Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပန်းသီး/ဖျော်ရည်. Show all posts
Showing posts with label ပန်းသီး/ဖျော်ရည်. Show all posts

7 Feb 2014

ပန်းသီး ဖျော်ရည် ပုံမှန် သောက်လျှင် အရေပြား တွန့် ခြင်းမှ ကာကွယ်နိုင်

 
ပန်းသီး ဖျော်ရည်ကို ပုံမှန် သောက်သုံး ပေးပါက အသက်အရွယ် ရလာသည့် အခါ အသားအရေ တွန့်ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်း တို့ကို ကာကွယ် ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ ရှိချက်တွင် ဖော်ပြ ထားပါသည်။

ပန်းသီး ဖျော်ရည်တွင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် အပါအ၀င် အခြားသော ဓာတ်ပေါင်း များက ခန္ဓာကိုယ် အရေပြား ဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်း ဖွင့်ဖြိုးရန် အထောက်အပံ့ ပေးကြောင်း ပညာရှင်များက ပြောကြား ပါသည် ။


 မြ၀တီ

11 Nov 2013

ပန်းသီး၏ အသုံးဝင်ပုံများ

ကမ္ဘာ့နေရာအနှံ့မှာ ပန်းသီးအမျိုးပေါင်းတစ်သောင်းနှစ်ထောင်ကျော် ပေါက်ရောက်တဲ့အတွက် ပန်းသီးဟာ နေရာတိုင်းလိုလို တွေ့ရတဲ့အသီးဖြစ်ပါတယ်။

ရှေးကဆေးပညာကျမ်းတွေမှာ ပန်းသီးဟာ အစာအိမ်နဲ့ နှလုံးအတွက်ကောင်းစေပြီး ကလေးများရဲ့ ဝမ်းဖောဝမ်းရောင်မှုကို သက်သာစေကြောင်း တွေ့ရှိရပါတယ်။

ပန်းသီးဟာ သွေးထဲရှိ မကောင်းတဲ့ အဆီဓာတ်ကို ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်ပေးနိုင်ရုံသာမက သူ့မှာပါဝင်တဲ့ ပက်တင်(Petin)ဆိုတဲ့ ဓာတ်ကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေနဲ့ အစာတွေကို ကင်းစင်စေတဲ့ အာနိသင်လည်းရှိပါတယ်။ဒါကြောင့် အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယိအလုပ်လုပ်ရသူတွေ ဆေးလိပ်သောက်သူတွေကို ပန်းသီးမှန်မှန်စားသုံးဖို့ အကြံပြုထားပါတယ်။

ပန်းသီးကိုပါးပါးလှီး ရေသုံးဆနဲ့ ထည့်ပြီးဆူအောင်တည် ပြီးရငိနွေးအောင်ထားပြီးသောက်ပါက ကျောက်ကပ်နဲ့ ဆီးအိမ်မှာတည်တဲ့ ကျောက်ကိုလည်း ကျေစေပါတယ်။

ပန်းသီးစားသုံးခြင်းဖြင့် ဆေးဖက်ဝင်စေတဲ့ အခြားအာနိသင်တွေကတော့ သွေးအားနည်းရောဂါ သွေးတိုးရောဂါ နှလုံးရောဂါ အူရောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပန်းသီးကို အခွံမနွှာပဲစားရင် ချောင်းဆိုး ပန်းနာ ရင်ကျပ်ပါ ပျောက်စေပါတယ်။

ထို့ကြောင့် အဆင်းရော အရသာပါ ပြည့်စုံတဲ့ပန်းသီးကို ရသာယန ဆေးပန်းသီးဟု တင်စားခေါ်ဆိုလိုက်ချင်ပါတော့သည်။

13 Oct 2013

ပန်းသီးစားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုး(၁ဝ)ချက်


တစ်နေ့ပန်းသီးတစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်ဖော်ပြပါအချက်များသည် ပန်းသီးစားသုံးခြင်း ၏ဆိုရိုးကို ထောက်ခံသောရလဒ်များပင်ဖြစ်သည်။
 
