Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သစ်ကြားသီး. Show all posts
Showing posts with label သစ်ကြားသီး. Show all posts

30 Oct 2013

သစ်ကြားသီးက ဆီးချိုရောဂါနှင့် နှလုံးရောဂါကို ကာကွယ်နိုင်

သစ်ကြားသီးပါဝင်မှုများတဲ့ အစားအစာတွေဟာ အဝလွန်သူတွေကို ဆီးချိုရောဂါနဲ့ နှလုံးရောဂါမှ ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ 

 ယေးလ်တက္ကသိုလ်မှ သုတေသီတွေက အသက် ၃၀ နဲ့ ၇၅ နှစ်အရွယ်၊ BMI 25 ထက်များသူ၊ ခါးအတိုင်းအတာ ၄၀ လက်မ (အမျိုးသား) နဲ့ ၃၅ လက်မ (အမျိုးသမီး) ထက်များသူ ၄၆ ယောက်ကို ရှစ်ပတ်စီ နှစ်ကြိမ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

 သူတို့အားလုံးဟာဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများပြီး ဆေးလိပ်မသောက်သူတွေ
 ဖြစ်ကြပါတယ်။

 သူတို့ကို သစ်ကြားသီး ပါဝင်မများတဲ့ အစာနဲ့ သစ်ကြားသီး မပါတဲ့ အစာတွေကို ကျွေးပြီး စမ်းသပ်ခဲ့ရာ သစ်ကြားသီးစားတဲ့ အဝလွန်သူတွေမှာ နှလုံးသွေးကြောနံရံရဲ့ လုပ်ဆောင်မှု ကောင်းမွန်တိုးတက်လာတာကို တွေ့ရှိခဲ့ပါတယ်။

 သွေးကြောအတွင်းနံရံမှ ဆဲလ်တွေဟာ သွေးခဲတာ၊ သွေးဆဲလ်အသစ်တွေ ထုတ်လုပ်တာတွေကို ကူညီပြီး ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ကာ သွေးဖိအားကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။

 ဒါ့အပြင် သစ်ကြားသီးစားတဲ့ အုပ်စုဟာ ကိုယ်အလေးချိန် မြင့်တက်မလာဘူးလို့ သိရပါတယ်။ 

သစ်ကြားသီးလိုမျိုးအဆာပြေပြီး အာဟာရပါဝင်မှုမြင့်မားတဲ့ အစားအစာတွေဟာ အလွန်အကျိုးရှိပါတယ်။ 

အာဟာရ ပြည့်ပြည့်ဝဝ ရတဲ့အပြင် ခန္ဓာကိုယ်မှ အာဟာရရရှိမှုနည်းတဲ့ အစားအစာတွေကိုလည်း ဖယ်ရှားနိုင်တယ်လို့ သိရပါတယ်။

21 Sept 2013

သစ်ကြားသီး၏ ကျန်းမာရေး အကျိုး ကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက်မှာ စိုးလို့ဆိုပြီး တချို့က ရှောင်တတ် ကြပါတယ်။
တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့် ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါ ကျန်းမာရေး စွမ်းပကား တွေကိုလည်း ရရှိ ပါလိမ့်မယ်။
(၁) နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင် နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေ ကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာ စေပါတယ်။ စိတ်ကျ ရောဂါ ခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပမာဏ လျော့နည်း နေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။

(၃) ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါ တက္ကသိုလ်ရဲ့ လေ့လာမှုတွေ အရ ထမင်းမစားခင် သစ်ကြားသီး အနည်းငယ် စားတာက အစာစား ချင်စိတ်ကို လျော့ကျစေပြီး အစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

(၄) ကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်း မွန်စေသလို ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှု အတွက်လည်း အရေးပါ ပါတယ်။

(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဗြိတိန် အာဟာရ ဂျာနယ်မှာ လတ်တလော တွေ့ရှိချက် တစ်ရပ်ကို ရေးသား ဖော်ပြ ထားပါတယ်။

(၆) မှတ်ဥာဏ်ကို ကောင်းမွန် စေပါတယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက် အခွံပုံ သဏ္ဌာန် ရှိတဲ့အပြင် မှတ်ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော်နဲ့ တည်ဆောက် ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။

(၇) သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့ အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူ တွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှ အားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးရင်လည်း သည်းခြေ ကျောက်တည်တာ အပါအဝင် သည်းခြေအိတ် ဆိုင်ရာ ရောဂါ တွေကို ကာကွယ် ပေးနိုင်ပါတယ်။

(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက် သုပ်ထဲ သစ်ကြားသီး ထည့်စားပေးရင် ကောင်းကောင်း အိပ်မောကျ စေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတို နင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော် စေပါတယ်။

(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြား သီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ် ပေးပါတယ်။ ဥပမာ ကင်ဆာရော ဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ ပါကင် ဆန်ရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ တို့လို ရောဂါတွေကို သက်သာ စေပါတယ်။

(၁၀) အရိုး ကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acidဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုး ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

ကြယ်စင်
Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More