Pages - Menu

20 May 2014

သရက်သီးနှင့်ကျန်းမာရေး


အရည်အသွေး ကောင်းမွန်လတ်ဆတ်သော သရက်သီး၏ အနံ့ အရသာနှင့် မွှေးရနံ့  တို့  ကို မည်သည့်သစ်သီးမျှ လိုက်မမှီနိုင်သော ကြောင့် "အသီးမှာသရက်၊ အရွက် မှာ လက်ဖက်၊ အ သား မှာဝက်" ဟူ ပြောစမှတ်ပြုကြ၏။ အိန္ဒိယနိုင်ငံတွင်လည်း " အ သီး မှာဘုရင် " ဟု သမုတ်ြ ကသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ထောင်နှင့် ချီရှိပြီး၊ မြန်မာပြည်တွင်ေ တာ့ စိမ်း စားသီး၊ မချစ်စု၊ မန္တလေး ရင်ကွဲ၊ စိန်တစ်လုံး၊ မြေ ကျာက်၊ ရွှေဟင်္သာ၊ ဗြုတ်သီး၊ စိုင်သီး၊ ပန်း သရက်၊ သုံးလုံးတစ်တောင်.. စသည်ဖြင့် သရက်သီးမျိုးများကို နေရာဒေသအ လိုက် ဖောေ ဖာသီသီ တွေ့ ရှိရသည်။

နွေဦးရာသီနှင့် မိုးလယ်ကာလများတွင် ပေါပေါများများရရှိနိုင်သော သရက်သီး မှည့် များကို သွားရည်စာသစ်သီးအဖြစ်စားလေ့ရှိသလို၊ သရက်ပြင်ယို၊ ဖျော်ရည်၊ Jam၊ ရေ ခဲမုန့် ၊ သကြား လုံး၊ ကျောက်ကျော၊ jelly ၊ shake ၊ ပူတင်းအဖြစ်လည်းကောင်း၊ ၀မ်ြး ပင်း(မစိမ်း လွန်း/မမှည့် လွန်း) သရက်သီးများကို နွယ်ချို/ ငရုတ်သီးမှုန့်/ဆားအနည်း တို့ ဖြင့် ဖြူး၍သော်လည်းကောင်း၊ သရက်သီးသုပ်၊ သရက် ချဉ်သုပ်၊ ဆားရည်စိမ်၊ သနပ်(ကုလားနယ်) အဖြစ်ထမင်းမြိန်လှသည်။

အချိုဓါတ်၊ အချဉ်ဓါတ်ကို တပြိုင်တည်းပေးစွမ်းနိုင်သည့် သရက်သီးသည် အရသာရှိရုံ သာမက၊ လူသားတို့  ကျန်းမာရေးကို များစွာ အထောက်အကူပြုပေးသော ပရိုတင်း၊ ကာဗိုဟိုက်ဒြိတ်၊ အ ဆီ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အိုင်း ယွန်း၊ ဆိုဒီယမ်နှင့် ဖော့ဖရပ်စ် စသည့်အာဟာရဓာတ်များ အပြင် အလွယ်တကူချေဖျက်နိုင် သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်သည်။ သရက် သီး၏ အသားသာမက၊ အရွက်နှင့် အစေ့ တို့ လဲ ဆေးဘက်ဝင်သည်။ ဆေးသိပ္ပံ ပညာရှင် များ၏ အဆိုအရ၊ မျောက်များသည် သရက်သီး အစေ့ကိုပါစားသုံးလေ့ ရှိသောကြောင့် ခွန်အားများ တိုးပွားကာ အပင်အမြင့်ခုန်နိုင်သည်ဟု ဆို၏။

(၁) Institute of Food Research မှ လေ့လာချက်များအရ၊ သရက်သီးထဲတွင် ဓါတ် တိုး ဆန့် ကျင်ပစ္စည်းများအပြင်၊ quercetin, isoquercitrin, astragalin, fisetin, gallic acid နှင့် methylgallat ဟုခေါ်သော enzymes ဓါတ်ပေါင်းစုတို့  အလုံလောက် ပါ ရှိ သောကြောင့် အူမြ ကီး ကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာ တို့ မဖြစ်ေ ပ်ါလာအောင် ကာကွယ်ပေးနို င်ကြောင့်နှင့် အသီးထဲရှိ Pectin ဓါတ်သည် အမျိုးသား များ သုက်ရည်ဂလင်း(ဆီးကျိတ်)ကင် ဆာ မဖြစ် လာေ အာင် တားဆီးပေးကြောင်းေ ဖ်ာပြထားပြီး၊ ထို အဆိုကို The European Prospective Investigation of Cancer အဖွဲ့ အစည်း မှလည်း အတည်ပြုထောက်ခံထားသည်။

