Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပဲအမျိုးမျိုး. Show all posts
Showing posts with label ပဲအမျိုးမျိုး. Show all posts

22 Sept 2015

ပဲပြုတ်လုပ်နည်း

1...စားတော်ပဲ ဆန်ချိန်ခွက် တခွက်ခွဲ ကို ရေဆေး၊ ဆော်ဒါ နည်းနည်းလေး ထည့်ပီး တည ရေစိမ်ထားပါတယ်၊ မနက်ရောက်တော့ ပွနေတာနဲ့ ရေသွန်၊ ရေဆေး၊ ရေစိုအ၀တ်နဲ့ ထုတ်ပီး ဇလုံ ထဲထည့်ပီး မှောင်တဲ့နေရာမှာ ထားပါတယ်။

2...တနေ့တခါ ကြည့်ပီး အစှိုဓာတ်လိုရင် ရေအနည်းငယ် ဖြန်းပေးပါတယ်၊ ပထမရက်မှ အညှောင့်တိုလေးတွေ ပြူနေပါတယ်၊ ဒုတိယရက်မှာ တော်တော်ရှည်လာပီ..ပေါင်းဘို့ သင့်တော်တဲ့ အနေထားပါ။
3...မပေါင်းခင်မှာ ဘိတ်ကင်း ပေါင်ဒါ ၁ လက်ဘက်ရည်ဇွန်း ထည့်ပီး သမအောင် ဖွဖွလေး ဇလုံကိုလှေ့ပေးပါတယ်၊ နာရီဝက်လောက် နှပ်ထားပါတယ်၊
ပေါင်းမယ် ဆိုတော့ ပဲငံပြာရည် အနောက် (အပျစ်) ၂ လက်ဘက်ရည်ဇွန်းထည့်ပါတယ်၊ ကြံသကာ အမဲ ၁ လက္မ အရွယ် ကို ထုထောင်းပီး ၊ ဆား ၁/၂ လက်ဘက်ရည်ဇွန်း နဲ့ အတူ ထည့်မွှေပေးပါတယ်၊

4...အပေါက်ပါတဲ့ ပေါင်းဇကာထဲ ပဲလုံးလေးတွေပြောင်းထည့်၊ အပေါ်ကနေ အ၀တ် အုပ်ထားပီး ၊ ရေ တလက္မ အနက် ထည့်ထားတဲ့ pressure cooker နဲ့ ပေါင်းပါတယ်၊ အစမှာ မီးကို အမြင့်မှာ ထားပီး..ရေငွေ့ ရှုးရှုး ထွက်လာတော့ မီးကို low-medium ကို ပြောင်းလိုက်ပါတယ်။
5...အဲဒီက စလို့ နာရီဝက် အချိန်စမှတ်ထားပါတယ်၊ အချိန်ပြည့်တော့ မီးပိတ်ပီး မီးဖိုပေါ်မှာ ဆက်ထားတယ်၊ အပူလျှော့သွားပီး နွေးသွားတဲ့ အချိန်ကြမှ အဖုံးကို ဖွင့်ပါတယ်..။
ပဲပြုတ် အိအိ မွှေးမွေး သုံးဆောင်ရန် အသင့် ပါရှင်..။
ကြိုတင်သိထားစေချင်တာလေးတွေ..
ပဲ အမျိုးအစား၊ ပဲလတ်တာနဲ့ နှစ်ချို့ပဲ စတဲ့ အပေါ်မှာ မူတည်ပီး..ရေစိမ်ရတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်။
မိမိနေထိုင်ရာဒေသ မှာေ၇ကို ဘယ်လို mineral တွေ ထည့်ပီး ပြုပြင်ထားသလည်း ဆို တာ အပေါ်မူတည်ပီး..ဆားထဲ့စိမ်ရခြင်း၊ ဆိုဒါ ထည့် စိမ်ရခြင်းများ လိုအပ်တတ်ပါတယ်။ (အထူးသဖြင့် အအေးပိုင်းဒေသများ)
Pressure cooker အဖုံး ဘယ်လောက်လုံသလည်း၊ ရေငွေ့ဖိအားကို ဘယ်လောက်များများ ထိမ်းထားနိုင်လည်း ဆိုတာအပေါ်မူတည်ပီး ပေါင်းတဲ့ အချိန်ကာလ အတိုအရှည် ကွာတတ်ပါတယ်..။

အများကြိုက်တဲ့ ပဲပြုတ်လုပ်နည်း လဲရှယ် လိုက်တယ်နော် ။
http://bit.ly/1EQM25N
Credit to meemeetofu





13 Oct 2014

ပဲရာဇာနှင့် လေးဘက်နာ

ပဲရာဇာသည် ဆေးဖက် ဝင်သော ဓာတ်စာ ပဲမျိုး ဖြစ်သည်။ အချို့က ပဲရာဇာကို ပဲနီလေးဟု ခေါ်ကြသည်။ အရပ်ဒေသအလိုက် အခေါ်အဝေါ် ကွာခြားမှု များလည်း ရှိသည်။ ရန်ကုန်နှင့် အောက်အရပ်မှ လူနာမိတ်ဆွေများကို ပဲရာဇာဓာတ်စာ စားရန် ညွှန်သောအခါ ပဲရာဇာကို မသိ၊ ရှာမတွေ့ဟု ပြောသည်။ မန္တလေးမှ လူကြုံနှင့် ပို့ပေးသောအခါ ရန်ကုန်မှာ စားကြသော ပဲဖြူလေးနှင့် အတူတူပဲဟု သိရသည်။
စာရေးသူသည် မုံညှင်းဆီနှင့် ပဲရာဇာကို အမြဲဝယ်ယူနေကျ အိန္ဒိယလူမျိုး ဘာဘူကြီးဆိုင်တွင် ပဲရာဇာနှင့် ပဲဖြူလေး ဘာများကွာခြားသလဲဟု မေးကြည့်သောအခါ ပဲရာဇာသည် မူလက ပဲဖြူလေးပင် ဖြစ်ကြောင်း၊ အရောင်လှအောင် အနီရောင် ဆိုးပေးလိုက်သဖြင့် ပဲနီလေးဟု သိကြကြောင်း ပြောပါသည်။


အိန္ဒိယမှလာသော အစားအစာများမှာ အနီရောင်ဆိုးလေ့ရှိကြောင်း ပြောပါသည်။ မှန်ပါသည်။ ရှေးယခင်က ချင်းတက်ကို အိန္ဒိယမှ တင်သွင်းသည်။ ဗမာပြည်တွင် ချင်းတက် မစိုက်ကြသေး။ အိန္ဒိယမှလာသော ချင်းတက်များမှာ ဖြူဖွေးနေသည်။ သင်္ဘောချင်းဟု ပရဆေးဆိုင်များမှ ခေါ်ကြသည်။ အမှန်မှာ ချင်းတက်ကို မပုပ်အောင်၊ မှိုမတက်အောင် ထုံးရည် ဖြန်းပေးလိုက်သဖြင့် ဖြူဖွေးနေခြင်း ဖြစ်သည်။ ချင်းတက်ကို ကိုယ့်တိုင်းပြည်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်နိုင်သောအခါတွင် အိန္ဒိယမှ မမှာတော့။ သို့သော် ဘင်္ဘောချင်း (အိန္ဒိယမှလာသော ချင်းကို ဆိုလိုသည်) များမှာ ပရဆေးဆိုင်တွင် ဝယ်ရနေဆဲ ဖြစ်သည်။
အိန္ဒိယမှ သင်္ဘောချင်းနှင့် ပုံစံတူအောင် ချင်းတက်ကို နှစ်ခြမ်းခွဲ၊ အခြောက်လှန်းပြီး ထုံးရည်များများဖြန်းကာ ရှေးမူမပျက် သင်္ဘောချင်းပြုလုပ်ပြီး ရောင်းနေကြခြင်း ဖြစ်သည်။ ဗမာလူမျိုးများတွင် အစွဲအလန်းရှိသည်။ ဒါဆိုဒါမှ အသစ်အသစ်ကို တော်ရုံနှင့် ပြောင်းလွဲ မသုံးကြသော အကျင့်ရှိသည်။ ထို့အတူပင် ပဲဖြူလေးကို ပဲနီလေးဖြစ်အောင် ဆေးဆိုးရောင်းကြသည်ဟု သိရသည်။


ထိုဆေးများကို ရေစိမ်လိုက်သည်နှင့် အနီရောင်ဆေးများ ကျွတ်ထွက်လာကြောင်း တွေ့ရလျှင် သတိပြုမိဖို့လိုသည်။ စားသောက်ကုန် ဆိုးဆေးမဟုတ်ဘဲ ချည်ဆိုးဆေး၊ ပိုးဆိုးဆေးများကို ဈေးပေါပေါဖြင့် သုံးတတ်ကြသဖြင့် ဘေးထွက်ဆိုးကျိုး နောက်ဆက်တွဲ ဆိုးကျိုးများကို ပဲနီလေးစားရင်း ကြုံတွေ့ရနိုင်သည်။ ထိုသို့ ဆေးဘေးအန္တရာယ် လွတ်ကင်းအောင် ပဲရာဇာ ခေါ် ပဲနီလေး (ဆေးဆိုး) ကို စားမည့်အစား ပဲဖြူလေးကို စားခြင်းက အန္တရာယ်ကင်းဘေးရှင်းမည် ထင်ပါသည်။


တကယ်တော့ ပဲရာဇာ (ပဲနီလေး၊ ပဲဖြူလေး) သည် အလွန်ဆေးဘက်ဝင်ပြီး လူကို အကျိုးပြုသော ပဲမျိုးဖြစ်သည်။ ယခုခေတ် အဖြစ်များသော အဆစ်အမြစ် ကိုက်ခဲခြင်း မှန်သမျှနှင့် လေးဘက်နာ ရောဂါအတွက် ထိရောက်သော အစွမ်းထက်သော ဓာတ်စာ ဖြစ်သည်။ သို့သော် တစ်နေ့တစ်ရက်စားရုံမျှနှင့်တော့မရ။ ရေရှည်စွဲပြီးစားသုံးဖို့လိုပါသည်။

 မြန်မာအမျိုးသမီးကြီးများတွင် တွေ့ရလေ့ရှိသော သွေးဆုံးကိုင် ရောဂါနှင့် အရိုးပွကျီးပေါင်းတက် ရောဂါများ အတွက်လည်း အစွမ်းထက်သော ဓာတ်စာဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများမှာ အသက် ၄၆ နှစ်မှ ၄၈ နှစ်အတွင်း သွေးဆုံးလျှင် အကောင်းဆုံး ဖြစ်သော်လည်း အချို့မှာ အသက် ၅၀ ကျော်မှ သွေးဆုံးကြသည်။ အထူးသဖြင့် မြန်မာပြည် အပူပိုင်း ဒေသတွင် နေထိုင်ကြသူ အမျိုးသမီးကြီးများမှာ သွေးဆုံးနောက်ကျလေ့ ရှိသည်။ ငါးဆယ်ကျော်ပြီးမှ သွေးဆုံးကြသည့်သူများတွင် အနောက်တိုင်း ဆေးပညာအယူအဆအရအရိုးပွရောဂါ၊AO ခေါ်အရိုးအဆစ်ကိုက်သော ရောဂါများ

