Pages - Menu

26 May 2014

ကြက်သား ကော်ရည်

ကော်ရည်လေးကျိုကြမယ်နော်
လေးယောက်စာအတွက်ပါ
  • ပွပြီးအမြုပ်များထအောင်ခလောက်ထားသောကြက်ဥ - နှစ်လုံး
  • အခွံခွာပြီးခြစ်ထားသောချင်း - တစ်လက်မခွဲ
  • ခပ်သေးသေးလှီးထားသောကြက်သွန်မိတ် - နှစ်ပင်
  • ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုး -  နှစ်ဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ -      500 ml နှင့်ပြုပ်ပေးပါ
အသားအတွက်
  • ကြက်ရိုးနှင့်ရောပြုပ်ထားသောကြက်ရင်ပုံသား - တစ်ခု 
ကော်ရည်ဖျော်ရန်
  • Cornflour - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ - ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးနှင့်ဖျော်ပါ ကော်ရည်ကျိုရန်လိုအပ်သောပစ္စည်းများ   

     
    နာရီဝက်လောက်အချိုရည်များထွက်အောင်ပြုပ်ထားသောကြက်ရိုးများကိုဖယ်လိုက်ပါ
    •  ပြုပ်ထားသောကြက်သားကိုထွင်ပြီးဟင်းရည်အိုးထဲသို့ရေ 1500 ml ဆား ချင်းထောင်း ဟင်းချိုမှုန့်တို့နှင့်အတူထဲ့ပြီး ပွက်ပွက်ဆူအောင် ဆက်တည်ပေးပါ ရေဆူလာပါကကော်ရည်ကို ဖြေးဖြေးချင်းထဲ့ကာ ပျစ်လာတဲ့ထိမွှေပေးပါ    ကော်ရည်ပျစ်လာပြီးဟင်းရည်ပွက်ပွက်ဆူလာပါက ခလောက်ထားသောကြက်ဥကိုထဲ့ကာ ကြက်ဥအဖတ်လေးများရရန် အားသန်ရာဘက်သို့တစ်ဖက်ထဲ ဝိုင်းပါတ်ပြီးမွှေပေးပါ သုံးမိနစ်လောက်နေရင် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်နှင့်ကြက်သွန်မိတ်ထဲ့ကာ မီးနွေးနွေးနှင့်ထားပြီး သုံးဆောင်နိုင်ပါပြီ။ 
  •  ခေါက်ဆွဲလေးနှင့်နှစ်သက်ပါကခေါက်ဆွဲလေးနှင့်သုံးဆောင်နိုင်သလို ကော်ရည်သက်သက်လဲသုံးဆောင်နိုင်ပါ
    တယ်  
     
  •  ကော်ရည်ခေါက်ဆွဲ
  • http://thiriyatanar.blogspot.com/2012/04/blog-post_02.html                                                     

Twitter Delicious Facebook Digg Stumbleupon Favorites More