၁။ အရိုးကိုကာကွယ်ခြင်း
Flavanoid ဒြပ်ပေါင်းသည် သွေးဆုံးပြီး အမျိုးသမီးများ၏အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာပါရှိသည်။ ထို့အပြင် ပန်းသီးတွင်ပါသည့် Boron ဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။
 
၂။ ပန်းနာရင်ကျပ်ရောဂါမှကာကွယ်ခြင်း
မကြာသေးမီက လေ့လာစမ်းသပ်ချက်အရ ပန်းသီးဖျော်ရည်ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သော ကလေးများထက်ပန်းနာဝေဒနာခံစားရမှုမှလျော့နည်းစေသည်ဟု သိရသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ ပန်းသီးများများ စားသုံးသူများနှင့်ပန်းသီး မစားသောသူများကို နှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီးစားသုံးမှုများသော မိခင်၏ကလေး၌ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။
 
၃။ အယ်လ်ဇိုင်းမားရောဂါမှကာကွယ်ခြင်း
အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ ကြွက်များ နှင့်စမ်းသပ်ချက်အရ ပန်းသီးတွင်ပါဝင်သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ်များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ယင်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုလျော့ကျစေသည်ဟု ဆိုသည်။
 
၎။ ကိုလက်စထရောကျဆင်းစေခြင်း
တစ်နေ့လျှင် ပန်းသီးနှစ်လုံးစားသုံးပါက သွေးတွင်းအဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရသည်။
 
၅။ အဆုတ်ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
သုတေသီများ၏ လေ့လာချက်အရ ပန်းသီးစားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေသည်။
 
၆။ ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
Cornell တက္ကသိုလ်မှ စမ်းသပ်ချက်အရ တစ်နေ့ ပန်းသီးတစ်လုံးနှုန်း အကျွေးခံရသော ကြွက်များတွင် ရင်သားကင်ဆာဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟုဆိုသည်။ အဆိုပါကြွက်များကို တစ်နေ့ ပန်းသီးသုံးလုံးကျွေးသောအခါ ၃၉ ရာခိုင်နှုန်းအထိ ကာကွယ်ကြောင်း၊ တစ်နေ့ခြောက်လုံးအထိကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ်တွေ့ရှိရကြောင်း သိရသည်။
 
၇။ အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း
အဆိုပါတက္ကသိုလ်၏ လေ့လာချက်အရ ပန်းသီးဖျော်ရည်တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီးကင်ဆာဖြစ်ပွားမှုမှ ၄၃ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးကြောင်း လေ့လာတွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်းတစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူပြုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။
 
၈။ အသည်းကင်ဆာဖြစ်ပွားမှုလျော့နည်းစေခြင်း
ပန်းသီးအခွံပါ ရောကြိတ်ထားသည့် ဖျော်ရည်သောက်သုံးပါက အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးသည်။
 
၉။ ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း
လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ်အက်စစ်ကို ပန်းသီးတွင်ပါဝင်သည့် Pectin ဒြပ်ပေါင်းက အထောက်အပံ့ပေးခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးသည်။
 
၁ဝ။ ကိုယ်အလေးချိန်တက်မလာအောင် ကာကွယ်နိုင်ခြင်း
ကိုယ်အလေးချိန်လျှော့နေစဉ် အချိန်အတွင်း ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီးများသည် မစားသောအမျိုးသမီးများထက် ကိုယ်အလေးချိန်ကျနှုန်း ပို၍မြန်ဆန်ကြောင်းကို ဘရာဇီးသုတေသီတို့က လေ့လာချက်အနေဖြင့် ဖော်ပြထားသည်။

Excellence Golden Myanmar Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း <Thanks
https://www.facebook.com/goldenmyanmarservices
 