ဖြစ်ကြောင်း ဆရာဝန်ကြီးများက ပြောသည်။
ရိုးရာဆေးပညာအယူအဆမှာ သွေးဆုံးသောအခါ အစာအိမ်တွင် သွေးအစား လေဝင်ရောက်လာပြီး ဗိုက်ဆူလာသည်။ ထိုလေများသည် အင်္ဂမင်္ဂနုဿာရီဝါယောအဖြစ် ပြောင်းလဲသွားပြီး ကိုယ်ခန္ဓာ အနှံ့အပြားသို့ ရောက်ရှိကာ ကိုက်ခဲခြင်းကို ဖြစ်စေသည့် လေပူဖြစ်သည်။
ရှေးက မြန်မာကြီးများသည် ထိုလေပူကို နှိမ်နင်းရန်အတွက် လေပူနိုင်ဆေးအဖြစ် တဇောင်းလက်ပတ်(ရှားစောင်းလက်ပတ်) အနှစ်ကိုယူ၊ စမုံမျိုးငါးပါး၊ ထန်းလျက်တို့နှင့်ကျိုကာ တေဆေးစားလေ့ရှိကြသည်။ သွေးဆုံးကိုင်ခြင်းနှင့် သားအိမ်သွေးသွန်ခြင်းများကို ကာကွယ်နိုင်သော ဆေးနည်းဖြစ်ပါသည်။ တဇောင်းလက်ပတ်သည် မြန်မာပြည်အနှံ့ ပေါများပြီး အိမ်တွင်ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သည်။ မီးယပ်ဆေးအတွက်သာမက လေးဘက်နာ အဆစ်နာများအတွက်ပါ ဆေးဘက်ဝင်သည်။


 ပဲရာဇာအကြောင်း ပြန်ပြောလိုပါသည်။ နာမည်က ပဲရာဇာဆိုသဖြင့် ပဲတို့၏ ဘုရင်ဟု ဆိုရမည်လား မသိပါ။ရှေးက ဆေးဖက်ဝင် ဆေးစွမ်းထက်သော အပင်အသီးများကို ရာဇာထည့်လေ့ရှိသည်။ ဘုမ္မရာဇာဆိုလျှင် မြေကြီးတွင်ပေါက်သော အပင်တို့တွင် ဘုရင်ဟု ဆိုနိုင်သည်။ သွေးတိုးကျဆေးကို ဘုမ္မရာဇာပင်မှ ထုတ်ခဲ့ကြဖူးပါသည်။ စာရေးသူ တိုင်းရင်းဆေးသိပ္ပံတွင် ပညာသင်ကြားစဉ်က သင်တန်းဆရာကြီးတစ်ဦးကလူအများစားလေ့ရှိသောပဲများထဲမှပဲနှစ်မျိုးအကြောင်း နှိုင်းယှဉ်သင်ကြားပါသည်။
ထိုပဲနှစ်မျိုးမှာ ကုလားပဲနှင့် ပဲရာဇာတို့၏ အကျိုးကျေးဇူးအကြောင်း ဖြစ်ပါသည်။ 


အိန္ဒိယမှလာသော ဆေးပညာအမြင်တွင် ဂရုဂုဏ်နှင့် လဟုဂုဏ်ရှိသော အစာများကို ခွဲခြားရှုမြင်သည်။ ဂရုဆိုသည်မှာ လေးလံခြင်းဖြစ်၍ လဟုဆိုသည်မှာ ပေါ့ပါးခြင်းဖြစ်သည် ဂရုဂုဏ်ရှိသော အစာဆိုသည်မှာ ကြေကျက်ခဲပြီး အားဖြစ်စေသော အစာဖြစ်သည်။ လူကို အားဖြစ်စေသော်လည်း အကြောအဆစ်များကို တောင့်တင်းစေ၏။ ဂရုနှင့် ဆန့်ကျင်ဘက် လဟုဂုဏ်ရှိသော အစာများမှာ လူကို သိပ်အားမတိုး၊ အားမဖြစ်စေသော်လည်း ကြေကျက်လွယ်သည်။
အစာချေချက်ရလွယ်သည်။ အစာကြေလွယ်သည်။ အကြောအဆစ်များကို ပေါ့ပါး သွက်လက်စေသည်။ ကုလားပဲသည် ဂရုဂုဏ်ရှိသော အစာဖြစ်သည်။ စားသူကို အားဖြစ်စေသည်။ တပ်မတော်တွင် စစ်သားများကို အားဖြစ်စေရန် ကုလားပဲ အမြဲကျွေးလေ့ရှိသည်။ အကြောအဆစ်များကို တောင့်တင်းခိုင်မာစေသည်။

အနောက်တိုင်း အာဟာရ သုတေသနအရ ကုလားပဲတွင် ပရိုတင်းဓာတ်များစွာ ပါသည်။ အသားဓာတ်ပါသော ပဲမျိုးဖြစ်သည်။ သတ်သတ်လွတ်စားသူပင် ကုလားပဲစားလျှင် အသားဓာတ် အပြည့်အဝ ရနိုင်လေသည်။

 သို့သော် အဆစ်ရောင်၊ အဆစ်ကြပ်နှင့် လေးဘက်နာရောဂါ ရှိသူများအတွက် ကုလားပဲမှာ မသင့်ပေ။ အဆစ်အမြစ်များကို ပိုပြီး တင်းကြပ်စေနိုင်သည်။ အကြောတက်ရောဂါ ရှိသူများ အထိုင်များသူများနှင့်လည်း မသင့်ပေ။

 ဂရုဂုဏ်ရှိသော အစာများသည် အိပ်ငိုက်တတ်သောသဘော ရှိသဖြင့် အဝေးပြေးကားမောင်းသမားများသည် ကုလားပဲ မစားသင့်ပေ။ ထို့အတူ စာကျက်မှတ်ရသော စာမေးပွဲနီးသူ ကျောင်းသားများလည်း ကုလားပဲကို မစားသင့်ပေ။ 

ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေးတို့မှာ အထက်ပါကုလားပဲနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
လဟုဂုဏ်ရှိသော၊ ပေါ့ပါးသောဂုဏ်ရှိသော အစာ ဖြစ်သဖြင့် စားပြီးလျှင်လည်း အစာကြေလွယ်သည်။ အိပ်ချင်၊ ငိုက်မြည်းခြင်းမရှိ၊ အကြောတက်ခြင်းမရှိ၊ နောက်ဆက်တွဲ အနေဖြင့် ဝမ်းချုပ်ခြင်းလည်းမရှိပေ။ လေးဘက်နာ၊ အဆစ်ရောင်ဝေဒနာသည်များစွာကို စာရေးသူ ကုသပေးဖူးပါသည်။ လေးဘက်နာ၊ အဆစ်ရောင်ရောဂါ၊ Gout ရောဂါများသည် အမြစ်ပြတ် ပျောက်ကင်းရန် အလွန်ခက်ခဲသည်။


အစား အလွန်ရှောင်ရသည်။ အစားရှောင်နေရင်းကပင် ရာသီဥတုဆိုးလျှင် ရောဂါပြန်ထသည်။ အချို့က အေးလျှင် အဆစ်အမျက် ကိုက်သည်။ အချို့က ပူလျှင် အဆစ်ရောင်သည်။ အိပ်ရေးပျက်လျှင် ပင်ပန်းလျှင်လည်း လေးဘက်နာရောဂါ ထပြန်သည်။
အနောက်တိုင်းဆေးပညာတွင် သွေးစစ်ပြီး လေးဘက်နာကို A.S.O မြင့်တက်မှုဖြင့် တိုင်းတာပြီး Gout ခေါ် ခြေမဆစ်၊ ခြေမျက်စိ၊ ဒူးဆစ် စသည့် အဆစ်တစ်ဆစ်တွင် ရောင်သော ဂေါက်ရောဂါအတွက် ယူရစ်အက်ဆစ် (Uric acid) မြင့်တက်မှုနှင့် တိုင်းတာလေ့ ရှိသည်။ သို့သော်လည်း တစ်ခါက စာရေးသူ၏ လူနာတစ်ဦးတွင် ခြေမဆစ်ရောင်သော ဂေါက်ရောဂါ ပြန်ထလာသဖြင့် မေးကြည့်ရာ အစားရှောင်နေကြောင်း၊ ဝမ်းတွင်းသားသာမဟုတ်၊ မည်သည့်အသားမှ မစား၊ ရောင်စေသည့်အစာ၊ ပဲပင်ပေါက်၊ပဲတီချဉ်၊မျှစ်၊မျှစ်ချဉ်၊အားလုံးရှောင်ပြီးသတ်သတ်လွတ်စားနေရင်း ရောင်လာသည်ဟု ပြောသည်။
လိမ်းနေကျ လိမ်းဆေး ၂ ရက်၊ ၃ ရက်လိမ်းသော်လည်း အရောင်မကျ။ သူစားနေသော အစာကို မေးကြည့်သောအခါ နေ့စဉ် ကုလားပဲဟင်းနှင့် သတ်သတ်လွတ် စားနေသည်ဟု ဆိုပါသည်။ စာရေးသူကသူ့ကိုပဲရာဇာပဲနီလေး ပြောင်းစားကြည့်ဖို့တိုက်တွန်းသဖြင့် ပြောင်းလဲစားရာ နောက်တစ်ပတ်ခန့် ကြာသောအခါ သက်သာလာကြောင်း ပြောပါသည်။ ပိုးကြောင့်ဖြစ်သော လေးဘက်နာ ဖြစ်သဖြင့် အနောက်တိုင်းဆေး Pan V ကို နှစ်ရှည်စားနေရသူ တစ်ဦးကို ပဲရာဇာဟင်းချို တစ်လခန့် သောက်ကြည့်စမ်းပါဟု တိုက်တွန်းရာ သက်သာကြောင်း၊ နေပူလျှင် မောသည့် ရင်ထဲမှ မွန်းကြပ်သည့် ဝေဒနာပါ သက်သာလာကြောင်း ပြောပါသည်။


ပဲရာဇာကို နှစ်ရှည်စွဲစားနိုင်လျှင် ပို၍ သက်သာမည်ထင်သည်။ “သွေးလေဘက်နာရှိသူများကို ပဲရာဇာဟင်း စားကြည့်ရန် မညွှန်ရသေးပါ။ ထိုလေးဘက်နာမျိုးမှာ သွေးထဲမှာ ဖောက်ပြန်သော ရောဂါဖြစ်သဖြင့် အကုရခက်သည်။ သို့သော် မိမိဆရာဝန်ပေးသော စားနေကျဆေးကိုစားရင်း တစ်ဖက်တစ်လမ်းမှလည်း ဓာတ်စာအဖြစ် ပဲရာဇာဟင်းချိုကို သောက်ပေးစေချင်ပါသည်။ ဓာတ်စာဖြင့် ပျောက်ကင်းသော ရောဂါများစွာ ရှိပါသည်။ လေးဘက်နာရောဂါ အမျိုးမျိုး ရှိသည်။ကူးစက်ရောဂါ မဟုတ်ပါ။ သို့သော် ပျောက်ကင်းရန်လည်း ခက်ခဲသော ဝေဒနာမျိုး ဖြစ်ပါသည်။ ရောဂါဆိုးလျှင် အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်တတ်သည်။ တိကျစွာ ပျောက်ကင်းသော ဆေးနည်းလည်း မရှိပါ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှတအောင် နေထိုင်နိုင်မှ သာသက်သာမည် ဖြစ်သည်။ ယခု စာရေးသူတင်ပြသော ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး ဓာတ်စာစားနည်းကို စမ်းစား ကြည့်စေချင်ပါသည်။ သက်သာသွားသည့်သူများ ရှိမည်ဆိုလျှင် ကုသိုလ်ရသည်ဟု မှတ်ယူပါမည်။


