ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...........ဆောင်းရာသီက အအေးမိ
တတ်တဲ့ရာသီပါ ကြာရှည်စိတ်ဖိအားများပြီးအလုပ်လုပ်နေသူကသာမာန်ရိုးရိုးသုထက်
အအေးမိလွယ်တာ အဆ 5 ဆဖြစ်၏ အအေးမမိအောင်ကာကွယ်နည်းတွေလည်းရှိပါတယ်
။
ပိုက်ဆံမကုန် လုမပင်ပန်း လွယ်ကုစွာနဲ့ အအေးမမိအောင်လုပ်ကြရအောင်......
(၁) ဆားရေဖြင့်ပလုပ်ကျင်းနည်း (အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ)
နေ့တိုင်းမနက် ည အစားစားပြီးတိုင်းဆားရေဖြင့်ပလုပ်ကျင်းပါ ။
ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား(bacteria.) ပိုးကို သေစေ၏။
(၂) ရေအေးဖြင့်မျက်နှာသစ် ရေနွေးဖြင့်ခြေဆေးနည်း နေ့တိုင်း မနက် ည
ရေအေးဖြင့်မျက်နှာသစ်ပါ။ ရေနွေးဖြင့်ခြေဆေးခြင်းက
ကိုယ်ခန္ဓာကဖျားနာခြင်းကို ခံနိင်ရည်ရှိစေ၏ ။
၃) ဂျင်းနှင့်သကြားနီ
(ထညက် ကြံသကာ) ကြိုချက်ပြီး သောက်ရေလို သောက်ပါ ။
(ဂျင်းနှင့်သကြား
ကိုယ်တိုင်ချင့်ချိန်ပါ)*အအေးမိခြင်းကိုကာကွယ်ပေးတဲ့အကောင်းဆုံးနည်းပါ ။
၎) ရေနွေးငွေ့ဖြင့် နှာခေါင်း လည်ချောင်းမှအချွဲများကိုသန့်ရှင်းနိင်ခြင်း
( ဆေးရုံမှာ Steam inhalation လုပ်နည်းနှင့်တု၏)
ရေခွက်ထဲသို့ရေနွေးထည့်ပါ ။
ရေနွေးငွေ့ကို ပြင်းပြင်းရူလိုက်ပါ
ရေအေးတဲ့အထိလုပ်ပေးပါ ။ (တနေ့တည်း အခါ များများလုပ်နိင်၏) ဒီနည်းကတော့
စစချင်း အအေးမိတဲ့အချိန်မှာလုပ်နိင်ရင် အကောင်းဆုံး အသင့်တော်ဆုံးပါ။ ချောင်းဆိုးနှာပိတ် နှာမွန်းခြင်း ကိုသက်သာစေ၏ ။
၅) ပင်ပန်းခံ
ခြင်းကိုလျှော့ပါ ။ အနားယုအိပ်စက်ရမည့်အချိန် များများပေးပါ ။
ပင်ပန်းတဲ့အချိန်မှာခန္ဓာကိုယ်ခုခံအားကျဆင်းပြီးအားလျှော့သောကြောင်းဗိုင်းရပ်များအလွယ်တကု
ဝင်လာတတ်ပါတယ်
။ (တစ်ရက်တွင်သုံးနာရီလျှော့အိပ်ပါကခန္ဓာကိုယ်ခုခံအားကျဆင်းပါတယ်။
(၆) ရေနွေးဖြင့်ရေချိုးပါ ။(
၇) အအေးမိတဲ့အခါ ရေနွေးများများသောက်ပါ ။
ရေမသောက်ချင်ရင်လည်း (သံပရာ +
ပျားရည်+ရေနွေး ) ဖျော်သောက်ပါ ။ ကြက်စွပ်ပြုတ်လည်းသောက်ပေးပါ ။
*
ချစ်ခင်လေးစားရသောသူငယ်ချင်း ...နေမကောင်းတဲ့အချိန် ဘေးအနားမှာပြူစုမဲ့သူ
မရှိရင်အလွန်အားငယ်စရာကောင်းတယ် ။
ဖျားနာနေတဲ့ အထဲ ဘယ်မှမသွားချင်
ဆေးဝါးခဈေးကြီး ......ကျန်းမာရေးကိုဂရူစိုက်ကြပါ
။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့အားလုံး ကျန်းမာပျော်ရွှင်နိင်ကြပါစေ
.Myawady News
24 Dec 2013
အအေးမမိအောင်ကာကွယ်နည်းများ
Tuesday, December 24, 2013
Taunzalat