(၂) ပျော်ဝင်လွယ်သောအမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်သေြာေ ကာင့် သွေး အတွင်း မကောင်းသည့် ကိုလက်စ ထရောအဆင့်ကို လျော့ကျစေသည်။

(၃) ခပ်ပါးပါးလှီးထားသော သရက်သီးတစ်ခွက်စာပမာဏတွင်၊ လူတစ်ဦးစီမှာတစ်နေ့ တာ လို အပ်သော ဗီတာမင်အေ၏ ၂၅% ခန့် ပါဝင်၏။ ထို့ ပြင် flavonoids, Beta- carotene, alpha-carotene, နှင့် beta-cryptoxanthin တို့  လဲ ပါရှိသောကြောင့် မျက်စိ အမြင်အာရုံကို တိုး တက်ကောင်းမွန်စေပြီး၊ မျက်စိခြောက်သွေ့ခြင်းနှ င့် ကြက် မျက်သင့်ရောဂါ၊ မျက်စိယား ယံခြင်း၊ ရောင်ကိုင်းခြင်း နှင့် မျက်ကြည်လွှာရောဂါအမျိုးမျိုး တို့ ကို ကာကွယ်ပေးနိုင်သည်။

(၄) မန်ကျည်းသီးထဲတွင်တွေ့ ရသော tartaric acid၊ သစ်တော်သီးထဲတွင်တွေ့ ရသော malic acid၊ သံပုရာသီးနှင့် ရှောက်သီးထဲ တွင်တွေ့ ရသော citric acid တို့ အားလုံး သရက်သီးထဲ တွင် မျှခြေပါဝင်သောကြောင့် ခန္ဓာကိုယ်၏ အယ်လ်ကာလီဓာတ်ကို မျှ တ စေသည်။

(၅) သရက်သီးထဲတွင် glycemic ပါဝင်မှု ၄၁ မှ ၆၀ ရှိပြီး၊ ဆီးထဲရှိသကြားပမာဏကို မျှတစေ သဖြင့် ဆီးချိုရောဂါသည်များ အသင့် အတင့်စားသုံးပေးသင့်သည်။ ထို့ ပြင် ညအိပ်ယာ မ၀င်ခင် ရေနွေးဆူဆူတွင် သရက်ရွက် ၁၀ (သို့ မဟုတ်) ၁၅-ရွက် ထဲ့၍ အဖုံးဖုံး ထားပြီး၊ နံက်ရောက်သောအခါ အရည်စစ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါ ကို သက်သာလာေ စနိုင်သည်။

(၆) ဗီတာမင်အီးဓါတ် အမြောက်အများပါဝင်သည့် အတွက်ခန္ဓာကိုယ်အတွင်း ရှိ ဟော် မုန်း ထုတ် လုပ်မှု စံနစ်ကို ကောင်းမွန်စွာ အ ထောက်အကူပေး၍ ကာမအားကိုတိုး ပြားေ စကာ၊ သက္လံုေ ကာင်းပြီး လန်းဆန်းပေါ့ပါး တက်ကြွစေသည်။

(၇) သင်္ဘောသီးကဲ့သို ချေဖျက်လွယ်သော အမျှင်ဓာတ်အမြောက်အများပါရှိသဖြင့် အစာကြေ ညက်စေပြီး၊ ဝမ်းမှန်စေသည်။ ထို့ ပြင် အစာအိမ် နှင့် အူများကို သန့် စင်စေ ရုံသာမက၊ အသည်း ကိုလဲ ကောင်းကျိုးပြုသည်။

(၈) ဆီးရွှင်စေသဖြင့် ဆီးကျောက်တည်မှုအန္တရာယ်ကို လျှော့ကျပေးပြီး၊ ကျောက်ကပ် ကိုသန့်  စင်စေကာ၊ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်း ပြသနာကိုမဖြစ်ပေါ်စေနိုင်ပါ။

(၉) သရက်သီးထဲတွင် ဗီတာမင်အေ၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ နှင့်အတူ့ ဗီတာ မင်စီ ၇၆% နှင့် ကာရိုတီးနွိုက် ၂၅မျိုးတို့  ထူးထူးခြားခြား ပါဝင်သောကြောင့် ကိုယ်ခံ စွမ်း အားစံနစ်ကို တိုးတက်ကောင်းမွန်စေသည်။