 21 AUG 2012 | BY SHADE JOURNAL
Credit - Myawady Health

7 Jun 2014

*** တို့ ဟူး အကြောင်းသိကောင်းစရာ ***

သမိုင်းကြောင်းကို လေ့လာကြည့်ရာ၌ တို့ ဟူးကို တရုတ်ပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက စတင် စားသုံးလာခဲ့ ကြပါသည်။ ထိုအချိန်က တရုတ်ပြည်တွင် တို့  ဟူး ကို daufu ဟု ခေါ်ဆိုကြပါသည်။
  တရုတ်နိုင်ငံ၏ နံရံများပေါ်တွင် ထွင်းထားသော ရှေးေ ဟာင်းကျောက်စာ များအရ ပဲပုပ်ပဲ (ခေါ်) ပဲပိစပ် ဖြင့် ပြုလုပ်သော တို့ ဟူးကို AD.25-220 ကာလကတည်းက တရုတ်ပြည်တွင် စားသုံးလာခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။ ထို့ြ ပင် ရှေးဟောင်းစာပေကျမ်းဂန်များ၌ AD.1500 ခန့် တွင် စာပေပညာရှင် Su Ping ဆိုသူက တို့ ဟူး အကြောင်းကို "Ode to Tofu" ဟု အမည်ရသော ကဗျာတစ်ပုဒ်ဖြင့် တင်စားရေးဖွဲ့ ခဲ့ ပါသည်။
 တို့ ဟူးနှင့်ပတ်သက်၍ ဒဏ္ဍာရီတစ်ပုဒ်က ဤသို့ ဆိုခဲ့ပြန်ပါသည်။ တစ်နေ့ သော အခါ၊ တရုတ်လူမျိုး စာဖိုမှူးတစ်ယောက်သည် ပင်လယ်ရေညှိကျောက်ပွင့်ကို ပဲပုပ်ပဲနို့ ရည် အိုးထဲသို့  အမှတ်မထင်ရောထဲ့ခဲ့ရာမှ၊ ထိုပဲနို့ ရည်သည် ပျစ်ခဲသွားကာ တို့  ဟူး ဖြစ်သွာြးေ ကာင်း ဒဏ္ဍာရီတစ်ပုဒ် အဖြစ် မှတ်သားရပါသည်။
တို့ ဟူးနှင့်ပတ်သက်၍ ဂျပန်ရာဇ၀င်များတွင် ယခုလို ဖော်ပြထားပါသည်။ ဘီစီ ၁၇၉-၁၂၂ တွင် တရုတ်ပြည်၏ လျုအန်း ဘုရင် လက်ထပ် ၌ တရုတ်ပြည်ဖြစ် တို့ ဟူးကို ဂျန်ပန် နှင့် ကိုရီး ယား နိုင်ငံ များသို့  စတင်မိတ်ဆက်ခဲ့ကြောင်း၊ Nara သက္ကရာဇ် ၇၁၀-၇၉၄ ကာလများတွင် ဂျပ န်နိုင်ငံမှ Kento ဘုန်းကြီးများသည် ဗုဒ္ဓ၀ါဒ ကို လေ့လာဆည်းပူးရန်အတွက် တရုတ်ပြည်သို့ြ ကွချီ လာခဲ့ကြကြောင်း၊ သက်သက်လွတ်ကိုသာ သုံးဆောင်ကြရသော ဘုန်းကြီးများသည် ပရိုတင်းခွန်အားရရှိစေရန်အတွက် တို့ ဟူး ကို အဓိက ဟင်းလျာ အဖြစ် ဘုန်းပေးခဲ့ကြကြောင်း၊ သာသနာပြုပြီးနောက် ဂျပန်ပြည်သို့ ပြန်ကြွကြသောအခါ တို့ ဟူး ကိုသယ်ဆောင်သွာြး ကကြောင်း၊ ထို ကာလမှစ၍ တို့ ဟူး ပြုလုပ်ပုံကို ဂျပန်နိုင်ငံတွင်စတင် မိတ်ဆက်လာခဲ့ကြောင်း၊ ထိုကာလများ၌ ဂျပန်ပြည်တွင် တို့ ဟူး သည် ဘာသာရေး အထွတ်အထိပ်အတွက်သာ တင်မြှောက်ပသရသော အစားအစာတစ်ခုဖြစ်နေသေးကြောင်း၊ ထို့ နောက် ၁၄၈၉ ခုနှစ်တွင် တို့ ဟူး ကို မှူးမျိုးမတ်နွယ်နှင့် ဆာမူရိုင်း (ခေါ်) ဂျပန်စစ်သည် သူရဲကောင်းမျိုးနွယ်ဝင်များသာ အခွင့်ထူးခံအဖြစ်စားသုံးခဲ့ကြရကြောင်း၊ Edo သက္ကရာဇ် ၁၆၀၃ ကာလမှသာ ဂျပန်ပြည်ရှိ သာမန်လူတန်းစားများ စားသုံးခွင့်ရခဲ့ကြောင်း၊ ၁၇၈၂ ခုနှစ်တွင် Tofu Hyakuchin ဟု အမည် ရသော ဟင်းချက်ပြုတ်နည်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်းမှစ၍ ဂျပန်ပြည်ရှိ ဟင်းလျားများတွင် တို့ ဟူး က ရေပန်းစားလာ ခဲ့ကြောင်း၊ ဂျပန်ပြည်သို့ တို့ ဟူး စတင် ရောက်ရှိချိန် ၈--ရာစုနှစ် မှစ၍ ၁၅-ရာစုနှစ် တိုင်သည်အထိတောင် "တို့ ဟူး" ဟု မခေါ်ဝေါ် ကြသေးဘဲ၊ "Okabe" ဟု သာ ခေါ်ဆိုကြကြောင်း၊ Nakaomi ဟုအမည်ရသော Shinto ဘုန်းကြီးတစ်ပါးက ဒိုင်ရာရီတွင် "Tofu တို့ ဟူး" ဟု စတင်ခေါ်ဆိုခဲ့ကြောင်း၊ ၁၇-ရာစု နှောင်းပိုင်းမှသာ ဂျပန်နိုင်ငံတွင် တို့ ဟူး ကို ရိုးရာ ဟင်းလျာအဖြစ် ကျယ်ကျယ်ပြန့် ပြန့်  စားသုံးလာခဲ့ကြကြောင်း၊ လေ့လာ မှတ်သား ခဲ့ရပါသည်။

