Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label တရုတ်နံနံပင်. Show all posts
Showing posts with label တရုတ်နံနံပင်. Show all posts

12 Dec 2013

*** တရုပ်နံနံပင် အစွမ်းအံ့မခန်း ***


တရုပ်နံနံပင်တို့ သည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ဆေးဘက်ဝင် ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ 'rock celery" ဟု အမည်ရသော ဂရိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ရှေးဟောင်းဂရိလူမျိုးတို့ သည် ကွယ်လူသူ၏ အုတ်ဂူ သင်္ချိုင်း တွင် ထိုအပင်ဖြင့် တန်ဆာဆင်လေ့ရှိကြပါတယ်။ တရုပ်နံနံပင် သည် အပင် စပေါက် သည့်အချိန်မှစပြီး၊ နှစ်နှစ်တာခံသော (၂-နှစ်ခံ) အပင် အမျိုးအစားဖြစ်၏။ အလွန်ဆေး စွမ်းထက်သောအပင်ဖြစ်သော်လဲ၊ လူအများက ၄င်း၏ အစွမ်းသတ္တိကို သတိမထားမိ ဘဲ၊ ဟင်းသီးဟင်းရွကအဖြစ်သာ၊ အသုံးပြုလေ့ရှိကြပါတယ်။ တချို့ နိုင်ငံမျာတွင် အ ရွက်ပြားသော တရုပ်နံနံပင်ထက်၊ အရွက် တွန့် လိမ်ကွေ့ ကောက်သော တရုပ်နံနံပင် ကို ပို၍လူကြိုက်များပါတယ်။ (အဘယ်ကြောင့် ဆိုသော်၊ ထိုနိုင်ငံတို့ တွင် အလေ့ ကျ ပေါက်ရောက်နေသော -အဆိပ်သင့်ရေမှော်- တစ်မျိုးဖြစ်သည့် "Fool's Parsley" သည် အရွက်ပြားသော တရုပ်နံနံပင် နှင့် ခပ်ဆင်ဆင်တူလို့ ပါဘဲ။)


လတ်ဆတ်သော တရုပ်နံနံပင် ၁၀၀ ဂရမ်ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော၊ ခွန်အား ၃၆ ကယ် လိုရီ၊ ကစီဓာတ် ၆.၃၃ ဂရမ်၊ ပရို တင်း ၂.၉၇ ဂရမ်၊ အငွေ့ ပြန်လွယ်သောအဆီဓာတ် ၀.၈ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၃.၃ ဂရမ်၊ ဖောလိတ် ၁၅၂ မိုက်ခရိုဂရမ်၊ နီအာစင် ၁.၃၁၃ မီလီဂရမ်၊ Pantothenic အက်ဆစ် ၀.၄ မီလီဂရမ်၊ Pyridoxine ၀.၀၉ မီလီဂရမ်၊ Riboflavin ၀.၀၉၈ မီလီဂရမ်၊ သီအာမင် ၀.၀၈၆ မီလီဂရမ်၊ ဗီတာမင် A ၈၄၂၄ IU၊ ဗီတာမင် C ၁၃၃ မီလီဂရမ်၊ ဗီတာမင် E ၀.၇၅ မီလီဂရမ်၊ ဗီတာမင် K ၁၆၄၀ µg ၊ ဆိုဒီယမ် ၅၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅၄ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၃၈ မီလီဂရမ်၊ ကော့ပါး ၀.၁၄၉ မီလီဂရမ်၊ သံဓာတ် ၆.၂ မီလီဂရမ်၊ မဂနီစီယမ် ၅၀ မီလီဂရမ်၊ မဂနီးစ် ၀.၁၆ မီလီဂရမ်၊ ဖော့စဖရက် ၅၈ မီလီဂရမ်၊ ဇင့် ၁.၀၇ မီလီဂရမ်၊ Carotene-ß ၅၀၅၄ µg၊ Lutein-zeaxanthin ၅၅၆ စသည်ဖြင့် အသီးသီးပါရှိကြပါ တယ်။ ဘေးထွက် ဆိုး ကျိုးဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိပါ။

