ပါဝင်ပစ္စည်းများ(အယောက် ၅၀ စာ)
 .............................. ..
 • ငါးမြင်းတုံး  -  ၄ပိဿခွဲ (၅ ကီလိုခန့်)
 • ကြက်သွန်နီ  - ၇၅ ကျပ်သား (၁ကီလိုခန့်)
 • ကြက်သွန်ဖြူ  - ၁၅ ကျပ်သား
 • ခရမ်းချဉ်သီး  - ၂၅ ကျပ်သား
 • ချင်း  - ၂၀ ကျပ်သား (ထောင်းပြီးသား ) 
 • ဆား၊ကြက်သားမှုန့် - လိုအပ်သလို
 • နနွမ်းမှုန့် - စားပွဲဇွန်း ၅ ဇွန်း
 • အရောင်တင်မှုန့် - ဟင်းချက်ဇွန်း ၁ ဇွန်း
 • ငရုတ်သီးစိမ်းတောင့် - ၁၅ တောင့်
 • နံနံပင် 
 
 ချက်ပြုတ်နည်း
 ...................
 ၁။ ငါးမြင်းကို အနေတော်တုံးပြီး ရေစင်စင်ဆေးကာ ချင်း၊ နနွင်း ၂ ဇွန်း၊ 
 ဆား၊ ကြက်သားမှုန့်တို့နဲ့ နယ်ထားပါ။ ကြက်သွန်န်ီကို 
 ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကတော့ ဓားပြားရိုက်ထားရင်ရပါတယ။်
 
 ၂။ ကြက်သွန်နီ၊ ဖြူကို ဆား၊ နနွင်း၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့်နဲ့ 
 ဆီသတ်ပါ။ 
 
 ၃။ ခရမ်းချဉ်သီးလေးများ လေးစိတ်ကွဲလှီးဖြတ်ထည့်ပါ။
   ကြက်သွန်နွမ်းရင် ငါးတုံးလေးများထည့်ပြီး တစ်ဖက်စီလှန်၍ အိုးကိုလှုပ်ပေးပါ။ 
 ဇွန်းနဲ့ အလွန်မမွှေဘဲ ငါးမကြေအောင် အိုးကိုလှုပ်ခိုင်းတာပါနော်။ 
 
 ၄။ ငါးလေးများ အရောင်ပြောင်းပြီဆိုရင် ရေစပ်စပ်လေးထည့်ပြီး 
 ငရုတ်သီးစိမ်းတောင့် ၅ တောင့်ထည့် ခဏအုပ်ထားပါ။ 
 ( အဲဒီ ငရုတ်သီးစိမ်းလေးတွေက ချက်ပြီးသွားရင် 
 အရမ်းစားကောင်းပါတယ်။ သိပ်မစပ်တော့ဘဲ အရသာတွေဝင်နေပါတယ်)
 
 ၅။ ဆီပြန်ပြီးသွားရင် နံနံပင်လေး ဒီလိုအုပ်ပြီး ထားလိုက်ပါ။ 
 အရသာရှိတဲ့ ငါးမြင်းဆီပြန်ရပါပြီ။ မီးအနေကတော့ 
 သိပ်မပြင်းဘဲထားဖို့လိုပါမယ်။
 
 .............................. ....
 Htet Family's Creation
 .............................. ....
 
 www.htetfamily.com
Posted in:  အသားဟင်းများ