သတိ
 ပန်းသီးအခွံမှာဖယောင်းတွေရှိတယ် ဓားနဲ့ပါးပါးခြစ်ကြည့်ရင်သိနိုင်တယ်

အစား လျှော့လိုသူများ ပန်းသီး နေ့တိုင်းစားပါ

ပန်းသီး တွေဟာ ပက်တင်း (Pectin) အထွက် ကောင်းတဲ့ ဇာစ်မြစ် တစ်ခု ဖြစ်တယ်။
ပက်တင်းက ဗိုက်ပြည့်တဲ့ ခံစား မှုမျိုး ပေးတဲ့ ရေထဲ ပျော်ဝင်တဲ့ ဖိုင်ဘာ တစ်မျိုး ဖြစ်တယ်။
 American College of Nutrition ရဲ့ လေ့လာမှု တစ်ခုအရ ပက်တင်း ၅ ဂရမ် (ပန်းသီး ၃ လုံးခန့်) က လူတွေကို ၄ နာရီ ကြာအထိ ဗိုက်ပြည့်နေ စေကြောင်း တွေ့ရတယ်လို့ ပြောတယ်။ 


ရိုးရာလေး ကျန်းမာရေး

23 Sept 2013

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား

ပန်းသီး ရဲ့ ကျန်းမာရေး အစွမ်းထက်ပုံ တွေကို လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး သူငယ်ချင်းတွေအားလုံး သိရှိ စေရအောင်လို့ ဒီနေ့ ပိုပို တင်ပြပေးလိုက် ပါတယ်။ပန်းသီး ရဲ့ထူးခြားတဲ့ အာနိသင်တွေ မှာ 

(၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။

(၂) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။

(၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး
ကာကွယ် ပေးခြင်း။
(၄) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။(၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။ 

(၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။

(၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။ 

(၈)အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိစေပါတယ်။

(၉)  သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း နေ့စဉ် ပန်းသီးတစ်လုံးစားတဲ့ အရွယ်ရောက်သူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိပါတယ်။ 

(၁၀) ပန်းသီးမှာ ကွာစီတင်လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ပန်းသီးဟာ အရသာလည်း ရှိလှသလို ကျန်းမာရေးနဲ့လည်း ညီညွတ်မှု ရှိတာကြောင့် ပန်းသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း လေ့လာထားတဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

♣ပျော်ရွှင်ကျမ်းမာကြပါစေ♣
♠ပိုပိုဇော် (သဘာဝအားအင်)27.10.2012
Ref.. Royal Hero Media and Good Health

19 Sept 2013

ပန်းသီးအစိမ်းရောင်အကြောင်းသိကောင်းစရာ


မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက်ပါ၊မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေရပါလိမ့်မယ်။

အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါသတဲ့။

ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများကျုံ့ ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။

Myanmar Flash Song တွင်သီသီချို မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

23 Mar 2013

Apple Mojito

ပါဝင်မှု
---------
1. MONIN Mojito Syrup - 15 ml
မိုနင်းတံဆိပ်Mojito အဆီ - ½ပတ်
 

2. MONIN Green Apple Syrup - 15 ml
မိုနင်းတံဆိပ် ပန်းသီးစိမ်း အဆီ - ½ ပတ်
 

3. Lime Juice - 15 ml
သံပရာရည် - ½ ပတ်
 

4. Lime Wedges - 4 pcs
သံပရာသီးစိတ် - ၄ စိတ်
 

5. Mint Leaves - 8-10 leaves
ပူစီနံရွက် - ၈-၁၀ ရွက်
 

6. Green Apple - 4-6 slices
ပန်းသီး(အစိမ်းရောင်) - ၄-၆ အပြားလိုက် ခပ်ပါးပါးလှီးထည့်ရန်
 

7. Soda Water - Top up
ဆိုဒါရေ - အနည်းငယ်

ဖျော်စပ်နည်း
------------
ပါဝင်ပစ္စည်းများအားလုံးကို ဖန်ခွက်ထဲသို့ ထည့်သွင်းပါ။ 

ထို့နောက် ရေခဲများကို အတုံးငယ်လေးများဖြစ်အောင် ခွဲထည့်ပါ။
(ရေခဲခြစ်သုံးလည်း ရပါတယ်)။ ထို့နောက်
ဆိုဒါရေအနည်းငယ်ထည့်၍ သမအောင်မွှေပါ။
ကောင်းမွန်စွာမွှေပြီးတဲ့အခါမှာတော့ ရေခဲထပ်မံဖြည့်သွင်း၍
ပူစီနံရွက်၊ ပန်းသီးစိတ်လေးများထည့်သွင်း အလှဆင်လိုက်ပါ။
ကိုယ်ရောစိတ်ပါလန်းဆန်းပြီး အမောပြေစေတဲ့
Apple Mojito လေးကို ရရှိပြီဖြစ်ပါတယ်။

