Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သြဇာပင်/ရွက်/သီး. Show all posts
Showing posts with label သြဇာပင်/ရွက်/သီး. Show all posts

10 Oct 2013

သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲံသစ်သီးဖြစ်တဲ့ သြဇာသီးဟာ 
အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။

(၁) အစာမကြေဝေဒနာကို သက်သာစေပါတယ်
သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို 
သက်သာစေပါတယ်။

(၂) ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာကို သက်သာစေပါတယ်
သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး 

ဝမ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။

(၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် 

ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို 
ကျန်းမာစေပါတယ်။

(၅) နှလုံးကျန်းမာစေပါတယ်
သြဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များတာကြောင့် 
နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို 
သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။

(၆) အဆစ်ကို ကျန်းမာစေပါတယ်
သြဇာသီးမှာ မဂ္ဂနီဆီယမ် များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို 
ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ် ဖယ်ရှားရေးမှာ ပါဝင်ကူညီပါတယ်။ 
ဒါကြောင့် အဆစ်ရောင်နာတဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။

(၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်
သြဇာသီးမှာ သိုင်ယာမင်း (B1)၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2)၊ 
သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ 
ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် 
စတာတွေပါဝင်တာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၈) ပိုးသတ်အာနိသင်ရှိပါတယ်
သြဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။

(၉) သရေစာအဖြစ် စားနိုင်ပါတယ်
သြဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ 
အချိုပွဲအနေနဲ့ စားသင့်ပါတယ်။

(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်
သြဇာသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါကုသမှုမှာ 
အသုံးဝင်ပါတယ်။

ကြယ်စင်

သြဇာသီးအကြောင်းသိကောင်းစရာ (နှင့်ကျန်းမာရေး)

သြဇာသီးပင်တို့ ပေါက်ရောက်ရာဒေသမှာ အနောက်အင်ဒီယန်းကျွန်းစုတို့ ဖြစ်ပြီး၊ ယခုအခါတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျယ်ပြန့် စွာ တွေ့ ရှိရပါသည်။ အိန္ဒိယနိုင်ငံအနှံ့ တွင် သြဇာပင်ကို ဆေးပင်အဖြစ် အဓိကထားစိုက်ပျိုးကြပါသည်။ အထူးသဖြင့်  ပူနွေးစိုစွတ်သော မြေမျိုး တွင် ကောင်းစွာဖြစ်ထွန်းကြ၏။ 'ANNONA SQUAMOSA' ဟု ရုက္ခဗေဒအမည်ရသော ထိုသြဇာပင်တို့ သည် အစေ့မှ အပင်ပေါက်သလို၊ ကိုင်းကူးကိုင်းဆက်နည်းဖြင့်လဲ ရှင်သန်နိုင်ပါသည်။ ယေဘုယျအားဖြင့် အစေ့မှစိုက်သောအပင်သည် အသီးနောက်ကျတတ်ပြီး၊ ကိုင်းကူးကိုင်း ဆက်မှပေါက်သောအပင်သည် တစ်နှစ်သားအရွယ်မှစ၍ အသီးသီးပါသည်။ အကိုင်းရင့်ရင့်ကိုချိုးပြီးလဲ စိုက်နိုင်ပါသည်။ အကယ်၍အပင်က လောင်းရိပ်မိနေလျှင်၊ ၅-နှစ်သက်တမ်းကြာတဲ့အထိအသီးမသီးတတ်ပါ။ ရှင်သန်လွယ်သော အစိမ်းရောင်ချုံနွယ်မျိုးဝင် ရွက်ကြွေပင်ငယ် ငယ ဖြစ်ပြီး၊ ၁၅-ပေ မှ ၂၀-ပေ ထိ မြင့်တတ်ပါသည်။

