Friday, August 30, 2013
  Taunzalat
  
တို့ဟူး ကို ကိုယ့်စိတ်တိုင်းကျ ကျန်းမာရေးနဲ့ညီညွတ်စွာ အိမ်မှာ အချိန်တိုအတွင်း ကျိုစားလို့ရပါတယ်။ တို့ဟူးကျိုစားမယ်လို့တွေးရင် သိပ်အလုပ်ရှုပ်တာပဲလို့ တွေးဖြစ်ကြပါတယ်။ 
အခုဆိုရင် အလွယ်တကူနဲ့ တို့ဟူးလုပ်စားရန် အသင့်ပြုလုပ်ထားတဲ့ ကုလားပဲမှုန့်ထုပ်များကိုဝယ်ပြီး ကျိုလို့ရနေပါပြီ။ 
 ပထမဦးဆုံး တို့ဟူးကျို ကြည့်မယ်ဆိုရင်တော့ အဆင်မပြေရင် 
 စိတ်မမပျက်ပါနဲ့ တို့ဟူးအေးအတုံးမရရင်တောင် တို့ဟူးပျော့နွေး စားလို့ရတာပေါ့။
 
 ပါဝင်ပစ္စည်းများ
 .......................
 • တို့ဟူးမှုန့်
  ၂၅ ကျပ်သား
 • ဆား
  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 • နနွင်းမှုန့်
  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  (ရေဖျော်ပြီး ပိတ်သားနဲ့ စစ်ထားပါ)
 • ရေ
  ၃ လီတာ
  (ရေသန့်ဘူး ၁ လီတာဘူး ၃ဘူးခန့်)
 
 ပြုလုပ်နည်း
 ...............
 ၁။ တို့ဟူးကျိုချက်ရန် ရေ ၁ လီတာ (၃) ဘူးခန့်ရှိရေကို အိုးထဲသို့ထည့်ပြီး 
 ဦးစွာ ဆူပွတ်လာတဲ့အထိတည်ပါ။
 
 ၂။ ရေတည်ထားချိန်မှာ တို့ဟူးမှုန့်များကို ရေအေးဖြင့်
  ကြေအောင်ပျစ်ပျစ်ဖျော်ထားရပါမည်။
 
 ၃။ ရေဆူလာလျှင် ဖျော်ထားသောတို့ဟူးမှုန့်အနှစ်ကို 
 ဆူပွတ်နေသောရေထဲသို့ လောင်းထည့်ပါ။ လျင်မြန်မှုတော့ရှိရပါမယ်။ 
 လောင်းထည့်လိုက်တာနဲ့ အဆက်မပြတ်မွှေပေးရပါမည်။ 
 ပြီးတာနဲ့ စစ်ထားသော နနွင်းရေကို ထည့်ကျိုပါ။ 
 သစ်သား (သို့) ၀ါးနဲ့ ပြုလုပ်ထား သော ဇွန်းရှည် အလုံးလေးနဲ့
  မွှေ ပေးလျှင် ပိုအဆင်ပြေပါတယ်။
 
 ၄။ တို့ဟူးအမှုန့်များ ပျစ်လာပြီး ပဲစိမ်းနံ့ပျောက်သွားလျှင် ဆားထည့်ပြီးမွှေပါ။ 
 အဆက်မပြတ်တော့ မွှေပေးရပါမယ်။ ဒါမှ အိုးမကပ်မှာပါ။ မီးလျှော့ပါ။ 
 တို့ဟူးမွှေနေသောဇွန်းကို မြှောက်ကြည့်လိုက်ပါ။  ဇွန်းမှာအမှီးတန်းပါလာလျှင်  
 ကိုယ်လိုရာလင်ဗန်းအပြန့် (သို့) ပုံစံခွက်ထဲ  ညီညာစွာ ဖြန့်လောင်းချထားပြီး 
 အအေးခံပါ။ အမြန်လိုလျှင်တော့ ရေခဲသေတ္တာထဲမှာထည့်
  အအေးခံလို့ရပါတယ်။ (ကျန်းမာရေးနှင့်တော့ သိပ်တော့မညီညွတ်ပါဘူး)။ 
 
 ၅။ အအေးခံပြီး ရလာသောတို့ဟူးအေး အတုံးလေးများကို သုပ်စား၊ ကြော်စား၊ ချက်စား မိမိစိတ်တိုင်းကျ တီထွင်စားသုံးလို့ရပါသည်။ 
 
