Pages - Menu

30 Oct 2013

သစ်ကြားသီးက ဆီးချိုရောဂါနှင့် နှလုံးရောဂါကို ကာကွယ်နိုင်

သစ်ကြားသီးပါဝင်မှုများတဲ့ အစားအစာတွေဟာ အဝလွန်သူတွေကို ဆီးချိုရောဂါနဲ့ နှလုံးရောဂါမှ ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ 


 ယေးလ်တက္ကသိုလ်မှ သုတေသီတွေက အသက် ၃၀ နဲ့ ၇၅ နှစ်အရွယ်၊ BMI 25 ထက်များသူ၊ ခါးအတိုင်းအတာ ၄၀ လက်မ (အမျိုးသား) နဲ့ ၃၅ လက်မ (အမျိုးသမီး) ထက်များသူ ၄၆ ယောက်ကို ရှစ်ပတ်စီ နှစ်ကြိမ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

 သူတို့အားလုံးဟာဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများပြီး ဆေးလိပ်မသောက်သူတွေ
 ဖြစ်ကြပါတယ်။

 သူတို့ကို သစ်ကြားသီး ပါဝင်မများတဲ့ အစာနဲ့ သစ်ကြားသီး မပါတဲ့ အစာတွေကို ကျွေးပြီး စမ်းသပ်ခဲ့ရာ သစ်ကြားသီးစားတဲ့ အဝလွန်သူတွေမှာ နှလုံးသွေးကြောနံရံရဲ့ လုပ်ဆောင်မှု ကောင်းမွန်တိုးတက်လာတာကို တွေ့ရှိခဲ့ပါတယ်။

 သွေးကြောအတွင်းနံရံမှ ဆဲလ်တွေဟာ သွေးခဲတာ၊ သွေးဆဲလ်အသစ်တွေ ထုတ်လုပ်တာတွေကို ကူညီပြီး ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ကာ သွေးဖိအားကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။

 ဒါ့အပြင် သစ်ကြားသီးစားတဲ့ အုပ်စုဟာ ကိုယ်အလေးချိန် မြင့်တက်မလာဘူးလို့ သိရပါတယ်။ 

သစ်ကြားသီးလိုမျိုးအဆာပြေပြီး အာဟာရပါဝင်မှုမြင့်မားတဲ့ အစားအစာတွေဟာ အလွန်အကျိုးရှိပါတယ်။ 

အာဟာရ ပြည့်ပြည့်ဝဝ ရတဲ့အပြင် ခန္ဓာကိုယ်မှ အာဟာရရရှိမှုနည်းတဲ့ အစားအစာတွေကိုလည်း ဖယ်ရှားနိုင်တယ်လို့ သိရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More