သူရှင်သန်ရာ၊ ရေမြေရာသီဥတုသဘာဝပေါ်မူတည်ပြီး အသီး၏အရွယ်အစားမှာ ၃-လက္မခွဲမှ ၆-လက္မခွဲထိ ရှိတတ်ပါသည်။ အသီးကို ခပ်ဝိုင်းဝိုင်းပုံ၊ ရှည်မျောပုံပုံ၊ အသည်းပုံ၊ တစ်ဖက်ဖောင်းတစ်ဖက်ပိန် စသည်ဖြင့် ပုံစံမျိုးမျိုးတွေ့ ရ တတ်ပါသည်။ အခွံမှာပါးသော်လဲ၊ ရာဇမတ်ကွက်ပုံသဏ္ဍာန်တို့ ဖြင့် တော်တော်လေး ကြမ်းထော်ပါသည်။ အသီးတို့ ထုံးစံအတိုင်း မမှည့်ခင် စိမ်းဖန့် ဖန့် ရောင်ဖြစ်ပြီး၊ မှည့်သွာေးသာအခါမှာ ၀ါညစ်ညစ်ရောင် (သို့ မဟုတ်) အညိုရောင်ပြောင်းသွားတတ်ပါသည်။ မမှည့်ခင်အလွန်မာပြီး၊ မှည့်သောအခါမှာတော့ အခွံပျော့သီးဖြစ်သွားပါသည်။ ရှဥ့် နှင့် ကျေးဌက်သတ္တ၀ါများကလည်း သြဇာသီးကို ကြိုက်ကြသည့်ပြင်၊ သဘာဝအရ အမှည့်မြန်ပြီးကြွေကျတတ် တာကြောင့် အပင်မှာအက်ကွဲသည်အထိ မထားရပါဘူး။ အသီးတော်တော်ရင့်ပြီး မျက်စိကျဲလာတာနဲ့တပြိုင်နက် ခူးဆွတ်ပြီး အုပ်ထားရပါမည်။ အခွံ၏အောက်မှာ အရသာမွှေးချိုသည့် ကရင်မ်ဖြူရောင် အသားအနှစ်ပျော့များရှိပြီး၊ ထိုအသားတို့ က အနက် ရောင်တောက်ပြောင်သော အစေ့တို့ ကို ဖုံးအုပ်ထားပါသည်။ ထိုအစေ့က အဆိပ်ဖြစ်စေတတ်သဖြင်ဝါးစားလို့ မရပါဘူး။ ပရဆေးဝါး အဖြစ် လွန်စွာ အသုံးတဲ့၏။

မြန်မာပြည်မှာ *သြဇာ* ဟူသော အတိတ်နမိတ်ကိုကောက်ခါ၊ သြဇာတက္ကိမ ဘုန်းတန်ခိုးကြီးရန်ဟူသော ယုံကြည်မှုဖြင့် ဘုရား၊ သံဃာများ ကို သြဇာသီးဖြင့် လှူဒါန်းလေ့ရှိကြပါသည်။ ထို့ ပြင် သြဇာကိုင်းချိုး၍ အဆောင်လက်ဖွဲ့  ဆောင်ထားကြလေ၏။ သြဇာသီးကို “အဖေက အနူ..အမေက တရုတ်..သားက ကုလား...” ဟု စကားဝှက်တမ်း ကစားကြပါသည်။ သြဇာပင်တို့ သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်ကြပြီး၊ ပြင်ဦးလွင်၊ တောင်ကြီး နှင့် ကရင်ပြည်နယ်တို့ တွင်မိုးလယ်ကာလမှစ၍ သြဇာသီး၊ လှိုင် လှိုင်ထွက်ရှိ၏။ အထူးသဖြင့် ပုပ္ပါးမှထွက်သော သြဇာသီးသည် အရွယ်ပိုမိုကြီးမားကြပြီး၊ ပြည်မြို့ မှထွက်သော ခရမ်းရင့်ရောင်ဆန်ဆန် နီညိုညိုအသီးတို့ က အရသာပိုချိုသည်ဟု နံမည်ကြီးပါသည်။