• Leo ဖြိုး (Phyo Nyi Nyi Aung)

7 Dec 2012

ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးသုံးမျိုး




          တစ်နေ့ကို ပန်းသီးတစ်လုံး စားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိပါတယ်။ ပန်းသီးစားရင် ကျန်းမာရေး ကောင်းမွန်မယ် ဆိုတာ အတိအကျ မသိသေးပေမယ့် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးရင် အောက်ပါ အကျိုးကျေးဇူး သုံးမျိုးကို ရရှိနိုင် တယ် ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ရှိ ထားပါတယ်။

၁။ အယ်ဇိုင်းမားရောဂါ အန္တရာယ်ကင်းဝေးစေတယ်
ပန်းသီးမှာပါဝင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့် ပန်းသီးစားရင် အခွံကိုပါစားဖို့ ကော်နဲလ် တက္ကသိုလ် သုတေသန ပညာရှင်ချန်လီက ဆိုပါတယ်။

၂။ အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးတယ်
ပန်းသီးမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးမှာ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတုပစ္စည်း ထုတ်ပေးကြောင်း ဂျာမနီ သုတေသန အသစ်တစ်ခုက ဆိုပါတယ်။

၃။ သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်
အရွယ်ရောက် လူကြီးတွေ အနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစား သူတွေနဲ့ ယှဉ်ရင် သွေးတိုးခြင်း ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျ စေကြောင်း လတ်တလော အစားအစာ ဆန်းစစ် လေ့လာမှုအရ သိရပါတယ်။
ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။

11 Nov 2012

ပန်းသီးလေးနဲ့ အလှပြင်မယ်

ပန်းသီးတစ်လုံးရဲ့ ကုန်ကျစရိတ်ဟာ ပြောပလောက်အောင် မရှိပါဘူး။ ပန်းသီးကို သွားရည်စာအဖြစ် စားသုံးလို့ရသလို အလှအပ အတွက်လည်း အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။

ဒါ့အပြင် ကျန်းမာရေး ရှုထောင့်အရ ကြည့်မယ် ဆိုရင်လည်း နေ့စဉ် စားသုံးသင့်တဲ့ အသီးအနှံ တစ်မျိုးထဲမှာ ပါပါတယ်။ ပန်းသီးဟာ တခြားသော အသီးများထက် ပျိုမေတို့နဲ့ ပိုရင်းနှီးတဲ့ အသီးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အာဒမ်နဲ့ ဧဝတို့ရဲ့ မစားကောင်းတဲ့ ပန်းသီးလိုတော့ မဟုတ်ဘူးပေါ့။ ဒါကြောင့် ပန်းသီးနဲ့ ပတ်သက်ပြီး ပျိုမေတို့ အကျိုးရှိမယ့် အချက်ထွေလီ ကာလီလေးတွေ ကြည့်လိုက်ကြရအောင်။


ပန်းသီး ကိုယ်ရေးအကျဉ်း

ပန်းသီး အမျိုးအစားပေါင်း ၇,၀၀၀ ကျော်ရှိပါတယ်။ ပန်းသီးမှာ ဗီတာမင်စီဓာတ် ပါဝင်ပါတယ်။ ကယ်လိုရီအားဖြင့် ၈၁ ရှိတယ်။ ကမ္ဘာမှာ လက်ရှိ ပန်းသီး ထုတ်လုပ် နိုင်စွမ်းဟာ တစ်နှစ်ကို တန်သန်း ၄၀ ကျော်ရှိပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ပန်းသီးနဲ့ပတ်သက်ရင် ကမ္ဘာမှာ ထုတ်လုပ်မှု အများဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။ သူ့နောက်မှာမှ အမေရိကန်က ဒုတိယ လိုက်ပါတယ်။ အမေရိကန်ကို ပန်းသီးဟာ ၁၆၀၀ ဝန်းကျင်မှာ ဥရောပက လာရောက်နေထိုင်တဲ့ သူတွေက အစေ့သယ်ဆောင် လာရာကနေစပြီး ပန်းသီးကို စတင်စိုက်ပျိုးခဲ့ကြတာဖြစ်တယ်။