တို့ ဟူးသည့် သွင်းကုန်ုအစားအစာတစ်ခုအနေဖြင့် "အာရှ၏ ဟင်းသီးဟင်းရွက်ချိစ်" အဖြစ် ဥရောပတိုက်ထဲရှိ စပိန်နိုင်ငံသို့ ၁၆၀၃ ခုနှစ် ခန့် တွင် ပထမဦးစွာ ရောက်ရှိလာခဲ့ပါသည်။ ထို့ နောက် အင်္ဂလန် သို့ ၁၇၀၄ ခုနှစ်ခန့်  ၊ ပြင်သစ်နိုင်ငံသို့ ၁၈၈၀ ခုနှစ်များ အတွင်း ရောက်ရှိ ခဲ့ပါသည်။ ထို့ ကြောင့် ၁၈ ရာစုနှောင်းပိုင်း၌ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် တို့ ဟူးစားသုံး မှု မြှင်မားလာခဲ့ရာမှ၊ နောက်ပိုင်း တွင် တို့ ဟူး ကို သွင်းကုန် အစားအစာအဖြစ်မတင် သွင်းေ တာ့ဘဲ မိမိတို့ ဘာသာထုတ်လုပ်နိုင်ရန် ကြိုးစားလာခဲ့ကြပါသည်။ နည်းအမျိုးမျိုး ဖြင့် ကြိုးစား လာခဲ့ကြရာမှ နောက်ဆုံးတွင် ၁၉၂၉ ခုနှစ်၌၊ ကာလီဖိုးနီးယားရှိ La Sierra Industries မှ တို့ ဟူုး ကို စီးပွားဖြစ်စတင် ထုတ်လုပ် ရောင်းချ လာနိုင်ခဲ့ပါသည်။
၁၉၆၀၌ အနောက်နိုင်ငံများ တွင်၊ တို့ ဟူး ကို သုတေသနပြုလုပ်ကြည့်ရာ၌၊ ပဲပိစပ်တွင် ပါရှိေ သာ အပင်ဓာတု ပစ္စည်း တစ်မျိုး ဖြစ်သည့် Isoflavone သည် လူ့ ခန္ဓာကိုယ်၏ အရိုး များအ ပါ အ၀င်၊ အထူးသဖြင့် ကျောရိုး ကို ခိုင်မာစေခြင်း၊ မီးယပ် သွေးဆုံးကိုင်သော အမျိုးသမီး များ၏ မျက်နှာနှင့် လည်ပင်းတို့ တွင် သွေးရောင်ဖြန်းကာ ပူလိုက်/အေးလိုက် ဖြစ်ခြင်းကို သက်သာေ စခြင်း၊ ကိုလက်စထရောပမာဏနှိပ်ချပေးခြင်း၊ ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော သတ္တုဓာ တ်နှ င့် ဆန့် ကျင်ဓာတ်တိုးပစ္စည်းများ ပေါကြွယ်ဝ ခြင်း၊ အူမကင်ဆာရောဂါ အပါအ၀င် ကင် ဆာေ ရာဂါအမျိုးမျိုးတို့ မဖြစ်ပေါ်စေရန် ကို ကြိုတင်ကာကွယ်ဟန့် တားပေးနိုင်ခြင်း၊ ကိုယ် အ လေး ချိန် ကို ကျစေနိုင်ခြင်း၊ ကြွက်သားများကိုသန်မာစေခြင်း ..စသည်. လူသားတို့ ကျန်း မာေ ရးအတွက် များစွာအကျိုးရှိစေကြောင်း သိရှိလာခဲ့ကြ ပါသည်။ ထိုသုတေသန ပြုပြီးသည့်ေ နာက်ပိုင်း ၁၉၆၀ မှစ၍ အနောက်နိုင်ငံများတွင် တို့ ဟူးဈေးကွက် သည် ရေပန်းစား လာပြီး၊ ၀ယ်လိုအားလည်း တရှိန်ထိုး တိုးတက်လာခဲ့ပါသည်။
တို့ ဟူးကို မိမိဘာသာ အိမ်တွင်ကျိုချက်လုပ်ယူနိုင်ပါသည်။ တို့ ဟူး ပြုလုပ်ပုံသည် မခက်ခဲလှေ သာ် လဲဘဲ အတန်ငယ်လက်ဝင်ပါသည်။ အမှန်တကယ်တော့ "တို့ ဟူး" ဆိုသည်မှာ ပဲနို့ ၏ အနှစ်ခဲဖြစ်ပါသည်။ မြန်မာပြည်တွင် ပဲပုပ်ပဲ (ခေါ်) ပဲပိစပ် အမှုန့် ဖြင့် တို့ ဟူးကြိုချက် ကြသလို၊ ပဲပုပ်ပဲရှားပါးသော မြန်မာပြည် အောက်ဘက်ပိုင်းဒေသများတွင်တော့ အလွယ်တကူရရှိနိုင် သည့် ကုလားပဲ အမှုန့် ဖြင့် တို့ ဟူး ကြိုချက်ကြပါသည်။ တို့  ဟူး ပြုလုပ်ရန်အတွက် ရှေးဦးစွာ ပဲပုပ်ပဲ(ခေါ်)ပဲပိစပ် အစိမ်းမှုန့်  (သို့ မဟုတ်) ကုလားပဲအစိမ်းမှုန့် ၁-ဆ လျှင် ရေ ၄-ဆ ရော၍ ပဲများ ပွလာစေရန် တစ်နေ့ နှင့်တစ်ည စိမ်ထားရပါသည်။ နောက်တစ်နေ့ တွင် အနယ်ထိုင်ေ နသော ထိုပဲရည်ထဲသို့  နနွင်းနှင့် ဆားအနဲငယ်ထဲ့၍ သမအောင် မွှေပေးရပါသည်။ ကုလားပဲ၏ ပင်ကိုယ်သဘာဝအရောင်မှာ အ၀ါရောင်ဖြစ်သည့်အတွက် ကုလားပဲမှုန့် နှင့် တို့ ဟူးကျိုပါလျှင် အထူးတလည် နနွင်းးမှုန့် ထဲ့စရာမလိုပါ။ ထို့ နောက်ပဲရည်ကျိုချက်ရန်အတွက် အိုးတစ် လုံြး ဖင့် ရေနွေးတည်ထားပြီး၊ ရေနွေးများ ပွက်ပွက် ဆူလာပါက၊ ပဲရည်ကို အိုးထဲသို့ လောင်း ထဲ့ရ ပါသည်။ ပဲလုံးဝကျက်သွားစေရန်အတွက် မိနစ် ၄၀ ခန့် ကြာအောင် ကျိုပေးရပါမည်။ ပဲသည် အိုးကပ်တတ်သဖြင့် ပဲကျိုနေစဉ် သစ်သားယောက်ချိုဖြင့် မွှေပေးဖို့ လိုအပ်ပါသည်။ အိုး ကပ် သွားလျှင် အရသာမှာလည်း ပြောင်းလဲသွားစေနိုင်သဖြင့် အထူးသတိပြုပေးရပါမည်။ ပဲစိမ်း နံ့ မ ထွက်ဘဲမွှေးလာပြီဆိုပါလျှင် ပဲကျက်လာပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် ရေများလည်း တဖြည်းဖြည်းခမ်းလာပြီး၊ ပဲနှစ်ရည်များစေးထန်းလာသည်အထိ သတိပြု၍ အဆက်မပြတ်
သစ်သားေ ယာက်ချို ဖြင့် မွှေပေး ရပါမည်။
 ဥပမာ ပုန်းရည်ကြီးကဲ့သို့ အနှစ်များပျစ်ခဲလာပါလျှင် ၄င်းသည် တို့ ဟူး ဖြစ်လာပါပြီ။
ထိုအခါ မီးဖိုပေါ်မှချ၍ အအေးခံထား ရပါမည်။
မြန်မာနိုင်ငံတွင် အိမ်တွင်းလုပ် အ၀ါရောင်တို့ ဟူးများကို အမြို့ မြို့ အနယ်နယ်တိုင်းရှိ ဈေးဆိုင် တန်းများတွင် ထောင့်မှန်စတုဂံပုံသဏ္ဍာန် လေးထောင့်အတုံးများတုံး၍ တစ်နှစ်ပတ်လုံးေ ရာင်း ချ
ြ ကပါသည်။ နနွင်းမှုန့် လုံးဝမထဲ့ထားသော အဖြူရောင်တို့ ဟူးများကိုလည်း ရံဖန်ရံခါ တွေ့ ရ တတ်ပါသည်။ အိမ်တွင်းလုပ် တို့ ဟူး၏ အသားမှာ အနည်းငယ်တောင့်တင်းပါသည်။ ယနေ့ြ မန်မာပြည်ဈေးကွက်တွင် တရုတ်(သို့  မဟုတ်)ဂျပန်မှ တင်သွင်းလာသော ပလပ်စတစ်အိတ်ြ ဖင့် ထုပ်ပိုးထားသည့် ကြက်ဥနှစ်ရောင် တို့ ဟူးအနှစ်အပျော့များ နှင့် နိုင်ငံခြားဖြစ် ကရင်မ်ရောင် တို့ ဟူး ပူတင်းများ ကို စူပါမားကတ်ဆိုင်ကြီး များတွင် တွေ့ ရပါသည်။
တို့ ဟူး၏ မူလသဘာဝ အရသာမှာ စိမ့်၍ အသားမှာခပ်ဖွယ်ဖွယ်ဖြစ်ပါသည်။ သို့ သော်၎င်းကို ဟင်းခတ်အမွှေးအကြိုင်အနှစ်များဖြင့် မွမ်းမံပြင်ဆင်ချက်ပြုတ် လိုက်သည့် အခါတွင်တော့၊ အရ သာရှိသည့် စားမြိန်ဖွယ်ဟင်းလျာ ဖြစ်လာပါသည်။ မြန်မာပြည်တွင် အနဲငယ် တောင့်တင်းေ သာ အိမ်တွင်းလုပ် တို့ ဟူး များကို အစိမ်းလိုက်အသုပ်သုပ်၍သော်လည်းကောင်း၊
တို့  ဟူး ကြော်သုပ်အဖြစ်လည်းကောင်း၊ နှစ်သက်ရာသား/ငါး/ပုစွန် တို့ ဖြင့်ရောနှောကာ ချိုချဉ်ကြော် အဖြစ်လည်းကောင်း၊ အသီးအရွက်တို ဖြင့် ရောနှောကာ သက်သက်လွတ် အစိမ်းကြော်
အြ ဖစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။ ထို့ ပြင် တို့ ဟူး ကို မိမိနှစ်သက်သလို အကြွပ်ကြော် (သို့ မဟုတ်) အပျော့ကြော်ကာ အချဉ်ရည်ဖြင့် တို့ ၍ သွားရည်စာအဖြစ် စားေ သာက်လေ့ ရှိကြပါသည်။ ဟိုးယခင်ကာလများ၌ ရှမ်းပြည်တွင်သာ စားရသော တို့ ဟူးနွေး ကို ယခုအခါ မြန်မာနိုင်ငံ၏ နေရာဒေသမရွေး၊ လူမျိုးဘာသာမရွေး၊ နှုတ်မြိန်ဖွယ် အာဟာရအဖြစ် စားသုံးနိုင် ကြပါပြီ။ စူပါမားကတ် တွင် တွေ့ ရသော ကြက်ဥနှစ်ရောင် တို့ ဟူးအပျော့များကို Hot Pot ၊ ခေါက်ဆွဲ/ကြာဇံပြုတ်၊ နှင့် ချဉ်စပ် ဟင်းရည် များတွင် စားသုံးကြပါသည်။ နိုင်ငြံ ခားဖြစ် ကရင်မ်ရောင် တို့ ဟူး ပူတင်းများကို ရာသက်ပန်သက်သက်လွတ် စားသုံးများအတွက် ကြက်ဥ ပူတင်း/နို့ ပူတင်း အစားထိုး အာဟာရအဖြစ် စားသုံးနိုင်ပါသည်။ ထို့ ပြင် ကလေးငယ် များနှင့် သက်ကြီးရွယ်အို များကို အာဟာရပြည့်ဝ သော သွားရည်စာအဖြစ် ကျွေးမွေးနို င်ပါ သည်။ သို့ သော် နိုင်ငံခြားဖြစ် ပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် သက်တမ်းလွန်ပစ္စည်းများ မဖြစ်စေရန် အထူးသတိပြုစစ်ဆေးဖို့ လိုပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

14 Apr 2014

တိုဟူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

တိုဟူးတွေဟာ ပရိုတင်းဓာတ် အပြည့်ပါတဲ့ သစ်သီးကိတ် တွေနဲ့ တူပါတယ်။ City Mart တွေမှာ တိုဟူး မဝယ်ဘဲ တိုဟူးတန်းကို ဖြတ်သွား မိပြီ ဆိုရင် ဝယ်ရမလားလို့ နောက်တစ်ကြိမ် ထပ်စဉ်းစား လိုက်ပါဦး။ ပဲပိစပ်နဲ့ လုပ်ထားတဲ့ တိုဟူးမှာ သင့်ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

သက်သတ်လွတ် စားသူတွေကို ပရိုတင်းဓာတ် ပြည့်ဝစေပါတယ်

ပရိုတင်းဓာတ် အပြည့်အဝပါတဲ့ တို ဟူးကို သက်သတ်လွတ်စားသူတွေအနေ နဲ့ မဖြစ်မနေ မှီဝဲသင့်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအ စာများအကြောင်း လေ့လာမှုတစ်ရပ်အ ရ တိုဟူးလေးအောင်စ တစ်တုံးမှာ ပရို တင်းဓာတ် ၉ ဒသမ ၁၆ ဂရမ် ပါဝင်ပြီး ဒီပမာဏဟာ တစ်နေ့တာ လိုအပ်တဲ့ ပရို တင်းပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။

စွမ်းအင် ထုတ်လုပ်ပေးတယ်

တိုဟူးမှာပါဝင်တဲ့ သံဓာတ်နဲ့ ကြေး နီဓာတ်တွေက ဟေမိုဂလိုဘင်တည် ဆောက်မှုမှာ မရှိမဖြစ် အရေးပါပြီး စွမ်း အင်ကို ထုတ်လုပ်ပေးပါတယ်။ ကြေးနီနဲ့ မဂ္ဂနိစ်တို့က ခန္ဓာကိုယ်ထဲက မကောင်း တဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေး နိုင်မယ့် အင်ဇိုင်းတစ်မျိုးအတွက် အရေး ပါပြီး ကြေးနီဟာ ရိုးဆစ်ရောင်ရမ်းနာရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါ တယ်။

အရိုး တွေကို သန်စွမ်း ကျန်းမာစေ ပါတယ်

တိုဟူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ် ဓာတ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာ စေကာ အရိုးပါးရောဂါမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။

နှလုံးသွေးကြောတွေကို ကျန်းမာ စေပါတယ်

တိုဟူးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ နှလုံးကျန်းမာစေပြီး သွေးကြောတွေမှာ သွေးခဲမှု မဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးကြော ပိတ်ဆို့စေတဲ့ ကိုလက်စထရောတွေကို လည်း လျော့နည်းစေပါတယ်။

ကင်ဆာကို ကာကွယ်ပေးပါတယ်


တိုဟူးမှာ ပါဝင်တဲ့ ဆီလီနီယမ် ဓာတ်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်ပါရှိပါတယ်။ ဆီလီနီယမ်ဟာ အိုင်အိုဒင်းနဲ့ တွဲပြီး သိုင်းရွိုက်ရဲ့ လုပ်ငန်း ဆောင်တာကို ဟန်ချက်ညီအောင် ကူညီ ကာDNA ကို ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်းကြောင့် 

ရင်သားနဲ့ ဆီးကျိတ် ကင်ဆာတို့ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း လျော့ကျ စေပါတယ်။

သွေး ဆုံး အကြိုဝေဒနာနဲ့ သွေးဆုံး ဝေဒနာ တွေကို သက်သာ စေပါတယ်

တိုဟူးမှာပါတဲ့ အိုက်ဆိုဖလေဗုန်း ဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးဆုံး အကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေ၊ အထူးသဖြင့် ချွေးထွက် လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာ စေပါတယ်။

မကောင်းတဲ့ ကိုလက်စထရော လျော့နည်းစေပြီး ကောင်းတဲ့ ကို လက်စထရော တိုးစေပါတယ်


တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်း ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော LDL ကို လျော့နည်း စေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကို တိုးစေ ပါတယ်။

ကြယ်စင်

By Good Health

26 Jan 2014

ပဲနီလေး စားပါ

ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ပဲနီလေးမှာ ပရိုတင်း ၁၃ ဂရမ်၊ ဝမ်းဗိုက် ပြည့်တင်းမှု ရစေတဲ့ အမျှင်ဓာတ် ၁၁ ဂရမ်နဲ့ မောပန်းမှုကို တွန်းလှန်နိုင်တဲ့ သံဓာတ် ၅ မီလီဂရမ် ပါဝင်ပြီး ကယ်လိုရီ စုစုပေါင်း

၁၆၁ သာ ရှိပါတယ်။ ဟားဗက် လူမှု ဆေးပညာ တက္ကသိုလ်မှ လေ့လာမှုအရ သုတေသီ တွေက တစ်ပတ်ကို ပဲနီလေး အနည်းဆုံး နှစ်ကြိမ် စားသူတွေဟာ တစ်လကို တစ်ကြိမ်ထက် နည်းပြီး ပဲနီလေး စားသူတွေထက် သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း သွားတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။


 ဒါ့အပြင် ပဲနီလေးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေတဲ့ အတွက် ဆာလောင်မှု မဖြစ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အသုံးဝင် တယ်လို့လည်း လေ့လာမှု ခြောက်ခု အရ သိရပါတယ်။