ရိုးရိုးသြဇာသီးထက်အတော်အတန်ကြီးမားကာ၊ ဆူးပျော့ပျော့လေးများပါရှိပြီး၊ မျိုးရိုးကွဲပြားသော “ဒူးရင်းသြဇာ” လည်းရှိပါသည်။ ချိုချဉ်ချဉ် အရသာနှင့်အနံ့ နဲနဲပြင်းပြင်းကာ၊ အထဲကအတွင်းသားများသည် ပုံမှန်သြဇာသီးထက် ပျော့အိပြီး အစေ့လဲနဲပါး၏။ ၄င်းက ကင်ဆာရောဂါ အတွက်အလွန်ဆေးဘက်ဝင်သည်ဟု နံမည်ကြီးပြီး၊ မြန်မာပြည်မှာတွေ့ ရခဲသဖြင့် ဈေးလဲကြီး၏။ နောက်တစ်မျိုးရှိပါသေးသည်။ နီညိုရောင်ရှိ ကာ၊ ပုံမှန်သြဇာသီးများထက်အရွယ်ပိုကြီးပြီး၊ ပိန္နဲသီးရနံ့ ထွက်ရှိသဖြင့် “ပိန္နဲသြဇာ” ဟု ခေါ်ကြပါသည်။ ရှမ်းပြည်ဒေသတွင် အများအပြား တွေ့ ရတတ်၏။ အပေါ်ယံအခွံသည် သရက်သီးခွံကဲ့သို့ ပါးလွှားကာ၊ ပျားအုံကွက် ဒီဇိုင်းဖြစ်ပါသည်။ အစေ့ကမပါသလောက် အလွန်နဲပါးကာ၊ အနှစ်သားများဖြင့် ပြည့်နေပါသည်။ အချိုအရသာ နဲနဲပေါ့သော်လဲဘဲ၊ အရွယ်ကြီးမားကာ၊ အသားလဲထူသဖြင့် တစ်လုံးစား ပြီးတာနှင့်အီစိမ့် သွားမှာအမှန်ပါ။

သဘာဝသကြားဓာတ်ပါရှိလို့ ချိုလဲချို၊ မွှေးလဲမွှေးသောသြဇာသီးများကို မြန်မာပြည်တော့ သူ့ ချည်းသက်သက် သွားရည်စာ၊ အချိုပွဲအဖြစ်သာ စားလေ့ရှိပါသည်။ နိုင်ငံခြားတိုင်းပြည်များမှာတော့ သြဇာသီးကို နွားနို့ ဖြင့်ရောကာ၊ Milk Shake အဖြစ်လည်းကောင်း၊ ယို၊ ဂျယ်လီ၊ ရေခဲမုန့် ၊ ရှာရဘတ်ရည်(ဖျော်ရည်)အဖြစ်လည်းကောင်း၊ကိတ်မုန့်  တွင်အရသာရှိစေရန်အတွက်လည်းကောင်း၊စသည်ဖြင့် အမျိုးမျိုးလုပ်စားကြပါသည်။

သြဇာသီးနှင့်ကျန်းမာရေး။

သြဇာသီးသည် အရသာရှိသည့်ပြင်၊ လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်တို့  စုဝေးရာအရင်း အမြစ်ဖြစ်ပါ သည်။ သြဇာသီးသာမက၊ အရွက်၊ အစေ့၊ ပင်စည်၊ အမြစ် စသည်ဖြင့် တစ်ပင်လုံးဆေးဖက်ဝင်ပါသည်။ ၁၀၀ ဂရမ် အလေးချိန်ရှိသော သြဇာ သီးထဲတွင် ဗီတာမင်ဘီ (ခေါ်) သီအာမင် ၀-၀၇ မီလီဂရမ်၊ ဗီတာမင်အေ ၁ မီလီဂရမ်၊ ဗီတာမင်ဘီ ၂ (ခေါ်) ရီဘိုဖလာဗင် ၀.၀၉ မီလီဂရမ်၊ သဘာဝသကြားဓာတ် ၁၆ ဂရမ်၊ ဗီတာမင်ဘီ ၃ (ခေါ်) နီအာစင် ၀.၇ မီလီဂရမ်၊ ကစီဓာတ် ၂၃.၇၁ ဂရမ်၊ သံဓာတ် ၀.၇ မီလီဂရမ်၊ အက်ဆစ်ဓာတ်ပေါင်း ၀.၄ မီလီဂရမ်၊ ခွန်အား ၈၆ ကယ်လိုရီ၊ ပရိုတင်း ၃ ဂရမ်၊ ဇင့် ၁.၅ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၆၆ ဂရမ်၊ ကော့ပါး ၂.၄ မီလီဂရမ်၊ ပိုတက်စီယမ် ၄၅၀ မီလီဂရမ်၊ ဆိုဒီယမ် ၉ မီလီဂရမ်၊ ကယ်စီယမ် ၁၉ မီလီဂရမ်၊ ဗီတာမင်စီ ၃၃ မီလီဂရမ်၊ အမျှင်ဓာတ် ၂.၁ ဂရမ်၊ ပျော်ဝင်လွယ်သော Solids (Brix) ၂၂.၃% စသည်ဖြင့် အသီးသီးပါရှိကြပါသည်။

