Pages - Menu

7 Dec 2012

ပန်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးသုံးမျိုး




          တစ်နေ့ကို ပန်းသီးတစ်လုံး စားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိပါတယ်။ ပန်းသီးစားရင် ကျန်းမာရေး ကောင်းမွန်မယ် ဆိုတာ အတိအကျ မသိသေးပေမယ့် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးရင် အောက်ပါ အကျိုးကျေးဇူး သုံးမျိုးကို ရရှိနိုင် တယ် ဆိုတာကိုတော့ သုတေသီတွေက လေ့လာတွေ့ရှိ ထားပါတယ်။

၁။ အယ်ဇိုင်းမားရောဂါ အန္တရာယ်ကင်းဝေးစေတယ်
ပန်းသီးမှာပါဝင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ကွာစီတင်ဟာ ဦးနှောက် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့် ပန်းသီးစားရင် အခွံကိုပါစားဖို့ ကော်နဲလ် တက္ကသိုလ် သုတေသန ပညာရှင်ချန်လီက ဆိုပါတယ်။

၂။ အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးတယ်
ပန်းသီးမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးမှာ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တိုက်ခိုက်ပေးတဲ့ ဓာတုပစ္စည်း ထုတ်ပေးကြောင်း ဂျာမနီ သုတေသန အသစ်တစ်ခုက ဆိုပါတယ်။

၃။ သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်
အရွယ်ရောက် လူကြီးတွေ အနက် ပန်းသီးစားသူတွေဟာ ပန်းသီးမစား သူတွေနဲ့ ယှဉ်ရင် သွေးတိုးခြင်း ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျ စေကြောင်း လတ်တလော အစားအစာ ဆန်းစစ် လေ့လာမှုအရ သိရပါတယ်။
ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More