Ref: Good Health

 မြ၀တီ

18 Jan 2014

ပဲက ကိုယ်တွင်း စနစ်ကို သန့်စင်စေနိုင်

ပဲက ကိုယ်တွင်း စနစ်ကို သန့်စင်စေနိုင်

ပဲအမျိုး မျိုးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်တဲ့ အပြင် နှလုံး ကျန်းမာ စေတဲ့ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် ကိုယ်တွင်း စနစ်ကို အလုပ် ကောင်းကောင်း လုပ်ဆောင်နိုင် စေပါတယ်။

ပဲမှာ ဗီတာမင် ဘီအုပ်စု အပြည့်အဝ ပါဝင်တာကြောင့် နှလုံးကို ကာကွယ် ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျ စေပါတယ်။

 မြ၀တီ

14 Nov 2013

ပဲဖြူလေး ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပဲဖြူလေးမှာ အင်တီ အောက်ဆီးဒင့် ပါဝင်မှု များပြီး အဆိပ် ချေဖျက် ပေးနိုင်တဲ့ Molybdenum လည်း များစွာ ပါဝင်ပါတယ်။ ပဲဖြူလေးမှာ အမျှင်ဓာတ် နဲ့ ပရိုတင်း ဓာတ် ကောင်းကောင်း ပါဝင် သလို ခန္ဓာကိုယ် ထဲမှာ အဆီ စုဆောင်းမှု ကို ဟန်ချက် ညီမျှ စေတဲ့ ဓာတ်တွေ လည်း ပါဝင်ပါ တယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓာတ်လည်း များများ ပါဝင်တာကြောင့် ကျန်းမာ ရေး အကျိုး ကျေးဇူး များစွာ ရရှိစေ ပါတယ်။

အဆိတ် အတောက် ပြေစေ သော အာနိသင် ရှိခြင်း

ပဲဖြူလေးဟာ Molybdenum အ များဆုံး ပါဝင်တဲ့ အစာ တစ်မျိုးပါ။ ဒီ သတ္တုဓာတ်ဟာ ကျန်းမာရေး ကို အထူး ကောင်းမွန် စေပါတယ်။ ဆေးလိပ်ငွေ့နဲ့ ကား မီးခိုးငွေ့ တို့ ရှူရှိုက် ရတာ ကြောင့် ဖြစ် တဲ့ အဆိပ် အတောက် တွေကို ပြေပျောက် စေပါတယ်။ ဒါ့အပြင် ခေါင်းကိုက် တာကို သက်သာ လျော့ပါး စေပါတယ်။

GI အဆင့် နည်းခြင်း

ပဲဖြူလေးမှာ ဖြည်းဖြည်း ချင်း ကြေ ညက်စေတဲ့ ကာဗို ဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အမျှင်ဓာတ် တို့ များစွာ ပါဝင်တာ ကြောင့် GI အဆင့်နည်း တဲ့ အစာ အဖြစ် သတ် မှတ်ထား ပါတယ်။ GI နည်း တယ် ဆိုတာ သွေးတွင်း သကြား ဓာတ် သက်ရောက်မှု အပေါ် မူတည်ပြီး သတ်မှတ် ထားတာ ဖြစ်ပါတယ်။ GI မြင့်တဲ့ အစာ တွေက အစာ ချေဖျက် ချိန်မှာ အစာ မြန်မြန်ကြေ စေပြီး သွေးတွင်း သကြား ဓာတ် ကို ချက် ချင်း မြင့်တက် စေတဲ့ အစာတွေ ဖြစ်တာ ကြောင့် နှလုံး ရောဂါ၊ အမျိုးအစား ( ၂ ) ဆီးချို ရောဂါ၊ မောပန်း တာနဲ့ သကြား ပါ တဲ့ အစာစား ချင် စိတ်များ တာတို့ ဖြစ် တတ် ပါတယ်။

အဆီ သိုလှောင်မှု ကို ချေဖျက် ပေးနိုင်ခြင်း

ပဲဖြူလေးမှာ ကိုယ် အလေးချိန် လျော့ကျ စေတဲ့ အာနိသင် ရှိပါတယ်။ ဒါ့ အပြင် ကာဗို ဟိုက်ဒရိတ် စုပ်ယူမှု ကို နှေး စေပြီး အဆီအဖြစ် သိုလှောင်မှု မရှိ အောင် ကာကွယ် ပေးပါတယ်။

ကျန်းမာရေး ကောင်းပြီး အရေး ကြောင်း ကင်းစေ သော အသား အရေ ဖြစ်စေခြင်း

ပဲဖြူလေး မှာ အင်တီ အောက်ဆီးဒင့် ပါဝင်မှု များတာ ကြောင့် ရောဂါ ဝေဒနာ တွေကို တွန်းလှန် ပေးနိုင်ပြီး ကျန်းမာရေး ကို အကောင်း ဆုံး ဖြစ်စေနိုင် ပါတယ်။ အင်တီ အောက်ဆီးဒင့် တွေက ဖရီးရယ် ဒီကယ်ကြောင့် ဆဲလ် တွေ မထိခိုက် အောင် ကာကွယ် နိုင်ပါတယ်။ ဖရီးရယ်ဒီ ကယ်တွေ ကြောင့် ထိခိုက်မှု ဖြစ်လာ ရင် နာတာရှည် ကျန်းမာရေး ပြဿနာ တွေ ဖြစ်တဲ့ ကင်ဆာ၊ နှလုံး သွေးကြော ကျဉ်း တာ၊ အဆစ် ရောင်တာ၊ နှလုံး ရောဂါ၊ ကိုယ်ခံ စွမ်းအား စနစ် ပြဿနာ၊ အယ်လ် ဇိုင်းမား ရောဂါနဲ့ သူငယ် ပြန် မှတ်ဥာဏ် လျော့နည်း တာ တို့ကို ဖြစ်စေ နိုင်ပါတယ်။ ဒီလို မဖြစ်အောင် ပဲဖြူလေး ကို စားပေး သင့်ပါတယ်။

ပဲဖြူလေး က အရေးကြောင်းကင်း စေတဲ့ အစာဖြစ်ပြီး အရွယ် မတိုင်ခင် အို မင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ် နိုင် ပါတယ်။ ခရမ်း လွန် ရောင်ခြည် ထိတွေ့မှု ကြောင့် အသား အရေ တင်းရင်းစေ တဲ့ အီလက် စတင် နဲ့ ကော်လာဂျင် အမျှင် တွေ ကို ထိခိုက် စေနိုင် ပါတယ်။ ဒီလို မဖြစ်စေ ဖို့ ပဲဖြူလေး က ကာကွယ် ပေးနိုင် ပါတယ်။ ပဲဖြူလေး မှာ ဇင့် ( သွပ် )၊ ကြေးနီ နဲ့ ပရို တင်းဓာတ် တို့ အပြင် အင်တီ အောက်ဆီး ဒင့် ပါဝင် တာ ကြောင့် အရေပြား ကို အ ရွယ် မတိုင်ခင် အရေး ကြောင်း ထင်တာ မျိုး မဖြစ်အောင် ကာကွယ် ပေးနိုင် ပါ တယ်။

မဂ္ဂနီဆီယမ် ပါဝင်မှု မြင့်မားစေခြင်း

ပဲဖြူလေး မှာ မဂ္ဂနီဆီယမ် ပါဝင်မှု များတာ ကြောင့် ခန္ဓာကိုယ် ထဲက အဓိက လုပ်ငန်း ဆောင်တာ အများစု ကို လုပ် ဆောင် ပေးနိုင် ပါတယ်။ နာ့ဗ် နဲ့ ကြွက် သား အမြှေးပါး တွေကို ကျန်းမာ စေပြီး စိတ် ဖိစီးမှု ကို ကောင်းကောင်း ထိန်းချုပ် နိုင်ပါတယ်။ အရိုး တွေ ကို ကျန်းမာ စေပါ တယ်။ မဂ္ဂနီဆီယမ် ချို့တဲ့ရင် ဝမ်းပျက် ဝမ်း လျှောတာနဲ့ တခြား အစာ အိမ် အူလမ်း ကြောင်း ဝေဒနာ တွေ ဖြစ်စေနိုင် ပါတယ်။

ကြယ်စင်
Good Health

9 Nov 2013

စားတော်ပဲပြုတ် လုပ်နည်း

ပါဝင်ပစ္စည်းများ
-စားတော်ပဲ  500 g ( green pea, yellow pea, marrow pea)
-ထန်းညက် ၃လုံး၊ (သကြားဆိုရင် ၄ဇွန်း(စားပွဲတင်)) ( ကြံသကာ palm sugar)
-ဆား၁ဇွန်း (စားပွဲတင်)
-ဆိုဒါမှုန့် ၁ဇွန်း (soda powder)
ပဲများကိုဇလုံတခုထဲမှာထဲ့  ရေစိမ်ပြီးညသိပ်လိုက်ပါ။ ည ၉နာရီလောက်ကစိမ်ရင် မနက်အိပ်ရာနိုးရင်ရပါပြီ။
 ပဲများကိုဗန်းတခုထဲသို့ ဖြန့်ခင်းပြီးအဝတ်သန့်သန့်တခုအပေါ်ကအုပ်ထားပြီး ရေ မကြာခဏဖြန်းပေးပါ
နောက်တနေ့လောက်မှာ အညောင့်လေးများပေါက်နေတာတွေ့ရပါမယ်။ အညောင့်လေးများရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။
 ကြိုက်တဲ့အနေရောက်ပြီ ဆိုရင်ဆိုဒါလေးနယ်ပြီး နာရီဝက်လောက်နှပ်ထားလိုက်ပါ။
 ပြီးရင် အိုးကျယ်ကျယ်မှာ ပဲနဲ့ရေတန်းတူထားပြီး(ပဲထက်ရေကျော်နေရင် ပဲများပြဲသွားတတ်ပါသည်) မီးမျှင်းမျှင်းထားပြီး စပြုတ်ပါ။ဆား ၊ ထန်းညက်ခဲလေးများပစ်ထဲ့ထားလိုက်ပါ။ (ထန်းညက်ညိုလေးများ၊ကြံသကာများ မရှိရင် သကြားထဲ့ပြီး ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်းတဝက်ထဲ့ပြီးပြုတ်လို့ရပါတယ်နော်)။

ပြီးရင် ဇကာခံပြီးရေအေးလေးနဲ့ဆေးချလိုက်ရင်ပဲလေးများ မပြဲပဲအလုံးလိုက်လေးရပါတယ်နော်။
အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။

 အဆင်ပြေကျပါစေနော်။ http://htetfamily.com/2012/03/page/3/

ပဲပြုတ်နှင့်ကျန်းမာရေး

ကျွန်မတို့ မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစားအသောက်ပုံစံလည်း ပြောင်းလဲ လို့ လာနေပါပြီ။ မည်သို့ ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခုကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက်တိုင် မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်အဖြစ်တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော်ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စားသုံးလေ့ရှိကြ၏။ ထို့  ပြင် မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများဖြစ်ကြသော၊ ရေမုန့် /မုန့် လင်မယား/ကောက်ညှင်းပေါင်း/လမ်းသရဲမုန့်  တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။


“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရသာနှင့်အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော်ပဲပြုတ်ကို နေ့ တဓူဝမြင်တွေ့ နေကြရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိအရေးပါကြောင်းကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲ တွင် လူသားတို့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော ဗီတာမင်မင်နှင့်သတ္တုဓာတ်တို့ အလုံအလောက်ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့ စဉ်စားသုံးပေးသင့်သောအာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့ မှ အခိုင်အမာထောက်ခံထားကြပါသည်။

1. ပဲပြုတ်ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။

2. ပဲပြုတ်ထဲတွင်ချေဖျက်လွယ်သောအမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာခြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့ လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှု   ကိုအားပေသဖြင့် ၀မ်းမချုပ်စေပါဘူး။

3. စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်၏။

4. စားတော်ပဲသည် သံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များကို ကောင်းစွာတည်ဆောက်စေကာ၊ သွေးအားနည်း ရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့ မှ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားလာစေပါသည်။ ထို့ ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို ဆော့င်ပေး၏။

5. စားတော်ပဲထဲတွင် lutein နှင့် carotenoid တို့ ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည် အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့် မျက်စေ့ရေတိမ်ရောဂါ ဖြစ်နိုင်ချေအလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။

6. စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီလည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်၏။ ထို့ ကြောင့် ကလေး/လူကြီး များသာမက၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။

7. သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ်လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

8. Free radicals များသည် ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံများကို အနည်ကျပိတ်ဆို့ စေကာ၊ သွေးကြောမများကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာရောဂါများကို ဖြစ်စေ၏။ စားတော်ပဲထဲတွင် ပါရှိသော Flavonoids နှင့် phytonutrients များသည် ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်စွမ်းဆောင်ပေးကာ၊ ထို Free radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါရောဂါများကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါးတွေ့ ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ်များပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။

9. ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေသဖြင့် နှလုံးရောဂါအမျိုးမျိုးကိုထိထိရောက်ရောက် ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက်ဆက်စပ်လျက်ရှိသောလေဖြတ်ခြင်းတို့ ကိုလဲမဖြစ်စေပါ။ ထို့ ကြောင့် တစ်ပတ်လျှင် အနဲဆုံးတစ်ကြိမ် စားပေးသင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။

10. စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ်အလုံအလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ ကို ကာကွယ်ပေး နိုင်ပါသည်။

11. စားတော်ပဲပြုတ်ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။

12. မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် polyphenol ဓာတ်ပါရှိသဖြင့်၊ နေ့ စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အဆာအိမ်ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်ဟည်ဟု ဆိုရပါသည်။

13. မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုးရောဂါကိုမဖြစ်စေပါ။

14. ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များစားပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက်နှင့်အာရုံကြောဝေဒနာများ ဖြစ်နိုင်ချေအလားအလာ နဲပါးစေပါသည်။

15. အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

သတိပြုရန်။  စားတော်ပဲထဲတွင် သဘာဝအလျောက်ပါရှိသော purines ဓာတ်က ဂေါက်ရောဂါသမားများနှင့် ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍၊ အထူးရှောင်ရှားသင့်ပါသည်။

++++++++++++++++++++++++++++++++++++++++
အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “a poor man’s meat (၀ါ) ဆင်းရဲချို့ တဲ့သူများအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” ဟု ခေါ်ကြ၏။ ထို့ ကြောင့် မိမိတို့ လက်တကမ်းတွင် အလွယ်တကူ ဈေျးနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့ စဉ် သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း။

ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကား (World's Healthiest Food – Boiled Green Peas)

စားတော်ပဲပြုတ်ရန်...

စားတော်ပဲ .......ဆန်ချင်ခွက် (၅) ခွက်
စားဆော်ဒါမှုန်. ......၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ထန်းလျက်ခဲအသေး..၂ ခဲခန်.( သို.) သကြားညို အနည်းငယ်
ဆီ.....................၁ ဇွန်း
ရေ....................ပဲအပေါ်လက်တစ်ဆစ်ကျော်ကျော်ခန်.
စားတော်ပဲကို ပြည်တွင်းနေသူများအလွယ်တကူဝယ်ရနိုင်ပေမယ့်..ပြည်ပမှာ
ရှိသူများကတော့..Green peas , Yellow peas , Mellow peas ဆိုပြီး..
Ready To Use အထုပ်တွေကို ဂရမ်နဲ.ရနိုင်ပါတယ်..။

yellow peas က အခွံကျွတ်များပြီး..green peas ကတော့အခွံကျွတ်သက်သာစေပါတယ်..။

ပဲကို ရေဆေးပြီး တစ်ည ကြိုတင်ရေစိမ်ထားပါ ။

စား ဆော်ဒါမှုန်. ၃ ပုံ ၁ပုံကိုပါထည့်ပြီးစိမ်ထားပေးရပါမယ်...။

နံနက်လင်းတာနဲ. ပဲတွေကိုရေစစ်ပြီး..ဇကာခြင်းမျိုးထဲဖြန်.ထည့်ပြီး..အ၀တ်စ
ကိုရေဆွတ်ပြီးအုပ်ထားပေးပါ။

အ၀တ်စခြောက်သွားတာနဲ.ရေပြန်ဆွတ်ပြီးအုပ်ထားပေးရပါမယ်..။

အညှောင့်ထွက်တာ ပုံမှန်လောက်ပဲဆိုရင်..နောက်တစ်ည အိပ် ပြီးပြုတ်လို.ရပါပြီ အညှောင့်ရှည်ရှည်ထွက်ချင်ရင်တော့..နောက်ထပ်၁ည ထပ်ထားပေးရပါမယ်။
  ရေစိမ် ၁ည ၊ အညှောင့်ဖောက်၁ည (သို.) ရေစိမ်၁ည၊
အညှောင့်ဖောက် ၂ ည ဖြစ်ပါတယ်။

အညှောင့်ပေါက်နေတဲ့စားတော်ပဲထဲကို ဆီ ၊စား ဆော်ဒါမှုန်. ၊ ထန်းလျက်ခဲ(သို.)
သကြား ရောထည့်မွှေပြီး.ရေကိုပဲအထက်လက်တစ်ဆစ်ကျော်ကျော်ခန်.လေးသာထည့်ပြီး
 ရေခမ်းအောင်ပြုတ်ပေးရုံပါပဲ။

ရေခမ်းလို.ပဲတွေကျက်ပြီး (၁၀) မိနစ်ခန်.လောက်မှ..အဖုံးကိုဖွင့်ပေးပါ။
ထို(၁၀) မိနစ်ကအငွေ.နဲ.ကျက်စေတာမို.ပဲကိုအရသာထူးစေပါတယ်။

နည်းလမ်းမျိုးစုံကိုမှီငြမ်းပြီး..နောက်ဆုံးစမ်းသပ်ထားတဲ့ပဲပြုတ်နည်းဖြစ်ပါတယ်။

ပာင်းချက်နည်းများ

22 Oct 2013

ပဲစောင်းလျားသီး၏ကျန်းမာရေးအစွမ်း

ပဲစောင်းလျာသီးကိုပူပြီးစွတ်စိုတဲ့နိုင်ငံတွေမှာအတွေ့များပါတယ်။ယေဘုယျ
အားဖြင့်နွယ်ပင်တစ်ပင်အနေနဲ့ပေါက်ရောက်တဲ့ပဲစောင်းလျားပင်ဟာပျမ်း
မျှအားဖြင့်3-4မီတာလောက်မြင့်ပါတယ်။ပဲစောင်းလျားပင်ရဲ့အမြစ်ဟာအာ
လူးနဲ့ဆင်တူပြီးအာလူးထက်ပရိုတင်းဓာတ်ပါဝင်မှုပိုများပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်မှု

ပဲစောင်းလျားသီးမှာဗီတာမင် အေ၊ဗီတာမင်စီ၊ကယ်လစီယမ်၊သံဓာတ်နဲ့တစ်
ခြားဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ဒါ့အပြင်အင်ဇိုင်းတွေလဲပါဝင်ပါတယ်။

အရိုးစနစ်ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာကယ်လစီယမ်ပါဝင်မှုများတဲ့အတွက်လူတွေရဲ့အရိုးစ
နစ်အတွက်အလွန်အကျိုးပြုပါတယ်။ပဲစောင်းလျားသီးမှာပါဝင်တဲ့ကယ်လ
စီယမ်ဓာတ်ဟာအရိုးစနစ်ကိုတည်ဆောက်ပေးပြီးရောဂါဝေဒနာတွေမ
အောင်ကာကွယ်ပေးကာသန်စွမ်းကျန်းမာစေပါတယ်။

ပရိုတင်းပါဝင်မှုမြင့်မားခြင်း

ပဲစောင်းလျားသီးမှာပရိုတင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့်သက်သက်
လွတ်စားသူတွေအတွက်သင့်တော်ပါတယ်။

-ပဲစောင်းလျားသီးဝယ်တဲ့အခါညှိုးနေတဲ့အမျိုးအစားမ၀ယ်ပါနဲ့။ပဲစောင်းလျားသီးမှာအညိုရောင်အစက်တောင်မပါသင့်ပါဘူး။

-ပဲစောင်းလျားသီးဝယ်လာပြီးသိမ်းထားချင်ရင်အကောင်းဆုံးနည်းကပ
လတ်စတစ်အိတ်ထဲထည့်ပြီးရေခဲသေတ္တာထဲထည့်ထားဖို့ပဲဖြစ်ပါတယ်။
ဒါဆိုရင်2-3ရက်လောက်အထားခံပါတယ်။

-ပဲစောင်းလျားသီးကိုမချက်ခင်ရေအေးနဲ့သေချာဆေးကြောပါ။

-ပဲစောင်းလျားသီးကိုပရိုတင်းဓာတ်အားဖြည့်တဲ့အနေနဲ့စားနိုင်ပါတယ်။

ကြယ်စင်
By_Good Health

13 Oct 2013

ဆီးချိုရောဂါရှိသူများ ပဲဟင်းများများစား

ကုလားပဲ၊ပဲနီလေး၊ပဲဝါလေး စသောအစရှိတဲ့ ပဲအမျိုးမျိုးကို စားသုံးတာကြောင့် အမျိုးအစား(၂)ဆီးချိုရောဂါ

ရှိသူတွေမှာနှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေလျော့နည်းနိုင်တယ်လို့  အာဟာရဆိုင်ရာဂျာနယ်တစ်ခုမှာ

ဖေါ်ပြထားပါတယ်။
ပဲအမျိုးမျိုးဟာ Gkycaemic Index လျော့နည်းတဲ့အစာတွေဖြစ်တာကြောင့် သွေးတွင်း

အဆီဓါတ်နှင့် သွေးဖိအားကို ထိန်းချုပ်နိုင်စွမ်းရှိပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်၊

ပဲဟင်းကိုတစ်ခွက်(သို့ )ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓါတ်တွေအများအပြားပါဝင်တဲ့ ကောက်နှံတစ်ခုလုံးစာကို

စားပေးပါ။

ပြန်လည်မျှဝေခြင်း..
                                                                      မောင်နေထွန်းလှိုင်(ပုသိမ်)

2 Oct 2013

ပဲသီး (ခေါ်) ပဲတောင့်ရှည်ရဲ့ ကျမ္မာရေးအကျိုးကျေးဇူးများ

အသီးတောင့်ထဲတွင် သေးငယ်သော အစိမ်းဖျော့ရောင်ပဲစေ့ကလေးများ ပါရှိပါသည်။ထိုပဲစေ့ ကလေးများ သည် ပဲလွန်းဖြူနှင့် ပုံသဏ္ဍာန်ခပ်ဆင်ဆင် တူပါသည်။ နု၍လတ်ဆတ်သော ပဲသီးတောင့်များကို အစိမ်း လိုက် ကျွတ်ကျွတ်ဝါးစား နိုင်ပါသည်။ ပဲသီးသည် နုသောအရွယ်တွင် အရသာပိုချိုပါသည်။

အစိမ်းရောင် ဖျော့ဖျော့ ပဲသီးအမျိုးအစားသည် အစိမ်းရောင်ရင့်သော ပဲသီးအမျိုးအစားထက် နူးညံ့ကာ ပိုချို၍ အရသာ လဲ ပိုမိုကောင်းမွန်ပါသည်။ သေးသွယ်ကျစ်လစ်သော ပဲသီးသည် ပွသောပဲသီးထက် အရသာပို၍ကောင်း မွန် ပါသည်။ ပဲသီး၏အရသာသည် ဗိုစားပဲသီး နှင့် အရသာ ခပ်ဆင်ဆင်တူပါသည်။ ပဲသီးတောင့်၏ ဘေး တစ်ဘက်တစ်ချက်စီတွင် မြောင်းများပါရှိပါသည်။