၁။ တရုပ်နံနံပင်ထဲတွင် ဗီတာမင် C ကြွယ်ဝစွာပါရှိခြင်းကြောင့် - (က) ကိုယ်ခံ အားကောင်းစေပြီး၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ရာသီဖျား အမျိုးမျိုးတို့ အလွယ် တကူမကူးစက်နိုင်ပါ။ (ခ) ရေဓာတ်ပျော်ဝင်သည့် ခန္ဓာကိုယ်အစိပ် အပိုင်း နေရာ အားလုံး တွင်၊ antioxidant များကို အန္တရာယ်ကင်းစွာဖြင့် ပျော်ဝင် ကျိုချက် ပေးနိုင် စွမ်းရှိပါတယ်။ (ဂ) Fatty အက်ဆစ်နှင့် ပတ်သက် သော ရောဂါအမျိုးမျိုးမှ ကင်းဝေးစေ ပါသည်။ (ဃ) Vitamin C ဓာတ်ပါသော ဆေးဝါးများကို အလွန်အကျွံ သောက်သုံးပါက၊ အရိုးအဆစ်ရောင်ရောဂါကို ဖြစ်ပွားစေပါတယ်။ သို့ သော် တရုပ်နံနံပင်တွင်၊ ကျန်းမာရေး အတွက် သင့်တင့်မျှတသော Vitamin C အလုံအလောက်ပါရှိသဖြင့်၊ သက်ကြီးပိုင်းတွင် ဖြစ်တတ်သော ဒူလာပါဒရက်ကဲ့သို့  အရိုးအဆစ်ရောင်ရောဂါများကို ထိထိ ရောက်ရောက် ကာကွယ်ပေးပါတယ်။

၂။ တရုပ်နံနံပင်တွင် ပါရှိသော myristicin (ခေါ်) အငွေ့ ပြန်လွယ်သည့်အဆီက - (က)ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော၊ ဓာတ်ပေါင်းမော်လီကျူးများကို ဖျက်ဆီးပေး သဖြင့်၊ အကျိတ်များဖြစ်ပေါ်မှုကို ဟန့် တားပေးပါသည်။ အထူးသဖြင့် အဆုတ်ထဲ တွင်၊ အဖု/အကြိတ် မဖြစ်အောင် တားဆီးကာကွယ်ပေးပါတယ်။ (ခ) ခန္ဓာကိုယ်ထဲသို့  ၀င်ရောက်လာသည့်၊ စီးကရက် မီးခိုးငွေ့  များနှင့် အသား/ငါးကင်ခြင်းတို့ ကြောင့် ရှုရိုက်မိသော ညှော်နံ့ များကို အာနိသင်ပျက်ပြယ်စေပါတယ်။ (ဂ) ဦးရေပြားခြောက် သွေ့ ပြီးဆံပင်ကျွတ်ခြင်းတို့ အတွက်၊ တရုပ်နံနံပင်အဆီကို လိမ်းပေးခြင်းဖြင့် ဆံပင်သန်စေကာ ဆံသားများ နူးညံ့ချောမွေ့ လာ စေပါသည်။ (ဃ) တရုပ်နံနံပင်မှ ရရှိသော အဆီကို သွား နှင့် သွားဖုံးပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ (င) သွေးထဲရှိ သကြားပမာဏကို လျော့ကျစေလို့  ဆီးချိုရောဂါသည်များကို ကောင်းကျိုးပြုပါသည်။ (စ) ပန်းနာရင်ကျပ်ရောဂါများကို ထိထိရောက်တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

၃။ ဖောလစ်အက်ဆစ် နှင့် ပိုတက်စီယမ်ကြွယ်ဝသော တရုပ်နံနံပင်ကို ပုံမှန်စားပေးခြင်းဖြင့် သွေးထဲရှိ PH ပမာဏကို မျှတစေပြီး၊ နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းညှိပေးကာ၊ နှလုံးသွေးကြောနံရံများအဆီပိတ်ဆို့ ခြင်း၊ နှလုံးရောဂါအမျိုးမျိုး နှင့် နှလုံးရောဂါ ကြောင့် လေဖြတ်ခြင်းတို့ မှ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

၎။ တရုပ်နံနံပင် တွင် Antioxidant အာဟာရများလဲ ပေါကြွယ်ဝသည့်အတွက်၊ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များတွင် အောက်စီဂျင် ပြတ်လပ်မှုကို၊ ကာကွယ်ပေးပြီး၊ သွေးထဲရှိအောက်စီဂျင်ပမာဏကိုလဲ၊ တိုးပွားစေပါသည်။