(၁)ဗီတာမင်ဘီ6၊ပိုတက်စီယမ် နှင့်မဂ္ဂနီစီယမ်ဓာတ်ပါရှိခြင်းကြောင့် နှလုံးကြွက်သားတွေကိုပြေလျော့စေပြီး၊
နှလုံးအားနဲ၍နှလုံးခုန်မမှန်ခြင်း နှင့် နှလုံးရောဂါ ဝေဒနာများအတွက်သြဇာသီးက ကောင်းကျိုးပြုပါသည်။
နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိသော၊ လေဖြတ်ခြင်း နှင့် သွေးတိုးရောဂါတို့ ကိုလဲ မဖြစ်စေပါ။

(၂) ဗီတာမင်ဘီဓာတ်ချို့ ယွင်းမှုကြောင့်၊ အရေပြားရောဂါ၊ လည်ချောင်းနာခြင်း၊ လျှာနာခြင်း၊ တက်ခြင်း၊ စိတ်ဓာတ်ကျ စိတ်အားငယ်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဗီတာမင်ဘီ ကြွယ်ဝသော သြဇာသီးကိုစားပေးခြင်းဖြင့် ထိုရောဂါ တို့ ကို ကြိုတင်ကာကွယ်ထားနိုင်ပါသည်။ နှစ်ခြိုက်စွာ အိပ်မောကျစေပါသည်။

(၃) သြဇာရွက်ကိုကြိတ်၍ သတ္တုရည်သောက်သုံးပေးခြင်းဖြင့်၊ သန်နှင့် တုတ်ကောင်များကို ကျစေနိုင်ပါသည်။

(၄) အမျှင်ဓာတ်အလုံအလောက် ပါရှိခြင်းကြောင့်၊ အစာချေစံနစ်ကိုကောင်းမွန်စေပြီး၊ ၀မ်းကိုလဲမချုပ်စေပါ။ ထမင်း စားပြီးတိုင်း အစာကျေစေ ရန်အတွက် သြဇာသီးစားပေးသင့်ပါသည်။ လေပူထိုးခြင်း၊ လေနာရောဂါများ နှင့် အစာအိမ်မကောင်း၍ မအီမသာဖြစ်ခြင်း၊ သွေးအန်ခြင်း တို့ကိုလည်း ပျောက်ကင်းစေပါသည်။

(၅) ၀မ်းသွားပါက သြဇာရွက်ပြုတ်ရည်ကိုသောက်သုံးနိုင်ပါသည်။ ၀မ်းလျောပြီးအားပြန်လည်ပြည့်စေရန်အတွက် သြဇာသီးပင် အခေါက်ပြုတ် ရည်က၊ အားကိုးလောက်ပါပေသည်။ အသီးစိမ်းသည် ကော့ပါးပါရှိသောကြောင့် ၀မ်းသွားခြင်းနှင့်ဝမ်းကိုက်ခြင်း တို့ ကို ကောင်းစွာကုသပေး နိုငိသည့်အတွက်၊ အသီးစိမ်းကိုအခြောက်လှမ်း အမှုန့် ကြိတ်ပြီးသောက်ပေးသင့်ပါသည်။

(၆) အမြစ်ကိုသွေး၍ သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်းစေပါသည်။

(၇) သြဇာသီးက၊ ဆေးလိပ်သောက်သူများ၏ အဆုတ်တွင် နီကိုဒင်းအဆိပ်ဓာတ်ကို ဖြေဖျောက်ပေးကာ၊ အဆုတ် ကိုသန့် စေပါသည်။

(၈)ဗိုက်တာမင်စီ နှင့်ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိခြင်းကြောင့်၊ကိုယ်ခံစွမ်းအားကို
ကောင်းမွန်တိုးတက်စေကာ၊ ခန္ဒာကိုယ်ထဲရှိ မလို လားအပ်သော free radicals များကို နှိမ်နှင်းပေးပါသည်။