 တို့ဟူးအမှုန့်သည် ကုလားပဲဖြင့်ပြုလုပ်ထားသောကြောင့် 
 တို့ဟူးကိုစားသုံးခြင်းဖြင့် ဗီတာမင်များနှင့် အသားဓာတ်အာဟာရများကို
 ရရှိစေနိုင်ပြီး သက်သတ်လွတ်စားသုံးသူများအတွက်လည်း အဆင်ပြေပါတယ်။
 
 Syi Lwin Foods Garden    www.syilwinfoodsgarden.blogspot.com
 ကုလားပဲ မှုန့် အထုပ်ကို ဆန်ချိန်ခွက် နဲ့ တခွက်ခွဲ ထည့်ပါတယ်။
 ရေ ကို 
ဝတ်ရည်ပြောသည့် အတိုင်း ဆန်ချိန်ခွက် နှင့် ၁ ခွက်ခွဲ ထည့်ပီး ကုလားပဲကို 
ဖျော်ပေးထားပါတယ်။
ပီးရင် ဆန်ချိန်ခွက် နှင့်  ရေ ၂ခွက် ထည့်ပီး ဆနွင်းမှုန့် (သုံးပုံ၁ပုံ)၊ 
ဆား - ၁၊ သကြား - ၁၊ 
ဟင်းခတ်မှုန့် - ၁ ထည့်မွှေပေးထားလိုက်ပါတယ်။
မီးမြေးမြေး ဖြင့် ၇ မိနစ်ခန့် အဆက်မပြတ်မွှေပေးလိုက်တာ။
ရပါပီ။ 
ဝတ်ရည်ပြောသည့် အချိုးအစား မိနစ် အတိအကျ အတိုင်း ချက်ကြည့်လိုက်တာ တို့ဟူးနွေး ရပါပီ။
 တို့ဖူးသုတ် နှင့် တို့ဖူးကြော်
မွှေးတံဆိပ် ကုလားပဲ ပဲအစိမ်းမှုန့် ၁ထုပ် လုံးသုံးထားပါတယ်။ ဆန်ချင်ခွက် နဲ့
   ၂ခွက်ပဲရပါတယ်။ ၂ခွက်ကို ရေက ၅ခွက်ခွဲပါ။ ရေအချိုးအစားက အရမ်း   
အရေးကြီးပါတယ်။ ပြီးရင် ပလပ်စတစ်ဇလုံထဲမှာ ပဲအစိမ်းမှုန့် ဆန်ချင်ခွက် နဲ့  
 ၂ခွက်၊ ရေက ဆန်ချင်ခွက်နဲ့ ၅ခွက်ခွဲ၊ ဆနွင်းမှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊
   အချိုမှုန့် အနည်းငယ် ထည့် ပါ။ ပဲအစိမ်းမှုန့် လုံးမသွား အောင်   
ကြက်ဥခေါက်တဲ့အတံနဲ့ နာနာမွေပေးပါ။ ပြီးရင် ဒယ်အိုးထဲကို  အားလုံး  
လောင်းထည့်လိုက်ပါ။ မီးဖွင့်ပြီး ယောင်းမဖြင့် အိုးကပ်မသွားအောင်  နာနာ  
မွေပေးပါ။ လက်အတော်ညောင်း လောက်အောင်ကို မွေရပါတယ်။ ၁၅မိနစ် လောက်   
မွေပြီးရင် ရပါပြီ။ ထို့နောက် ပန်းကန်ပြားပြား၊ အ၀ကျယ် ကျယ် ၁ခုထဲကို  
လောင်း  ထည့် လိုက်ပါ။ ၁နာရီလောက် အအေးခံပြီးရင် ရပါပြီ။ 
တို့ဖူးသုတ် အတွက် ပြင်ဆင်ထားတာ
တို့ဖူး၊ ဂေါ်ဖီ ပါးပါးလှီး၊ နံနံပင်၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်
  ပါးပါးညှပ်ထားတာ၊ ငရုတ်သီးမှုန့်၊ ပဲအကျက် မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊  
ငံပြာရည်၊ မန်းကျည်းအနှစ်ကို ဖျော်ထားပြီးသား၊ (ပုဇွန်ခြောက်မှုန့်၊  
ကြက်သွန်နီ ပါးပါးလှီးထား တာ ကြိုက်တတ်ရင် ထည့်စားလို့ရပါတယ်)