(၁၀) Cameroonian University တွင် ကိုယ်အလေးချိန် ၁၀၂ ပေါင်ရှိသော အမျိုးသား တစ်ဦးကို ရက်သတ္တတ် ၁၀-ပတ်မျှ သရက် သီးတစ်မျိုးတည်းသာ ကျွေးပြီးစမ်းသပ်ခဲ့ရာ၊ အံ့ဘွယ်ကောင်းေ လာက်အောင် ၁၂.၅ကီလို ကိုယ်အလေးချိန်ကျသွားသည့်ပြင်၊ မကောင်းသော ကိုလက်စထေေ ရာနှင့် သွေးထဲရှိသကြားပမာဏတို့  ကျနေကြောင်း စမ်းသပ်တွေ ရှိရသည်။ ထို့ ကြောင့် ဘေး ဥပါသ် ကင်းဝေးစွာဖြင့် ကိုယ်အလေးချိန် ကျလိုပါက၊ သရက်သီးစားသုံးရန်အကြံပြုထားသည်။ (အကယ်၍ ကိုယ်အလေးချိန် တက် လိုပါက၊ သရက်သီးကို နို့ ဖြင့်တွဲဖက်စားသောက်ပေး ရပါမည်။ ခွန်အားများ လဲတိုးပွားစေနိုင်၏)

(၁၁) သရက်သီးထဲတွင် Glutamine အက်ဆစ်ပါရှိသည့်အတွက်၊ ဦးနှောက်ထဲရှိဆဲလ် များ ကို နှိုးဆော်ပေးကာ၊ မှတ်ဥာဏ် စွမ်းပ ကားကို တိုးတက်စေသည့်အတွက် ကလေး ငယ်များ ကိုလဲ သရက်သီးကျွေးပေးသင့်သည်။

(၁၂) သရက်သီးထဲတွင် ဗီတာမင်အေ အမြောက်အများပါရှိသောကြောင့် အသား အရေကိုနူး ညံ့ေ ချာမွေ့ စေနိုင်သည်။ သရက်သီး ကို ခပ်ပါးပါးလှီးပြီး၊ မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ၊ အချိန် ၁၅-မိနစ်ခန့် အကြာတွင် ရေနွေးနွေးဖြင့် သန့် စင်ဆေးေ ကြာပေး ပါက၊ ချွေးပေါက် များကိုပွင့်စေပြီး ၀က်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ထိုကဲ့သို့ မကြာခဏ ပြုလုပ်ပေြး ခင်းဖြင့် အသားအရေ၏ အစိုဓါတ်ကိုထိန်းညှိပေး ကာ၊ ဖြူစင်ဝင်းပသော လှတစ်မျက်နှာကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

(၁၃) သွေးအားနဲရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန်မှီဝဲ စား သုံြး ခင်းဖြင့် သွေးနီဥပမာဏတိုးပွားလာစေနိုင် သည်။ ရာသီလာစဉ် နာကျင်ကိုက် ခဲ မှုဝေဒနာတို့ ကို သက်သာစေသလို၊ သွေးဆုံးပြီးစ အမျိုးသမီးများအတွက်လဲ အထူး သင့်တော် သည်။ ထို့ ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့  ပါရှိခြင်း ကြောင့် သားေ လျာ သားပျက်ခြင်းမှ ကာကွယ်ပေးနိုင် ရုံမက၊ သံဓါတ် ကြွယ်ဝခြင်း၊ HB ပမာဏကို ထိန်းညှိကာ ခန္ဓာကိုယ်တွင်းအောက်စီ ဂျင် ကောင်း စွာလည်ပတ်စေနိုင်ခြင်းကြောင့် လည်း ကိုယ်ဝန် ဆောင်မိခင်များသည် သရက် သီး နှင့် သရက်သီး ဖျော်ရည် တို့  ကို သောက်သုံးပေးသင့်သည်။ (သို့ သော် မွေးဖွားခါနီး မိခင် လောင်းများ အလွန်အ ကျွံမစားသုံးသင့်ပါ။)

(၁၄) ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ် တို့  လုံလောက်စွာပါရှိခြင်းကြောင့် သွေးဖိအားကို ပုံမှန်ဖြ စ်စေခြင်း၊ glycemic ဓါတ်ပါဝင်မှုနည်း ပါးသောကြောင့်လဲသွေးထဲရှိ သကြားပ မာဏကို ထိန်းညှိပေးကာ၊ အဆီပမာဏကိုလည်း မျှတစေခြင်း…. စသည့်အကျိုးကျေးဇူး များ ကြောင့် သွေး တိုးရောဂါဝေဒနာသည်များအတွက် အထူးသင့်တော်ကောင်း မွန်ပါ သည်။

