဖက်ရည်တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။ မွှေချိန်မှာ အမြှုပ်တွေထတဲ့အထိ ခပ်ပြင်းပြင်းလေး မွှေလိုက်ပြီး ဖန်ပုလင်း အကြည်တစ်လုံးထဲ ထည့်ကာ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ။ ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ နှိပ်နယ် ပြီး လိမ်းပေး နိုင်ပါတယ်။    

Twitter Delicious Facebook Digg Stumbleupon Favorites More