၅။ တရုပ်နံနံပင် ထဲတွင်ပါရှိသော၊ အခြားအရေးကြီးသည့် Antioxidant တစ်မျိုးဖြစ်သည့်၊ Beta-Carotene သည် ခန္ဓာကိုယ် ထဲရှိ၊ အဆီပျော်ဝင်မှုများကို လုပ်ဆောင်ပေးသည့်အတွက်၊ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပါတယ်။

၆။ နားထဲတွင် မကြာခဏ ပိုးဝင်ခြင်းနှင့် နားအူခြင်း၊ နားလေးခြင်းတို့ အတွက် တရုပ်နံနံပင်ကို တိုင်းရင်းရိုးရာ ကုထုံးများတွင် အသုံးပြုလေ့ရှိပါတယ်။

၇။ ၀မ်းလျောခြင်းအတွက် တရုပ်နံနံပင်က အားထားလောက်သော ဆေးတစ်ခွက်ဖြစ်ပါတယ်။

၈။ တရုပ်နံနံပင်က အမျိုးသမီးများ၏ ဟိုမုန်းထွက်ရှိမှု ပမာဏကိုမျှတစေသောကြောင့် ရာသီမလာခင်သရိုးသရီဖြစ်ခြင်း၊ ရာသီ လာစဉ်နာကျင်ကိုက်ခဲခြင်း နှင့် သွေးဆုံးကိုင်ခြင်း ဝေဒနာများကိုသက်သာစေပါတယ်။

၉။ နာတာရှည်အိပ်မပျော်ခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်းနှင့် အယ်လ်ဇိုင်းမား (ခေါ်) စိတ်ကဆင့်ကလျားရောဂါများ အတွက် တရုပ်နံနံပင်က ကောင်းစွာ ကုသပေးနိုင်ပါတယ်။

၁၀။ ဆံချည်မျှင်သွေးကြောများနှင့် သွေးလွှတ်ကြောများ အားကောင်းစေရန်အတွက် တရုပ်နံနံပင်သတ္တုရည်ကို ယုံကြည်စိတ်ချ စွာ သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် သွေးထဲရှိ ကိုလက်စထရောပမာဏကိုထိန်းချုပ်၍ သွေးကြောမကြီးများကို ပျော့ပျောင်းစေ ပြီး၊ သွေးနီဥထုတ်လုပ်ခြင်းကို အားပေးပါတယ်။

၁၁။ တရုပ်နံနံပင်ထဲတွင် potassium နှင့် sodium ပါရှိလို့ ၊ ခန္ဓာကိုယ်ထဲရှိ ပိုလျှံသော အရည်များကို ဆီးအဖြစ်စွန့် ထုတ်စေကာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစင်ပြီး၊ ဆီးကိုလဲ ရွှင်စေပါတယ်။

၁၂။ ဟင်းသီးဟင်းရွက်များတွင် တွေ့ ရခဲသော ဗီတာမင် K သည် တရုပ်နံနံပင်ထဲတွင် အမြောက်အများပါရှိပါသည်။ ထိုဓာတ်က အရိုး နှင့် သွားများကိုကျန်းမာသန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့်အရိုးကြွတ်ဆတ်ရောဂါများကို မဖြစ်စေပါဘူး။

၁၃။ တရုပ်နံနံပင်ထဲတွင်ပါရှိသော Zea-xanthin ဓာတ်က အသက်အရွယ်ကြီးရင့်၍ မျက်လုံးကြွက်သားများလျော့ကျခြင်း၊ ခရမ်း လွန်ရောင်ခြည်သင့်၍ မျက်ကြည်လွှာထိခိုက်ခြင်း စသော မျက်စေ့ဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။

၁၄။ တရုပ်နံနံပင်ထဲမှာ chlorophyll (ခေါ်) သစ်ပင်အများစုတွင်တွေ့ ရှိရသောအစိမ်းရောင်ဓာတ်ပါရှိလို့ ၊ ခံတွင်းထဲတွင် ဗက်တီးရီးယားပိုးမွှားများ ကြီးထွားလာခြင်းမှ ကာကွယ်ပေးကာ၊ ခံတွင်းရနံ့ ဆိုးခြင်းကို မဖြစ်စေပါဘူး။