(၉) အသီးထဲတွင် ဗီတာမင်အေ ပါရှိသောကြောင့်၊ မှန်မှန်စားပေးခြင်းဖြင့် ဆံပင်၊ မျက်စေ့၊ ခြေသည်းလက်သည်း နှင့် အသားအရည်တို့ ကို ကောင်းကျိုးပြုပေးနိုင်ပါသည်။ သြဇာစေ့အမှုန့် ကို ညအိပ်ခါနီး ဆံပင်အနှံ့ လိမ်းကျံ ပေးပြီး၊ နောက်တစ်နေ့ နံက်ကြည့်လိုက်ပါ။
ဆံသားများ နက်မှောင်တောက်ပြောင်လာသည်ကို အံ့သြစွာ တွေ့ မြင်ရပါမည်။ (သို့ သော် သြဇာစေ့အမှုန့် မျက်စေ့ထဲမ၀င်ရန်အထူးသတိပြုပါ)

(၁၀) အသီးထဲတွင် ပြည့်ဝဆီ၊ ကိုလက်စထရော နှင့် ဆိုဒီယမ်တို့  ပါဝင်မှုနဲပါးပြီး၊ ကစီဓာတ်ကြွယ်ဝခြင်းကြောင့်လည်း ခွန်အားတိုးပွားစေပြီး၊ ကျန်းမာရေးကို ဘက်စုံကောင်းစေပါသည်။ နာလန်ထစလူနာများ သြဇာသီးစားပြီး အားပြန်ပြည့်စေပါသည်။

(၁၁) ခန္ဒာကိုယ်အရေပြားပေါ်ရှိ ပြည်တည်နာ၊ မွေးကျွတ်နာ နှင့် ဖက်ခွက်နာတို့ ဖြစ်ပွားပါက၊ သြဇာသီးအနှစ်သား (သို့ မဟုတ်) သြဇာရွက် ခြေပြီး ၄င်းသတ္တုရည်ဖြင့် ထိုအနာပေါ်အုံပြီးစည်းထားပေးခြင်းဖြင့် ပြည်ပုပ်များစုပ်ယူ ခမ်းခြောက်ကာ၊ အနာမြန်မြန် ကျက်စေပါသည်။

(၁၂) သြဇာသီးထဲတွင် ကော့ပါးဓာတ် အမြောက်အများပါရှိပေရာ၊ သွေးထဲရှိဟေမိုဂလိုဘင်ကိုတိုးပွားစေပြီး၊သွေးအား ကောင်းစေပါသည်။ ထို့ ကြောင့် သွေးအားနည်း ရောဂါသည်များ မှီဝဲစားသုံးသင့်ပါသည်။

(၁၃) သြဇာပင်အခေါက်သည် တစ်ရှုးများကိုကျုံ့ ကျဉ်း၍သွေးတိတ်စေနိုင်သော အာနိသင်ရှိခြင်းကြောင့်၊ အရေပြားပွန်ပဲ့ဒဏ်ရာများနှင့် ခွဲစိပ် ထားသောအနာများပေါ်တွင် ဖြူးပေးနိုင်ပါသည်။ သွားကိုက်သွားနာခြင်းများအတွက်လည်း သြဇာပင်ခေါက်အမှုန့် ဖြင့် သိပ်ပေးနိုင်ပါသည်။

(၁၄) အသီးထဲတွင် မဂနီစီယမ် အမြောက်အများပါရှိခြင်းကြောင့်၊ ခန္ဒာကိုယ်ထဲရှိရေဓာတ်ကိုမျှတစေသည့်ပြင်၊ အရိုးအဆစ်များမှ အက်ဆစ် များကိုဖယ်ရှားပေးနိုင်သောကြောင့် အဆစ်အမြစ်ယောင်နာ ရောဂါအမျိုးမျိုးနှင့် ဂေါက် ရောဂါတို့ ကို မဖြစ်လာစေပါ။

(၁၅) သြဇာစေ့ကအဆိပ်ရှိ၍ စားသုံးရန်မသင့်သော်လဲ၊ အင်းဆက်ပိုးကောင်တွေကိုသတ်ပေးနိုင်သဖြင့် ထိုအစေ့ကို ထောင်းကာ၊ ၀ဲနှင်းခူနာ များပေါ်ဖြူးပြီး ပိုးသတ်ပေးနိုင်ပါသည်။ မြန်မာ့ဆေးကျမ်းများတွင် သြဇာစေ့အတွင်းဆံကိုကြိတ်၍ မီးရှို့အခိုးမှိုင်းတိုက်ပြီး ရှုရိုက်ပေးပါက ၀က်ရူးပျံရောဂါ ပျောက်ကင်းသည်ဟုဆိုပါသည်။