အကျိုးကျေးဇူး

တစ်နေ့တစ်လုံး မှန်မှန် စားသုံးမယ်ဆိုရင် ဒေါက်တာနဲ့ ဝေးမယ်ဆိုတဲ့ ရှေးစကားကို ကြားဖူးကြမှာပေါ့။ ပန်းသီးဟာ လူရဲ့အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆံကေသာ ကြီးထွားနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်များရဲ့ လေ့လာ ဆန်းစစ်ချက်အရ ပန်းသီးဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်စွမ်းပိုးတွေကို ကာကွယ်ပေးတယ်လို့ သိရတယ်။ ပန်းသီးဟာ ခံတွင်းကို သန့်ရှင်းစေတယ်။ သွားဖုံးတွေကို ကြံ့ခိုင်စေတယ်။ ကိုလက်စထရော Level ကို လျှော့ချနိုင်တယ်။ နေ့စဉ် ပန်းသီးနှစ်လုံး စားသုံးပေးခြင်းဟာ ကိုယ်တွင်းရှိ ကိုလက်စထရော Level ကို ၁၀ ရာခိုင်နှုန်း လျှော့ချ ပေးနိုင်ပါတယ်။ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှား ရှင်းလင်းပေးတယ်။ တစ်နေ့ကို ပန်းသီးဖျော်ရည် သုံးကြိမ် သောက်သုံးပေးခြင်းဟာ ကိုယ်တွင်းကို ဝင်ရောက်ကူးစက်လာမယ့် ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ ပန်းသီးဟာ ဝမ်းချုပ်ခြင်းကိုလည်း တားဆီးပေးမယ်။ ပန်းသီးကြီးတစ်လုံးမှာ အမျှင်ဓာတ် ၃၂ ရာခိုင်နှုန်းပါဝင်ပြီး နေ့စဉ် စားသုံးသင့်တဲ့ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ အာရုံကြောနဲ့ ပတ်သက်တဲ့ အဆစ်အမြစ်ကိုက် ရောဂါတွေကိုလည်း ပန်းသီးကို နေ့စဉ် စားသုံးပေး သင့်ပါတယ်။ အစာမကြေတဲ့ ရောဂါရှိတဲ့သူများအတွက် အစာမစားခင်မှာ ပန်းသီး တစ်လုံးကို စားသုံးသင့်ပါတယ်။

လမ်းညွှန်ချက်

အစက်အပျောက်မရှိတဲ့ ပန်းသီးကိုရွေးပါ။ အရောင်ပျက်နေတဲ့ ပန်းသီးတွေကို မရွေးပါနဲ့။ ပန်းသီးကို ဝယ်ယူပြီး ခြောက်ပတ်အထိ သိမ်းထားလို့ရပါတယ်။ ပလပ်စတစ်နဲ့ထုတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ ဒါပေမဲ့ ပန်းသီးကို မကြာခဏ စစ်ဆေး ထုတ်ကြည့် ဖို့တော့ လိုပါလိမ့်မယ်။ ပန်းသီးဟာ မာကျောနေရပါမယ်။ ရေခဲသေတ္တာထဲမှာ ထည့်သိမ်း ထားပါ။ အဲဒါမှ ကြာရှည်ခံပါမယ်။

ပန်းသီးနဲ့ အလှအပ လမ်းညွှန်

ပန်းသီးဟာ ပျိုမေတို့ရဲ့ အလှအပ အကျိုးကျေးဇူးကိုလည်း ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားပြီးလို့ ပါးစပ်အနံ့ဆိုးထွက်လာရင် ထန်းလျက် စားတာတို့အပြင် ပန်းသီးစားတာဟာလည်း အနံ့ဆိုးကို ပယ်ဖျောက်စေ နိုင်ပါတယ်။ ဒါ့အပြင် တခြားသော အလှအပရေးရာမှာလည်း အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အရေးပါ အရာရောက်အောင် စွမ်းဆောင် နိုင်တာလေးတွေ ရှိပါတယ်။

