Pages - Menu

6 Sept 2013

ငါးဖယ်ချဉ် (ခ) ပုစွန်ချဉ်လုပ်နည်း

ငါးဖယ်ချဉ် ပုစွန်ချဉ် လုပ်နည်း တူတူပါပဲနော်။

ပါဝင်ပစ္စည်းများ
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိုက်
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည်းရပါတယ်)

ပြုလုပ်နည်း
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။

၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို တင်ပြီး အလေးတစ်ခုနဲ့ ဖိထားလိုက်ပါ။
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ ရက်လောက်ဆိုရင်
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။

၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။

၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။

၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။

အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ။ အကြာကြီးခံပါတယ်။

Htet Family's Creation
www.htetfamily.com

Twitter Delicious Facebook Digg Stumbleupon Favorites More