(၁၆) အပူချိန်မကျဘဲ အပြင်းဖျားသောလူနာများကို သြဇာသီးအစိမ်း၊ အရွက်၊ အခေါက်၊ အမြစ် တို့ ကိုရော၍ ရေ ၁-လီတာဖြင့် ၅-မိနစ် ပြုတ်ပြီး တိုက်ပေးပါက၊ အဖျားများယူပစ်သလို ပျောက်ကင်းသွားစေပါသည်။

(၁၇) လူတစ်ဦးတစ်ယောက်အတွက် တစ်နေ့ တာ ကော့ပါးလိုအပ်မှုပမာဏမှာ ၉၀၀ မီလီဂရမ်ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အတွက် တစ်နေ့ တာ ကော့ပါး လိုအပ်မှုပမာဏမှာ ၁၀၀၀ မီလီဂရမ် ဖြစ်ပါသည်။ ကော့ပါးဓာတ်ချို့ တဲ့သော မိခင်လောင်းသည် အချိန်မတိုင်မှီ မီးဖွား စေပြီး၊ ဆောက်ဆက်တွဲပြသနာများအနေဖြင့် သွေးဖြူဥအားနဲကာ၊ အရိုးကျိုးလွယ်ပါသည်။ကော့ပါးဓာတ်ကြွယ်ဝသော သြဇာသီးကို အားဖြည့် အစာအဖြစ် စားသုံးနိုင်ပါသည်။

(၁၈) သြဇာသီးတွင် ကယ်လိုရီပမာဏမြင့်မားစွာပါရှိပါသည်။ ခန္ဒာကိုယ်သေးသွယ်ပိန်လွန်းသူများ၊ ကိုယ်အလေးချိန် တက်လိုပါက၊ သြဇာသီး အနှစ်ကို ပျားရည်ဖြင့်ရော၍ စားသုံးပေးနိုင်ပါသည်။

(၁၉) သြဇာသီးထဲရှိ ပိုတက်စီယမ်အစွမ်းက၊ ကြွက်သားများ ကိုခွန်အားဖြစ်စေပါသည်။

(၂၀) အရွက်ကြိတ်၍ အုံကပ်ပေးပါက အကြောငုပ်ခြင်း နှင့် အကြောတက်ခြင်းများကို ပြေပျောက်စေပြီး၊ အရွက်ကို ချေ၍ရှုပေးပါက အမူး အမော် နှင့် ထိပ်ကပ်နာတို့ ကို ပျောက်စေပါသည်။

(၂၁) ယနေ့ ဆေးသိပ္ပံနည်းအရ၊ ကင်ဆာရောဂါတို့ ကို ခီမိုဆေးသွင်း၊ ကုသစေပါသည်။ ခီမိုဆေးစွမ်းက ခန္ဒာကိုယ် ထဲရှိ ဆဲလ်အကောင်း/ အဆိုးအားလုံးကို သတ်ပစ်ကြပြီး၊ သြဇာသီးမျိုးနွယ်ဝင် ဒူးရင်းသြဇာကတော့ ကင်ဆာဆဲလ်ကိုသာ ရွေးသတ်ပေးသည့်အပြင်၊ ကင်ဆာ အကျိတ်အခဲများကိုပါ ကောင်းစွာနှိမ်နှင်းပေးနိုင်စွမ်းရှိပါသည်။ ထို့ ကြောင့် မည်သည့်ကင်ဆာဝေဒနာသည်မဆို၊ ဒူးရင်းသြဇာ အရွက် ၂၀ ကို ရေ ၇-ခွက်ထဲ့ပြီး မီးအေးအေး ဖြင့် (၂)နာရီခန့် ကြာအောင်တည်ပေးပြီးနောက် တစ်ရက်လျှင် (၃)ကြိမ်နှုံးဖြင့် (၂)ခွက်စီ သောက်ပေးပါ။ ဤ နည်းအတိုင်း ၅-ရက်တိတိ သောက်သုံးပေးခြင်းဖြင့်သိသိသာသာ အကျိုးထူးခံစားရပါလိမ့်မည်။ (ထိုသို့  သောက်နေစဉ်အတွင်း ဒူးရင်းသြဇာ သီးကိုလဲ စားသုံးနိုင်ပါသည်)