(၁၅) Beta-carotene, Potassium နှင့် Selenium တို့ ပါရှိသဖြင့် နှလုံးနှင့် နှလုံးကြွက် သား များ ကို ကျန်းမာကြံ့ခိုင်စေသည်။ သွေးဖြူဥကိုလှုံ့ဆော်ပေးကာ၊ မလိုလားအပ် သည့် ဘက်တီးရီး ယားများကိုလဲ ပျက်စီးပေးစေနိုင်သည်။

(၁၆) တရုတ်ဆေးကျမ်းများမှာ၊ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုးပါဝင် သည့် အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာရေးပြ ဿနာများကို ဖြစ်ပွားစေနိုင်သော ဖရီး ရယ်ဒီ ကယ်များကို ထိန်း ထားပေးနိုင်သည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝ စွာပါရှိ သည့်အတွက် သွား ဖုန်းေ သွးယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊ မအီ မသာ ပျို့အန်ချင်ခြင်း၊ ပင်လယ်လှိုင်း မူးခြင်း၊ ကြွက်တက် ခြင်း...စသည့်ဝေဒနာ များ ကို ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားသည်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပြီးနောက် စွမ်းအင် ပြန်လည်ဖြည့်ပေးနိုင်သည်ဟု လည်းဆိုသည်။

ယနေ့ မြန်မာပြည်အနှံ့ ဈေးခင်းများထဲတွင်၊ ယခင်နှစ်များနှင့်မတူဘဲ သရက်သီးအမျိုး အစားစုံ တို့ ကိုေ ဈးနှုန်း ချိုသာစွာဖြင့် ဖောဖော သီသီရရှိနိုင်ကြပါပြီ။ ထို့ ကြောင့် သင့် ကျန်းမာရေး အတွက် အရည်အသွေးကောင်းမွန်ပြီး၊ အမှည့်မလွန်ဘဲလတ်ဆတ်သော သရက် သီး မွှေးေ မွှးချိုချိုလေးများကို သင့်တင့်မျှတစွာဖြင့် အရသာရှိရှိစားသုံးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက်။ သရက်သီးခူးရာတွင် အစေးလောင်မှုကို ကြိုတင်ကာကွယ်ရန်အတွက်
 (က) အသီးရင့်လာမှခူးဆွတ်ရပါမည်။
 (ခ) ညနေ ပိုင်းတွင် သရက်စေးထွက်ရှိမှုအားနဲတတ်ေ သာေ ကြာင့် ညနေမှခူးဆွတ်သင်သည်။
 (ဂ) သရက်သီးကို လက်တွင်ရေစိုအ၀တ် ပတ်ပြီး၊ ဝါးခြင်း ချုတံ စသည့်ပစ္စည်းများဖြင့် သေသေချာချာခူးဆွတ်ကိုင်တွယ်ရမည်။

သတိပြုရန်။(က) အစေးလောင်ခြင်းမှကင်းဝေးစေရန်အတွက် အခွံမနွှာခင် သရက်သီး အညှာ ပိုင်း ကို ဓာတ်းဖြင့်လှီးဖြတ်ပြီးရေထဲတွင် တအောင့်ကြာမျှ စိမ်ထားသင့်သည်။
 (ထိုသို့ စိမ် ထားခြင်း က သရက်သီး၏ အရသာကို မပျက်ပြယ်စေနိုင်ပါ) 
(ခ) သရက်သီး မှည့်မှည့် စားေ သာ အခါတွင်လဲ သရက်သီးအစေ့ကို ပါးစပ်နှင့်မစုပ်ပါနှင့်။ လျှာနှင့်နှုတ် ခမ်းများအစေးေ လာင်တတသည်။ 
(ဂ) အမှည့် လွန်သော သရက်သီးများသည် ၀မ်းေ လျာဝမ်းပျက်စေနိုင်သည်။
 (ဃ) ယင်ကောင်ကြိုက်အစားအစာ ဖြစ်သောကြောင့်၊ သ ရက်သီး ခွဲ နေစဉ်နှင့် မစားသေးခင် အချိန်များတွင် ယင်မနားအောင်အထူးဂရုစိုက်ပါ။
 (င) အချို့ သော လောဘသားဈေးသည်များ သည် ဈေး ကောင်းရရှိရေးအတွက် မရင့် မာသေးသော (Unmaturity) သရက်သီးများအား မှည့်ဆေးများဖြင့် တို့ခြင်း/စိမ်ခြင်း ပြု ကာေ ရာင်းချ တတ်ကြသဖြင့် အရွေးမမှားဘို့ အထူးလို အပ်သည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
ကိုးကား။ encyclopedia-world's healthiest fruit Mangifera L @ Mangoes

promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

Twitter Delicious Facebook Digg Stumbleupon Favorites More