Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပြောင်းဖူး. Show all posts
Showing posts with label ပြောင်းဖူး. Show all posts

18 Jan 2014

ပြောင်းဖူးနှင့် နှလုံးရောဂါ

 
ပြောင်းဖူး စားသုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံ ပညာရှင်များ၏ သုတေသန ပြုချက်တွင် ဖော်ပြ ထားသည်။

ပြောင်းဖူးသည် ပူနွေး စိုစွတ်သော ရာသီဥတုတွင် ဖြစ်ထွန်းသော အသီးအနှံ တမျိုး ဖြစ်သည်။ ပြောင်းဖူးသည် ချိုသော အရာသာရှိသည့် အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။

ပြောင်းဖူးတွင် ဗီတာမင် ဘီ1၊ ဗီတာမင် ဘီ5၊ ဗီတာမင် စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အမိုင်နိုအက်ဆစ်နှင့် အသားဓာတ်များလည်း ပါဝင်သည်။

ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံး သွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုလည်း လျှော့ချနိုင်သည်ဟု အဆိုပါ သုတေသန ပြုချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်ရုံ သာမက ကင်ဆာ ရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချ ပေးနိုင်သည်ဟု ကနေဒါ ဆေးသိပ္ပံ ပညာရှင် များက ပြောကြား ခဲ့သည်။

မင်းစောထက်

14 Nov 2012

ငချိပ်ပြောင်းက ဘာတွေကောင်းသလဲ?

''အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်''


တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာရှိ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းသို့ စာရေးသူသွားရောက်လေ့လာခဲ့သည်။ ဦးဖိုးပြုံး၏ ပြောင်းစိုက်ကွင်းအနီးရောက်တော့ လူများစုစုဝေးဝေးဖြစ်နေကြသည်ကို တွေ့ရပြီး MRTV-4 က အဖွဲ့သားများ ဆေးဖက်ဝင်ပြောင်းဖူးအကြောင်း သတင်းမှတ်တမ်း လာရိုက်နေသည်ကို တွေ့ရသည်။

ဦးဖိုးပြုံးနှင့်အတူ ပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ ဦးဇော်ဝင်းကိုပါ အသင့်တွေ့လိုက်ရသည်။

ပံပြောင်းဖူးမျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်ဝင်းအား စာရေးသူသိလိုသမျှ မေးမြန်းမိသည်။

''ဆေးဖက်ဝင်ပြောင်းဖူးမျိုးကို ဘယ်နိုင်ငံက မှာယူတင်သွင်းတာပါလဲခင်ဗျာ ''

'' ဒီပြောင်းဖူးမျိုးတွေကို နိုင်ငံခြားမှ တိုက်ရိုက်မှာယူတင်သွင်းပြီး နိုင်ငံအတွင်း ပြန်လည် ရောင်းချပေးနေတာပါ။ အမြို့မြို့ အနယ်နယ်က စိုက်ပျိုးရေးမျိုးစေ့ဆိုင်တွေမှာ ၅ဝဝ ဂရမ် ပြောင်းဖူးမျိုးစေ့ တစ်ဘူးကို ငွေကျပ် ၁၄ဝဝဝ၊ တစ်ကီလို ပြောင်းဖူးမျိုးစေ့ဘူးတစ်ဘူးကို စာမျက်နှာငွေကျပ် ၂၇ဝဝဝ အထိ ရောင်းချနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီကို တိုက်ရိုက် မှာယူမယ်ဆိုရင် ဈေးနှုန်းပိုမိုသက်သာပါတယ်''ဟု ဆိုသည်။