အရေပြား တွန့်ခြင်းအတွက်

မရင့်မှည့်သေးတဲ့ ပန်းသီးတစ်လုံးကိုယူပါ။ ကြိတ်ချေပါ။ ပြီးရင် မျက်နှာကိုလိမ်းပြီး ရေနဲ့ဆေးကြောပေးပါ။ နေလောင်တာတွေလည်း ပျောက်ကင်းစေပါတယ်။ အရေပြားတွန့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ တွန့်နေတာတွေကိုလည်း ပြေလျှော့စေပါတယ်။ ရေနဲ့မဆေးခင်မှာ မျက်နှာပေါ်မှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ လိမ်းထားပေးရမှာ ဖြစ်ပါတယ်။

အဆီပြန်သော အသားအရေနှင့် ဝက်ခြံသမားများအတွက်

ပန်းသီးအစိမ်း တစ်လုံးကိုယူပြီး ချေပါ။ ပြီးရင် ပျားရည်ဆတူ ထည့်ပြီး ရောပေးပါ။ အဲဒီရောထားတဲ့ အရည်ကိုမှ မျက်နှာလိမ်းပေးပါ။ ဆယ်မိနစ်လောက် ထားပြီးတော့မှ ရေအေးနဲ့ ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း) နဲ့ ပန်းသီးအခွံခွာထားတဲ့ နှစ်လုံးကိုယူပြီး ရောစပ်ပါ။ ပန်းသီးနဲ့ ပျားရည် ရောသွားအောင် ရောစပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် မျက်နှာပေါ်မှာ မိနစ်သုံးဆယ်မျှ သုတ်လိမ်းပေးရမှာဖြစ်တယ်။ ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး မျက်နှာကို ကြည်လင် ဝင်းပစေပါတယ်။ အထူးသဖြင့် ဒီနည်းဟာ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် သင့်တော်ပါတယ်။

ပန်းသီး Toner

ပန်းသီး ဖျော်ရည်ခွက် တစ်ဝက်စာနဲ့ သခွားသီး အသေးနှစ်လုံးတို့ကို ရောစပ်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးမှ ရေနဲ့တစ်ဖန် ပြန်ဆေးပေးပါ။

ပန်းသီးနဲ့ လေ့ကျင့်ခန်း

အစာမစားခင် ပန်းသီးတစ်လုံး စားပေးခြင်းဟာ ကောင်းမွန်တဲ့ စားသောက်မှုပုံစံလို့ ဆိုထားပါတယ်။ အထူးသဖြင့် ကာယလေ့ကျင့်ခန်း ပြုလုပ်လေ့ရှိတဲ့ အမျိုးသမီးများအနေနဲ့ တစ်ပတ်သုံးကြိမ် လုပ်ဆောင်တဲ့အခါမှာ အစားအသောက်အဖြစ် ပန်းသီးကို စားသုံးသင့်ပြီး အစာမစားခင်မှာလည်း ပန်းသီးတစ်လုံး ကြိုစားထားသင့်တယ်လို့ International Gold Gym က အစားအသောက် ညွှန်ကြားရေး တာမီဖလင်းက ပြောကြားထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပန်းသီးနဲ့ ဝိတ်ကျမှုဟာ ဆက်စပ်မှုရှိနေလို့ပဲ ဖြစ်ပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်တွေ ပါဝင်တယ်။ ပန်းသီးကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရာမှာ အထောက်အကူ ပြုစေနိုင်ပြီး ဝိတ်ကိုလည်း ကျစေတဲ့အတွက် အစာမစားခင်မှာ ပန်းသီးကို ကြိုစားခိုင်းတာ ဖြစ်ပါတယ်။ Some Like it Hot ကားထဲက မာရီလင်မွန်ရိုးဝတ်ထားတဲ့ ဘရာဇီယာကို အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ပေးပြီး ဝယ်ယူခဲ့တဲ့ သူထက်စာရင် ပန်းသီး တစ်လုံးလေး ဝယ်ပြီး အလှအပ ကျန်းမာရေးအတွက် စားသုံးတာကပိုပြီး အကျိုးရှိကြောင်း တင်ပြရင်း….။
PurpleSnake

Twitter Delicious Facebook Digg Stumbleupon Favorites More