ပဲသီးကိုခူးဆွတ်ပြီး ၃-ရက် အချိန်အတွင်း စားမှသာ လတ်ဆတ်သောအရသာကို ခံစားရရှိမည်ဖြစ်ပါသည်။ ပဲသီးတွင် အညိုရောင် အစက်အပြောက် များပါရှိ နေပါက၊ ပိုးကိုက်ခံထားရခြင်းဖြစ်ပါသည်။ ထိုပဲသီးမျိုးကိုမစားသင့်ပါ

ပဲသီးကို နှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍ သော်လည်းကောင်း၊ အခြားဟင်းသီးဟင်း ရွက်များနှင့် ရောနှောကာ အစိမ်းကြော်ကြော်၍ သော်လည်းကောင်း၊ ရေနွေးပူပူတွင် ခေတ္တမျှစိမ်ပြီး နောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့်ခေါက်ကြော်၍ သော်လည်းကောင်း၊ စသည်ဖြင့် အမျိုးမျိုး စားသုံးနိုင်ပါသည်။

ပဲသီးတွင် ဗီတာမင် A၊ ပရိုတင်း၊ သံဓာတ်၊ ဖော့စဖရတ်၊ သီအာမင်၊ ရီဘိုပလာဗင် နှင့် ပိုတက်စီယမ် တို့  ကြွယ်ဝ စွာပါရှိပါသည်။ ထို့ ပြင် ပဲသီး သည် ဗီတာမင် C၊ ဖောလိပ်၊ မဂ္ဂနီစီယမ် နှင့် မဂ္ဂနီးစ် တို့  စုဝေးရာ အရင်းအမြစ်လဲ ဖြစ်ပါသည်။ ထို့ ကြောင့် ပဲသီး ကို အားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးနိုင်ကြပါသည်။

ကျန်းမာရေးအတွက်အသုံးဝင်ပုံ

(၁) ကယ်လိုရီနဲသော အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့် ပဲသီး ကို မှန်မှန်စားသုံးပေး ခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါသည်။
(၂) ဗီတာမင် မြောက်များစွာ ပါရှိသည့်အပြင်၊ ဆန့် ကျင်ဓာတ်တိုးပစ္စည်းလဲ ကြွယ်ဝစွာ ပါရှိသဖြင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။ ပြင်ပရောဂါများ အလွယ်တကူ မကူးစက်နိုင်အောင်လဲ တားဆီးကာကွယ်ပေးပါသည်။
(၃) အိုမင်းရင့်ရော်မှုကိုလဲ နှောင့်နှေးစေပြီး၊ အရွယ်တင်နုပျိုစေပါသည်။
(၄) နှလုံး၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကိုလဲ ကာကွယ်ပေးပါသည်။
(၅) သွေးကျစေပါသည်။
(၆) အဆစ်ရောင်ဝေဒနာများကိုလဲ သက်သာစေပါသည်။
(၇) ပန်းနာရင်ကျပ်ရောဂါကိုလဲ သက်သာကောင်းမွန်စေပါသည်။
(၈) လေသင်တုန်းဖြတ်ခြင်းကိုလဲ ကောင်းမွန်သက်သာစေပါသည်။
(၉) ဆီးချိုရောဂါကိုလဲ ကာကွယ်တားဆီးပေးနိုင်ပါသည်။

ထို့ ကြောင့် မိမိပတ်ဝန်းကျင်တွင် တစ်နှစ်ပတ်လုံး လွယ်လင့်တကူ ရရှိနိုင်ကာ၊ ဈေးနှုန်းချိုသာပြီး၊ အာဟာ ရလဲ ဖြစ်စေသည့် ပဲသီး (ခေါ်) ပဲတောင့်ရှည်သီး ကို စားသောက်ပေးကြပါရန် သတင်းကောင်းပါးအပ် ပါသည်။

ပေါက်ပေါက်
မှီငြမ်း - encyclopedia : Health Benefits of China Long Bean
source •••>http://natureenergycares.blogspot.com/2013/10/blog-post.html#more

23 Sept 2013

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။  ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်
ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာ ဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။

(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်
နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ကုလားပဲဟင်း ခွက်ရဲ့ လေးပုံသုံးပုံ ထည့်စားတာကြောင့် အမျှင်ဓာတ်ကို ရရှိစေကာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၃) အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ်
ကုလားပဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတဲ့အပြင် အူမကြီးရှိ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ အူမကြီးဆဲလ်တွေ ကျန်းမာတာကြောင့် လုပ်ငန်းဆောင်တာ ပိုကောင်းမွန်ပြီး အူမကြီးကင်ဆာ အပါအဝင် အူမကြီးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်
ကုလားပဲမှာ ဆာပိုနင်လို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်စီ၊ ဗီတာမင်B6 နဲ့ သွပ်ဓာတ်တို့အပြင် ဖောလိတ်ဓာတ်လည်း များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက တစ်ကိုယ်လုံးရှိ နှလုံးသွေးကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်နဲ့ နာ့ဗ်ကြောစနစ်တွေကို ထောက်ပံ့ပေးတာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါစတဲ့ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၅) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်
ကုလားပဲကို နေ့စဉ် အနည်းငယ်စားတာက သွေးတွင်းမကောင်းတဲ့ အဆီတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်ဟာ သွေးကြောနံရံကို ကျန်းမာစေတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်
ကုလားပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်နှစ်မျိုးဟာ အစာခြေလမ်းကြောင်း စနစ်အတွင်း သွေးလည့်ပတ်စီးဆင်းမှုကို ကောင်းစေပြီး အစာချေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် အစာက ထွက်လာတဲ့ သကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကြောင့် သွေးတွင်း သကြားဓာတ်အပေါ် အစာခြေစနစ်ရဲ့ သက်ရောက်မှုကို ဟန်ချက်ညီမျှစေပါတယ်။

(၇) ကယ်လိုရီရယူမှုကို ထိန်းပေးပါတယ်
ကုလားပဲနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်စွမ်းအကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါ ကုလားပဲစားရင် စိတ်ကျေနပ်မှု ရရှိစေကာ ဆာလောင်မှုနဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ ကုလားပဲဟာ အစာကြေညက်စေကာ ကယ်လိုရီရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြားကယ်လိုရီများတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။


Ref:By Good Health
Source: http://news.yatanarpon.com.mm/cp/goodhealth/article-66487
 http://www.facebook.com/notes/health-articles/

ပရိုတင်းဓာတ် အပြည့်ပါတဲ့.တိုဟူး

တိုဟူးတွေဟာ ပရိုတင်းဓာတ် အပြည့်ပါတဲ့ သစ်သီးကိတ် တွေနဲ့ တူပါတယ်။ City Mart တွေမှာ တိုဟူး မဝယ်ဘဲ တိုဟူးတန်းကို ဖြတ်သွား မိပြီ ဆိုရင် ဝယ်ရမလားလို့ နောက်တစ်ကြိမ် ထပ်စဉ်းစား လိုက်ပါဦး။ ပဲပိစပ်နဲ့ လုပ်ထားတဲ့ တိုဟူးမှာ သင့်ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

သက်သတ်လွတ် စားသူတွေကို ပရိုတင်းဓာတ် ပြည့်ဝစေပါတယ်
ပရိုတင်းဓာတ် အပြည့်အဝပါတဲ့ တို ဟူးကို သက်သတ်လွတ်စားသူတွေအနေ နဲ့ မဖြစ်မနေ မှီဝဲသင့်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအ စာများအကြောင်း လေ့လာမှုတစ်ရပ်အ ရ တိုဟူးလေးအောင်စ တစ်တုံးမှာ ပရို တင်းဓာတ် ၉ ဒသမ ၁၆ ဂရမ် ပါဝင်ပြီး ဒီပမာဏဟာ တစ်နေ့တာ လိုအပ်တဲ့ ပရို တင်းပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။

စွမ်းအင် ထုတ်လုပ်ပေးတယ်
တိုဟူးမှာပါဝင်တဲ့ သံဓာတ်နဲ့ ကြေး နီဓာတ်တွေက ဟေမိုဂလိုဘင်တည် ဆောက်မှုမှာ မရှိမဖြစ် အရေးပါပြီး စွမ်း အင်ကို ထုတ်လုပ်ပေးပါတယ်။ ကြေးနီနဲ့ မဂ္ဂနိစ်တို့က ခန္ဓာကိုယ်ထဲက မကောင်း တဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေး နိုင်မယ့် အင်ဇိုင်းတစ်မျိုးအတွက် အရေး ပါပြီး ကြေးနီဟာ ရိုးဆစ်ရောင်ရမ်းနာရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါ တယ်။

အရိုး တွေကို သန်စွမ်း ကျန်းမာစေ ပါတယ်
တိုဟူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ် ဓာတ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာ စေကာ အရိုးပါးရောဂါမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောတွေကို ကျန်းမာ စေပါတယ်
တိုဟူးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ နှလုံးကျန်းမာစေပြီး သွေးကြောတွေမှာ သွေးခဲမှု မဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးကြော ပိတ်ဆို့စေတဲ့ ကိုလက်စထရောတွေကို လည်း လျော့နည်းစေပါတယ်။

ကင်ဆာကို ကာကွယ်ပေးပါတယ်
တိုဟူးမှာ ပါဝင်တဲ့ ဆီလီနီယမ် ဓာတ်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်ပါရှိပါတယ်။ ဆီလီနီယမ်ဟာ အိုင်အိုဒင်းနဲ့ တွဲပြီး သိုင်းရွိုက်ရဲ့ လုပ်ငန်း ဆောင်တာကို ဟန်ချက်ညီအောင် ကူညီ ကာDNA ကို ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်းကြောင့် ရင်သားနဲ့ ဆီးကျိတ် ကင်ဆာတို့ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း လျော့ကျ စေပါတယ်။

သွေး ဆုံး အကြိုဝေဒနာနဲ့ သွေးဆုံး ဝေဒနာ တွေကို သက်သာ စေပါတယ်
တိုဟူးမှာပါတဲ့ အိုက်ဆိုဖလေဗုန်း ဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးဆုံး အကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေ၊ အထူးသဖြင့် ချွေးထွက် လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာ စေပါတယ်။

မကောင်းတဲ့ ကိုလက်စထရော လျော့နည်းစေပြီး ကောင်းတဲ့ ကို လက်စထရော တိုးစေပါတယ်
တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်း ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော LDL ကို လျော့နည်း စေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကို တိုးစေ ပါတယ်။

 Good Health

22 Sept 2013

ပဲပိစပ်နှင့် ကျန်းမာရေး အန္တရာယ်

ပဲပိစပ် (Soybean) သည် အရိုးပွခြင်းကို ကာကွယ်ပေးသည့်အပြင်ကလေးငယ်များအတွက် သင့်တော်သော အစားအစာ တစ်ခုအဖြစ် လက်ခံထားကြသည်။ သို့သော် ပဲပိစပ်သည် မြုံခြင်းနှင့် ကင်ဆာအပါအဝင်  ရောဂါမျိုးစုံတို့နှင့် ဆက်စပ်နေခဲ့သည်။ ထိုသို့ ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများစွာရှိသော်လည်း ပဲပိစပ်
စိုက်ပျိုးရေး လုပ်ငန်းသည် အကျိုးအမြတ် ကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျှက် ရှိကြသည်။
ပဲပိစပ်နှင့် ပတ်သက်သော ထုတ်ကုန်များနှင့် မျိုးရိုးဗီဇ ပြုပြင်ထားသော ပဲပိစပ် နှစ်မျိုးစလုံးသည် ကျန်းမာရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုသည် ပုံမှန်မဟုတ်သော ပရိုတိန်းနှင့် အဆိပ်ဓါတ်ကို သာမန်အပင်များထက် ပိုမိုထုတ်လုပ်စေသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော
ပဲပိစပ်များသာမက သဘာဝ ပဲပိစပ်သည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ မျောက်ငယ်များကို ပဲပိစပ်ကျွေးကာ စမ်းသပ်ရာတွင် ကြီးလာသောအခါ ရန်မူတိုက်ခိုက်လိုစိတ် များလာသည်ကို တွေ့ရှိရသည်။