၁၅။ တရုပ်နံနံပင်ကို နေ့ စဉ် စားသုံးပေးခြင်းဖြင့် သွေးတိုးကျစေပါတယ်။

၁၆။ လက်ချောင်းများအကွေးအဆန့် ခက်ခဲနာကျင်ခြင်းဝေဒနာများအတွက် တရုပ်နံနံပင်ကို ရေနွေးပူပူထဲ ၁၅ မိနစ်ခန့် စိမ်၍ သောက်သုံးနိုင်ပါသည်။ ထို့ ပြင် ဒူး/တံတောင်ဆစ်/ခါး အရိုးအဆစ်များအံဝင်ဂွင်ကျမကွေးဆန့် မလှုပ်ရှားနိုင်ပါက တရုပ် နံနံပင်အမြစ် (သို့ မဟုတ်) တရုပ်နံနံပင်အစေ့တို့ ကိုပြုတ်သောက်ခြင်းဖြင့် သက်သာစေပါတယ်။

၁၇။ တရုပ်နံနံပင် အမြစ်နဲ့ အရွက်တို့ က အသည်းနှင့် သရက်ရွက်တို့ ကိုခွန်အားဖြစ်စေပါတယ်။

၁၈။ လေ့လာစမ်းစမ်းမှုများအရ၊ တရုပ်နံနံပင်ထဲတွင် ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါရှိဘဲ၊ ကောင်းကျိုးပြု သော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ၊ ဗီတာမင် သတ္တုဓာတ်များ နှင့်ချေဖျက်လွယ်သောအမျှင်ဓာတ်တို့  ကြွယ်ဝစွာပါရှိသည့်ပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော acetylenics , phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများပါဝင်သောကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့ နှံ့ ခြင်းမှကာကွယ်ပေးပြီး၊ အံ့သြဘွယ်ကောင်းစွာအနာများကိုလဲ ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ နှင့် အမျိုးသားများသုက်ရည်ဂလင်း ကင်ဆာ တို့ ကိုဟန့် တား ပေးနိုင်ပါတယ်။

၁၈။ ခန္ဓာကိုယ်ထဲရှိ မကောင်းသော LDLကိုလက်စထရောကို ချပေးတဲ့အတွက်၊ ကိုယ်အလေးချိန်ပုံမှန်ဖြစ်စေပါတယ်။

၁၉။ တရုပ်နံနံပင်သည် အပူငြိမ်းစေသောအစွမ်းအာနိသင်ရှိသဖြင့်၊ ပူပြင်းခြောက်သွေ့ သော ရာသီများတွင် ဖျော်ရည်လုပ် သောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။

၂၀။ တရုပ်နံနံပင်ထဲတွင် polyacetylene ဓာတ်ပါရှိလို့ ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ၊ အရိုးအဆစ်ရောင်ရမ်းနာများ၊ ဂေါက်ရောဂါ၊ ပန်းနာရင်ကျပ် နှင့် လည်ချောင်းနာခြင်း တို့ ကို သက်သာစေပါတယ်။

သတိပြုရန်။

(၁) ကိုယ်ဝန်ဆောင်နေစဉ် တရုပ်နံနံပင် အမြောက်အများစားသုံးခြင်းမှ ရှောင်ပါ။

(၂) သွေးကျစေလို့  မွေးရာပါ သွေးအားနဲရောဂါ ရှိသူများ တရုပ်နံနံပင် ကို မစားသင့်ပေ။

(၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ တရုပ်နံနံပင်က ဆီးရွှင်စေတာမှန်သော်လဲဘဲ၊ အပင်ထဲတွင် oxalates ပမာဏများပါရှိကာ၊ ထို oxalates ဓာတ်က ခန္ဓာကိုယ်ထဲမှ ကယ်ဆီယမ်ဓာတ်ကိုစုပ်ယူပစ်ပြီး၊ ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များကို ခန်းခြောက်စေနိုင်စွမ်း ရှိလို့ ၊ ကျောက်ကပ် နှင့် သည်းခြေတို့ တွင် ကျောက်တည်တတ်သောကြောင့်၊ ကျောက်ကပ်ရောဂါသည်များ နှင့် သည်းခြေအိတ် ဝေဒနာသည်များ အထူးရှောင်ရှားသင့်တယ်လို့  ဆိုပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++
လောကနိယာမသဘောတရားအရ၊ အကောင်းနှင့်အဆိုး၊ အားနည်းချက်နှင့်အားသာချက် တို့ ဒွန်တွဲလျှက်ရှိကြရာ၊ တရုပ်နံနံပင် ကလဲထိုနည်း၎င်း ဖြစ်ပါတယ်။ သို့ သော် လူသား တို့  ကျန်းမာရေးအတွက်အားသာချက်များကာ၊ လက်တကမ်းမှာ အလွယ် တကူရရှိနိုင်သော ရနံ့ ထူးခြားသည့်တရုပ်နံနံပင်ကို “အစာလည်းဆေး၊ဆေးလည်းအစာ” ဆိုသလို စားသုံးနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (elcyclopedia:helath benefits of celery)

