Pages - Menu

15 Feb 2014

အာလူးအကြွပ်ကြော်( Potato Chips )

အာလူးအလတ်အရွယ်......၅ လုံး
ကြော်ရန်ဆီ
ဆား...အနည်းငယ်

အာလူးကို အခွံခွါသည်ဖြစ်စေ..မခွာသည်ဖြစ်စေ..အရေးမကြီးပါဘူး..။
အနောက်တိုင်းသားတော်တော်များများက..အိမ်မှာစားရင်အခွံခွါလေ့မရှိကြပါ
ဘူး..။ အာလူးရဲ.အဟာရဓါတ်က ..အခွံနဲ.အသားကြားမှာရှိတဲ့အစေးမှာပေါ
များစွာပါတယ်လို. ကျန်းမာရေးစာစောင်တစ်ခုမှာမှတ်သားဖူးပါတယ်..။

အာလူးကို..အပါးခြစ်တဲ့ကိရိယာလေးသုံးပြီး..အပါးညီနေအောင်ခြစ်ပြီးရေစိမ်
ထားပါ။

တစ်ခါတရံ..အစေးဓါတ်ကကောင်းမွန်ပေမယ့်...ကြော်တဲ့အချိန်လှပြီးညီညာ
ဖို.တော့ရေစိမ်တာအကောင်းဆုံးပါ။

ရေတွေစစ်ခြပြီး..အ၀တ်သန်.တစ်ခုခုမှာရေတွေခြောက်သွားအောင်ဖြန်.ပေး
ထားပါ..။

ဆီများများကို ..အပူပေးပြီး..ပါးပါးခြစ်ထားတဲ့အာလူးတွေကို ထည့်ပြီး..ခပ်ဖွဖွ
မွှေပေးပါ ( ဒီအချိန်မှာ ..အားပြင်းပြင်းနဲ.မွှေရင်..အာလူးကဆီနဲ.စတွေ.ချိန်မှာ
နှူးသွားတာမို. ကြေသွားတတ်ပါတယ်..)

ပေါလောပေါ်ပြီဆိုမှ...အကျက်ညီစေရန်..အဆက်မပြတ်မွှေပေးပါ..။

ရွှေအိုရောင်လေးစသန်းပြီဆိုတာနဲ.ချက်ချင်းဆယ်ထုတ်ဖို.ပြင်ဆင်ထားရပါ
မယ်..အနည်းငယ်လေးနောက်ကျတယ်ဆိုတာနဲ.အားလူးကြော်တွေချက်ချင်း
တူးသွားတတ်ပါတယ်..။

ဇကာနဲ.စစ်စစ်ပြီးချင်း..စားပွဲတင်ဆားမှုန်.တွေကိုဖြူးပေးရင်..ဆားခဲလေးတွေ
ကကျက်ပြီး..အာလူးမှာကပ်နေပါမယ်..။

နောက်ကျမှဖြူးပေးရင်တော့..ဆားတွေပျော်ပြီး..အာလူးကြော်ပျော့သွားတတ်
ဆိုတာကိုသတိထားရပါမယ်..။
ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More