အသားအရေထိန်းသိမ်းနည်း။


မိမိအိမ်မှာပင်မျက်နှာကို သြဇာသီးဖြင့်အလွယ်တကူ scrubs လုပ်လို့ ရပါသည်။ ဒီနည်းက မျက်နှာအသားအရေကို ဘေးထွက် ဆိုးကျိုးမဖြစ် စေပါ။ ရှေးဦးစွာမျက်နှာကို သန့် စင်ဆေးကြောပါ။ သြဇာသီး အစေ့ကိုဖယ်၍ အသားနှင့်အနှစ်တို့ ကို ဒိန်ချဉ် (သို့ မဟုတ်) ဗီတာမင်စီဓာတ် ပါသော မျက်နှာလိမ်းကရင်မ်ဖြင့် ရောသမမွှေပေးပါ။ ပြီးနောက် မျက်နှာတစ်ပြင်လုံးကို ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ မျက်စေ့ထဲမ၀င် အောင်ဂရုစိုက်ပါ။ လိမ်းပြီး၊ မိနစ် ၂၀ ခန့်  အကြာမှာ ရေအေးအေးဖြင့် သစ်ပေးပါ။ သြဇာသီး၏ အစွမ်းက၊ မျက်နှာအသားအရည်ကို ၀င်းလက် စိုပြည်စေပြီး၊ ဒိန်ချဉ် (သို့ မဟုတ်) ကရင်မ် ထဲတွင်ပါရှိ သော lactose အက်ဆစ်ဓာတ်က မမြင်ရသောပိုးမွှားများကိုသေစေကာ၊ မျက်နှာပေါ်ရှိ ချေးညှော်များ နှင့် မှဲ့ ခြောက်တို့ ကို ၁၀၀% သန့် စင်စေ ပါသည်။ ဤနည်းအတိုင်း တစ်ပတ်တစ်ကြိမ်လုပ်ပေးရုံဖြင့် လုံလောက်ပါသည်။

သတိပြုရန်။

(၁) ကလေးများက သြဇာသီးစေ့လေးမျာကို ဇယ်တောက်တမ်းကစားတတ်ကြပါသည်။ နား နှင့် နှာခေါင်းထဲ မတော်တဆ အစေ့ မ၀င်စေရ အောင် သတိပြုပေးသင့်ပါသည်။

(၂) သြဇာသီး နှင့် ပျားရည် ကို တွဲဖက်မစားသင့်ပါ။ အော့အန်တတ်ပြီး၊ အခန့်  မသင်ရင်သေစေနိုင်ပါသည်။

(၃) ၀က်သားသည် အအေးစာဖြစ်ပြီး၊ သြဇာသီးသည် အပူစာဖြစ်သဖြင့် တွဲဖက်၍မစားသင့်ပါ။ မူးဝေအော့အန် တတ်ပါသည်။

(၄) သဘာဝသကြားဓာတ်ကြွယ်ဝသဖြင့်၊ ဆီးချိုဝေဒနာသည်များ ရှောင်ရှားရပါမည်။

(၅) ချွဲ၊သလိပ်ကို အားပေးသဖြင့် ပန်းနာရောဂါသည်များ မစားသင့်ပေ။

မှတ်ချက်။

(၁) အသီးနုနုတို့ ကို အချိန်ကြာမြင့်စွာ အုပ်ထားသော်လဲ မမှည့်လာဘဲ၊ မှိုတက်ပြီးမည်းသွားတတ်ပါသည်။ ထို့ ကြောင့် သြဇာသီးကို ကိုင်ကြည့်သောအခါ၊ လက်ထဲတွင် အလေးချိန်စီးပြီး၊ မျက်ကွင်းကျယ်သော အသီးရင့်ရင့်တို့ ကိုသာရွေးဝယ်ပါ။ ၀ယ်ပြီးသော အသီးတွေ မပိပြားရလေအောင် အင်ဖက်တွေဖြင့် အထပ်လိုက် ဖုံးအုပ်ထားပါ (သို့ မဟုတ်) ဆန်အိုးထဲတွင် အမှည့်ခံပါ။

++++++++++++++++++++++++++++++++++++++++

“မသိသူကျော်သွား၊ သိသူဖော်စား” ဟူသော မြန်မာစကားပုံရှိပါသည်။ ဆေးပညာရှုထောင့်မှ ကြည့်ပါက သြဇာသီးတစ်ပင်လုံးက သိပံ္ပွနည်းအရသာမက၊ တိုင်းရင်းဆေးဝါးကုထုံးအတွက်ပါ အံ့မခန်း အသုံးဝင်နေပါသည်။ ထို့ ကြောင့်အရသာလဲရှိ၊ ကျန်းမာရေး အတွက်လဲ ကောင်းကျိုးပြုသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် သြဇာသီးကို လက်လွတ်မခံသင့်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)