''ဦးလေး ဒီဆေးဖက်ဝင်ပြောင်းဖူးတွေက ဘယ်လိုသဘောသဘာဝရှိသလဲဗျ''ဟု မေးရာ
''ဒီဆေးဖက်ဝင် ပြောင်းဖူးတွေက သဘာဝအနီရောင် နဲ့ ခရမ်းရောင်ပေါင်းစပ်ထားတဲ့အတွက် နီညိုရောင်ဖြစ်တယ်။ ဒေသခံတွေက ပတ္တမြားပြောင်း၊ ငချိပ်ပြောင်းလို့လည်း ခေါ်ကြတယ်။ ဈေးကွက်ဝင် စီးပွားဖြစ်နေကြလို့လည်း ဒီဆေးဖက်ဝင်ပြောင်းဖူးကို ပိုမိုစိုက်ပျိုးလာကြတယ်။ ပြောင်းဖူးရဲ့အူတိုင် ပြောင်းဖူးအဆံ အားလုံးက နီညိုရောင်ဖြစ်ပြီးပင်စည်၊ အရွက်၊ အခွံမှာအစိမ်းရောင်နှင့် နီညိုရောင်စပ်ကြားဖြစ်တယ်'' ဟုဖြေကြားသည်။

''ဦးလေး ဆေးဖက်ဝင်တယ်ဆိုတဲ့ကိစ္စကရော ဘယ်လိုလဲဗျ'' ဟုမေးရာ

''လက်တင်အမေရိကနိုင်ငံတွေဘက်မှာ ဒီပြောင်းဖူးကို Peruvian Purple Corn လို့ ခေါ်တယ်။ ဒီပြောင်းဖူးမှာပါတဲ့ အနီရောင်Anthocyanin မှာ အလွန်အစွမ်းထက်တဲ့ Antioxidant က Biological antivities ဆိုတဲ့ ဇီဝဗေဒသတ္တိပါတဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်လို့ အမေရိကန်နိုင်ငံ Agricultural Utilization Reserch Institute နဲ့ ဂျပန်နိုင်ငံက H San Ei Gen F.F.I Inc တို့ရဲ့ တွေ့ရှိချက်စာတမ်းတွေမှာ ရေးသားဖော်ပြထားကြတယ်။ ဒီစာတမ်းတွေအရ အိုမင်းရင့်ရော်မှုကို ဟန့်တားပြီး အရွယ်တင်နုပျိုစေတယ်၊ ကင်ဆာရောဂါဆဲလ်များ ပြန့်ပွားခြင်းကို လျော့နည်းစေတယ်၊ အဖုအကျိတ်များ သက်သာပျောက်ကင်းစေတယ်၊ သွေးတိုးရောဂါကို သက်သာပျောက်ကင်းစေတယ်၊ ကိုလက်စထရောများခြင်းကို လျော့နည်းစေတယ်၊ ရောဂါကြောင့် ဝ နေခြင်းကို သက်သာပျောက်ကင်းစေတယ်ဗျ'' ဟူ၍ ပြောကြားသည်။

ထို့နောက် ၄င်းကပင် ''အနောက်ဥရောပနိုင်ငံတွေနဲ့ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ သြစတြေးလျစတဲ့ နိုင်ငံတွေမှာ ဈေးကြီးပေးပြီး ဝယ်ယူစားသုံးနေကြရတယ်။ အချို့က ပြောင်းဖူးပြုတ်တဲ့အရည်ကို ဒီအတိုင်းသောက်သုံးကြ၊ စားသုံးကြတယ်၊ အချို့က ပြောင်းနို့အဖြစ် ထုတ်ယူပြုပြင်စားသုံးကြတယ်။''

အဆိုပါ ပြောင်းဖူးများ မည်သို့ စိုက်ပျိုးကြသည်ကို သိရှိလို၍ လက်တွေ့ စိုက်ပျိုးအောင်မြင်နေသည့် ဦးဖိုးပြုံးအားမေးမြန်းမိပြန်သည်။

