Pages - Menu

22 Mar 2013

Fruit Salad

Fruit Saladဆိုတာကတော့ လူတိုင်းစားသုံးသင့်တဲ့ အစားအစာတစ်ခုပါ။

လတ်ဆတ်တဲ့သစ်သီးတွေ ပါဝင်လို့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။
အများအားဖြင့်တော့Fruit Salad ကို စားဖိုမှူးတွေ
ပြုလုပ်ကြပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်ပြုလုပ်ပါတယ်။
ကျွန်တော်လုပ်တဲ့ Fruit Saladကတော့ အများနဲ့မတူ
တစ်မူကွဲပြားခြားနားလိမ့်မယ်လို့ ထင်ပါတယ် . . .။

ပါဝင်ပစ္စည်းတွေကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။
ကျွန်တော်ကတော့ ပန်းသီး(အနီနှင့်အစိမ်း)၊
စတော်ဘယ်ရီ၊ သစ်တော်သီး၊ စပျစ်သီး၊
နဂါးမောက်သီး၊ ဆန်းကစ်သီး စသည်ဖြင့်ထည့်သွင်းထားပါတယ်။
အရင်ဦးစွာ အသီးများကို အတုံးငယ်လေးများအဖြစ် စိတ်ထားပါ။
Fruit Salad အတွက်Dressing ကိုတော့ Vanilla Mix Fruit Smoothie နဲ့ တွဲဖက်ပေးထားပါတယ်။

• Dressing အတွက် ပါဝင်ပစ္စည်းနဲ့ပြုလုပ်ပုံတွေကတော့
1. MONIN Strawberry Puree' - 20 ml
မိုနင်းတံဆိပ်စတော်ဘယ်ရီအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
2. MONIN Peach Puree' - 20 ml
မိုနင်းတံဆိပ် မက်မွန်သီးအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
3. MONIN Banana Puree' - 20 ml
မိုနင်းတံဆိပ်ငှက်ပျောသီးအနှစ် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
 
4. MONIN Vanilla Syrup - 10 ml
မိုနင်းတံဆိပ်ဗီနီလာအဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
 
5. Yoghurt - 90 ml
ဒိန်ချဉ်(အရည်) - ၃ ပတ်

• ဖျော်စပ်နည်း

ပါဝင်ပစ္စည်းများအားလုံးကိုBlender (မွှေစက်)ထဲသို့ ထည့်သွင်းပါ။ 
ထို့နောက် Crushed Ice (ထုခွဲပြီးရေခဲ) များထည့်ပါ။
ထို့နောက်အေးခဲလာသည်အထိ Blender ထဲတွင် ထည့်သွင်းပြီးမွှေပါ။

ရေခဲမုန့်လိုညက်ပြီး ရေခဲများကြေသွားပြီဆိုရင်တော့ ဖန်ခွက်ထဲသို့တစ်ဝက်အရင်ခွဲထည့်လိုက်ပါ။
ထို့နောက် အတုံးငယ်လေးများဖြစ်အောင် စိတ်ထားသော သစ်သီးများကို အလယ်မှာ ဌာပနာ၍ထည့်ပါ။
ကျန်ရှိနေသေးတဲ့Dressing ကို အပေါ်မှထပ်မံ၍ဖြည့်ပါ။
ထို့နောက် ချယ်ရီသီးနှင့် ပူစီနံအရွက်ပေါင်းပြီး အလှဆင်ပြီးပါက အလွန်ကောင်းမွန်တဲ့
Fruit Saladကို ရရှိပြီဖြစ်ပါတယ်။

• Leo ဖြိုး (Phyo Nyi Nyi Aung)

Twitter Delicious Facebook Digg Stumbleupon Favorites More