Pages - Menu

15 Feb 2014

ဆန်တိုဟူးသုပ်

ကျွန်တော်တို.မိုးကုတ်မြို.မှာဆန်တိုဟူးသုပ် လို.ပဲခေါ်ပါတယ်..ရှမ်းအမည်ရှိ
ပါလိမ့်မယ်..ကျွန်တော်တော့..သေချာမသိလို.မရေးရဲပါ။

ပထမဆုံး..ဆန်တိုဟူးကျိုနည်းလေးပါ။

မုန်.ကျွဲသည်းကျိုနည်းနဲ.အနည်းငယ်ဆင်တူပါတယ်..။

စားထုံး..အနည်းငယ်ကို ရေတစ်ခွက် ( လက်ဖက်ရည်ပန်းကန်လုံး) နဲ.ရေဖျော်ပြီး..အနည်ထိုင်အောင်ထားပါ။

ဆန်ကြမ်းမှုန်.( ကောင်းစွာညှက်သော) ၂ ခွက်ကိုရေဖျော်ပြီး( အထုံးလေးများ
မရှိစေရ ) အိုးတစ်လုံးမှာထည့်ကျိုပါ ။

ဆန်မှုန်.ရည် အနည်းငယ်ပျစ်လာပြီဆိုရင်..ထုံးရည်ကြည်လေးထပ်ထည့်ပြီး
သမအောင်မွှေပါ ( မီးမပြင်းစေရ ၊ တစ်ဖက်တည်း ကိုပဲမွှေပေးပါ ။)

ဆားအရသာလေးပါသည်ဆိုရုံထည့်ပါ ။

လင်ဗန်း (သို.) ခွက် တစ်ခုထဲမှာလောင်းချပြီးအအေးခံထားပါ။

ထိုစဉ်အချိန်မှာပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပါ။

ထန်းညှက်ကို ရေအနည်းငယ်နှင့် ခပ်ပျစ်ပျစ်ကြိုပါ။ ပဲငံပြာရည်အပျစ်အနည်း
ငယ်ရောထည့်မွှေပေးပါ။

ကြက်သွန်နီတွေကို ပါးပါးလှီးပြီးရွှေအိုရောင်ရအောင်ကြော်ပါ။

ကြက်သွန်ဖြူ ဆီချက်( နနွင်းမပါ ) ကျက်ခါနီးမှာ ထောင်းထားတဲ့နှမ်းလှော်
တွေနဲ.အတူဆီချက်ချက်ပါ။

ငရုတ်သီးလှော်မှုန်.ကို ဆီပူပူလောင်းပြီး..ဆီချက်ချက်ပါ။

ချင်းကိုညှက်နေအောင်ထောင်းပြီး...ရှလကာရည်မှာစိမ်ထားပါ။

မုန်.ပွဲပြင်ပြီဆို..ဆန်တိုဟူးကိုမိမိနှစ်သက်တဲ့ပုံစံလှီး..ကြက်သွန်ဖြူ + နှမ်း
ဆီချက် ၊ ပဲငံပြာရည် ၊ ထန်းညှက်ရည် ၊ ချင်းစိမ်ထားတဲ့ရှလကာရည် ၊ ကြက်
သွန်နီကြော် ၊ နံနံပင် ၊ မြေပဲထောင်းတို.ထည့်ပြီး..ချို ၊ ချဉ် ၊ငံ ၊ စပ်လေး
စားသုံးကြပါတယ်..။

နှစ်သက်ပါက..စက်ကြိတ်မြီးရှည်ဖတ် လတ်ဆတ်တာတွေလေးတွေနဲ.လည်း
ရောစားလေ့ရှိတဲ့ ဆန်တိုဟူးသုတ်ပါ။

အရသာလိုအပ်ပါက ဆား ၊ ဟင်းခတ်မှုန်.အနည်းငယ်ဖြည့်စွက်ပါ။

မူရင်းဓါတ်ပုံပိုင်ရှင်ကို လေးစားစွာအသိအမှတ်ပြုပါတယ်..။အမည်အတိအကျ
မမှတ်မိတော့ပါဘူး...။
ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More