''ဒီဆေးဖက်ဝင်ပြောင်းဖူးက အခြားပြောင်းဖူးတွေ စိုက်သလိုပဲ စိုက်ပျိုးစနစ် တူညီပြီး လွယ်ကူစွာစနစ်တကျစိုက်ပျိုးနိုင်တယ်။ စစိုက်တဲ့ရက်ကနေ ၄၅ ရက်မှာ အဖူးစဖူးပြီး ၇၅ ရက်မှာ ဈေးကွက်ဝင်ပြောင်းဖူးတွေရပြီဗျ၊ စိုက်ပျိုးစရိတ်ကတော့ မြေယာထွန်ယက်ခ၊ ပေါင်းရှင်းခ၊ အစခပ်သိမ်းပေါ့ဗျာ။ တစ်ဧကကို ငွေကျပ်သုံးသိန်းခန့် ကုန်ကျတယ်။


 ဒါပေမယ့် ပြန်ရောင်းတော့တစ်ဧကကို ၁ဝ သိန်းကျော်လောက်ရလို့တွက်ခြေကိုက်တယ်ဗျ၊ နောက်ပြီး ဒီအရောင်က ဆေးဆိုးထားတာ မဟုတ်ဘူး၊ သူ့သဘာဝ၊ သူ့ပင်ကိုအရောင်ဆိုတော့ အမြင်တစ်မျိုးလေးနဲ့ ကြည့်လို့ကောင်းတယ်၊ မြို့ကြီးတွေမှာရှိတဲ့ ဈေးကွက်တိုင်းမှာ ဈေးပိုရတယ်၊ 
 ရောင်းအားကောင်းနေတဲ့ ပြောင်းဖူးပေါ့။ ရာသီမရွေး ဒေသမရွေး စိုက်ပျိုးနိုင်တယ်၊ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး စိုက်ပျိုးရလွယ်ကူတယ်ဗျာ'' ဟု ဖြေသည်။

ယနေ့ ကမ္ဘာ့သတင်းမီဒီယာလောက စာနယ်ဇင်းလောကတွင် သဘာဝဆေးဖက်ဝင် အစားအစာ၊ အာဟာရများအကြောင်း ကမ္ဘာ့ပြည်သူများ အကျိုးရှိရှိ အသုံးချနိုင်အောင် ကျယ်ပြန့်စွာ ဖော်ထုတ်ရေးသား တင်ပြလျက်ရှိရာ စာရေးသူအနေဖြင့်လည်း စီးပွားဖြစ် စိုက်ပျိုးသင့်သည့်ဆေးဖက်ဝင် သဘာဝပြောင်းဖူးအကြောင်းကိုစိုက်ပျိုးသူများအတွက်လည်း စီးပွားဖြစ်၊ စားသုံးသူများအတွက်လည်းကျန်းမာရေးအတွက် 

 အထောက်အကူပြုစေခြင်းငှာ ရေးသားတင်ပြလိုက်ရပါကြောင်း။ ။  

စီးပွားဖြစ် စိုက်ပျိုးသင့်သည့် ဆေးဖက်ဝင် သဘာဝ ပြောင်းဖူး
သတင်း မင်းမင်းဇော် (ကလေး)
နေပြည်တော် ဇူလိုင် ၂၉ ညွှန်း - ဇူလိုင် ၃၀၊ တနင်္လာနေ့ မြန်မာ့အလင်း
Posted in: Food,Health,ကျန်းမာရေး


ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ



ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

 
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ် 
ပြောင်းဖူးမှာ ဗီတာမင် B9  လို့ခေါ် တဲ့ ဖော လိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်း မွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့်   နှလုံး သွေးကြော ဆိုင်ရာ ရောဂါ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထ တာတွေရဲ့  ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။


ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။   

ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေပါ တယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။


မှတ်ဥာဏ်ကို အားကောင်းစေပါတယ်

ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။


အမြင်အာရုံကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။


ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။


သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်

ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။


ဂရုစိုက်ရန်

လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။ 


Good Health



Twitter Delicious Facebook Digg Stumbleupon Favorites More