19 Oct 2013

တရုတ်နံနံပင်

မြန်မာ့ဆေးဖက်ဝင် တရုတ်နံနံပင်
••••••••••••••••••••••••••••••••
by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 18, 2013 at 11:44pm

Item Name --------- Celery , Wild Celery ( တရုတ်နံနံ)
Category ------------ Raw Material
Botany Term ------- Apium graveolens Linn
Species Family ----- Umbelliferae

မြန်မာပြည်နေရာအနှံ့အပြား၌ စိုက်ပျိုးနိုင်သည်။ သဘာဝအလျေက် ပေါက်ပင်ဖြစ်သော်လည်း ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးကြသည်။ စမုန်စပါးကဲ့သို့ပင် စိုက်ပျိုး၏။

အပင်

နှစ်နှစ်ခံပင်ပျော့မျိုးဖြစ်၍ ၁-၃ ပေ ထိမြင့်သည်။ ပင်စည် ထောင်မတ်၍ အကိုင်းများ ဖြာထွက်သည်။

အရွက်

အလွန်နက်သော အ၀ိုက်များ ပါရှိ၍ ရွက်နားအခွ သို့မဟုတ် မညီညာသော ခွေးသွားစိပ်များ ရှိ၏။ အစိမ်းဖျော့ရောင် ရှိ၏ ။ အနံ့စူးရှသည်။


အပွင့်

ငယ်၍ အစိမ်းရောင်သမ်းသော အဖြူရောင်ရှိ၍ ထီးသဏ္ဍာန်ကဲ့သို့ အဆုပ်လိုက်ပွင့်၏ ။

အသီး

အမြောင်းများပါ၍ ကျဉ်းမြောင်းသည်။

အစေ့

အလွန်သေးငယ်သည်။

► အသုံးဝင်ပုံ

အစေ့

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ စမွတ်သည် ခါး၏ ၊ စပ်၏ ၊ ပူ၏ ၊ ကြေကျက်လွယ်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သုတ်ကို ပွားစေ၏ ၊ နှလုံးကို အကျိုးပြု၏ ၊ လေ ၊သလိပ်ကို နိုင်၏ ၊ လေပြွန်ချောင်းများပူခြင်း ၊ အော့အန်ခြင်း ၊ ကြက်ညှာချောင်းဆိုးခြင်းနှင့် ရေဖျဉ်းရောဂါတို့ကို ပျောက်စေ၏ ။

► အစေ့ အသုံးပြုပုံ

၁ ။ အစေ့ကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ ပျောက်၏။
၂ ။ အစေ့နှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ ပျားရည်နှင့်ရောစားပါက အော့အန်သောရောဂါ ပျောက်၏ ။
၃ ။အစေ့ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။
၎ ။အစေ့ကို ဆားပုပ်နှင့် ရောစားသော် ၀မ်းဗိုက်နာ ကောင်း၏ ။ ထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ၀မ်းကြော ၊ ၀မ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
source >>>https://www.facebook.com/photo.php?fbid=222332137934629&set=a.215718485262661.1073741827.215704881930688&type=1&theater

19 Feb 2013

တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

၎)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။

၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။

၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်ရေးမှာ အစွမ်းထက် ပါတယ်။

၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။

၈) တရုတ်နံနံမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

၉) တရုတ် နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ ဆီးသွားစေတဲ့ အစွမ်းထက် အာနိသင် ရှိပါတယ်။

၁ဝ)တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်း တွေများစွာ ပါဝင်တာကြောင့် ဆီးအိတ် ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တွေ ရှိတာကြောင့် အဆစ် ရောင်နာတွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

၁၂) တရုတ်နံနံမှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျရေးမှာ အရေးပါပါတယ်။

၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုး နံတာကို သက်သာ စေပါတယ်။

ကြယ်စင်
ACM Re-post Time: 2013 Feb 11 10:23
News from: မြ၀တီ (ကျန်းမာရေး)

Twitter Delicious Facebook Digg Stumbleupon Favorites More