Pages - Menu

15 Feb 2014

အာလူးအချောင်းကြော် ( French Fries )

အာလူးအချောင်းကြော်ကို..၁ ဆင့်တည်းနဲ.အပြီးကြော်ရင်..အပြင်မှာကြွပ်ပေ
မယ့်..အတွင်းမကြွပ်တော့..စားရတဲ့အချိန်အရသာမတွေ.လှပါဘူး...။

စူပါမားကတ်ကြီးတွေမှာတင်ရောင်းတဲ့..အာလူးအချောင်းကြော်တွေဟာ ပထမအဆင့်ကြော်ပြီး..အအေးခဲထားပါတယ်..။

တကယ့် French Fries အစစ်တွေကတော့..လက်ညှိုးအရွယ်လောက်ရှိတတ်
ပြီး..အခွံခွါအထူ ၊အပါး ၊အရှည် ညီနေအောင်လှီးထားတတ်ပါတယ်..။

ဈေးလည်းပိုကြီးတတ်ပါတယ်..ဘေးနားအစတွေကိုတော့..အားလူးခြေ လို.ခေါ်တဲ့ mash potato မှာအသုံးပြုတာကတော့..ဟိုလ်တယ်တွေနဲ.အဆင့်မြှင့်အနောက်တိုင်းဆိုင်
တွေမှာပြုလုပ်လေ့ရှိပါတယ်...။

အာလူးတွေကို..မိမိလိုအပ်သလောက်..အတို၊ အရှည် ၊ အထူ အပါး လှီးပြီးရေ
စိမ်..ရေစစ်ကာ ရေခြောက်အောင်အ၀တ်သန်.တစ်ခုနဲ.သုတ်ပါ။

ဆီပူပူမှာ...ကြော်ပြီး..ရွှေအိုရောင်..မရခင်စစ်ထုတ်..အအေးခံထားပါ။

ပြီးရင် ဗူး( သို.) ပလပ်စတစ်အိတ်တွေနဲ.ထုပ်သိမ်းပြီးခဲသောအအေးခန်းမှာ
ထားပါ..။

စားချင်ပြီဆိုမှ..ဆီပူပူမှာပြန်ထည့်ကြော်ကာ ရွှေအိုရောင်လေးရအောင်ကြော်
ယူပါ...။

ဇလုံတစ်ခု ထဲမှာ စားပွဲတင်ဆားမှုန်. ၊ငရုတ်ကောင်းတို.နှင့်ခေါက်ပြီး..ချက်
ချင်းတည်ခင်းဧည့်ခံ ၊ သုံးဆောင်ပါ။

ခရမ်းချဉ်သီးဆော့စ်( သို.) ငရုတ်ဆော့စ်လေးနဲ.တွဲဖက်သုံးဆောင်ပါ။
ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More