9 Oct 2013

သြဇာပင်

မြန်မာ့ဆေးဖက်ဝင် သြဇာပင်
••••••••••••••••••••••••••••••••••••••••••••••••••••••••
by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 10, 2013 at 5:10am

Item Name --------- Custard-Apple (သြဇာ)
Category ------------ Raw Material
Botany Term ------- Annona squamosa Linn
Species Family ----- Annonaceae

မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူး သဖြင့် မြန်မာ နိုင်ငံ အလယ်ပိုင်း တွင် အများအပြား စိုက်ပျိုး ပေါက်ရောက်သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက်သည်

အပင်

ရွက်ကြွေ ပင်ငယ်မျိုး ဖြစ်၍ အမြင့် ၁၅-၂၀ ပေထိ မြင့်သည်။ အကိုင်းများစွာ ဖြာပြီး နီညိုရောင်ရှိသည်။ အခေါက်တွင် မီးခိုး ရောင် အကွက် များ ရှိသည်။

အရွက်

ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ ရွက်ရင်း သွယ်ပြီး ရွက်ထိပ်ချွန်သည်။ ရွက်နားညီ သည်။ ရွက်ညှာ တိုသည်။ အပေါ် မျက်နှာပြင် အနည်းငယ် ကြမ်းသည်။ ရွက်ကြော ထင်ရှားသည်။ အနံ့ ရှိသည်။


အပွင့်

တစ်ပွင့်တည်း သို့မဟုတ် ၂ ပွင့် မှ ၄ ပွင့်ထိ ပွင့်သည်။ သေးငယ် ၍ မွှေးပြီး စိမ်းဝါရောင် ရှိသည်။ တပေါင်း ၊ တန်ခူး လတွင် ပွင့်သည်။

အသီး

အစိမ်းရင့်ရောင် ရှိ၍ တစ်လုံးချင်း သို့မဟုတ် စုပြုံ၍ သီးသည်။ အစေ့များ ခွံပျော့သီး ဖြစ်သည်။ အသားထူ သည်။ အနံ့ ရှိသည်။ နယုန် ၊ ၀ါဆိုလ တွင် စတင် သီးသည်။

အစေ့

ချိုသော အသားပျော့ ဖြင့် ဖုံးအုပ်ထား ၏ ။ အနက်ရောင် ရှိ၍ တောက်ပသည်။ ၎င်း အစေ့မှ အဆီ ထုတ်ယူ နိုင်သည်။

► အသုံးဝင်ပုံ

အရွက် ၊ အသီး ၊ အစေ့၊ အမြစ် နှင့် အခေါက်။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ သြဇာသီး သည် အေး၏ ၊ သွေးအားကို တိုးပွား စေသည်။နှလုံးကို အကျိုးပြု ၏ ။ပူလောင်ခြင်း ၊ လေပူ ရောဂါ နှင့် သွေးအန်ရောဂါ များ အတွက် ပယ်ဖျောက် နိုင်၏ ။

► အရွက်အသုံးပြုပုံ

၁ ။ သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ အရွက်ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။
၂ ။ အရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။

► အသီးအသုံးပြုပုံ

၁ ။ အသီးစိမ်း သည် ချုပ်သော သတ္တိ ရှိသဖြင့် ၀မ်းသွား ခြင်း ၊ ၀မ်းသက်ခြင်း များ အတွက် ကောင်း၏ ။ ၀မ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေသည်။

► အစေ့အသုံးပြုပုံ

၁ ။ အမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။ သြဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ၀က်ရူးနာ ပျောက်ကင်း သည်။

အမြစ်အသုံးပြုပုံ

၁ ။ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။အခေါက် ၁ ။ အခေါက်ကို အားဆေး ဖော်စပ်ရာ တွင် အသုံး ပြု ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
shared by >>>https://www.facebook.com/photo.php?fbid=219577421543434&set=a.215718485262661.1073741827.215704881930688&type=1&theater

Twitter Delicious Facebook Digg Stumbleupon Favorites More