ပဲပိစပ်တွင် ပါဝင်သော estroginic ဒြပ်ပေါင်းသည် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို အနှောက်အယှက် ဖြစ်စေသည်။ အခြားလေ့လာမှု တစ်ခုအရ အထီးများတွင် လိင်စိတ်ကိုပြုပြင်သော hypothalamus ၏ဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။ ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားသော ပဲပိစပ်
ထုတ်ကုန်ပစ္စည်းများအား မွေးကာစ တိရစ္ဆာန်အထီးများကို ကျွေး၍ စမ်းသပ်ရာတွင် လေ့လာသင်ကြားမှု၌ အခက်အခဲရှိကြောင်းတွေ့ရှိရသည်။ ထိုအချက်အရ ယောက်ျားလေးများအနေဖြင့် ပညာသင်ကြားရာတွင် အခက်အခဲ ဖြစ်စေနိုင်သည်။ အခြားလေ့လာမှုများအရ အထီးများတွင် prostate ဂလင်းကို သေးငယ်စေကြောင်း တွေ့ရှိရသည့်အတွက် ကလေးငယ်များတွင် မိန်းကလေးဆန်သော အပြုအမူများ ဖြစ်ပေါ်နိုင်သည်ဟု ဆုံးဖြတ်နိုင်သည်။

အမများတွင်လည်း ဦးနှောက်မှ oxytocin ထုတ်လုပ်မှုကို ကျဆင်းစေပါသည်။ ကြွက်ငယ်များဖြင့် စမ်းသပ်ရာတွင် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု လျော့ကျစေသည့်အပြင် ပုံမှန် အမနှင့်သက်ဆိုင်သော အပြုအမူများအပေါ် ဆိုးကျိုး သက်ရောက်စေကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ပဲပိစပ်သည် estrogen နှင့် testosterone ကို ပြောင်းလဲစေခြင်းကြောင့် တိရစ္ဆာန် အထီးနှင့်အမ နှစ်မျိုးလုံး၏ လိင်နှင့်ပတ်သက်သော အပြုအမူများ အပေါ်တွင် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ရှိကြောင်း အထက်ပါ လေ့လာမှုများအရ သိရှိနိုင်ပါသည်။

Ref: http://www.newsmaxhealth.com/dr_blaylock/soy_can_be_dangerous/2010/07/29/336758.html
copy... https://mandalaygazette.com/18796

ပဲပိစပ် (Soybean) ၏ ကောင်းကျိုးများ

ပဲပိစပ်တွင် ပရိုတင်းဓာတ်များ စွာပါဝင်သောကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းစေသည်။
 အသား တွင် ပါဝင်သောပရိုတင်းထက်သာ သည်မှာ ၄င်းတွင်ပါဝင်သော ပရို တင်း၌ Cholesterol ပါဝင်မှုမရှိ သောအချက်ပင်ဖြစ်သည်။
ပဲပိစပ်တွင် ပါဝင်သော Phytosterols ၌ ပါဝင်သည့် Lecithin ကြောင့် ဥာဏ်ရည်ဥာဏ်သွေး မှတ် ဥာဏ်ကို ကောင်းစေသည့်အပြင် အယ်ဇိုင်းမားရောဂါကိုလည်း ကာ ကွယ်ပေးသည်။
၎င်းတွင်ပါဝင်သော Lecithin သည် အဆီ၌ ပျော်ဝင်သော Vitamin များကို စုပ်ယူရန် အားပေး သည်။ တစ်ရှူးနှင့်ကိုယ်တွင်း organ များကို ခွန်အားဖြစ်စေသည်။ 
 မကောင်းသော cholesterol ကို ကျစေသည့်အတွက် နှလုံးသွေးကြောရောဂါကို ကာကွယ် ပေးသည်။ ကောင်းသောအဆီကိုမူ မကျစေပါ။
၎င်းတွင်ပါဝင်သော Plant oestrogen အမျိုးအစားဖြစ်သော Soy isoflavone ကြောင့် အရွယ် တင် နုပျိုစေသည့်အပြင် သွေးဆုံးချိန် ၌လည်း သွေးဆုံးခြင်း လက္ခဏာများ ကိုလျော့စေသည်။
၎င်းတွင်ပါဝင်သော Protease မှ ပရိုတင်းများကို ပြိုကွဲစေသောအင် ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကို သိသိသာသာ ကာကွယ် ပေးသည်။
၎င်း၌ Anti-oxidant ဖြစ် သော Saponin ပါဝင်သဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးသည်။
ပဲပုပ်တွင် အခြားအစားအစာများ ထက် Iron နှင့် Zinc များစွာပါဝင် သောကြောင့် အသက်ကြီးသူများ၏ နားလေးခြင်းကို ကာကွယ်ပေးသည်။
ပဲပုပ် 100mg စားလျှင် Potassium 1500 mgm ရရှိသဖြင့် ပဲပုပ် ကို လုံလောက်စွာစားသုံးပါက သွေး ပေါင်ကို ကျစေပါသည်။
ကံ့ကော်
Source: Lookchem
Health Updates Journal
Vol.2, No.29

ပဲပိစပ် ထုတ်ကုန်က အူမကြီး ကင်ဆာကို ကာကွယ်နိုင်


ပဲပိစပ် အစားအစာ တွေမှာ ပါဝင်တတ်တဲ့ ဒြပ်ပေါင်း Genistin ကို ဘဝ တစ်သက်တာ ထိတွေ့မှုရှိ နေရင် အူမကြီးကင် ဆာကို ကာကွယ်နိုင် တယ်လို့ အလီနိုးစစ် တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေက ဖော်ထုတ်ထား ပါတယ်။
ဆဲလ်၊ Polyp အသားသီးနဲ့ ကင်ဆာဆဲလ်ကြီး ထားမှုဖြစ်ဖို့ အချက်ပြမှုကို တားမြစ် ထားနိုင်တာ ကြောင့်လို့ ဆိုပါတယ်။
 သုတေသီ တွေက အရေးကြီး အချက်ပြ လမ်းကြောင်းကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇဂျင်း သုံးခု ပြောင်းလဲမှု ပေါ်မှာ လေ့လာ ထားတယ်လို့ ဆိုပါတယ်။

လူ့အူအမြှေးပါး အတွင်း မှ ဆဲလ်တွေဟာ အမြဲတမ်း ပြောင်းလဲနေပြီး အပတ်စဉ်ပြောင်းလဲ နေပါတယ်။

အူမကြီးကင်ဆာရှိသူတွေ၉ဝရာခိုင်နှုန်းမှာကြီးထွားမှုဖြစ်စဉ်ကို မြ§င့်တင်ပေးတဲ့အချက်ပြလမ်းကြောင်းဟာ
အမြဲတမ်း ပွင့်နေတဲ့ အတွက် ဆဲလ်ကြီးထွားမှုကို မထိန်းချုပ်နိုင်ဘဲ ကင်ဆာ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ပဲပိစပ်မှာ ပါဝင်တတ်တဲ့ ဒြပ်ပေါင်း Genistin ဟာ ဒီအချက်ပြမှုတွေကို ပြန်လည်ဖိနှိပ် ထားနိုင်တယ်လို့ ဆိုပါတယ်။

Genistin ပါဝင်တဲ့ ပဲပိစပ် ထုတ်ကုန်တွေကို အမြဲတမ်း စားသုံးနေရင် အူမကြီးအတွင်း ကင်ဆာ အကြိုဒဏ်ရာတွေ လျော့နိုင်တယ်လို့ သိရပါတယ်။

 အူမကြီး ကင်ဆာဟာ Epigenetic ရောဂါလို့ သတ်မှတ် ထားပါတယ်။

 ဆိုလိုတဲ့ အဓိပ္ပာယ်က အစား အသောက်နဲ့ ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက် တွေက မျိုးရိုး ဗီဇဂျင်းတွေ ဖွင့်တာ ဒါမှမဟုတ် ပိတ်တာပေါ်မှာ လွှမ်းမိုးမှုရှိ တယ်လို့ ဆိုပါတယ်။ 

သင့်မိဘကနေ ရောဂါအမွေ ရရှိတာကြောင့် တစ်မျိုးတည်းကြောင့် အူမကြီး ကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ သင်ရဲ့ စားသောက်တဲ့ ပုံစံ၊ ပတ်ဝန်းကျင်မှ အဆိပ်အတောက် တွေနဲ့ ထိတွေ့မှု၊ စိတ်ဖိစီးမှု အဆင့်တွေဟာ အဲဒီမျိုးရိုး ဗီဇဂျင်း ပေါ်မှာ ပြောင်းလဲမှု ဖြစ်ပေါ်နိုင် တယ်လို့ ဆိုပါတယ်။  

http://yoyarlay.com/health/therapy/38739-2013-11-16-09-23-44

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်

ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။
ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်

ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်

ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။


Myawady News

ကိုယ်တိုင် ပြုလုပ်သောပဲနို့ကျန်းမာရေးအတွက်များစွာအကျိုးပြု

ပဲနို့ကို ပဲပိစပ်မှ အလွယ်တကူ ထုတ်လုပ်နိုင်ပြီး မိမိ နေအိမ်၌ပင် ပြုလုပ်နိုင်ကာ ကျန်းမာရေး အတွက် များစွာ အကျိုးပြုကြောင်း အာဟာရ ဗေဒဆိုင် ရာ ဆရာဝန်ကြီး တစ်ဦးက ပြောကြား သည်။
ပဲနို့တွင် အဆီဓာတ်၊ ပရိုတင်းဓာတ်၊ OMega 3၊ သတ္တုဓာတ်နှင့် ဗီတာမင်တို့ ပါရှိခြင်းကြောင့် ဝမ်းပျက်သော ကလေးငယ် များကို အာဟာရ အဖြစ် တိုက်ကျွေးနိုင်ကြောင်း သိရသည်။

 ပဲနို့ ပြုလုပ်ရန် အတွက် ပဲပိစပ်ကိုတစ်ညခန့် ရေစိမ်ပြီး ဖျော်စက်တွင် ရေအနည်းငယ် ရော၍ ဖျော်ပြီးနောက် ဆူအောင် ကျိုပါက အသင့် သောက်သုံးနိုင်သော ပဲနို့ရည်ကို ရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ပဲနို့တွင် ပါဝင်သော အီထရိုဂျင် ဓာတ်မှာ အမျိုး သမီးများ ဖြစ်လေ့ရှိသော သွေးဆုံး ကိုင်ရောဂါကို ကာကွယ် ပေးနိုင်သည့် အပြင် ဟော်မုန်း အစားထိုး ကုသမှု အနေဖြင့် သောက်သုံးနိုင်ကြောင်း သိရသည်။ ပဲနို့ ပြုလုပ်သော ပဲပိစပ်တွင် ပါဝင်သည့် ပရိုတင်း ဓာတ်ကြောင့် ကလေးများ၏ အရိုး အဆစ်ကို ဖွံ့ဖြိုးစေပြီး ဘေးအန္တရာယ် မရှိသော သဘာဝ ဖျော်ရည်တစ်မျိုး ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More