Pages - Menu

6 Jun 2013

ဟာလ၀ါ

ဟိုတလောကအိမ်ကမိသားစုတွေချောင်းသာ
သွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာ
ကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာကတစ်မျိုး၊
ပုသိမ်ဟာလ၀ါ၊ ကဏန်း၊ပုစွန် စားချင်တာက တစ်မျိုးနဲ့
တစ်ယောက်တည်းတော်တော်ခံစားလိုက်ရပါတယ်။
အမေက ပြန်လာဆိုတော့လည်းပူလွန်းတဲ့ရာသီမို့
ကလေးတွေဂျီကျမှာကြောက်လို့မသွားရဲ။
ဘယ်သူ့အပြစ်ပြောရမှန်းမသိနဲ့တစ်အိမ်လုံးလိုက်မဲမိပါတယ်။
နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အစ်မက
ညီမလေးလုပ်တတ်နေတာပဲလုပ်စားပေါ့တဲ့။
ဟာလ၀ါထိုးရမှာလည်း ခပ်ကြောက်ကြောက်ပါ။
တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။
ဒီတစ်ခါတော့အလွယ်နည်းနည်းနည်းသုံးပါတယ်။
အိသက်က ရွှေမြင်းပျံဟာလ၀ါကိုပဲအရမ်းကြိုက်လို့
အဲဒီ ပုံစံ၊ အရသာ မရမခြင်း ကျင့်ထားတာပါ။

ပါဝင်ပစ္စည်းများ
........................
ကောက်ညင်းဆန်မှုန့် - ၃ခွက်(ဆန်ချိန်ခွက်)
ဆန်မှုန့် - ၁ခွက်
အုန်းနို့ - ၂ဗူး
ကြံသကာ- ၃၀ ဂရမ်
(ကြံသကာရည်ကျဲဖျော် ဟင်းချက်ဇွန်း၃ဇွန်း)
သကြား - ဟင်းချက်ဇွန်း ၄ ဇွန်း
ထောပတ် -ဟင်းချက်ဇွန်း ၃ ဇွန်း
ဆီ- ဟင်းချက်ဇွန်း၂ ဇွန်း
ဆား - စားပွဲဇွန်း ၁ဇွန်း
ဘိန်းစေ့ - သင့်ရုံ

ပြုလုပ်နည်း
...................
၁။ ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။
ပြီးရင် ဆားရောပါ။ ထမင်းပေါင်းအိုးထဲကိုထည့်ပြီး
ထမင်းချက်သလို ရေအမှတ် ၃ မှာထားပြီး
ချက်လိုက်ပါ။ (မွှေရတာ သက်သာအောင်) ကျက်သွားရင်ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။

၂။ အဲဒီအခါမှမုန့်ကျိုမယ့်အိုးထဲကို ပြောင်းထည့်ကာ
အုန်းနို့၊ သကြားရောပါ။ပြီးရင် ဆားရောပါ။
ခဏမွှေပြီး ကြံသကာရည် လောင်းထည့်ပါ။
မီးကိုအနေတော်ထားလို့ရပါတယ်။
အဆက်မပြတ်မွှေပါ။

၃။ မိနစ် ၃၀ - ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင်
ဘိန်းစေ့များလောင်းထည့်ကာ
ဆီ၊ ထောပတ် ရောကာမွှေပါ။ အဆက်မပြတ်မွှေပါ။

၎။ ဆီပြန်ကာ ပျစ်ခဲလာရင် ဟာလ၀ါရပါပြီ။
မုန့်ဗန်းထဲ ထည့်အအေးခံထားပါ။

၅။ ဒီနေ့ညအအေးခံရင်နောက်တစ်ရက်
မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလ၀ါကိုစားသုံးလို့ရပါပြီ။

Ei Thet

Twitter Delicious Facebook Digg Stumbleupon Favorites More